Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • သတင်းထုတ်လွှင့်ချက် - ( EP - 251)

    သတင်းထုတ်လွှင့်ချက် - ( EP - 251)

     မတ်လ ၇ ရက်၊ ၂၀၂၄ ခုနှစ်။

    တင်ဆက်ပေးမှာကတော့ ---- ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဌာနချုပ် လိုင်ဇာမြို့ထဲကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက် နက် ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သား ပြည်သူ ၃ ဦး ထိမှန် သေဆုံးခဲ့ပါတယ်။

    ဒရုန်းနဲ့ စစ်ဝတ်စုံ ဝယ်ယူဖို့အတွက် ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ပြည်သူတွေဆီကနေ ဆက်ကြေး အဓမ္မ
    ကောက်ခံ နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ညပိုင်း ဖွင့်လှစ်ကြတဲ့
    ညဈေး ဆိုင်တွေ ရပ်တည်ရ ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ အမျိုးသားညီညွတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးဟာ
    စကားလုံးအ နေနဲ့ ရှိရမှာ မဟုတ်ပဲ လက်တွေ့ ပြသဖို့လိုအပ်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ
    NUG ယာယီသမ္မတက ပြောဆိုလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ 
    တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    9 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 250)

    သတင်းထုတ်လွှင့်ချက် - ( EP - 250)

     မတ်လ ၆ ရက်၊ ၂၀၂၄ ခုနှစ်။

    တင်ဆက်ပေးမှာကတော့ ---- အခုတင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြို့ ၇ မြို့မှာ ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့် အပါအဝင် ကန့်သတ်ချက် အမိန့် တွေကို ရုတ်သိမ်းလိုက်တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က မတ်လ ၆ ရက်နေ့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

    ညီနောင် မဟာမိတ် ၃ ဖွဲ့က အပြည့်အဝ ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့ ကို စစ်အုပ်ချုပ်ရေး ကြေညာတာဟာ ဟိုဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက် တွေ့ အကောင်အထည်ဖော်ဆောင်ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်လာမှာကို အထူးစိုးရိမ်တယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောဆိုလိုက်ပါတယ်။

    စစ်ကောင်စီက ဧရာဝတီတိုင်းက​နေ ရခိုင်ပြည်နယ်ဘက်ကို စက်သုံးဆီ၊ ဆန် နဲ့ စားနပ်ရိက္ခာ ကုန်စည်တွေ ပို့ဆောင်ခွင့်ကို ခွင့်မပြုတော့ဘူးလို့ ပုသိမ်အ‌ခြေစိုက်ကုန်စည် ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူတွေက ပြော ပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် က ပြည်သူ ၁၁ ယောက်ကို စစ်ကောင်စီတပ်ရဲ့ ဘီလူးစစ်ကြောင်းက ဖမ်းဆီး သတ်ဖြတ်သွားတဲ့ အကြောင်း ကို ကြားကြရမှာပါ။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 249)

    သတင်းထုတ်လွှင့်ချက် - ( EP - 249)

    မတ်လ ၅ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကိုဗစ်ရောဂါ ကာကွယ်ရေးကာလ စီးပွားရေး
    ပြန် လည် ထူထောင်ဖို့ ထောက်ပံ့ပေးခဲ့တဲ့ ငွေတွေကို စစ်ကောင်စီက ဖိအားပေး ပြန်တောင်းနေတယ်လို့ ဧရာဝတီ တိုင်းထဲက တောင်သူတွေက ပြောပါတယ်။

    ချောင်းသာကမ်းခြေမြို့ ဒေသအတွင်းက ကျေးရွာ နှစ်ရွာက နေအိမ်အလုံးရေ ၅၀ နီးပါးကို စစ်ကောင်စီ
    လက်အောက်ခံ တပ်ဖွဲ့တစ်ဖွဲ့က ဝင်ရောက်ဖျက်ဆီးပြီး ရွာသား ၄၀ ကျော်ကို ဖမ်းဆီးသွားပါတယ်။

    စစ်ကိုင်း – ကချင်အစပ်က ထီးချိုင့်၊ ကောလင်းနဲ့ ကသာမြို့နယ်တွေထဲက အရပ်သားနေအိမ်တွေကို
    စစ်ကောင် စီတပ်က မွှေနှောက်မီးရှို့ ဖျက်ဆီးခဲ့သလို ရွာသား တချို့ကိုလည်း သတ်သွားတယ်လို့
    ဒေသခံတွေက ပြောပါ တယ်။

