
Sign up to save your podcasts
Or


The quality of our life depends on how we interpret what is happening around us.
ဒီစကားထဲမှာဆိုရင် ကျွန်တော်တို့ဘဝရဲ့ အရည်အသွေးဆိုတဲ့စကားပါဝင်နေပါတယ်။ ကျွန်တော်တို့ဘဝရဲ့အရည်အသွေး ဆိုတာဘာကိုဆိုလိုပါသလဲ။ ခေတ်မှီနောက်ဆုံးပေါ်ပညာရပ်တွေကိုထုံးလိုချေရေလိုနှောက်တတ်ကျွမ်းခြင်းကိုဆိုလိုတာလား။ ဒါမှမဟုတ် အကောင်းတကာ့အကောင်းဆုံးသောအရာတွေကိုသုံးနိုင်ပြီးလက်ညှိုးညွှန်ရာရေဖြစ်တဲ့အထိအောင်မြင် ချမ်းသာ ခြင်းကိုဆိုလိုတာလား။ အဲဒါတွေလိုတွေးထင်ထားမယ်ဆိုရင်တော့ လွဲမှားသွားပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ တကယ့် အရည် အသွေးစစ်ဆိုတာအဲဒီလူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားအရင်းခံပေါ်မှာပဲမူတည်နေတာပါ။
ဘယ်လောက်ပဲပညာတတ်တတ်၊ စိတ်ထားမကောင်းတဲ့သူ၊ ဘယ်လောက်ပဲချမ်းသာချမ်းသာစိတ်ထားရုပ်ညံ့တဲ့သူ၊ အဲဒီသူတွေ က တကယ်တော့ အလကားပါပဲ။ ပညာတတ်ပေမယ့် တတ်ထားတဲ့ပညာမာနနဲ့ထောင်လွှားနေမယ်ဆိုရင် အဲဒီလူရဲ့အရည်အသွေးဟာ ကောင်းတဲ့လို့သတ်မှတ်လို့ကိုရမှာမဟုတ်ပါဘူး။ တစ်ခုရှိတာကတော့ ပညာတတ်ထားတဲ့အတွက် အဲဒီပညာကိုအတွေးအခေါ်ပိုင်း မှာထည့်သွင်းအသုံးပြုပြီးစိတ်ထားလေးကိုထိန်းနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ပြောချင်တာကတော့ ကိုယ်တတ်ထားတဲ့ ပညာ၊ ကိုယ်ဝတ်ထားတဲ့ဝတ်ကောင်းစားလှ၊ ကိုယ့်မှာရှိတဲ့ ပိုင်ဆိုင်မှုအတိုင်းအတာတွေကလူတစ်ယောက်ရဲ့ အရည်အသွေးနဲ့ တိုက်ရိုက်အချိုးကျခြင်းမရှိဘူးဆိုတာပါပဲ။
အပတ်စဉ် တင်ဆက်ပေးနေကြ ဖြစ်တဲ့ Padamyar FM ရဲ့ "Supernatural" မှာတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ သဘာဝလွန် ဖြစ်ရပ်များကြောင်းကို တင်ဆက်ပေးနေတာ ဖြစ်ပါတယ်...
ဒီတစ်ပတ်မှာတော့ "မိန်းကလေးဖြစ်ပေမယ့် super power တွေနဲ့ သူရဲကောင်း တစ်ယောက်လို တိုက်ပွဲဝင် ခဲ့တဲ့ ကာတွန်းဇာတ်ကောင် Mulan" ရဲ့အကြောင်းကို တင်ဆက်ပေးထားပါတယ်.....
Supernatural အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေ နှင့်ကြာသပတေး နံနက် 11:25 တွင် နားဆင်နိုင်ပါပြီနော်....
Mistake is a single page of life, but relation is a complete book. So don’t lose a full book for a single page.
