Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • Let's Do It

    နေ့စဉ် လူမူဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေပေးသွားမယ့် Let's Do It အစီအစဉ်.....

    ဒီတစ်ပတ်မှာတော့ မငုဝါနှင့် မအိဆုတို့က လွယ်ကူပြီး လက်တွေ့အသုံးပြုလို့ရမယ့် ဘယ်လိုနည်းလမ်းလေးတွေ ဝေမျှထားလဲဆိုတာကို ဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာ ဖြစ်ပါတယ်...

    Let's Do It အစီအစဉ်ကို Tuesday, Thursday, Friday ၊ မနက် 11:10 အချိန်တွင် စောင့်မျှော်နားဆင်နိုင်ပါတယ်....


    #padamyarfm #fm #myanmarfm

    3 min
  • ဒီနေ့အတွက်စကား

    Relationships theses days are harder now because conversation becomes texting, arguments become phone calls, and feelings become status updates.

    အခုနောက်ပိုင်းဆက်ဆံရေးတွေက အေးခဲမာကျောလာပါတယ်။ ဘာလို့လဲဆိုတော့ ပြောဆိုမှုတွေက စာရိုက်ပြောဆိုခြင်းတွေ ဖြစ်ပြီး အငြင်းအခုံတွေက ဖုန်းခေါ်ဆိုမှုတွေဖြစ်လာပြီး ခံစားချက်တွေကတော့ Social Media ပေါ်က ရေးသားထုတ်ဖော်မှုတွေ ဖြစ်လာလို့ပါ။ဒီနေ့ခေတ်မှာ ဖြစ်ပျက်နေတဲ့ ဆက်ဆံရေးတွေအကြောင်းကို မြင်သာထင်သာရှိအောင်ပြောပြ ထားတဲ့စကား တစ်ခွန်းဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်ဆံရေးတွေက သွေးအေးတဲ့ ဆက် ဆံမှုတွေက ပိုပြီးများပါတယ်။ ထို့အတူပဲ။ နှစ်ယောက်ကြားကဆက်ဆံရေးဟာ နှလုံးသားထဲမှာ သိမ်းဆည်းသိုဝှက်ထားတဲ့ နွေးထွေးတဲ့ ဆက်ဆံရေးမျိုးထက် ပုံစံတစ်မျိုး သက်ရောက်မှုတစ်ဖုံဖြစ်နေတဲ့ ဆက်ဆံရေးတွေက ပိုလို့များလာပါတယ်။

    လောက မှာ အရေးကြီးတဲ့ စားဝတ်နေရေး၊ လူတန်းစေ့ရှင်သန်ရပ်တည်နိုင်ရေး၊ ခေတ်နဲ့အမှီရင်ဘောင်တန်းနိုင်ရေးစတဲ့ စတဲ့ လိုအပ်ချက် တွေရဲ့နောက်ကိုလိုက်ရင်းနဲ့ အိမ်ထောင်ရေးတွေ၊ အချစ်ရေးတွေမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဆက်နွယ်မှုတွေကလည်း တစ်နည်း တစ်ဖုံ ပတ်သက်မှုတွေဖြစ်လာပါတယ်။ ခေတ်ကြီးကတိုးတက်လာတာနဲ့အမျှ အဝေးတစ်နေရာကိုရောက်နေတယ် ဆိုရင်တောင် အရှေ့မှာရပ်ပြီးအတူတူရှိနေသလိုမျိုး ဆက်သွယ်ရေးနည်းပညာတွေက ပိုပြီး တစ်နေ့ထက်တစ်နေ့ တိုးတက် လာပါတယ်။ အရင် တုန်းကဆိုရင် အတူတူရှိတဲ့ဘဝတွေကို ပိုင်ဆိုင်ပြီး နွေးထွေးတဲ့ဆက်ဆံရေးကို ဆောက်တည်ထားကြတာ များပေမယ့် ဒီနေ့ ခေတ်မှာတော့ နှစ်ယောက်ကြားကဆက်ဆံရေးမှာ အတူရှိရေးကို ဦးစားပေးဖို့ထက် တခြားသော ရည်ရွယ်ချက် ဦးစားပေးစရာ တွေကို ပိုလို့အလေးထားလာကြတာကိုလည်းတွေ့ရပါတယ်။

    3 min
  • Knowledge in 3 mins

    Knowledge in 3 mins

    ခန္ဓာကိုယ်ကျန်းမာဖို့ အစာအာဟာရတွေ မျှတဖို့လိုအပ်သလို တွေးခေါ်နိုင်စွမ်းတွေ မြင့်မားဖို့ ဗဟုသုတတွေဖြည့်ဖို့ လိုအပ်ပါတယ်.....

    မိမိကိုယ်ကို ချစ်တယ်ဆိုရင် အချိန် (၃)မိနစ်ပဲပေးပါ...

    အာဟာရဆိုင်ရာ ဆရာ၀န် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ကြယ်စင်ယုမွန် မှ "မေမေတွေ စိတ်ဝင်စားမည့် အကြောင်းအရာဖြစ်တဲ့ အစားဂျီးများတဲ့ကလေးငယ်တွေ ဘယ်လိုကျွေးရမလဲ" ဆိုတဲ့အကြောင်းကို ဝေမျှပေးထား တာဖြစ်ပါတယ်...

    Knowledge in 3 mins ကို ပတ္တမြား FM တွင် Wednesday 11:25 AM နှင့် Sunday 11:10 AM တို့တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါပြီ။

    #padamyarfm #FM #myanmarfm

    #Knowledge_in_3Minutes

    #Dr.KyalSinYuMon#Knowledge_in_3Minutes

    4 min
  • ဒီနေ့အတွက်စကား

    A friend who understands your tears is much more valuable than a lot of friends who only knew your smile.

    ကဗျာဆန်ဆန်နဲ့ မိတ်ဆွေကောင်း မိတ်ဆွေစစ် ဆိုတာဘယ်လိုလူစားမျိုးလည်းဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောပြထားတဲ့စကားတစ်ခွန်းပါ။ ကျွန် တော်တို့တတွေ မွေးဖွားပြီးအရွယ်ရောက်ကြီးပြင်းတဲ့အချိန်ကနေ သေဆုံးသွားတဲ့အချိန် အထိလူဘောင်အဖွဲ့အစည်းထဲမှာ နေ ထိုင်ရှင်သန်နေရင်း သူငယ်ချင်းဆိုတဲ့ မျိုးနွယ်တူလူသားတွေနဲ့ တွေ့ဆုံပေါင်းသင်းရမှာပါ။ အဲဒီလိုသူငယ်ချင်းတွေကိုပေါင်းသင်း တယ်ဆိုတဲ့နေရာမှာ လည်းကိုယ့်အတွက် ကောင်းကျိုးကိုလိုလားတဲ့ သူငယ်ချင်းကောင်း တွေလည်း ရှိနိုင်သလိုအနားမှာ နေရင်း နဲ့ နောက်ကျောကိုဓားနဲ့ ထိုးဖို့အထိ ကြံရွယ်နေတတ်တဲ့ မိတ်ဆွေတုသူငယ်ချင်း အယောင်ဆောင်တွေလည်းရှိကောင်းရှိနေနိုင်ပါတယ်။

    တကယ်တော့ရန်သူဆိုတဲ့သူတွေထက်ကိုကိုယ့်အနားမှာမိတ်ဆွေယောင်ဆောင်ပြီးကိုယ့်ဆီက ဂုတ်သွေးစုပ်မယ့်သူမျိုး တွေက ပိုပြီးကြောက်စရာကောင်းပါတယ်။ သူငယ်ချင်းမိတ်ဆွေကောင်းရင်ကိုယ်လည်းကောင်းနိုင်သလိုသူငယ်ချင်းဆိုးတွေ မကောင်းတဲ့ မိတ်ဆွေတွေကြောင့် ကိုယ့်ဘဝပါပျက်စီးရတဲ့အထိဖြစ်နိုင်တာကိုလည်းသတိပြုမိဖို့လိုပါတယ်။ မကောင်းတဲ့ သူငယ်ချင်းတွေက ငရဲပြည်ကိုသွားဖို့ ခေါ်ဆောင်သွားနိုင်တာကြောင့် ကိုယ့်အနီးနားကမိတ်ဆွေသူငယ်ချင်းတွေကကိုယ့်ဘ၀ အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်လို့နေပါတယ်။

    3 min
  • Knowledge For All

    ဥာဏ်ကို ဥာဏ်ခြင်း ယှဉ်တဲ့ခေတ် New World.....

