Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - ( EP - 62 )
နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကျောင်းထိုင်ဆရာတော်တပါး ကားနဲ့ ကြွစဉ် စစ်ကောင်စီက ပစ်ခတ်ခဲ့လို့ ဒဏ်ရာရရှိသွားပါတယ်။ ကော့သောင်းမှာ ဘုရားပွဲ ကျင်းပဖို့ စစ်ကောင်စီက ဖိအားပေးနေပါတယ်။
လက်နက်ကြီးကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ကလေးနှစ်ယောက် အပါအဝင် ဒေသခံ ၃ ယောက် ဒဏ်ရာရသွားပါတယ်။ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ကလေးမှာ စစ်ကောင်စီ ၃ ယောက် သေဆုံးသွားခဲပါတယ်။ ရာအိမ်မှူး ပစ်ခတ်ခံရပြီးနောက် ဘိုကလေးမှာ ဒေသခံ ၁၀ ယောက် ဖမ်းခံရတဲ့သတင်းနဲ့ တနင်္သာရီက တိုက်ပွဲတွေကြောင့် ဒေသခံ ၁၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
သတင်းလွှာထဲမှာတော့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် ကျင်းပဖို့ စီစဉ်ထားတဲ့ ၁၇ ကြိမ် မြောက် ကရင်အမျိုးသား အစည်းအရုံး KNU ကွန်ဂရက်ကို ရွှေ့ဆိုင်း လိုက်တယ်လို့ KNU က ပြောဆို လိုက်တဲ့အကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 61 )
နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ----မြိတ် တိုက်ပွဲ စစ်ကောင်စီ ဒု-အရာခံ ဗိုလ်တစ်ယောက် သေဆုံးခဲ့ပါတယ်။ PDF ကို ထောက်ပံ့တယ်လို့စွပ်စွဲပြီး ဖမ်းဆီးခံထားရတဲ့ ကျောက်မဲက ပန်းရံသမားကို အမှုဖွင့်လိုက်ပါတယ်။
ဖျာပုံ နဂါးနက် တပ်ဖွဲ့ဝင် ဆိုသူတွေကို လူသတ်မှုနဲ့ စစ်ကောင်စီက တရားစွဲလိုက်ပါတယ်။ စစ်ကောင်စီက ဒရုန်းနဲ့ တိုက်လို့ နေအိမ်တစ်ဆောင် ပျက်စီးသွားပါတယ်။
ပျူစောထီးတွေကို တထောင့်ထိုးသေနတ်တွေ ထုတ်ပေးမယ်ဆိုတဲ့သတင်းနဲ့အတူ သတင်းလွှာတွေထဲမှာတော့ ကရင်ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ နေအိမ် ပစ်ခတ် မီးရှို့ ဖျက်ဆီးခဲ့သူတွေကို ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး ကော်မတီကနေတဆင့် အရေးယူ ဆောင်ရွက် နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ KNU/KNLA-PC က ပြောဆိုလိုက်တဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ တခြား စိတ် ဝင်စားစရာ သတင်းတွေကို နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK - (EP- 50 )
အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။
အောက်တိုဘာလအတွင်း NMG က ရေးသားခဲ့တဲ့ သတင်းအမှားတွေကတော့ .......... ကော်သူးလေ Army ခေါင်းဆောင် ဗိုလ်ချုပ်စောနယ်ဒါးမြနဲ့ KNU/KNLA က ခေါင်းဆောင်တွေကို ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ထားတယ်လို့ သတင်းမှားဖြန့်ဝေထားပါတယ်။ ဖားကန့် ဗုံးကြဲမှု အရပ်သား ပြည်သူ ထိခိုက်မှု မရှိဘူးဆိုပြီး သတင်းမှားဖြန့်ဝေ ထားတဲ့အကြောင်းနဲ့ PDF က စာသင်ကျောင်း မီးရှို့တယ်ဆိုပြီး သတင်းအမှားဖြန့်ဝေထားပါတယ်။
ဒါ့အပြင် AA က နေအိမ်တွေ မီးရှို့လို့ စစ်တပ်က မီးငြိမ်းနေရတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေထားတဲ့အကြောင်း၊ ရက္ခိုင့်တပ်တော် AA ကို တိုက်ဖို့ ALP က အင်အားကြီးမားစွာနဲ့ လှုပ်ရှားလာတယ်ဆိုပြီး သတင်းမှား ဖြန့်ဝေထား အကြောင်းနဲ့အတူ AA က ပစ္စည်းလု လူသတ်တယ်ဆိုတဲ့ သတင်းမှား ဖြန့်ဝေထားတဲ့ အကြောင်းတွေကို တင်ဆက်ပေးသွားမှာပါ။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 60 )
အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ------- ထားဝယ်ထောင်မှာ ထောင်ဝင်စာကို စည်းကမ်း သတ်မှတ်ချက်တွေနဲ့ စတင်လက်ခံနေပါပြီ။
ဖားကန့်အဝင်အထွက် လုံခြုံရေး တင်းကြပ်ထားပါတယ်။ ပွန်ချောင်းကျေးရွာအနီး စစ်ကောင်စီခြေကုပ်စခန်းကို KA၊ KNDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
ကချင်ပြည် နယ် အစိုးရအဖွဲ့ရုံးအတွင်း ပေါက်ကွဲမှုအတွင်း အမျိုးသားတစ်ယောက် သေဆုံးခဲ့ပါတယ်။ ရွေးကောက်ပွဲ ပြင်ဆင်မှုအဖြစ် ဒူးလေးပါတီ ညီလာခံ ကျင်းပသွားမယ်လို့ ပါတီဥက္ကဋ္ဌ က ပြောပါတယ်။
သတင်းလွှာတွေထဲမှာတော့ မိုးမောက်မှာ ဒီရက်ပိုင်း လက်နက်ကြီးကျည် ကျရောက်မှုဆက်တိုက် ဖြစ်ပွား နေပြီး တစ်ရက်အတွင်း အမျိုးသမီးနှစ်ယောက် အပါအဝင် အရပ်သားပြည်သူ ၅ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ သတင်းပေးပို့ချက်နဲ့အတူ တခြား စိတ်ဝင်စားစရာ သတင်းတွေက နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK - (EP- 49 )
