Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Bridge and wall are made with the same material. But bridge joins the people and wall divides the people. Choose the right one.

    ဒီစကားလေးကတော့ ကြားသိလိုက်ရတဲ့အချိန်မှာနှစ်ခုထဲကဘယ်အရာကိုရွေးချယ် ရမလဲလို့ တွေးထင်မိကောင်းမိနိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းသေသေချာချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ရွေးချယ်စရာတွေကြုံလာတဲ့အခါမှာလူတွေရဲ့ ခံစားနိုင်တဲ့ ခံစားချက်တွေ၊ ခံယူချက်တွေကိုစမ်းစစ်ထားတဲ့စကားတစ်ခွန်းပါ။

    တံတားပဲဖြစ်ဖြစ် နံရံပဲဖြစ်ဖြစ် ဖြစ်တည်လာဖို့အတွက် ကွန်ကရစ်တွေသံတိုင်တွေဘိလပ်မြေတွေစတဲ့ အခြေခံကုန်ကြမ်းတွေ လိုအပ်မှုကတူတူပါပဲ။ ဒါပေမယ့် ဒီစကားထဲကအတိုင်းရောအပြင်မှာပါ တံတားတွေကတော့ လူသားတွေဒေသနေရာတွေ တစ်ခုနဲ့တစ်ခုကူးလူးယှက်နွယ်နိုင်စေဖို့ ဆက်သွယ်ပေးတဲ့အရာတွေဖြစ်ပေမယ့် နံရံတွေကတော့ တစ်ဖက်နဲ့တစ်ဖက်ကလူသား တွေကိုခြားနားထားတဲ့ အရာတွေဖြစ်နေပါတယ်။ တံတားတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေကို မြှင့်တင်ပေးနိုင်သလိုပဲနံရံ တွေကလည်းတစ်မိသားစုရဲ့ လုံခြုံရေးအတွက် တစ်ဦးတစ်ယောက်ခြင်းစီရဲ့လုံခြုံရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကို ထမ်းဆောင်နေတဲ့အရာပါပဲ။ ညဘက်နေ့ဘက်အိပ်စက်အနားယူတဲ့သူတွေအတွက် ကိုယ်ပိုင်တဲ့အသက်အိုးအိမ်၊ စည်းစိမ် လုံခြုံစိတ်ချမှုကိုတော့ နံရံတွေကပေးနေတယ်ဆိုတာကိုလည်းမမေ့ထားသင့်ပါဘူး။ ဘယ်လိုအရာမှာပဲဖြစ်ဖြစ် ကောင်းကွက်နဲ့ ဆိုးကွက်ဆိုတာဒွန်တွဲနေတတ်ပါတယ်။ တကယ်လို့သာတေ့တေ့ဆိုင်ဆိုင် နှစ်ခုတည်းကတစ်ခုကိုသာရွေးချယ်ခွင့်ရှိတော့တဲ့ အခါမှာလူတွေအနေနဲ့ ရုတ်တရက်ရွေးချယ်ဖို့ခက်ခဲတဲ့အခိုက်အတန့်တွေဆိုတာလည်းရှိမှာပါ။ အဲဒီအခါမှာရွေးချယ်မှုကိုမပြုခင် ကိုယ့်ဘဝအတွက်ရေရှည်မှာဘယ်လိုအရာကအကောင်းဆုံးဖြစ်မလဲ။ ခဏတာအတွက်လားဘဝတာအတွက်လားဆိုတဲ့ ဆင်ခြင်သုံးသပ်မှုကိုအထပ်ထပ်အခါခါ လုပ်ရပါမယ်။ အဘက်ဘက်ကတွေးရပါမယ်။

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Success is like a train. It has several compartments: Hardwork, Focus, Luck, etc. but leading all those is the engine of confidence.

    အခုကြားခဲ့ရတဲ့ ဒီစကားကတော့ အောင်မြင်မှုဆိုတဲ့ လူတိုင်းလူတိုင်းလိုချင်တပ်မက်ကြတဲ့ အရာကို အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ စကားပါ။အောင်မြင်ခြင်းတဲ့။ လူတိုင်းလူတိုင်း သည်းခြေထဲကနေအထိ လိုချင်မက်မောကြတဲ့ စိတ္တဇနာမ်တစ်ခုပါ။ လုပ်ငန်းခွင် ထဲကလူကလည်း သူ့လုပ်ငန်းခွင်မှာ ရာထူးမြင့်မြင့်မားမား လစာကောင်း ကောင်းနဲ့ အောင်မြင်ချင်ကြတယ်။ ကျောင်းတတ်နေတဲ့ သူကည်း ဖြေဆိုသမျှစာမေးပွဲတွေမှာ ထူးချွန်ပြောင်မြောက်စွာနဲ့ အောင်မြင်ချင်ကြတယ်။ အနုပညာသမားတွေကလည်း သူဖန်တီး လိုက်တဲ့အနုပညာကို ပရိသတ်တွေကလက်ခုတ်သြဘာပေးချီးမြောက်လို့လက်ခံအားပေးတဲ့အထိအောင်မြင်ချင်ကြတယ်။လူတိုင်း လူတိုင်းအောင်မြင်ချင်ကြတဲ့သူတွေချည်းပဲဆိုရင် ကျွန်တော့်စကားလွန်မယ်မထင်ပါဘူး။