အမှားဆိုတာစာမျက်နှာတစ်ခုပါ။ ဆက်ဆံရေးကတော့စာအုပ်တစ်အုပ်လုံးပေါ့။ ဒါကြောင့် စာမျက်နှာတစ်ခုကြောင့် စာအုပ် တစ် အုပ်လုံးကိုအဆုံးရှုံးမခံပါနဲ့တဲ့။ဒီစကားကတော့ အားလုံးကြားသိလိုက်ရတဲ့အတိုင်းပေါင်းသင်းဆက်ဆံရေးမှာသတိထားရမယ့် အချက်တစ်ခုကိုမီးမောင်းထိုးပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လူမှန် ရင် အရာခပ်သိမ်းမှာ ပြီးပြည့်စုံခြင်းမရှိတဲ့အတွက် တစ်ချို့သောကိစ္စရပ်တွေမှာတော့ အမှားတွေကိုလုပ်မိတတ်ကြပါတယ်။ ဒါ ပေမယ့် မပြည့်စုံလို့ လိုအပ်ချက်တွေရှိလို့မှားတဲ့ အမှားမျိုးတွေထက် တစ်ချို့သောသိသိကြီးနဲ့ မှားတတ်တဲ့အမှားတွေ၊ မှားမှန်းသိသိနဲ့ပဲပေါက်တဲ့နဖူးမထူးဘူးဆိုပြီးဆက်မှား နေကြတဲ့အဖြစ်အပျက်တွေလည်းရှိတတ်ကြသေးတာမို့လို့ သတိထားရမယ့် မမှားသင့်တဲ့အမှားတွေ၊ မှားမှန်းသိရင် ဆက်မှား ဖို့အတွက် တွေးတောင်မတွေးသင့်တဲ့အမှားတွေကိုဒီအစီအစဉ်ကနေပြောပြပေးချင်ပါတယ်။
အဓိကအားဖြင့် ဆက်ဆံရေးတစ်ခုကိုပျက်ပြားစေနိုင်တဲ့ အမှားမျိုးတွေကိုတော့ ကျွန်တော်တို့တတွေ ရှောင် နိုင်သမျှ ရှောင်ရှားနိုင်ဖို့လိုပါတယ်။ ကိုယ့်ရဲ့အမှားတစ်ခုကြောင့် ခိုင်မာစွာဆောက်တည်ထားတဲ့ ဆက်ဆံရေးတစ်ခုကိုထိခိုက် နစ်နာမှုတွေမဖြစ်အောင် ထိန်းသိမ်းဆင်ခြင်ရပါမယ်။ လူသားတစ်ယောက်နဲ့တစ်ယောက်ကြားကဆက်ဆံရေးဆိုတာသိပ်ကိုမှ ထိလွယ်ရှလွယ်တဲ့ ဖန်သားနဲ့တည်ဆောက်ထားတဲ့ နန်းတော်တစ်ခုလိုပါပဲ။ ချွတ်ချော်လွဲမှားခြင်းတစ်တည်းကနေခမ်းနားတင့် တယ်နေတဲ့ ဖန်သားနန်းတော်တစ်ခုကိုပျက်စီးသွားစေနိုင်ပါတယ်။ ဒါကြောင့် အထူးသတိထားရပါမယ်။
Knowledge For All
ဥာဏ်ကို ဥာဏ်ခြင်း ယှဉ်တဲ့ခေတ် New World.....
ရင်ဆိုင်ယှဉ်ပြိုင်ဖို့အတွက် Are You Ready?
အရာရာတိုင်းအတွက် ခေတ်သစ်ကြယ် Knowledge .......
ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ......
လုပ်ငန်းခွင်တစ်ခုကနေ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးနေတဲ့ Knowledge for All . ........
ဒီတစ်ပတ်မှာတော့ PS Business School မှဆရာဦးမျိုးမင်းမှ "သဒ္ဓါတရား" နှင့်ပတ်သက်
ပြီး ဆွေးနွေးပေးထားပါတယ်.....
From the publisher's feed
Wherever you go PadamyarFM will be there with you...