
Sign up to save your podcasts
Or


ဒီနေ့အတွက်စကား
When you fully trust someone without any doubt, you finally get one of two results: a person for life, or a lesson for life.
သင့်အနေနဲ့လူတစ်ယောက်ကိုသံသယလုံးဝမရှိပဲယုံကြည်မိလိုက်တဲ့အခါမှာဒီနှစ်မျိုးထဲကတစ်မျိုးရနိုင်ချေရှိပါတယ်။ဘဝအတွက်လူတစ်ယောက်၊ဒါမှမဟုတ်ဘဝအတွက်သင်ခန်းစာတစ်ခုတဲ့။ဒီစကားကတော့အားလုံးကြားသိလိုက်ရတဲ့အတိုင်းပါပဲ။ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးသတိထားရမယ့်သိထားသင့်တဲ့အချက်တစ်ခုကိုပြောပြထားတာပါ။
လူတစ်ယောက်ကိုယုံကြည်မှုလွန်ကဲတာပဲဖြစ်ဖြစ်သူဘာပြောပြောဘာလုပ်လုပ်မှန်လိမ့်မယ်လို့ယုံလိုက်မိတာပဲဖြစ်ဖြစ်သူ့အပေါ်သံသယကင်းစွာနဲ့ဆက်ဆံတဲ့အခါမှာဖြစ်နိုင်ချေကနှစ်မျိုးနှစ်စားရှိပါတယ်။အဲဒီနှစ်မျိုးထဲကတစ်မျိုးကိုသင့်အနေနဲ့ပိုင်ဆိုင်လိုက်ရမှာအသေအချာပါပဲ။ပထမတစ်မျိုးကတော့ဘဝတစ်ခုလုံးစာအတွက်လူသားတစ်ယောက်ပါ။ပြောရမယ်ဆိုရင်တော့ကိုယ့်အပေါ်ဘယ်တော့မှသစ္စာမဖောက်မယ့်၊တစ်သက်လုံးကိုယ့်ကောင်းရာကောင်းကျိုးကိုသာလုပ်ဆောင်ပေးမယ့်ရာနှုန်းပြည့်ယုံကြည်ရတဲ့လူသားတစ်ယောက်ပါ။ဒါပေမယ့်အဲဒီလိုမျိုးလူသားကိုရှာဖွေတွေ့ရှိနိုင်ဖို့ဆိုတာတကယ်တမ်းပြောရမယ်ဆိုရင် သိပ်တော့ မလွယ်ကူလှပါဘူး။
A mother may be educated or uneducated, but she is the BEST GUIDE and the LAST HOPE in the world when you fail in your life.
မိခင်နဲ့ပတ်သက်ပြီးဆိုရိုးစကားတွေတော်တော်များများရှိတတ်ကြပါတယ်။ဒီထဲကဒီစကားကလည်းကျွန်တော်တို့တစ်ခါတစ်လေမှာမေ့လျော့နေမိတတ်တဲ့အချင်းအရာတစ်ခုကိုအလင်းပြထားတဲ့စကားပါ။
မိခင်ဆိုတာကျွန်တော်တို့ရဲ့အသက်ကိုပေးစွမ်းတဲ့သူပါ။ကျွန်တော်တို့အသက်ကိုရှင်သန်မွေးဖွားနိုင်ဖို့သူ့အနေနဲ့အသက်ကိုတောင်မငဲ့ကွက်ဘဲစွန့်စားခဲ့တဲ့သူပါ။ကျွန်တော်တို့ကိုသူ့ဝမ်းကြာတိုက်ထဲမှာထည့်ထားတဲ့အချိန်အတွင်းမှာလည်းသူ့အနေနဲ့အနေအထိုင်အစားအသောက်အပြုအမူတွေကိုအချိန်အကြာကြီးချုပ်တီးထိန်းသိမ်းနေခဲ့ရပါတယ်။မွေးဖွားပြီးတဲ့အချိန်မှာလည်းသူ့ရင်ကဖြစ်တဲ့နှလုံးသွေးဖြစ်တဲ့နို့ချိုကိုတိုက်ကျွေးရပြန်ပါတယ်။ကျွန်တော်တို့အာဟာရဖြစ်အောင်မကြိုက်တာလည်းစား၊ကြိုက်တာလည်းမစားနဲ့နေရပြန်ပါတယ်။ကျွန်တော်တို့ကျန်းမာဖို့ဘေးရန်ကွာဖို့စတေးရဆုံးလူသားဟာကျွန်တော်တို့ကိုမွေးဖွားပေးခဲ့တဲ့မိခင်တွေ၊အမေတွေပါ။ဒါကြောင့်ကိုယ့်အနေနဲ့အမေ့ရဲ့ကျေးဇူးကိုအဆုံးစွန်ထိမဆပ်နိုင်ရင်တောင်မှကျေးဇူးကန်းတဲ့အပြုအမူမျိုးကိုတော့မလုပ်မိဖို့ရှောင်ကြဉ်ဖို့လိုပါတယ်။
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ ယခုလို Stay At Home အိမ်မှာအနေများကြတဲ့ Covid ကာလမှာ ပတ်ဝန်းကျင်မှဦ အရင်ကကြားနေကျ မဟုတ်တဲ့ အခုမှမကြာခဏကြားနေရတဲ့ အသံတွေနှင့် အတွေ့အကြုံများကို ပတ္တမြား FM မှ အစီအစဉ်တင်ဆက်သူများနှင့်ပရိသတ်များကို မေးမြန်းထားပါတယ်။
အစီအစဉ်တင်ဆက်သူများနှင့်ပရိသတ်များ ရင်ထဲက စိတ်ကူးအတိုင်းပြောထားကြတဲ့ ပြောကြည့် အစီအစဉ်ပဲဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
Haters don’t really hate you. They hate themselves, because you’re a reflection of what they wish to be.
လောကရဲ့ရှုပ်ထွေးပွေလီတဲ့ကိစ္စရပ်တွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ပေါင်းသင်းဆက်ဆံရေးမှာသိထားသင့်တဲ့အချက်တစ်ခုပါဝင်နေတဲ့စကားတစ်ခွန်းပါ။လောကမှာကိုယ်နဲ့ပေါင်းသင်းဆက်ဆံနေရတဲ့သူတွေထဲမှာကိုယ့်ကိုလိုလိုလားလားခင်ခင်မင်မင်ပေါင်းသင်းတဲ့သူတွေလည်းရှိသလိုကိုယ့်ကိုမလိုတမာစိတ်နဲ့အမြဲတမ်းကြည့်နေတဲ့ရန်သူတွေဆိုတာလည်းရှိနိုင်ပါတယ်။ကိုယ်ကိုချစ်တဲ့သူတွေလည်းရှိနိုင်သလိုကိုယ့်ကိုမုန်းတဲ့သူတွေလည်းရှိနေမှာပါပဲ။ဒါပေမယ့်အဲဒါကိုကိုယ့်ကိုအားလုံးကချစ်အောင်ဆိုပြီးကိုယ်ကအတင်းကြီးလုပ်ယူနိုင်မှာလည်းမဟုတ်သလိုလုပ်ယူတာမျိုးလည်းမလုပ်ပါနဲ့။
