Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 121 )
မေလ ၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ကံပေါက်မှာ ဧည့်စာရင်းမတိုင်ရင် အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
ဘုတ်ပြင်းမြို့၊ ပြည်ကြီးမဏ္ဍိုင် - ရတနာပုံသွားလမ်းမှာ မွန်ကာကွယ်ရေးတပ်နဲ့ ကေအဲန်ယူ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။
ဘိုကလေးမြို့နယ်ထဲက ရွာတစ်ရွာမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက် သေနတ်နဲ့ ပစ်ခံရပါတယ်။
ကျုံပျော်မြို့ရှိ အုပ်ချုပ်ရေးမှူးရုံးခန်းမှာ ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် တချို့ ပြင်းထန်ဒဏ်ရာတွ ရခဲ့ပါတယ်။
သတင်းလွှာတွေထဲမှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်ရာ ဒေသက ပြည်သူတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရင်ကထက် ပိုပြီး ခံစားလာ နေရတယ်လို့ ကရင် လူ့အခွင့်အရေး အဖွဲ့ KHRG က ပြောဆိုလိုက်တဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 120 )
မေလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ဘီးလင်းမြိုမှာ ရဲစခန်း ၂ ခုတိုက်ခိုက်ခံရပြီး ရဲနှစ်ယောက် သေဆုံးသွားပါတယ်။
ထားဝယ် လောင်းလုံး ကားလမ်းမဘေးမှာ ငါးမွေးမြူရေး လုပ်ကိုင်သူတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေပါတယ်။
မုံရွာမြို့လယ်ခေါင်နေရာက မြဝတီဘဏ်ရှေ့မှာ လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရ ပါတယ်။
မြိတ်မြို့နဲ့ ထားဝယ်မြို့ အကျဉ်းထောင်တွေက လွတ်လာတဲ့ နိင်ငံရေး အကျဉ်းသား ၄၈ ယောက်စလုံးက လွတ်ရက်နီးနေသူတွေပဲ ဖြစ်နေပါတယ်။
လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေကို ထိန်းကျောင်းပေးမယ့် အမှီ အခိုကင်းတဲ့ ကိုယ်တိုင်ထိန်းညှိမှု ယန္တရား (Self-regulatory Body) တစ်ခုကို ဖွဲ့စည်းဖို့ အဋ္ဌမအကြိမ် တိုင်းရင်းမီဒီယာညီလာခံမှာ သဘောတူညီခဲ့ ကြပါတယ် ဆိုတဲ့ သတင်းပေးပို့ချက်ကိုလည်း နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 119 )
မေလ ၇ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ပုလောမြို့နယ်မှာ ရွာသားတစ်ယောက် စစ်တပ်က ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။
မွန်ပြည်နယ်မှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေး ၂ ယောက် အပါအဝင် ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မွန်ပြည်နယ်ထဲက အကျဉ်းထောင်တွေမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဥ်းသား၊ အကျဥ်းသူ အယောက် ၃၀ ပြန်လည်လွတ်မြောက်လာပါတယ်။
ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စရဖ ရုံးကို ဘုတ်ပြင်း - ပကဖအဖွဲ့တို့ ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကောင်စီ သတင်းပေး တစ်ယောက်ကိုလည်း ပစ်သတ်နိုင်ခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ပူတာအိုမြို့နယ်၊ တန်ဂျာကျေးရွာမှာ ရှိတဲ့ မူလတန်းလွန်ကျောင်း မီးလောင်သွားလို့ ကျောင်းဖွင့်ချိန်အမှီ ကျောင်းဆောင် ပြန်လည်ဆောက်လုပ်နိုင်ရေး ဒေသခံတွေက လိုလားနေ ကြပါတဲ့ အကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 118 )
ဧပြီလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တော်လှန်ရေးက လက်ရှိအခြေအနေမှာ ဘယ်လောက်ထိ အောင်မြင်နေပြီလဲ၊ လူထုရဲ့ ပါဝင်မှု၊ ပေးဆပ်မှုတွေကရော ဘယ်လိုရှိနေလဲ။ ကရင်နီတော်လှန်ရေးကရော တစ်နိုင်ငံလုံးအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိလဲ။ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဗဟိုကော်မတီဝင် နော်ဆဲဆဲရဲ့ ပြောကြားသုံးသပ်ချက်ကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 117 )
ဧပြီလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကြာလာတဲ့ အချိန် ကရင်နီပြည်နယ်ထဲ နယ်မြေဘယ်နှစ် ရာခိုင်နှုန်း ကို ကရင်နီတော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားနိုင်ပြီလဲ။ စစ်တပ်ရဲ့ နယ်မြေအနေအထားကရော လက်ရှိအခြေအနေကရော ဘယ်လိုရှိနေလဲ။
ကရင်နီပြည်နယ်တွင်း ကရင်နီတော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲရော အုပ်ချုပ်ရေး ကဏ္ဍကိုရော ဘယ်လို လည်ပတ်နိုင်ပြီလဲ။
ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး KNDF ဥက္ကဋ္ဌလည်းဖြစ်၊ ကရင်နီပြည်နယ် အုပ်ချုပ်ရေးကောင်စီ ၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သည့် ခွန်းဘီထူးရဲ့ ရှင်းလင်းပြောကြားချက်ကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 116 )
ဧပြီလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- နွေဦးတော်လှန်ရေး နှစ် နှစ်တာ ကာလအတွင်း ကရင်နီရဲ့ တော်လှန်ရေးက ဘာတွေ တိုးတက်ပြောင်းလဲလာသလဲ၊ ကရင်နီတော်လှန်နေရး အင်အားစုတွေဘက်ကရော ဘယ်လောက်ထိ ထိခိုက်ကျဆုံးမှုတွေရှိနေလဲ၊ ပြည်သူတွေရော ဘယ်လို ထိခိုက်ခံစားခဲ့ကြရသလဲ။ ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီရဲ့ အခြေအနေကရော ဘယ်လိုရှိနေသလဲ စတာတွေနဲ့ ပတ်သက်ပြီး KNDF ရဲ့ အတွင်းရေးမှူး-၂ လည်းဖြစ် ဒုစစ်ဦးစီးချုပ်လည်း ဖြစ်တဲ့ မာဝီက ရှင်းပြထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 115 )
ဧပြီလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နှင့် KIA တို့ရဲ့ တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီတပ်ရဲ့ စစ်ရေး လှုပ်ရှားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေး အဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 114 )
ဧပြီလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ဒုဌဝတီမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ရပ်တန့်အောင် တားဆီးပေးဖို့ ဒေသတွင်းက လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီတွေကို ရှမ်းအရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆို လိုက်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ၊ လုံးပျဉ်ကျေးရွာအုပ်စုမှာရှိတဲ့ လယ်ကြားကျေးရွာက ဒေသခံ ရွာသားတွေကို စစ်ကောင်စီတပ်က လက်နှောက်ပြန်ကြိုးတုတ်ပြီး လူသာဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ KNDF သတင်း ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တနေရာကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ဖက်ဒရယ်ကို အခြေခံပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိတဲ့ အုပ်ချုပ်ရေး စနစ်မျိုးကို တော်လှန်ရေး ကာလ အတွင်း ကရင်နီပြည်နယ်မှာ ကျင့်သုံးနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC က ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်နဲ့အတူ တခြားစိတ်ဝင်စားစရာ ကောင်းတဲ့ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 113 )
ဧပြီလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- တနင်္သာရီတိုင်းမှာ စစ်ကောင်စီက လူငယ် အယောက် ၃၀၀ ကျော်ကို ရေကြောင်းနဲ့ လေကြောင်း သင်တန်းတွေ ပေးအပ်နေပါတယ်။
ရေဖြူမြို့နယ် ကံပေါက်ဒေသမှာရှိတဲ့ နွားမွေးမြူရေးခြံထဲမှာ စစ်ကောင်စီ သတင်းပေး ဒလန်ဆိုသူ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
ကျိုက်ထီးရိုးတောင်ခြေ ရဲစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး မီးလောင်ပြာကျသွားခဲ့ပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လဝါးကျေးရွာတွင် အသတ်ခံရတဲ့ ဒေသခံ ၉ ယောက်အတွက် တရားမျှတမှု ရရှိရေး ပူးပေါင်းဆောင်ရွက်ပေးဖို့ အမှုမှန်ပေါ်ပေါက်ရေးကော်မတီက ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA ကို ထပ်မံ တောင်းဆိုလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 112 )
ဧပြီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----- ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဒီနေ့အချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုတွေ ရှိနေတဲ့အပြင် လက်နက်ခဲယမ်းတွေကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ KNDF က ထုတ်ပြန် ထားပါတယ်။
ထားဝယ် - မြိတ် ကားလမ်းမပေါ်မှာ စိတ်ကျန်းမာရေး မကောင်းသူတစ်ယောက်ကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
ကော့သောင်းခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ရွာသားတွေကို ပြန်လွှတ်ပေးဖို့ ငွေကြေးတောင်း ယူတာတွေ ရှိနေပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့၊ ငွေပျော်စံပြကျေးရွာက ပျက်စီးနေတဲ့ စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို နော်ဝေးဒုက္ခသည်များဆိုင်ရာကောင်စီ NRC က ပြန်ပြင်ပေးဖို့ရှိနေပါတယ်။
သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး တော်လှန်ရေးအင်အားစု တွေကို တိုက်ခိုက် နေတဲ့ ဘယ်အဖွဲ့အစည်းကို မဆို တွန်းလှန် တိုက်ခိုက်သွားမယ်လို့ ပအိုဝ်းတော်လှန်ရေး အင်အားစု တွေက ပြောလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ ချက်နဲ့အတူ တခြားစိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို နားဆင်ရ မှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.