
Sign up to save your podcasts
Or


နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က ဆွေးနွေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .
ပြီးခဲ့တဲ့အပတ်က တင်ဆက်ပေးခဲ့တဲ့ "Covid 19 ကာကွယ်ဆေးအကြောင်း " ကို ဆက်လက် ဆွေးနွေးတင်ပြပေးမှာဖြစ်ပါတယ်။
အစိမ်းရောင်ချစ်သူ အစီအစဉ်ကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ ပရိသတ်များအတွက် သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်သင့်ကြောင်းနှင့် Japan နိုင်ငံမှ electronic စွန့်ပစ်အမိူက်တွေကနေ လိုအပ်တဲ့ သတ္တုထုတ်မယ့်အကြောင်းတွေကို မျှဝေပေးထားပါတယ်...
Success seems to be connected with action. Successful people keep moving. They make mistakes, but they don’t quit.
အောင်မြင်ခြင်းဆိုတာ လုပ်ဆောင်ခြင်းနဲ့ ဆက်နွယ်နေပါတယ်။ အောင်မြင်တဲ့သူတွေအားလုံး ဆက်လက်လုပ်ဆောင်နေကြပါ တယ်။ အမှားတွေလည်း လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့တတွေ ရှောင်မထွက်ကြပါဘူးတဲ့။ ဒီစကားကတော့ အမှားနဲ့မကင်း ကြတဲ့လူသားတွေအတွက် သိထားစရာစကားတစ်ခွန်း၊ အောင်မြင်ဖို့ ရုန်းကန်နေရင်းနဲ့ အားလျော့နေကြတဲ့သူတွေအတွက် သိထားစရာစကားတစ်ခွန်းပါ။ ဒီစကားထဲကအတိုင်းပါပဲ။ လူသားတိုင်း လူသားတိုင်းအမှားနဲ့ မကင်းကြပါဘူး။ အရာခပ်သိမ်းပြီးပြည့်စုံခြင်း မရှိတဲ့လူသားတွေအဖို့ လုပ်ရင်းကိုင်ရင်း တစ်ချိန်မဟုတ် တစ်ချိန် တစ်ကွေ့မဟုတ်တစ်ကွေ့မှာ မှားယွင်းမှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။ လူဆိုတာ မှားမှာပါပဲ။ မှားမှာ ဆိုးပြီး မလုပ်ရင်ဘာ မှလည်း တတ်မှာ မဟုတ်တော့ပါဘူး။
ဒါကြောင့် ကိုယ့်အလုပ်မှာ ကိုယ်ကမှားယွင်းမှုတွေ လုပ်မိပြောမိတယ်ဆိုရင် စိတ်ဓါတ် မကျပါနဲ့။ လူတိုင်းမှားယွင်းဖူးပါတယ်။ အထူးသဖြင့် အလုပ်လုပ်တဲ့သူတွေက ပိုပြီးမှားတတ်ကြပါတယ်။ ကိုယ်လုပ်လိုက်လို့ မှား သွားတယ်ဆိုပြီး အဲဒီအလုပ်ကို ဆက်မလုပ်ဘဲ ရပ်ပစ်လိုက်တာကသာ အမှားပေါ်အမှားဆင့်တာပါ။ တကယ်တော့ ကိုယ်လုပ် လိုက်လို့မှားသွားတာကို မှားတယ်လို့လက်ခံယူဆပြီးရင် ဘယ်လိုအမှန်ပြင်ရမလဲဆိုတာကို စဉ်းစားဆင်ခြင်ရပါမယ်။ ပြီးရင်တော့ အမှားကနေ အမှန်ကိုပြင်ရပါမယ်။ အမှားကိုပြင်ဆင်ရင်းနဲ့မှ နည်းလမ်းလွဲချော်ပြီး နောက်ထပ်မှားနိုင်ပါသေးတယ်။ ဒါပေမယ့် အားမလျော့လိုက်ပါနဲ့။ နှစ်ခါမှားရင် သုံးကြိမ်မြောက်ပြန်ပြင် သုံးခါမှားရင် လေးခါပြန်ပြင်ရင် နောက်ဆုံးမှာတော့ အမှားနဲ့ ကင်းတဲ့ ရလာဒ်တစ်ခုကို ပိုင်ဆိုင်ရမှာပါ။ အမှားနဲ့ ကင်းတဲ့ မှန်ကန်မှုရလာဒ်တွေ စုလာပြီး များလာပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ အောင်မြင်မှုကို ရရှိလာမှာပါ။
Happiness is a choice, not a result. Nothing will make you happy until you choose to be happy.
