Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ "သီချင်းကြိုက်တဲ့ လူငယ်တွေကို လက်ရှိဘယ်လိုသီချင်းတွေ နားထောင်ဖြစ်လဲ၊ ပြည်တွင်းလား ၊ international song တွေလား၊ မတူကွဲပြားတဲ့ အကြိုက်တွေက ဘာတွေလဲ"ဆိုတာ ကိုပရိသတ်များထံမေးမြန်းထားပါတယ်။ ပရိသတ်များ ရင်ထဲက စိတ်ကူးအတိုင်းပြောထားကြတဲ့ ပြောကြည့် အစီအစဉ် ပဲဖြစ်ပါတယ်.......

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min
  • ဒီနေ့အတွက်စကား

    Success is a vehicle, which moves on a wheel named hard work, but the journey is impossible without the fuel named self confidence.

    အောင်မြင်ခြင်းတဲ့။ လူတိုင်းလူတိုင်းသည်းခြေထဲကနေအထိ လိုချင်မက်မောကြတဲ့ စိတ္တဇနာမ်တစ်ခုပါ။ လုပ်ငန်းခွင် ထဲ က လူကလည်း သူ့လုပ်ငန်းခွင်မှာ ရာထူးမြင့်မြင့်မားမား လစာကောင်းကောင်းနဲ့ အောင်မြင်ချင်ကြတယ်။ ကျောင်းတတ်နေတဲ့သူ ကလည်း ဖြေဆိုသမျှစာမေးပွဲတွေမှာ ထူးချွန်ပြောင်မြောက်စွာနဲ့ အောင်မြင်ချင်ကြတယ်။ အနုပညာသမားတွေကလည်း သူ ဖန်တီးတဲ့အနုပညာကို ပရိသတ်တွေက လက်ခုတ်သြဘာပေးချီးမြောက်လို့ လက်ခံအားပေးတဲ့အထိ အောင်မြင်ချင်ကြတယ်။ လူတိုင်းလူတိုင်းအောင်မြင်ချင်ကြတဲ့သူတွေချည်းပဲဆိုရင် လွန်မယ်မထင်ပါဘူး။ ဒါပေမယ့် နယ်ပယ်တစ်ခုတည်းမှာအတူတူ လုပ်ကိုင်နေကြတဲ့သူအချင်းချင်းတောင်မှ အောင်မြင်တဲ့သူက အောင်မြင်ပေမယ့် ထင်သလောက်မအောင်မြင်တဲ့သူက မအောင် မြင်ပါဘူး။ သေချာတာကတော့ အောင်မြင်ချင်တဲ့သူက တခြားသူထက်ပိုပြီးကြိုးစားရပါမယ်။ တခြားသူတစ်လှမ်းလှမ်းရင် သူက နှစ်လှမ်းမကလှမ်းရပါမယ်။ ဘယ်အရာမှာမှ အလကားသက်သက် ပေးဆပ်မှုမရှိဘဲ အောင်မြင်လာမှာ မဟုတ်ပါဘူး။ ကိုယ့်မှာ ရှိတဲ့ခွန်အားနဲ့အညီ ကြိုးစားအားထုတ်မှုကို ပံ့ပိုးလို့ ထူးချွန်အောင်လုပ်ပြနိုင်ရပါမယ်။

    ကြိုးစားတယ်ဆိုတဲ့နေရာမှာ လည်း တစ်စိုက်မတ်မတ်ကြိုးစားဖို့လိုပါတယ်။ တစ်ခုတည်းသောအရာမှာ အာရုံအပြည့်အ၀ စူးစိုက်နိုင်မှသာလည်း အောင်မြင်နိုင် မှာပါ။ ဟိုဘက်ကိုလည်း အပြည့်အဝမရ၊ ဒီဘက်မှာလည်း လှစ်ဟင်းမှုတွေရှိနေရင်တော့ အောင်မြင်သင့်သလောက်အောင်မြင် နိုင်မှာမဟုတ်ပါဘူး။

    3 min
  • ဒီနေ့အတွက်စကား

    Everyone you meet is fighting a battle you know nothing about. Be kind. Always.