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
နေ့ပြောပြမယ့် သတင်းအမှားတွေကတော့ .......... ကော်သူးလေ Army ခေါင်းဆောင် ဗိုလ်ချုပ်စောနယ်ဒါးမြနဲ့ KNU/KNLA က ခေါင်းဆောင်တွေကို ထိုင်းအစိုးရက ဖမ်းဝရမ်းထုတ်ထားတယ်လို့ သတင်းမှားဖြန့်ဝေထားတဲ့ အကြောင်းနဲ့ ဖားကန့် ဗုံးကြဲမှု အရပ်သား ပြည်သူ ထိခိုက်မှု မရှိကြောင်း သတင်းမှားဖြန့်ဝေထားတဲ့ အကြောင်းတွေကို တင် ဆက်ပေးသွားထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 59 )
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ကချင်ပြည်နယ် မိုးမောက်မြို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မောရဝတီရေတပ်က တပ်ကြပ်တစ်ယောက်အပါအဝင် တပ်သား ၅ ယောက် လက်နက်တွေနဲ့အတူ ထွက်ပြေးသွားပါတယ်။
ငသိုင်းချောင်း - ဂွ ကားလမ်းမကြီးရဲ့ တောစပ်ကနေ ရိုဟင်ဂျာ ၄၆ ယောက် ဖမ်းမိတယ်ဆိုတဲ့ သတင်းနဲ့ သတင်းလွှာတွေထဲမှာတော့ ပြည်သူတွေရှိတဲ့နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းအားထုတ်မှုအပေါ် အဟန်အတားဖြစ်စေတယ်လို PPST က ပြောဆိုလိုက်တဲ့အကြောင်းနဲ့ တခြား စိတ်ဝင် စားစရာ သတင်းတွေက နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 58 )
အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- အနန့်ပါ ဖြစ်စဉ်နောက်ပိုင်း ပြောင်းလဲဖြစ်ပွားလာမယ့် အခြေအနေအရပ်ရပ်ကို အထူးစောင့်ကြည့်နေတယ် လို့ UWSP ပြောပါတယ်။
ကျိုက်ဒုံ ရဲစခန်းတစ်ခုကို KNLA တပ်ရင်း (၁၈)နဲ့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ရွှေကူတိုက်ပွဲတွင် KPDF တပ်ဖွဲ့ဝင် နှစ်ယောက်ကျဆုံးသွားတယ်ဆိုတဲ့ သတင်းနဲ့ မြောင်အမျိုး သမီး စစ်သည်တော် တပ်ဖွဲ့ -M2Wအနေဖြင့် နွေဦးတော်လှန်ရေးအောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။
သတင်းလွှာတွေထဲမှာတော့ မိုးမောက်မြို့မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ရှောင် ၆၀၀ ကျော်အတွက် အကူအညီတွေလိုအပ်တဲ့ အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေက နားဆင်ရမှာပါ။
သတင်းထုတ်လွှင့်ချက် - ( EP - 57 )
အောက်တိုဘာလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- စစ်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ NUG နဲ့ BPLA တို့ သဘောတူလိုက်ပါတယ်။ ပုသိမ်တွင် စားသောက်ကုန်များ သိုလှောင်ခြင်း မပြုရန် စစ်ကောင်စီ တားမြစ်လိုက်ပါတယ်။ တိုးမြစ်အတွင်းက စက်လှေပေါ်ကနေ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၅၄ ယောက်ကို စစ်ကောင်စီ က ဖမ်းဆီးထားပါတယ်။
သတင်းလွှာတွေထဲမှာတော့ ဖားကန့်အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှုဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ KIO က ပြောဆိုလိုက်တဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာသတင်းပေးဖို့ချက်တွေက နားဆင်ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK - (EP- 48 )
အောက်တိုဘာလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။
နေ့ပြောပြမယ့် သတင်းအမှားတွေကတော့ .......... PDF က စာသင်ကျောင်းကို မီးရှို့တယ်လို့ သတင်းအမှား ဖြန့်ဝေထားတဲ့ အကြောင်းနဲ့ AA က နေအိမ်တွေ မီးရှို့လို့ စစ်တပ်က မီးငြိမ်းနေရတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေထားတဲ့ အကြောင်းတွေကို တင် ဆက်ပေးသွားမှာပါ။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - ( EP - 56 )
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။
တင်ဆက်ပေးမယ့် သတင်းတွေကတော့ ---- ယင်းမာပင်မှာ စစ်ကောင်စီက ရမ်းသန်းပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်
သေဆုံးသွားခဲ့ပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းက တိုက်ပွဲတွေထဲ ဒေသခံ ၃ ယောက် သေဆုံးခဲ့ပါတယ်။
ထောင်တွေကို လုံခြုံရေး တိုးမြှင့်ကာ ထောင်ဝင်စာပိတ်လိုက်တဲ့ သတင်းနဲ့ ပူတာအိုမြို့နယ်ထဲကဒေသအတွင်း လူနာဦးရေများလာခြင်းကြောင့် ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်း (People Health Organization Kalay) အဖွဲ့က ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်ဆိုတဲ့ သတင်းပေးပို့ချက်နဲ့ အတူ တခြားစိတ်ဝင်စားစရာသတင်းတွေကို တင်ဆက် ပေးထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.