လူသားတိုင်းလူသားတိုင်း ပျော်ရွှင်ချမ်းမြေ့လိုကြပါတယ်။ ဘဝရဲ့ စားဝတ်နေရေးဝဲဂယက်ထဲမှာ လူးလွန့် ကူးခတ်ရင်းနဲ့ ပျော်ရွှင်မှုကို ရှာဖွေကြပါတယ်။ အခုနားဆင်နေကြတဲ့ သောတရှင်တွေမှာလည်း ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကို မလိုချင်တဲ့သူ မရှိလောက်ဘူးဆိုတာကို ထင်ပါတယ်။ ဒါပေမယ့် လူတွေအထင်မှားနေတာ တစ်ခုကတော့ အလုပ်ကိစ္စတွေ ပြီးမြောက်အောင်မြင်ဖို့ ကျားခုတ်ကျားခဲ ကြိုးစားပြီး နောက်ဆုံး အဆုံးသတ်မှာတော့ ပျော်ရွှင်ခြင်းဆိုတဲ့ အရာကို တွေ့ရလိမ့်မယ်လို့ ယုံကြည်မျှော်လင့် နေကြတာပါ။ ကိစ္စရပ်တိုင်းကို လုပ်တော့မယ်ဆိုရင် အဆုံးသတ်မှာ ကိုယ့်အတွက် ပျော်ရွှင်စရာ ဘယ်လောက်ရှိမလဲဆိုတာကို ခန့်မှန်းကြပါတယ်။ တကယ်တော့ အဲဒီအချက်ကမှန်မလိုလိုနဲ့ မှားနေတဲ့ အရာပါ။ တကယ်တော့ ပျော်ရွှင်ခြင်းဆိုတာ ရလာဒ် တစ်ခုမဟုတ်ပါဘူး။ ကိစ္စရပ်တစ်ခုခုကို ပြုလုပ်အောင်မြင်သွားရင် ရလာမယ့်အရာက ရလာဒ်ပါ။ အဲဒီရလာဒ်က လွတ်လပ် ပေါ့ပါ့း ခြင်းအဓိပာယ်ကိုတော့ ဆောင်ချင်ဆောင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါ ပျော်ရွှင်ခြင်း မဟုတ်ပါဘူး။ လူတွေက အထင်အမြင်လွဲပြီး ပျော်ရွှင်ခြင်းနဲ့အမြန်ဆုံးနီးရအောင်အလုပ်ကို မြန်မြန်ပြီးအောင်လုပ်တတ်ကြပါတယ်။ အဲဒီမှာ ဘာတွေဖြစ်လာလည်းဆိုတော့ အမြန်အဆန်လုပ်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ အရည်အသွေးဆန်းစစ်မှုလျော့လာတာ နောက်ဆုံးရလာဒ်ထင်သလောက် မကောင်းတော့တာတွေကို ကြုံရနိုင်ပါတယ်။
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ "သီချင်းကြိုက်တဲ့ လူငယ်တွေကို လက်ရှိဘယ်လိုသီချင်းတွေ နားထောင်ဖြစ်လဲ၊ ပြည်တွင်းလား ၊ international song တွေလား၊ မတူကွဲပြားတဲ့ အကြိုက်တွေက ဘာတွေလဲ"ဆိုတာ ကိုပရိသတ်များထံမေးမြန်းထားပါတယ်။ ပရိသတ်များ ရင်ထဲက စိတ်ကူးအတိုင်းပြောထားကြတဲ့ ပြောကြည့် အစီအစဉ် ပဲဖြစ်ပါတယ်.......
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
I am thankful for all those difficult people in my life. They have shown me exactly who I do not want to be.
စိတ်အမျိုးမျိုးရှိကြတဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ကိုယ့်အတွက် အကျိုးပေးတဲ့သူတွေနဲ့ တွေ့ကြုံနိုင်သလို ကိုယ့် အတွက် ကောင်းကျိုးမပေးဘဲ စိတ်ဒုက္ခကိုသာပေးတဲ့သူမျိုးတွေနဲ့လည်း တွေ့ကြုံရမှာပါ။ အဲဒီလိုအခါမှာ လူသားဆန်တဲ့ စိတ် ဓါတ်ကြောင့် ကိုယ့်အပေါ် ကောင်းကျိုးမပေးတဲ့သူ တစ်နည်းပြောရရင် ဒုက္ခပေးတဲ့သူကို ကျွန်တော်အပါအဝင် လူတော်တော် များများကတော့ ကိုယ့်ကိုဒုက္ခရောက်စေတဲ့သူကို မနှစ်သက်ကြမှာအမှန်ပါပဲ။ ဒီစကားထဲမှာတော့ ကိုယ့်အတွက် ခက်ခဲစေတဲ့သူ၊ ကိုယ့်အပေါ်နစ်နာစေတဲ့သူတွေကို ကျေးဇူးတင်ဖို့ပြောထားပါတယ်။ ဘာလို့ပါလဲ။ ကိုယ့်ကိုဒုက္ခပေးတဲ့သူကို ကျေးဇူးတင်ရ မယ်ဆိုတော့ကာ ထူးဆန်းသလိုဖြစ်နေမှာပါ။ ဒါပေမယ့် သူ့ကြောင့် ကိုယ်ဒုက္ခရောက် တယ်ဆိုရင်တောင်မှ ကိုယ့်အတွက် ဒါဟာ သင်ခန်းစာတစ်ခုလို့ပဲမှတ်ပါ။ နောက်နောင်သူကြောင့် ဒုက္ခမဖြစ်စေအောင် ကိုယ်ကိုကိုယ် ထိန်းသိမ်းဖို့ လည်း လိုပါတယ်။ အထူးသဖြင့် လူတိုင်းကို ကိုယ့်စိတ်ထဲကအတိုင်းမမှတ်ဖို့၊ ကိုယ့်အတွက်ဘ၀ သင်ခန်းစာတစ်ခုကိုသင်ကြား ပေးတဲ့ ဆရာသမားအဖြစ်နဲ့ ကျေးဇူးတင်လိုက်ပါ။ သူတို့ရဲ့စရိုက်ဆိုးကြောင့် ကိုယ်ဒုက္ခရောက်ခဲ့ ရတဲ့အတွက် သူတို့လို စရိုက်မျိုး မမွေးမိအောင် ဆင်ခြင်နိုင်ပါမယ်။ သူတို့လူတွေအပေါ်ကို ယုတ်မာကောက်ကျစ်တာကို သိလိုက်ရတဲ့အတွက် ကိုယ်ကတော့ သူတို့လို မဖြစ်အောင် သူတု့ိကိုပဲ ဥပမာထားပြီး ဆင်ခြင်လို့ရပါပြီ။
From the publisher's feed
Wherever you go PadamyarFM will be there with you...