
Sign up to save your podcasts
Or


Strength does not come from winning. Your struggles develop your strengths. When you go through hardships and decide not to surrender, that is strength.
လောကမှာရှင်သန်နေကြတဲ့လူသားတိုင်းအခက်အခဲတွေ၊ အတားအဆီးတွေ၊ ပြဿနာပေါင်းစုံတွေကို ဖြတ်ကျော်နေရပါတယ်။ မိခင်ဝမ်းကြာတိုက်မှာရှိနေတဲ့အချိန်မှာကတည်းက အသက်ရှင်နိုင်ဖို့အတွက် ရုန်းကန်ရပါတယ်။ လူရယ်လို့ဖြစ်လာတဲ့ အချိန်မှာ လည်းသူ့အရွယ်နဲ့အလိုက် ရင်ဆိုင်ဖြတ်ကျော်ရတဲ့ ဘဝကပေးတဲ့ ပြဿနာတွေကတန်းစီနေပါ တယ်။ ပညာသင်ကြားရမယ့် ငယ်ရွယ်တဲ့အချိန်မှာလည်းကိုယ်မသိသေးတဲ့ပညာရပ်တွေကို ကြိုးစားသင်ကြားနေရမှုဆိုတာလည်းတစ်နည်းပြောရရင် ရုန်းကန်မှုပါပဲ။ ဒီလိုနဲ့ ဒုတိယအရွယ်မှာလည်း သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရှာဖွေစားသောက်ရင်း ဘဝရဲ့ အခက်အခဲတွေကို ရုန်းကန်လှုပ်ရှားနေရမှာပါပဲ။ ဒီလိုနဲ့ ကျန်းမာရေးပြဿနာတွေကိုရင်ဆိုင်နေရတဲ့ မကျန်းမာတဲ့လူတစ်ယောက်အနေနဲ့လည်း ပြန်လည်ကျန်းမာလာဖို့၊ ရောဂါအခြေအနေတွေ ပိုဆိုးမလာဖို့ ဆေးဝါးအကူအညီနဲ့ပဲဖြစ်ဖြစ် သေခြင်းနာခြင်းတရားတွေနဲ့ စစ်ခင်းလို့ ရုန်းကန်ရပြန်တာပါပဲ။
ဒါဆိုရင် လူ့ဘဝဆိုတာ ရုန်းကန်လှုပ်ရှားနေရမှုတွေနဲ့ အသားကျနေတာပါပဲ။ အဓိကကတော့ ကိုယ့်အနေနဲ့ ပြဿနာကိုရုန်းကန် ဖြေရှင်းတဲ့နေရာမှာခွန်အားတွေကိုလိုအပ်ပါတယ်။ အဲဒီခွန်အားဆိုတာကတကယ်တော့ ပြဿနာတွေ အခက်အခဲတွေကို ဖြတ် ကျော်နေရင်းနဲ့ပဲကိုယ့်မှာပိုင်ဆိုင်လာပါလိမ့်မယ်။ အားမတန်လို့ မာန် လျော့လိုက်တယ်ဆိုတာတကယ်တော့ ဆင်ခြေတစ်ခုသာ ဖြစ်ပါတယ်။ တကယ်တော့ အောင်မြင်ဖို့အတွက် ခွန်အားတွေကိုအောင်မြင်အောင်ကြိုးစားနေရင်းနဲ့ပဲရလာပါလိမ့်မယ်။ အဓိကအနေနဲ့ကတော့ အခက်အခဲတွေပြဿနာတွေကိုလွယ်လွယ်လေးနဲ့ လက်လျော့အရှုံးမပေးဘဲဆက်ကြိုးစားဖို့ပါပဲ။
နေ့စဉ် လူမူဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေပေးသွားမယ့် Let's Do It အစီအစဉ်.....
ဒီတစ်ပတ်မှာတော့ မငုဝါနှင့် အုပ်စိုးတို့က လွယ်ကူပြီး လက်တွေ့အသုံးပြုလို့ရမယ့် ဘယ်လိုနည်းလမ်းလေးတွေ ဝေမျှထားလဲဆိုတာကို ဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာ ဖြစ်ပါတယ်...