    လူ့လောကရဲ့အရေးပါအရာရောက်တဲ့ကိစ္စတစ်ခုဖြစ်တဲ့ ပေါင်းသင်းဆက် ဆံရေးအတွက် ရည်ညွန်းပြောဆိုထားတဲ့စကားတစ်ခွန်းပါ။ လောကမှာ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာ ကြင်နာသနားတတ်ဖို့လိုပါတယ်။ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တပါးသူထိခိုက်နစ်နာသွားပြီဆိုရင် ကိုယ်နဲ့သူနဲ့ကြားက ဆက်ဆံရေးမှာ အက်ကြောင်းတစ်ခုဖြစ်သွားပါပြီ။ တကယ်တော့ လောကကြီးမှာ ရှင်သန်နေထိုင်ကြတဲ့ လူသားတိုင်း လူသားတိုင်းမှာ ကျွန်တော်တို့တတွေ ဘယ်လိုနည်းနဲ့မှ မသိနိုင်တဲ့ တွေးလို့တောင်မကြည့်ဖူးတဲ့ အခက်အခဲပေါင်းစုံ၊ ဒုက္ခပေါင်းစုံကို သူတို့ဘဝနဲ့သူတို့က ဖြတ်ကျော်နေကြဖြေရှင်းနေကြရတာပါ။ ကိုယ်ကတော့ မသိလို့ပြောလိုက်တဲ့စကားတစ်ခွန်း ဟာ သူ့အတွက်တော့ တကယ့်ကိုစိတ်ဓါတ်ကျသွားမယ့် စိတ်မှာနာနာကျည်းကျည်းခံစားသွားရမယ်ဆိုရင် အဲဒီလိုစကားမျိုးကို မပြောလိုက်တာက အကောင်းဆုံးပါပဲ။

    အလုပ်ခွင်တစ်ခုမှာ အခုမှအလုပ်စဝင်တဲ့အလုပ်သင်တစ်ယောက်ကို မင်းဒါလေး တောင် မတတ်ဘူးလားဆိုပြီး ဆူပူကျိန်းမောင်းတာမျိုးတွေကို မတော်တဆဆိုသလို ပြောမိတတ်ကြပါတယ်။ ကိုယ်လုပ်လိုက်ရင် လွယ်လွယ်ကူကူပြီးမြောက်ပေမယ့် သူလုပ်လိုက်လို့ တစ်ခုခုချွတ်ချော်သွားရင် အရင်ဆုံးအပြစ်တင်စကားဆိုမိတတ်ကြပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သူ့အနေနဲ့ ဘယ်လို အခက်အခဲတွေကို တွေ့ခဲ့ရလည်း၊ ဘာတွေကိုရင်ဆိုင်ခဲ့ရလည်းဆိုတာကို ကိုယ်ကမသိနိုင်ပါဘူး။ ကိုယ့်တုန်းကတော့ အဆင်ချောပြီး တစ်ခါတည်းပြီးမြောက်ပေမယ့် သူ့အတွက်တော့ ကိုယ်မထင်ထားတဲ့ တစ်ထောင့်တစ်နေရာကနေ အခက်အခဲတွေကို ကြုံလိုက်ရလို့ နှစ်ခါလုပ်မှပြီးမြောက်တယ်ဆိုရင် အပြစ်တင်မယ့်စကားကို အရင် မပြောဘဲ သူဘာကြောင့် တစ်ခေါက်တည်းနဲ့ မပြီးမြောက်ရလည်းဆိုတာကို ကိုယ်က သေချာသိအောင်လုပ်ရပါမယ်။

    3 min
  • ဒီနေ့အတွက်စကား

    Trust the timing of everything. Just because it’s not happening right now doesn’t mean it never will.

    လုပ်ကိုင်သမျှမှာအောင်မြင်မှု၊ ဖြစ်မြောက်မှု နဲ့ အကျိုးရလာဒ်မရှိလို့ စိတ်ဓါတ်ကျ အားငယ်နေတဲ့သူတွေအတွက် အားပေးထားတဲ့စကားတစ်ခွန်းပါ။ တစ်ချို့လူတွေအနေနဲ့ လုပ်ငန်းကိစ္စတွေကို ကြံစည်လုပ်ကိုင် တဲ့ အခါမှာစိုက်ထုတ်လိုက်ရတဲ့ အားနဲ့ ပြန်လည်ရရှိလိုက်တဲ့ ရလာဒ် ကတ္တားချကြည့်တဲ့အခါမှာကိုယ်အားစိုက်ထုတ်သလောက် ဖြစ်မြောက်မှုက နည်းနေတာမျိုးတွေ ကြုံတွေ့ရဘူးမှာပါ။ ကိုယ့်ဘက်ကအကောင်းဆုံးလုပ်ဆောင်ကြိုးပမ်းပေးလိုက်ပေမယ့် တစ်စုံတစ်ရာကြောင့် ရလာဒ်ကအကောင်းကနေသွေဖီသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုအဖြစ်မျိုးနဲ့ တွေ့ကြုံရသူအဖို့ စိတ်ပျက်အားငယ်မှုဖြစ်မှာအသေအချာပါပဲ။