    ရင်ဆိုင်ယှဉ်ပြိုင်ဖို့အတွက် Are You Ready?

    အရာရာတိုင်းအတွက် ခေတ်သစ်ကြယ် Knowledge .......

    ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ......

    လုပ်ငန်းခွင်တစ်ခုကနေ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးနေတဲ့ Knowledge for All . ........

    ဒီတစ်ပတ်မှာတော့ PS Business School မှဆရာဦးမျိုးမင်းမှ လုပ်ငန်းခွင်ထဲမှာ သင်ပေးမူမရှိဘူး၊ လက်ဆင့်ကမ်း သင်ကြားပေးလေ့မရှိဘူးဆိုတာနဲ့ ပတ်သက်ပြီး ဖြစ်တတ်တဲ့ အကြောင်းအရာများကို ဆွေးနွေးပေးထားပါတယ်.....

    15 min
  • I'M

    I'M

    I'm a hairstylist.

    I'm...?????

    သင်ရော ဘာဖြစ်ချင်တာလဲ???

    တခြားလူတွေရဲ့ဆံကေသာလှပဖို့ ကိုယ်ရဲ့ပညာနဲ့ဖန်တီးပေးချင်တဲ့သူတွေ၊ ဆံကေသာ အလှအပရေးရာကို စိတ်ဝင်စားတဲ့သူတွေ၊ အောင်မြင်တဲံ Hairstylist ဖြစ်ချင်တဲ့သူတွေ အတွက်

    Padamyar FM Facebook Page ကနေ သိလိုသည်တွေကို မေးမြန်းဖို့ ဖိတ်ခေါ်ထားပါတယ်......

    ဒီတစ်ပတ်ရဲ့ I'm အစီအစဉ်ကနေ ဆံကေသာ အလှအပရေးရာ ပညာရပ်နှင့် ပတ်သက်ပြီး ပြန်လည်ဖြေကြားဖို့ ပညာရှင်တစ်ဦးကို ဖိတ်ခေါ်ထားပါတယ်၊ ပရိသတ်များသိလိုသည်များကို နိုင်ငံကျော် Hairstylist တစ်ဦးဖြစ်တဲ့ Tony Tun Tun မှ ပြန်လည်လို့ ဖြေကြားပေးထားပါတယ်.....

    15 min
  • ဒီနေ့အတွက်စကား

    You can’t change how people treat you or what they say about you. All you can change is how you react to it.

    ပြောင်းလဲခြင်း၊ တကယ့်ကိုမှ လောကမှာထပ်မံ လို့အရေးပါနေတဲ့ အချက်တစ်ခုပါ။ ဘာလို့လည်းဆိုတော့ လူတွေကတပါးသူ တွေကိုလွှမ်းမှိုးပြောင်းလဲနိုင်ဖို့ အကြိုးစားဆုံးလူတွေ ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ပြောင်းလဲ တယ်ဆိုတဲ့နေရာကောင်းမွန်တဲ့နေရာ၊ ကောင်းမွန်တဲ့ရည်ရွယ်ချက်၊ ကောင်းမွန်ပြီး ဓမ္မဓိဌာန် ကျကျ စိတ်ဓါတ် နဲ့ ပြောင်းလဲနိုင်ဖို့လိုပါတယ်။ ထို့နည်းတူစွာပဲ သူများကိုပဲ ပြောင်းလဲဖို့ကြိုးစားနေမယ့်အစားမိမိကိုယ်တိုင်ရော ဘယ်လိုပြောင်းလဲဖို့ လိုနေတယ် ဆိုတာကိုလည်း သိမြင်အောင်လုပ်ရပါ မယ်။ လူတိုင်းလူတိုင်း ပြီးပြည့်စုံနေမှာမဟုတ်တဲ့အတွက် သူများတွေမှာလည်းပြောင်းလဲ ရမယ့်အချက်တွေရှိသလိုကိုယ့်မှာလည်းပြောင်းလဲရမယ့် အချက်တွေ၊ မပြည့်စုံမှုတွေရှိကိုရှိနေမှာ ပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ် အရင်ပြောင်းလဲဖို့ကြိုးစားပါ။