Let's Do It အစီအစဉ်ကို Tuesday, Thursday, Friday ၊ မနက် 11:10 အချိန်တွင် စောင့်မျှော်နားဆင်နိုင်ပါတယ်....
#padamyarfm #fm #myanmarfm
I'm
I'm an artist.
I'm...?????
သင်ကရော ဘာဖြစ်ချင်တာလဲ???
နူးညံ့သိမ်မွေ့ပြီး စုတ်ချက်ပေါင်းများစွာနဲ့ ခြယ်သရတဲ့ ပန်းချီ အနုပညာကို တန်ဖိုးထားကြသလို စိတ်ဝင်စားသူလည်း များပြားလာပါတယ်။ ပန်းချီ အနုပညာကို စိတ်ဝင်စားကြသူတွေနှင့် ပန်းချီပညာနှင့်ပတ်သက်ပြီး လေ့လာချင်သူများကို Padamyar FM Facebook Page ကနေ မေးမြန်းဖို့ ဖိတ်ခေါ်ထားပါတယ်....
Myanmar Impressionist ပန်းချီဆရာကြီး ဒေါက်တာ ဦးလွန်းကြွယ် မှ ပန်းချီအနုပညာနှင့်ပတ်သက်ပြီး ပြန်လည်လို့ ဖြေကြားပေးထားပါတယ်.....
အပတ်စဉ် တင်ဆက်နေကြဖြစ်တဲ့ " I'm ....... "အစီအစဉ်ကို အင်္ဂါ၊သောကြာ 1း10 PM နှင့် ဗုဒ္ဓဟူး 11း25 PM မှာ စောင့်မျှော်နားဆင်နိုင်ပါတယ်......
ဒီနေ့အတွက်စကား
We used pencil when we are small but now we use pen. Do you know why? Because mistkes in childhood can be erased but not now.
ငယ်ငယ်တုန်းကခဲတံကိုသုံးပေမယ့် အသက်ကြီးလာတော့ ဘောပင်ကိုသုံးကြတယ်။ ဘာလို့လဲဆိုတာသိပါသလား။ ဘာလို့လဲဆို တော့ ငယ်ငယ်တုန်းကအမှားတွေက ပြန်ပြင်လို့ရပေမယ့် အသက်ကြီးလာတဲ့အချိန်အမှားတွေကတော့ ပြန်ပြင်လို့မရလို့ပါ တဲ့။ဒီစကားကတော့ အမှားတွေကိုလူတိုင်းကျူးလွန်တတ်ကြပေမယ့် ကိုယ့်ရဲ့လက်ရှိပိုင်ဆိုင်ထားတဲ့ အသက်အရွယ်၊ အတွေ့ အကြုံ နဲ့ ရယူထားတဲ့လုပ်ပိုင်ခွင့်ဆိုတဲ့အရာတွေပေါ်မူတည်ပြီးမှားချင်တိုင်းမှားလို့မသင့်တော်ဘူးဆိုတာကို ပြောပြထား တဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ တကယ်တော့ လူဆိုတာမွေးကတည်းကအစစအရာရာသိတတ်နားလည်တဲ့ ပညာရပ်တွေ တိုင်းကို ကျွမ်းကျင်တဲ့ ပြီးပြည့်စုံတာမဟုတ်တဲ့အတွက် အမှားဆိုတာလူသားတိုင်းနဲ့ မကင်းတတ်ကြပါဘူး။ တစ်ခါမကလို့ အခါခါမှား နေတတ်တဲ့သူတွေလည်းရှိကြမှာပါ။ ဒါပေမယ့် တစ်ခါမှားပြီးတာနဲ့ နောက်ဆုတ်တတ်ကြတဲ့ ကိုယ့်ရဲ့အမှားအတွက် နောင်တရ စိတ်အားငယ်နေတတ်တဲ့သူတွေလည်းရှိတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ကအဲဒီလိုအမှားတစ်ခုအတွက် စိတ်ဓါတ် လွယ်လွယ် ကျတတ်တဲ့သူဆိုရင် ဒီစကားလေးကို လက်ဝယ်ကိုင်ပြီးနောက်တစ်ကြိမ် ထပ်မံလို့ ကြိုးစားပါလို့ တိုက်တွန်းချင်ပါ တယ်။