    ကိုယ်ဒီလောက်တောင်ကြိုးစားထားရက်နဲ့ လုပ်သမျှအရာမထင်တာကိုလူတော် တော်များများခံနိုင်ရည်မရှိကြပါဘူး။ ကိုယ့်စိတ်ထဲမှာကိုယ်များညံ့လို့လားဆိုတဲ့ စိတ်ဓါတ်ကျမှုတွေ၊ မလုံမလဲဖြစ်မှုတွေ ခံစားရတတ်ပါတယ်။ ကိုယ်ဒီလောက်တောင်ကြိုးစားလာတာသဲထဲရေသွန်သလောက်တောင် အရာမထင်ဘူးဆိုတဲ့စိတ်ဟာ ကြိုးစားချင်စိတ်ကိုဟိုးအောက်ကိုဆွဲခေါ်သွားမှာပါ။ ဒါပေမယ့် ပြန်လည်စဉ်းစားတွေးခေါ်ကြည့်ပါ။ အခုလိုမအောင်မမြင် ဖြစ်ခဲ့ရတာဟာကိုယ်ညံ့တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လုပ်ဆောင်နေတဲ့ အချိန်ကာလအတွင်းမှာကိုယ့်အနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့ တယ်ဆိုရင်တော့ ကျေနပ်နိုင်ရပါမယ်။ မအောင်မြင်ခဲ့ရင်တောင် ပေးဆပ်ခဲ့တာမှန်ကန်တယ်ဆိုရင် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့ အကြုံကိုရလိုက်ပါတယ်။ ဒီတစ်ခါမှားသွားရင် နောက်တစ်ခါအဲဒီလိုမမှားရအောင် သင်ခန်းစာရပါတယ်။ ဒါဟာမလုပ်မကိုင်တဲ့သူမရနိုင်တဲ့အရာပါ။

    3 min
  • Knowledge in 3 mins

    ခန္ဓာကိုယ်ကျန်းမာဖို့ အစာအာဟာရတွေ မျှတဖို့လိုအပ်သလို တွေးခေါ်နိုင်စွမ်းတွေ မြင့်မားဖို့ ဗဟုသုတတွေဖြည့်ဖို့ လိုအပ်ပါတယ်...

    မိမိကိုယ်ကို ချစ်တယ်ဆိုရင် အချိန် (၃)မိနစ်ပဲပေးပါ...

    အာဟာရဆိုင်ရာ ဆရာ၀န် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ကြယ်စင်ယုမွန် မှ "ပိန်လွန်းတဲ့သူတွေ ဘာတွေလုပ်သင့်လဲ၊ ဘာတွေဆောင်သင့်လဲ၊ ရှောင်သင့်လဲ" ဆိုတဲ့အကြောင်းကို ဝေမျှပေးထား တာဖြစ်ပါတယ်...

    Knowledge in 3 mins ကို ပတ္တမြား FM တွင် Wednesday  11:25 AM နှင့် Sunday 11:10 AM တို့တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါပြီ။

    #padamyarfm #FM #myanmarfm

    #Knowledge_in_3Minutes

    4 min
  • ဒီနေ့အတွက်စကား

    I’d rather make a thousand mistakes trying for a better life, not to die not making any mistakes at all.

    ဘာအမှားမှမလုပ်ဘဲသေဆုံးလိုက်ရမှာထက် ပိုကောင်းတဲ့ဘဝအတွက်ကြိုးစားရင်း အမှားပေါင်းတစ်ထောင်ပြုလုပ်လိုက်ရတာကို ပိုခုံမင်ပါတယ်။အရာခပ်သိမ်းပြီးပြည့်စုံနိုင်ခြင်းမရှိတဲ့ အမှားနဲ့ မကင်းတဲ့လူသားတွေအတွက် ရည်ညွန်းပြောဆိုထားတဲ့စကားတစ်ခွန်းပါပဲ။ ဘယ်သူမှ မိဘကမွေးလိုက်တဲ့အချိန်ကတည်းက ပညာတွေတတ်သိနားလည်နေတဲ့သူမရှိပါဘူး။ ဒါကြောင့် လုပ်ရင်းကိုင်ရင်းနဲ့ မှားကြမှာပါပဲ။ အမှားနဲ့ လူသားမကင်းတဲ့ လောက ကြီးမှာ အမှားနဲ့နည်းအောင် မှားတဲ့အမှားကို မှန်အောင်လုပ်လို့ပဲရပါတယ်။ အမှားနဲ့ကင်းအောင်လုပ်လို့ရနိုင်တာ တစ်ခုပဲရှိ ပါတယ်။ အဲဒါကတော့ ဘာဆိုဘာမှမလုပ်တာပါပဲ။