    အထူးသဖြင့် ပြောင်းလဲမှုတွေနဲ့ရှေ့ကိုလှမ်းနေတဲ့ ကျွန်တော်တို့ဒီနိုင်ငံ မှာစည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်တာ၊ လွယ်လင့်တကူတံတွေးထွေးတာ၊ အများပြည်သူရှိနေတဲ့နေရာမှာဆေးလိပ်သောက်တာ၊ အများ နဲ့သက်ဆိုင်တဲ့နေရာတွေ၊ တားမြစ်ထားတဲ့နေရာတွေမှာအညစ်အကြေးစွန့်တာ၊ ဒါတွေကကြည့်မယ်ဆိုရင် ခေတ်မှီပြီးဖွံ့ဖြိုး တိုး တက်တဲ့ နိုင်ငံတစ်ခုအတွက်တော့ တကယ့်ကိုမှ အရုပ်ဆိုးအကျည်းတန်စေတဲ့လုပ်ရပ်တွေပါပဲ။ ဒါတွေကိုကိုယ်စီကိုယ်စီ အသိရှိရှိ နဲ့ ပြင်ဆင်သွားကြမယ်၊ ပြောင်းလဲသွားကြဖို့လိုပါတယ်။ စိတ်ဓါတ်တွေမြင့်မားလာမှလည်း နိုင်ငံနဲ့လူမျိုးက မြင့်တက်လာမှာပါ။

    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က ဆွေးနွေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .

    "ကမ္ဘာကျော် ဘောလုံးသမားကြီး ဒီရေဂို မာရာဒိုနာ -အသက် ၆၀ မှာကွယ်လွန်သွားသည့်သတင်းနှင့် ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုက်တိုင်စန် အသက်ကြီးမှ လက်ဝှေ့ပြန် ထိုးခဲ့တဲ့အကြောင်း" စတဲ့ ကမ္ဘာကျော် အားကစားသမားနှစ်ဦးရဲ့ ဘဝဇာတ်ကြောင်းတွေနှင့် ပတ်သက်ပြီး ဆွေးနွေး တင်ပြပေးမှာ ဖြစ်ပါတယ်.....

     

    12 min
  • ဒီနေ့အတွက်စကား

    Think like a queen. A queen is not afraid to fail. Failure is another stepping stone to greatness.

    ဘုရင်မတစ်ယောက်လို့တွေးတောပါ။ ဘုရင်မကဘယ်တော့မှ ရှုံးနိမ့်မှာကိုမကြောက်တတ်ပါဘူး။ ရှုံးနိမ့်ခြင်းဆိုတာ ကြီးကျယ် အောင်မြင်ခြင်းဆီကိုပို့ဆောင်ပေးမယ့် နောက်ထပ်ခုတုံးတစ်ခုပါတဲ့။ ဒီစကားကိုပြောကြားထားတဲ့သူကတော့ နာမည်ကျော် လူမည်းအမျိုးသမီးအစီအစဉ်တင်ဆက်သူ Oprah Winfrey ပဲဖြစ်ပါတယ်။ လူမည်းအမျိုးသမီး၊ အမျိုးသားတွေကို ခွဲခြားဆက်ဆံ တတ်တဲ့ခေတ်ကတည်းကကြိုးစားမှုကိုအရင်း တည် ခဲ့တဲ့အတွက် ဒီနေ့ကမ္ဘာကျော် အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့တာပါ။ တကယ့်ကိုအောင်မြင်တဲ့ လူမည်းအမျိုးသမီးတစ်ယောက် ပြောကြားထားတဲ့ ဒီစကားကလည်းဒီနေ့အတွက်စကား ပရိသတ်တွေ အတွက် အကျိုးကျေးဇူးတစ်စုံတစ်ရာရရှိစေမှာသေချာတဲ့ အတွက် ဒီနေ့မှာ ဝေမျှပေးလိုက်ရတာပါ။