    ထားဝယ်မှာတော့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေက
    ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် KNLA
    တာဝန်ရှိသူက ပြောပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီတပ်က စစ်သားတွေဟာ ရခိုင်ပြည် မင်းပြားက
    အမျိုးသမီးတစ်ဦးကို အစုအပြုံလိုက် မုဒိန်းကျင့်ရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး ဝန်ခံပြောဆိုထားတဲ့
    အကြောင်းကို ကြားကြရမှာပါ။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 248)

    သတင်းထုတ်လွှင့်ချက် - (EP - 248)

    ဖေဖော်ဝါရီလ ၂၉  ရက်၊ ၂၀၂၄ ခုနှစ်။

    အတိတ်အရိပ်များ နှင့် ဖက်ဒရယ်ဆုံမှတ် ...? ( Documentary ) အပိုင်း ( ၄ )

    ပြည်ထောင်တွေ စုပြီး ပြည်ထောင်စုကြီး တည်ထောင်ကြမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကြီး စတင်ခဲ့ပါတယ်။ မြန်မာလူမျိုးတွေ ကြီးစိုးတဲ့ အစိုးရ အဆက်ဆက်မှာ ပြည်ထောင်စု စစ်စစ်ကို မတည်ဆောက်နိုင်ခဲ့ဘူးလို့ မြန်မာမဟုတ်တဲ့ တိုင်းရင်းသား အားလုံး လိုလိုက ပြောဆိုကြပါတယ်။

    အခု နွေဦးတော်လှန်ရေးကြီးပေါ်ပေါက်ပြီးနောက်ဆက်တွဲ ၁၀၂၇ စစ်ဆင်ရေးတွေ နောက်ပိုင်းမှာ တော်လှန်နေကြတဲ့ မြန်မာတွေ ဦးဆောင်တဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ အကြား စုစည်းညီညွတ်မှုရအောင် ဘယ်လိုရှာဖွေကြမလဲ၊ ဘာ ပြဿနာတွေ ရှိနေလဲ ဆိုတာ သတင်းနဲ့ မီဒီယာ ကွန်ရက်က တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ အမျိုးသား ညီညွတ် ရေး အစိုးရ ခေါင်းဆောင်တွေကို မေးမြန်းတင်ဆက်ထားတာဖြစ်ပြီး ပါဝင်ကြတဲ့သူတွေကတော့ ............

    ဒုတိယ ဗိုလ်ချုပ်ကြီး ဆွန်လွတ်ဂွမ်မော် - ဒု - ဥက္ကဋ္ဌ - ၁ (ကချင်လွတ်လပ်ရေးကောင်စီ KIC)

    ခူဦးရယ် - ဥက္ကဋ္ဌ (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP)

    ပဒိုစောကလယ်စေး -  ပြောရေးဆိုခွင့်ရှိသူ (ကရင်အမျိုးသား အစည်းအရုံး - KNU)

    ခွန်မြင့်ထွန်း - ဥက္ကဋ္ဌ (ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC)

    ဦးကျော်ဇော - ပြောရေးဆိုခွင့်ရှိသူ (အမျိုးသားညီညွတ်ရေး အစိုးရ - NUG)

    ရဲဘော်မိဆူးပွင့် - (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF)

    ဒေါ်နှင်းနှင်းမွှေး - တွဲဖက်အထွေထွေအတွင်းရေးမှူး (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ - DPNS)

    ဦးရီမာန်ထူး - အမြဲတမ်းဗဟိုကော်မတီဝင် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP)

    ဦးအောင်ထူး - (ဥပဒေအထောက်အကူပြုကွန်ရက် - LAN)

    ခွန်းမတ်ရ်ကိုဘန်း - ဖက်ဒရယ်အရေး လှုပ်ရှားသူ (ကယန်းအမျိုးသားခေါင်းဆောင်) နဲ့ စစ်ဘေးရှောင်တွေကို မေးမြန်းတင်ဆက်ထားပါတယ်။

    Song: Scott Buckley - Legionnaire
    License: Creative Commons (CC BY 3.0) https://creativecommons.org/licenses/by/3.0
    Music powered by BreakingCopyright: https://breakingcopyright.com
    -----------------------------------------------------------------------------

    6 min
  • သတင်းထုတ်လွှင့်ချက် - (EP - 247)

    သတင်းထုတ်လွှင့်ချက် - (EP - 247)

    ဖေဖော်ဝါရီလ ၂၉  ရက်၊ ၂၀၂၄ ခုနှစ်။

    အတိတ်အရိပ်များ နှင့် ဖက်ဒရယ်ဆုံမှတ် ...? ( Documentary ) အပိုင်း ( ၃ )