    အောင်မြင်မှုဆိုတာ မီးရထားတစ်စင်းလိုပါပဲ။ ကြိုးစားလုပ်ကိုင်မှု၊ အာရုံစူးစိုက်မှု၊ ကံတရားစတဲ့ တွဲဆိုင်းပေါင်းများစွာရှိတယ်။ ဒါပေမယ့် အဲဒါတွေအားလုံးကိုခေါင်းဆောင်နေတာကတော့ ယုံကြည်မှုဆိုတဲ့ စက်ခေါင်းကြီးပါ။

    3 min
  • Knowledge in 3 mins

    ခန္ဓာကိုယ်ကျန်းမာဖို့ အစာအာဟာရတွေ မျှတဖို့လိုအပ်သလို တွေးခေါ်နိုင်စွမ်းတွေ မြင့်မားဖို့ ဗဟုသုတတွေဖြည့်ဖို့ လိုအပ်ပါတယ်.....

    မိမိကိုယ်ကို ချစ်တယ်ဆိုရင် အချိန် (၃)မိနစ်ပဲပေးပါ...

    Relationship Coach တစ်ယောက်ဖြစ်တဲ့ ဆရာ အောင်ထက်ခန့် မှ "လူတစ်ယောက်ကို မှန်ကန် အောင်၊ ပျော်ရွှင်ငြိမ်းချမ်းအောင် ချစ်ရမလဲ" ဆိုတဲ့ အမေးများတဲ့မေးခွန်းနှင့် ပတ်သက်ပြီး ဝေမျှပေးထားတာဖြစ်ပါတယ်...

    Knowledge in 3 mins ကို ပတ္တမြား FM တွင် Wednesday  11:25 AM နှင့် Sunday 11:10 AM တို့တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါပြီ။


    6 min
  • ဒီနေ့အတွက်စကား

    The truth is not everyone will appreciate what you do for them. You have to figure out who is worth your kindness and who is just taking advantage.

    အမှန်တရားကတော့ သင်လုပ်ပေးခဲ့သမျှကိုလူတိုင်းကတန်ဖိုးထားမှမဟုတ်ပါဘူး။ ဘယ်သူကတော့ ကြင်နာသနားသင့်တဲ့သူ၊ ဘယ်သူကတော့သူတို့အကျိုးအတွက်ကိုပဲလိုလားတဲ့သူလဲဆိုတာကိုသိမြင်နေဖို့လိုပါတယ်တဲ့။ဒီစကားကလည်း ပေါင်းသင်း ဆက်ဆံရေးနဲ့ပတ်သက်ပြီးသိထားမှတ်သားသင့်တဲ့စကားတစ်ခွန်းပါ။

    အရေးကြီးတဲ့ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်အနားမှာရှိနေတဲ့မိတ်ဆွေသင်္ဂဟတွေထဲကမှာဘယ်သူကတော့ မိတ်ဆွေကောင်း မိတ်ဆွေမွန်ဖြစ်ပြီးတော့ ဘယ်သူကတော့ သူတို့အကျိုးအမြတ်ရဖို့သာကိုယ့်ကိုလာပေါင်းသင်းနေတဲ့သူဆိုတာကိုကိုယ်က သိထား မြင်ထားဖို့လိုပါတယ်။ လောကမှာကိုယ် ပြုပေးခဲ့သမျှ ကျေးဇူးတရားတိုင်းကိုတန်ဖိုးအမြတ်တနိုးထားမှာလူတိုင်းပဲလို့ တွေးနေ မိရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။ ကိုယ့်ကြောင့်သူတို့ဘဝတိုးတက်ဖို့အရေးအချိန်မှာတော့ ကိုယ့်အနားမှာ ပန်းအနား ပျားပိတုန်းဝဲသလို ခိုဝဲနေမယ့်သူတွေ ရှိနိုင်ပေမယ့် သူတို့လိုချင်တဲ့ သူတို့ကောင်းကျိုးရလည်းပြီးရောကိုယ်ပြုပေးခဲ့တဲ့ ကျေးဇူး တရားကိုမေ့လျော့ပြီးသူတို့ သွားမယ့်လမ်းကိုသာဘယ်သူမျက်နှာကိုမှမထောက်ဘဲဆက်သွားနေမယ့်သူတွေလည်းရှိပါတယ်။

    3 min
  • ခေတ်လူငယ်

    ပရိသတ်များအားလုံး မင်္ဂလာပါ...

    ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် ...ဒါ့အပြင် ကိုယ်မသိသေးတဲ့ ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... 

    ယခုတစ်ပတ်အတွက် Burmese Polyglot မှ ကိုကျော်စိုးထက်နှင့် တွေ့ဆုံမေးမြန်းထားတဲ့ အပိုင်း(၂) ကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ် ....

    ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော်.

    15 min
  • Let's Do It

    နေ့စဉ် လူမူဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေပေးသွားမယ့် Let's Do It အစီအစဉ်.....

    ဒီတစ်ပတ်မှာတော့ မငုဝါနှင့် ဇွဲမာန်တို့က လွယ်ကူပြီး လက်တွေ့အသုံးပြုလို့ရမယ့် ဘယ်လိုနည်းလမ်းလေးတွေ ဝေမျှထားလဲဆိုတာကို ဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာ ဖြစ်ပါတယ်...

    Let's Do It အစီအစဉ်ကို Tuesday, Thursday, Friday ၊ မနက် 11:10 အချိန်တွင် စောင့်မျှော်နားဆင်နိုင်ပါတယ်...

    #padamyarfm #fm #myanmarfm

    3 min
  • THE LIFE

    ဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ The Life အစီအစဉ်ကစောင့်ကြိုနေပါတယ်.....

    ဒီတစ်ပတ်မှာကော ဘယ်သူရဲ့ဘဝ အမှတ်တရ၊ ဒဿန တွေကို နားဆင်ရမှာလဲ...?

    ဒီတစ်ပတ်မှာတော့ နိုင်ငံကျော် မိတ်ကပ်ပညာရှင် Ma Htet - Pop Soul ကို တွေဆုံမေးမြန်းထားပါတယ်....

    Ma Htet - Pop Soul ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်း -ဒုတိယပိုင်း ကို ဆက်လက်နားဆင်ရမှာ ဖြစ်ပါတယ်....



    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Lockes are never manufactured without a key. Similarly, God never gives problems without solutions. Only we need to patience to unlock them.

    ပြဿနာတစ်ခုရဲ့အရင်းအမြစ်ကိုသေသေချာချာဂဃနဏမသိဘဲလက်လျော့အရှုံးပေးတတ်တဲ့သူတွေအတွက်သတိပေးထားတဲ့စကားတစ်ခွန်းပါ။ ဘယ်လောက်ပဲရှုပ်ထွေးပွေလှတဲ့ ပြဿနာရပ်တစ်ခုပဲဖြစ်နေပါစေ။ သူ့အတွက် ဖြေရှင်းပုံဖြေရှင်းနည်းဆိုတာ ရှိကိုရှိပါတယ်။ ဘယ်လောက်ပဲခက်ခဲတဲ့ သင်္ချာပုစ္ဆာဖြစ်နေပါစေသူ့ကိုတွက်ချက်နည်းအမှန်နဲ့ အဖြေဆိုတာရှိနေပါတယ်။ အဓိကကတော့ လွယ်လွယ်ကူကူနဲ့လက်မလျော့ဖို့ပါပဲ။

    ဘယ်လောက်ပဲခက်ခဲတဲ့အရာပဲ ဖြစ်စေလှိုင်းကြီးလှေအောက် တောင်ကြီးဖဝါးအောက်ဆိုတဲ့စကားနဲ့အညီ ကြိုးစားလုပ်ကိုင်သွား ဖို့ပဲ လိုအပ်ပါတယ်။ အောင်မြင်မှု ဆီကိုအရောက်လှမ်းနေကြတဲ့ ကျွန်တော်တို့လူသားတွေကိုယ်လိုချင်တဲ့ပန်းတိုင်ကိုမရောက် ရောက် အောင်သွားဖို့လိုပါတယ်။ ခရီးတဝက်မှာ ခက်ခဲတဲ့အတားအဆီးတွေ၊ ကြမ်းတမ်းမက်စောက်တဲ့ချောက်ကမ်းပါးတွေရှိ နေစေဦးတော့ ကျော်ဖြတ်ပြီးကိုယ်ရောက်ချင်တဲ့ နောက်ဆုံးနေရာတစ်ခုကိုရောက်အောင်သွားနိုင်ဖို့ကအရေးကြီးပါတယ်။ လူတော်လို့ခေါ်တာကလည်းဒါကြောင့်ပါပဲ။

    3 min
  • အစိမ်းရောင်ချစ်သူ

    ပတ္တမြား FM ပရိသတ် အားလုံးပဲ မင်္ဂလာပါ......

    အစိမ်းရောင်ချစ်သူ အစီအစဉ်ကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။

    ဒီတစ်ပတ်မှာတော့ ပရိသတ်များအတွက် အစီအစဉ် တင်ဆက်သူ ဇွဲမာန် နှင့် အုပ်စိုးတို့က" Ozone Layer - အိုဇုန်းလွှာ အကြောင်း" ကိုဗဟုသုတ ဖြစ်ဖွယ်မျှဝေပေးထားပါတယ်......


    10 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က ဆွေးနွေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .

    ယခုတစ်ပတ်အတွက် တင်ပြဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ "အိန္ဒိယ နိုင်ငံက ထုတ်လုပ်နေတဲ့ Covid 19 ကာကွယ်ဆေးများ အကြောင်း" ကို ဆွေးနွေး တင်ပြပေးမှာ ဖြစ်ပါတယ်.....

    12 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...