    ရှုံးနိမ့်လဲပြိုကျမှုတွေ ကြောင့် စိတ်ဓါတ်ကျအားငယ်နေတဲ့သူတွေအတွက် အားပေး ထားတဲ့ စကားတစ်ခွန်းကို အကျယ်တဝင့် လေ့လာကြည့်လိုက် ရအောင်။ ဘုရင်မတစ်ယောက်လိုတွေးပါတဲ့။ စစ်တုရင်ကစားပွဲ မှာဆိုရင်လည်းဘုရင်မက အရေးပါတဲ့ ကစားကောင်တစ်ခုပါ။ ကြိုက်နှစ်သက်သလိုရွေ့လျားနိုင်တယ်။ ရဲရဲရင့်ရင့်ဆုံးဖြတ်ချက်ချ နိုင်တာကလည်း စစ်တုရင်ပွဲထဲက ဘုရင်မပါ။ ဘုရင်တစ်ယောက်ကအရေးပါဆုံးဆိုရင် ဘုရင်မကလည်းဘုရင်အတွက်ကို အကာအကွယ်ပေးရုံသာမကပဲ တခြား ပြိုင်ဘက်ကိုချိန်းခြောက်နိုင်ဖို့ အတွက် အစွမ်းထက်ဆုံးကဘုရင်မပါပဲ။

    3 min
  • ဒီနေ့အတွက်စကား

    True friends say good things behind your back and bad things to your face.

    ကျွန်တော်တို့လူသားတွေ မွေးဖွားရှင်သန်ချိန်ကနေ အသက်သေဆုံးတဲ့အချိန်အထိ မိတ်သင်္ဂဟအပေါင်းနဲ့ တွေ့ဆုံပေါင်းသင်း ရမှာအမှန်ပါပဲ။ ငယ်ရွယ်တဲ့အချိန်ပညာသင်အရွယ်ကတည်းက သူငယ်ချင်းတွေနဲ့ ပုခုံးဖက်လို့ ပျော်ရွှင်စွာနဲ့ ဘဝကို ဖြတ်သန်းခဲ့ကြသလို ဒုတိယအရွယ် ဥစ္စာရှာတဲ့အခါမှာလည်း အသိုင်းအဝိုင်းအတွင်းက မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ရင်းနီး ပေါင်းသင်းရင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘဝကိုဖြတ်သန်းကြရမှာပါပဲ။ ဒီလိုနဲ့ မိတ်ဆွေသူငယ်ချင်းဆိုတာက လူ့ဘဝရဲ့ ရာခိုင်နှုန်းတော်တော်များများကို တွေ့မြင်နေရ ပေါင်းသင်းဆက်ဆံနေရမယ့်သူတွေပါ။

    အဲဒီ မိတ်ဆွေအပေါင်းအသင်းဆိုတာ ကိုယ့်အတွက် ကောင်းတဲ့သူလည်း ရှိသလို မကောင်းတဲ့သူလည်းရှိမယ်။ ကိုယ့်ကို ကောင်းတာလုပ်ဖို့ တိုက်တွန်းမယ့်သူရှိသလို မကောင်းမှုမှာ ပျော်မွေ့တတ်ဖို့အားပေးအားမြှောက်ပြုတတ်တဲ့သူတွေလည်းရှိမှာပါ။ ဒီလိုနဲ့ မိတ်ဆွေစစ်မိတ်ဆွေကောင်းဆိုတဲ့ လူတန်းစားတစ်ခုဟာ ကျွန်တော်တို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာ တစ်ခုဖြစ်လာ ပါတယ်။ အပေါင်းအသင်းမကောင်းရင်မကောင်းသလောက်ကိုယ့်ဘဝပျက်စီးသွားနိုင်သလို အပေါင်းအသင်းရဲ့စကားတစ်ခွန်း ကြောင့် ကောင်းရာမွန်ရာအလုပ်တွေလုပ်ရတဲ့သူ တွေလည်းရှိနေတတ်ပါတယ်။ ဒါကြောင့် အပေါင်းအသင်းကောင်း မိတ်ဆွေစစ်ဆိုတာဘာလဲဆိုတာကို လူတွေက အဓိပ္ပာယ်ဖွင့်ကြပါတယ်။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...