    ပြည်ထောင်တွေ စုပြီး ပြည်ထောင်စုကြီး တည်ထောင်ကြမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကြီး စတင်ခဲ့ပါတယ်။ မြန်မာလူမျိုးတွေ ကြီးစိုးတဲ့ အစိုးရ အဆက်ဆက်မှာ ပြည်ထောင်စု စစ်စစ်ကို မတည်ဆောက်နိုင်ခဲ့ဘူးလို့ မြန်မာမဟုတ်တဲ့ တိုင်းရင်းသား အားလုံး လိုလိုက ပြောဆိုကြပါတယ်။

    အခု နွေဦးတော်လှန်ရေးကြီးပေါ်ပေါက်ပြီးနောက်ဆက်တွဲ ၁၀၂၇ စစ်ဆင်ရေးတွေ နောက်ပိုင်းမှာ တော်လှန်နေကြတဲ့ မြန်မာတွေ ဦးဆောင်တဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ အကြား စုစည်းညီညွတ်မှုရအောင် ဘယ်လိုရှာဖွေကြမလဲ၊ ဘာ ပြဿနာတွေ ရှိနေလဲ ဆိုတာ သတင်းနဲ့ မီဒီယာ ကွန်ရက်က တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ အမျိုးသား ညီညွတ် ရေး အစိုးရ ခေါင်းဆောင်တွေကို မေးမြန်းတင်ဆက်ထားတာဖြစ်ပြီး ပါဝင်ကြတဲ့သူတွေကတော့ ............

    ဒုတိယ ဗိုလ်ချုပ်ကြီး ဆွန်လွတ်ဂွမ်မော် - ဒု - ဥက္ကဋ္ဌ - ၁ (ကချင်လွတ်လပ်ရေးကောင်စီ KIC)

    ခူဦးရယ် - ဥက္ကဋ္ဌ (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP)

    ပဒိုစောကလယ်စေး -  ပြောရေးဆိုခွင့်ရှိသူ (ကရင်အမျိုးသား အစည်းအရုံး - KNU)

    ခွန်မြင့်ထွန်း - ဥက္ကဋ္ဌ (ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC)

    ဦးကျော်ဇော - ပြောရေးဆိုခွင့်ရှိသူ (အမျိုးသားညီညွတ်ရေး အစိုးရ - NUG)

    ရဲဘော်မိဆူးပွင့် - (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF)

    ဒေါ်နှင်းနှင်းမွှေး - တွဲဖက်အထွေထွေအတွင်းရေးမှူး (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ - DPNS)

    ဦးရီမာန်ထူး - အမြဲတမ်းဗဟိုကော်မတီဝင် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP)

    ဦးအောင်ထူး - (ဥပဒေအထောက်အကူပြုကွန်ရက် - LAN)

    ခွန်းမတ်ရ်ကိုဘန်း - ဖက်ဒရယ်အရေး လှုပ်ရှားသူ (ကယန်းအမျိုးသားခေါင်းဆောင်) နဲ့ စစ်ဘေးရှောင်တွေကို မေးမြန်းတင်ဆက်ထားပါတယ်။

    Song: Scott Buckley - Legionnaire
    License: Creative Commons (CC BY 3.0) https://creativecommons.org/licenses/by/3.0
    Music powered by BreakingCopyright: https://breakingcopyright.com
    -----------------------------------------------------------------------------

    7 min
  • သတင်းထုတ်လွှင့်ချက် - (EP - 246)

    သတင်းထုတ်လွှင့်ချက် - (EP - 246)

    ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။

    အတိတ်အရိပ်များ နှင့် ဖက်ဒရယ်ဆုံမှတ် ...? ( Documentary ) အပိုင်း ( ၂ )

    8 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 245)

    သတင်းထုတ်လွှင့်ချက် - ( EP - 245)

    ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။

    အတိတ်အရိပ်များ နှင့် ဖက်ဒရယ်ဆုံမှတ် ...? ( Documentary ) အပိုင်း (၁ )

  • သတင်းထုတ်လွှင့်ချက် - ( EP - 244)

    သတင်းထုတ်လွှင့်ချက် - ( EP - 244)

    ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။

    တင်ဆက်ပေးမှာကတော့ ---- ရက္ခိုင့်တပ်တော် AA က မင်းပြားမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၉ တိုင်းဗဟို လေ့ကျင့်ရေး သင်တန်းကျောင်းကို သိမ်းယူနိုင် ခဲ့တယ်လို့ ပြောပါတယ်။