တစ်ခါမှားရုံမကလို့ အခါခါပဲမှားစေဦးတော့ နောက်ထပ်ကြိုးစားပိုင်ခွင့်ကိုအသက်ရှင်နေတဲ့ကာလပတ်တစ်ခုလုံးမှာကိုယ့် အတွက်အခွင့်အရေးရှိပါတယ်။ တစ်ခါမှားရင် နှစ်ခါပြန်ပြင်ပြီး ကြိုးစားလို့ရပါတယ်။ အဲဒီအမှားကနေအမှန်ကိုမရောက်မချင်း ကြိုးစားနိုင်ပါတယ်။ ဒါကြောင့် တစ်ခါမကလို့ အခါခါပဲမှားယွင်းနေပါစေဦးတော့ ပြန်လည်ကြိုးစားဖို့လိုအပ်ပါတယ်။ တကယ် တော့နောက်တစ်ခါ ထပ်မံကြိုးစားခွင့်ဆိုတာကလည်းကိုယ့်စိတ်ထဲက ကြိုးစားချင်စိတ်ပေါ်မှာပဲမူတည်နေတာမဟုတ်ပါလားဗျာ။
နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က ဆွေးနွေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .
ယခုတစ်ပတ်အတွက် တင်ပြဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ " နှစ်သစ်ကူး တဲ့ အချိန်ကာလမှာ ပရိသတ်များအတွက် ပေါ့ပေါ့ပါးပါး နားဆင်ရမည့် သတင်း(၃) ပုဒ်ဖြစ်တဲ့ ဂျာမနီ နိုင်ငံ အမြန်ရထားလမ်းပေါ်မှာ ဘဲငန်းတစ်ကောင်ကြောင့် ရထားတွေရပ်လိုက်ရတဲ့အကြောင်း၊ covid ကာလအတွင်း အင်္ဂလန် နိုင်ငံမှာ မီးရထားလမ်းရုံမှာ ဘဲငန်းတစ်ကောင်က အသိုက်လာလုပ်တဲ့အကြောင်းနှင့် ပါကစ္စတန် နိုင်ငံက တိရိစ္ဆာန်ရုံမှာရှိတဲ့ စိတ်ဝေဒနာ ခံစားနေရတဲ့ ဆင်တစ်ကောင်" အကြောင်း စတဲ့ နိုင်ငံတကာ သတင်းအစုံကို တင်ပြဆွေးနွေး ပေးမှာ ဖြစ်ပါတယ်......
Hitting rock bottom doesn’t mean you have to stay there.
ဒီစကားကတော့ အစဉ်ထာဝရရှုံးနိမ့်ခြင်းဆိုတာမဖြစ်နိုင် ဘူးဆိုတာကိုမှတ်မိနေစေဖို့ သတိပေးနေတဲ့စကားတစ်ခွန်း ဖြစ်ပါ တယ်။ ဟိုးရေနက်ကိုငုတ်နေတဲ့ ရေငုပ်သမားတစ်ယောက် သမုဒ္ဒရာကြမ်းပြင်ကိုအထိငုပ်ပြီးရင် ပြန်လည်လို့ ရေမျက်နှာပြင် အထက်ကို ပြန်လည်လို့တက်ရမှာပါပဲ။ ဟိုးကြမ်းပြင်ကိုရောက်တဲ့ အထိနိမ့်ကျမှုတွေကို အစဉ်ထာဝရပိုင်ဆိုင်နိုင်မှာမဟုတ်တာကိုလူသားတိုင်း အမှတ်ရနေဖို့လိုပါတယ်။ ဘဝရဲ့တိုက်ပွဲတွေကို ရင် ဆိုင်တိုက်ပွဲဝင်ကြတဲ့လူသားတိုင်းကိုယ့်ရဲ့စွမ်းရည်ပေါ် မူတည်ပြီးတော့ တစ်ခါတည်းနဲ့ အောင်မြင်စွာဖြတ်ကျော်နိုင်တာလည်းဖြစ် နိုင်သလိုအကြိမ်ကြိမ်အခါခါ ဒီတိုက်ပွဲကိုပဲတိုက်နေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါရှုံးနိမ့်မှုကနေမှတ်သားစရာဆင်ခြင်စရာတွေကိုတွေ့မြင်မှတ်သားမိပြီး ပြန်လည်တိုက်ပွဲဝင်လို့ အောင်ပွဲခံနိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အဓိကသိထားရမှာကကိုယ်ဟာ အစဉ်ထာဝရရှုံးနိမ့်ခြင်းကိုပိုင်ဆိုင်နေမှာမဟုတ်ပါဘူး။ တစ်ခါရှုံးသွားရင် ရလာတဲ့အရှုံးကို သင်ခန်း စာယူပြီးကိုယ့်အနေနဲ့ ဖြည့်တင်းရမယ့် အရာတွေကို ပြန်လည်ဖြည့်တင်းရမယ်။ အထူးသဖြင့် ကိုယ်ဘာကြောင့် ဒီတစ်ခါမှာရှုံးနိမ့်ခဲ့ ရတာလဲဆိုတာကို ထဲထဲဝင်ဝင်နဲ့ အရှိကိုအရှိအတိုင်းသိမြင်နိုင်ရမယ်။ ကိုယ့်အရှုံးကိုကိုယ်လက်ခံနိုင်မှလည်းနောက်တစ်ခါ ကြိုးစား မှု မှာအရာထင်မှာပါ။ လူတစ်ချို့က ကိုယ့်ရဲ့အရှုံးကိုကိုယ်မသိတဲ့အတွက် ပြန်လည်ကြိုးစားချင်စိတ်လည်းမရှိဘဲအရှုံးသံသရာမှာ တဝဲလည်လည်နဲ့ အရှုံးတွေကိုဆက်ပြီးရင်မှာပိုက်နေရတတ်ပါတယ်။ ဒါကြောင့် ကိုယ်ကဒီတစ်ခါတိုက်ပွဲဒီတစ်ခါစမ်းသပ်မှုမှာ အရည်အချင်းပြည့်မှီခြင်းမရှိလို့ ရှုံးနိမ့်ခဲ့တယ်ဆိုရင် အရှုံးကိုလက်သင့်ခံလိုက်ပါ။
Knowledge in 3 mins
ခန္ဓာကိုယ်ကျန်းမာဖို့ အစာအာဟာရတွေ မျှတဖို့လိုအပ်သလို တွေးခေါ်နိုင်စွမ်းတွေ မြင့်မားဖို့ ဗဟုသုတတွေဖြည့်ဖို့ လိုအပ်ပါတယ်.....
မိမိကိုယ်ကို ချစ်တယ်ဆိုရင် အချိန် (၃)မိနစ်ပဲပေးပါ...
Relationship Coach တစ်ယောက်ဖြစ်တဲ့ ဆရာ အောင်ထက်ခန့် မှ "ရည်းစားမထားခင်၊ အိမ်ထောင်မပြုခင်မှာ ဘယ်လိုအချက်တွေ သိထားရမလဲနှင့် ကြိုတင်တွေးတော သင့်လဲ" ဆိုတဲ့ အမေးများတဲ့ မေးခွန်း နှင့် ပတ်သက်ပြီးဝေမျှပေးထားတာဖြစ်ပါတယ်.....
Knowledge in 3 mins ကို ပတ္တမြား FM တွင် Wednesday 11:25 AM နှင့် Sunday 11:10 AM တို့တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါပြီ။
For moments when you don’t feel like yourself. Have alone/quiet time. Breathe deeper exhale slower. Listen within. Take positive action to restore.
