Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • Supernatural - သဘာဝလွန်ဖြစ်ရပ်များအကြောင်း

    ပရိသတ်အားလုံး စိတ်ဝင်စားမည့် အကြောင်းအရာ ဖြစ်တဲ့ Area 51 အကြောင်း ကိုတင်ဆက်ပေးမှာ ဖြစ်ပါတယ်...

    ရိုးရိုးသာမာန် လူတွေ ဝင်ရောက်ခွင့်မရှိဘဲ တားမြစ်တင်းကျပ်ထားတဲ့နေရာတွေ အများကြီးရှိပါတယ်၊ ပွင့်လင်း မြင်သာတဲ့ နည်းပညာခေတ်ရောက်သည့်တိုင်အောင် လျို့ဝှက်နေဆဲဖြစ်ပါတယ်။ ဘယ်လိုနေရာတွေမှာ သဘာဝလွန် ဖြစ်ရပ်တွေ လုပ်နေကြသလဲဆိုတာ နားဆင်ကြည့်ပါအုန်းနော်...

    10 min
  • ဒီနေ့အတွက်စကား

    No one is perfect , we all make mistakes. Despite our failings, we still deserve respect. Don’t let anyone put you down.

    လောကမှာရှင်သန်နေထိုင်တဲ့လူသားတိုင်း လူသားတိုင်း မည်သူတစ်ဦးတစ်ယောက်ကမှ ရာနှုန်းပြည့် ပြီး ပြည့်စုံတဲ့သူဆိုတာ မရှိပါဘူး။ ရှင်သန်ရာဘဝတစ်ကွေ့မှာ အမှား အယွင်းတစ်စုံတစ်ရာ ကိုလုပ်ဖူးတဲ့သူတွေချည်းပါပဲ။ ဒါကြောင့် ကိုယ်လည်းမှားဖူး၊ သူလည်းမှားဖူးတဲ့ ဒီလောကပတ်ဝန်းကျင်မှာ ဘယ်သူ့ကိုမှ အပြစ်ကြီးကြီးမားမားတင်နေလို့လည်း မရနိုင် ပါဘူး။ အဓိကကတော့ မှားခဲ့ဖူးတဲ့အမှားတွေကို အချိန်မှီအမှန်ပြင် နိုင်ဖို့သာလိုပါတယ်။ ကိုယ်ရဲ့အမှားတွေကနေ သင်ခန်းစာယူနိုင်ပြီး အမှားတွေကို အမှန်ပြင်နိုင်သေးသရွေ့ ကိုယ်ဟာ ကောင်း မွန်စွာနဲ့ လောကမှာနေထိုင်နေသေးသမျှ လောကအတွက် အကျိုးပြုနေတဲ့သူချည်း ပါပဲ။

    အဓိကကတော့ အမှားတွေကို အမှန်ပြင် ဖို့ပါပဲ။ကိုယ့်ရဲ့အမှားတွေကို အမှားမှန်းသိဖို့၊ အမှားတွေကို ပြန်ပြင်ချင်တဲ့စိတ်ရှိဖို့၊ ပြန်ပြင်စရာနည်းလမ်းကို သိမြင်နိုင်ဖို့၊ အချိန် မနှောင်းခင်ကတည်းက ပြန်လည်ပြင်ဆင်ဖို့သာ အရေးကြီးပါတယ်။ ဒါတွေအားလုံး က ကိုယ့်အတွက် အသက်ရှင်သန်နေတဲ့ လူသားတိုင်း ရရှိနိုင်တဲ့အခွင့်အရေးကို အကျိုးရှိရှိအသုံးချတတ်စေဖို့သာ အဓိက ကျပါတယ်။ ပေါင်းသင်း ဆက်ဆံရေးမှာလည်း ဘယ်သူမှ ပြီးပြည့်စုံနိုင်ခြင်းမရှိတဲ့ သူစိမ်းလူအချင်းချင်းမှာလည်း သူ့အမှား ကိုယ့်အမှားလိုက်ထောက်နေမယ့်အစား ကိုယ်ရော သူပါ ကိုယ်ချင်းစာတရားနဲ့ ဆက်ဆံတတ်စေဖို့လိုပါတယ်။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...