    ကလေးမြို့ကို စစ်ရေး အရှိန်မြှင့် တိုက်ခိုက်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ အနေနဲ့ ကလေးမြို့ထဲကနေ ထွက်ခွာပြီး အမြန်ဆုံးရှောင်ရှားကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

    မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက မိုးကောင်းတံတား ဖောက်ခွဲဖျက်ဆီးခံ လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ထားဝယ်မြိုနယ်ထဲမှာ စစ်ကောင်စီ ယာဥ်တန်းတိုက်ခိုက်ခံရပြီး ကား ၇ စီးပျက်စီးသွားတဲ့အပြင် နှစ်ဘက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG မှာ ပါဝင်တဲ့ တိုင်းရင်းသား လူမျိုးတွေ အနေနဲ့ ကိုယ့်ရဲ့ လူမျိုးရေးကိုပဲ ဦးတည်ပြီး ရှေ့ရှု လုပ်ဆောင်တာမျိုး မဟုတ်ပဲ အားလုံးကို လွှမ်းခြုံတဲ့ တစ်နိုင်ငံလုံး အရေးကို လုပ်ဆောင်ဖို့ အထူးလိုအပ်တယ်လို့ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်တဲ့ အကြောင်းကို ကြားကြရမှာပါ။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 243 )

    သတင်းထုတ်လွှင့်ချက် - ( EP - 243 )

    ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။

    တင်ဆက်ပေးမှာကတော့ ---- NUG မှာ ပါဝင်တဲ့ တိုင်းရင်းသား လူမျိုးတွေအနေ နဲ့ ကိုယ့်ရဲ့ လူမျိုးရေးကိုပဲ ဦးတည်ပြီး ရှေ့ရှု လုပ်ဆောင်တာမျိုး မဟုတ်ပဲ အားလုံးကို လွှမ်းခြုံတဲ့ တစ်နိုင်ငံလုံး အရေးကို လုပ်ဆောင်ဖို့ အထူးလိုအပ်တယ်လို့ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်ပါတယ်။

    KNU တပ်မဟာ ၅ နယ်မြေထဲမှာ နှစ်ပေါင်း ၃၀ နီးပါး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ မော်ဖူးတပ်စခန်းက စစ်သားတွေဟာ စခန်းကို စွန့်ခွာထွက်သွားတယ်လို့ KNU မူတြော်ခရိုင်ကထုတ်ပြန်ပါတယ်။

    ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမြို့ ဒေသအတွင်းက ရွာတစ်ရွာကို စစ်ကောင်စီက
    ဖျက်သိမ်း လိုက်တဲ့အတွက် လူ ၂၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

    မြိတ်မြို့မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာကနေ အနီးအနားမှာ ရှိနေတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးအမျိုးသမီး တစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကနေ ရုန်းထွက် နိုင်အောင် ကူညီ
    ဆောင်ရွက်ပေးမယ်လို့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး တက်ကြွဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတွေက ပြောဆိုလိုက်တဲ့အကြောင်းကို ကြားကြရမှာပါ။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - ( EP - 242 )

    သတင်းထုတ်လွှင့်ချက် - ( EP - 242 )

    ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။

    တင်ဆက်ပေးမှာကတော့ ---- စစ်ကောင်စီကြောင့် လွိုင်ကော်မြို့ တစ်ခြမ်း ပျက်စီးသွားပြီလို့ ကရင်နီတော်လှန်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

    ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးနှစ်ဦးအ ပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေ အများအပြားသေ ဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ် မတော်(PNLA)ကပြောပါတယ်။

    ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့ကို ပို့တဲ့ စစ်ကောင်စီတပ် စစ်ကူကို ရခိုင့်တပ်တော် AA က တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကူတစ်ဝက်ကျော် သေဆုံးခဲ့ပါတယ်။

    ကရင်နီပြည်က စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတဲ့မြို့တွေမှာ မြေမြုပ်မိုင်းတွေကို ရှင်းလင်းဖို့ နိုင်ငံတကာရဲ့အကူညီတွေ အရေးပေါ်လိုအပ်တယ်လို့ IEC က ပြောပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေဟာ လူငယ်တွေကို ပြုန်းတီးပျက်စီးစေခြင်းအားဖြင့် အနာဂတ် နိုင်ငံတည်ဆောက်ရေးကို ထိခိုက်စေမယ်လို့ အမျိုးသားညီညွတ် ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုကတယ်ဆိုတဲ့အကြောင်းကို ကြားကြရမှာပါ။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.