ဒီနေ့အတွက်စကား
သင့်ကိုယ်သင်သဘောမတွေ့နိုင်တဲ့အချိန်တွေမှာတစ်ဦးတည်းတိတ်တိတ်ဆိတ်ဆိတ်နေကြည့်ပါ။ အသက်ကို တဝရှုပြီးဖြေးညှင်းစွာ ထွက်လေကိုထုတ်ပါ။ သင့်စိတ်ထဲကစကားသံကိုနားစွင့်ပါ။ အပြုသဘောဆောင်တဲ့လုပ်ဆောင်မှုတွေနဲ့ ပြန်လည်စတင်လိုက်ပါ တဲ့။ဒီစကားကိုတော့ အွန်လိုင်းမှာစိတ်ဓါတ်မြင့်တင်ရေးစာစုတွေရေးသားရင်းနာမည်ကျော်လာတဲ့ Lalah Delia ကပြောကြားထား တာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့အနေနဲ့ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေ၊ ဘေးပယောဂကပြောတဲ့ စကားသံတွေ ကြောင့် မိမိကိုယ်ကိုမကျေနပ်နိုင်တဲ့ သဘောမမတွေ့နိုင် တဲ့အခိုက်အတန့်တွေရှိတတ်ပါတယ်။
ကိုယ်လုပ်တာတွေကတလွဲတချော်တွေဖြစ်ပြီး ကြံစည်ထားသမျှ ရေစုန်မျှောသလိုပျက်စီးသွားတဲ့အခါမှာလူ့လောကကြီးမှာ ကိုယ်ဟာအရေးမပါအသုံးမဝင်တဲ့လူပိုတစ်ယောက်လိုခံစားရတတ်ပါတယ်။ အဲဒီလိုအဖြစ်မျိုးခံစားတွေ့ကြုံရတဲ့အခါမှာဘယ်လိုမျိုး ဖြေရှင်းရမလဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ လူသူထူထပ်တဲ့နေရာတွေကိုရှောင်ပြီးတစ်ဦး တည်းနေလို့ရမယ့် တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်တစ်ခုကို သွားရပါမယ်။ အခန်းလွတ်တစ် ခုထဲဖြစ်ပါစေ၊ ဒါမှမဟုတ် တစ်ယောက် တည်းတိတ်တိတ်ဆိတ်ဆိတ်နေလို့ရမယ့် နေရာကို ကျွန်တော်တို့ရှာဖွေပြီးအဲဒီနေရာမှာအချိန်တစ်ခုပေးလို့ နေရပါမယ်။ ကိုယ်က အဲလိုမျိုးတစ်ယောက်တည်းတိတ်တိတ်ဆိတ်ဆိတ်နေရာကိုရောက်ပြီဆိုရင် တခြားသောဗာဟီရဘာကိုမှမတွေးဘဲ အချိန် ခဏပေးလို့ စိတ်ကိုပေါ့ပေါ့ပါးပါးနဲ့ အနားယူလိုက်ပါ။ အသက်ရှုတဲ့နေရာမှာလည်းဟိုးရင် ထဲအဆုတ်ထဲရောက်တဲ့အထိ တဝကြီးရှူရှိုက်ပါ။ ပြန်ပြီးထုတ်တဲ့အခါမှာဆိုရင်တော့ ဖြေးဖြေးချင်းထွက်လေကိုထုတ်ပါ။ ဒီလိုလုပ်နေရင်းနဲ့ တဖြည်းဖြည်းကိုယ့်ရဲ့စိတ်ကတည်ငြိမ်လာပါလိမ့်မယ်။
အပတ်စဉ် တင်ဆက်ပေးနေကြ ဖြစ်တဲ့ Padamyar FM ရဲ့ Supernatural မှာတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ သဘာဝလွန် ဖြစ်ရပ်များကြောင်းကို တင်ဆက်ပေးနေတာ ဖြစ်ပါတယ်...
ဒီတစ်ပတ်မှာတော့ "အမေရိကန်၊အင်္ဂလန် စတဲ့ကမ္ဘာ အင်အားကြီးနိုင်ငံကြီးတွေက ဂြိုလ်သားတွေ နှင့် ပတ်သက်ပြီး ဘယ်လိုယုံကြည်မူ ပြင်းထန်ကြသလဲ"ဆိုတဲ့အကြောင်းတွေကို တင်ဆက်ပေးထားပါတယ်.....
Supernatural အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေ နှင့်ကြာသပတေး နံနက် 11:25 တွင် နားဆင်နိုင်ပါပြီနော်....
From the publisher's feed
Wherever you go PadamyarFM will be there with you...