ချစ်တဲ့သူကချစ်မှာဖြစ်သလိုကိုယ်ဘယ်လိုပဲကြိုးစားကြိုးစားမုန်းတဲ့သူကမုန်းနေမှာပါပဲ။အဓိကကိုယ့်အနေနဲ့ကိုယ့်ကိုချစ်ခင်တဲ့မိတ်ဆွေစစ်မိတ်ဆွေမှန်တွေကိုယ့်ကိုမမုန်းသွားအောင်သာဆင်ခြင်နေထိုင်သင့်ပါတယ်။ဒီလိုပဲ။ကိုယ့်ကိုမုန်းတယ်ဆိုတဲ့နေရာမှာလည်းဘယ်လိုအကြောင်းကြောင့်မုန်းနေလဲဆိုတာကိုတော့သိအောင်ကြိုးစားသင့်ပါတယ်။တကယ်လို့များကိုယ့်ရဲ့အပြုအမူအပြောအဆိုလုပ်ရပ်တွေကြောင့်များမုန်းနေတာဆိုရင်တော့ကိုယ့်ဘက်ကပြင်သင့်တာကိုပြင်လိုက်ပါ။မုန်းစကိုတိုစေပြီးချစ်စကိုရှည်စေလိုက်ပါ။တကယ်လို့သာကိုယ့်ကိုမုန်းနေတဲ့သူကကိုယ့်ရဲ့ပြုလုပ်ချက်တွေကြောင့်မဟုတ်ဘဲမနာလိုမစ္ဆာရိယကိုအခြေခံပြီးမုန်းနေတာမျိုးဆိုရင်တော့အဲဒီလူတွေကိုတုပြီးဆက်ဆံတာမျိုး၊အတင်းကြီးဂရုစိုက်တာမျိုးတွေတော့မလုပ်မိဖို့လိုပါတယ်။တတ်နိုင်သမျှဥပေက္ခာသာပြုထားလိုက်ပါ။သူတို့ရဲ့အမုန်းတွေနဲ့သူတို့ဘာသာပူလောင်နေပါစေ။
ဒီနေ့အတွက်စကား
I think as you grow older your Christmas list grows shorter, because the gifts you want can’t be bought.
ဒီနေ့အတွက်စကား
ခရစ်ယာန်ဘာသာဝင်တွေတော်တော်များများခရစ်စမတ်အခါသမယမရောက်ခင်မှာစန်တာကလော့ဘိုးဘိုးကြီးဆီကနေဘယ်လိုလက်ဆောင်မျိုးလိုချင်တယ်ဆိုပြီးခရစ်စမတ်စာရင်းပြောရရင်လိုချင်တဲ့ပစ္စည်းလေးတွေစာရင်းကိုရေးမှတ်ပြီးမြောက်ဝန်ရိုးစွန်းက Saint Nick ဆီကိုပို့တယ်ဆိုတဲ့အလေ့အထလေးရှိတတ်ကြပါတယ်။အဓိကကတော့ကလေးတွေကို လိမ်မာယဉ်ကျေးမှု ရှိစေဖို့ အတွက်လူကြီးသူမတွေကအလေ့အထတစ်ခုကိုပြုစုပျိုးထောင်ပေးခြင်းပါပဲ။တကယ့်ကိုမှချစ်စရာကောင်းတဲ့အလေ့အထတစ်ခုလို့လည်းကျွန်တော်မြင်မိပါတယ်။
ဒီလိုနဲ့ကလေးငယ်လေးတွေကခရစ်စမတ်လက်ဆောင်အဖြစ်သူတို့ လိုချင်တဲ့ပစ္စည်းလေးတွေကိုရေးမှတ်တတ်ကြတယ်။ အဲဒါ ကတော့ခရစ်စမတ်စာရင်း Christmas List ပေါ့ဗျာ။အဲဒီစာရင်းကိုလူကြီးတွေကကြည့်ပြီးတော့ကိုယ့်ရဲ့သားငယ်သမီးငယ်တွေ လိုချင်ကြတဲ့ပစ္စည်းလေးတွေကိုဖြည့်စည်းပေးတတ်ကြတယ်။တွေးကြည့်တိုင်းဒီအလေ့အထလေးကလည်းချစ်စရာကြည်နူးစရာအလေ့အထပါ။
From the publisher's feed
Wherever you go PadamyarFM will be there with you...