    ဘာမှမလုပ်တဲ့အတွက် ဘဝမှာဘာမှလည်းဖြစ်လာမှာမဟုတ်ပါဘူး။ တိုးတက် လာတဲ့ကမ္ဘာကြီးမှာ ကိုယ်တစ်ယောက်တည်းအမှားနဲ့ကင်းဖို့ ဘာဆိုဘာမှမလုပ်ဘဲနေရင်း အသက်သာသေသွားမယ်။ ဒုံရင်းက ဒုံရင်းမကလို့ ဘဝမှာ ကြီးပွားတိုးတက်ဖို့ဝေလာဝေးလို့ အနှုတ်လက္ခဏာသာ ပြပြီးရင်းပြလို့ အောင်မြင်မှုဇယားရဲ့ ဟိုးအောက် ခြေမကအဝီစိအထိရောက်နိုင်ပါတယ်။ ဒါကြောင့် နားဆင်နေကြတဲ့သောတရှင်တွေလည်း သေသေချာချာစဉ်းစားဖို့လိုပါတယ်။ ကိုယ်က အများနဲ့ယှဉ်ရင် အောင်မြင်တိုးတက်တဲ့သူဖြစ်ချင်တာလား။ ကိုယ့်ဘဝမှာ လူအများက အားကျအတုယူရတဲ့သူဖြစ်ချင် တာလား။ အဲဒါဆိုရင်တော့ လုပ်စရာရှိတဲ့ လုပ်ငန်းကိစ္စအ၀၀ကို ရဲရဲဝံ့ဝံ့လုပ်ဆောင်ပါ။

    3 min
  • Let's Do It

    နေ့စဉ် လူမူဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေပေးသွားမယ့် Let's Do It အစီအစဉ်.....

    ဒီတစ်ပတ်မှာတော့ မငုဝါနှင့် ဇွဲမာန်တို့က လွယ်ကူပြီး လက်တွေ့အသုံးပြုလို့ရမယ့် ဘယ်လိုနည်းလမ်းလေးတွေ ဝေမျှထားလဲဆိုတာကို ဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာ ဖြစ်ပါတယ်...

    Let's Do It အစီအစဉ်ကို Tuesday, Thursday, Friday ၊ မနက် 11:10 အချိန်တွင် စောင့်မျှော်နားဆင်နိုင်ပါတယ်....



    3 min
  • THE LIFE

    ဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ The Life အစီအစဉ်ကစောင့်ကြိုနေပါတယ်.....

    ဒီတစ်ပတ်မှာကော ဘယ်သူရဲ့ဘဝ အမှတ်တရ၊ ဒဿန တွေကို နားဆင်ရမှာလဲ...?

    တေးသီချင်းတွေကို အသံခိုင်ခိုင်မာမာနဲ့ အားပါးတရ သီဆိုလေ့ရှိသူ၊ တေးသီချင်းတွေကို မြတ်နိုးသူ၊ ဂီတကို ချစ်ခင်သူ တေးသံရှင် Rဇာနည် ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်......

    15 min
  • ခေတ်လူငယ်

    ပရိသတ်များအားလုံး မင်္ဂလာပါ...

    ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် ...ဒါ့အပြင် ကိုယ်မသိသေးတဲ့ ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... 

    ယခုတစ်ပတ်အတွက် တွေ့ဆုံမေးမြန်းထားကတော့ မြန်မာနိုင်ငံရဲ့ လူငယ် Beat-boxer တစ်ဦးဖြစ်တဲ့ စည်ဖြိုးမင်း ပဲဖြစ်ပါတယ်...

    ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော်....

    15 min
  • ဒီနေ့အတွက်စကား

    Today’s a perfect day for a whole new start. Let go of fear and free your mind. It’s time to open your heart.

    ဒီနေ့က အကောင်းဆုံးသောစတင်ခြင်းတွေကို ပြုလုပ်ရမယ့် ပြည့်စုံတဲ့နေ့ပါ။ ကြောက်ရွံ့စိတ်တွေကို ဖယ်ရှားလို့ စိတ်ကို လွတ် လွတ်လပ်လပ်ထားပါ။ နှလုံးသားကို ဖွင့်လှစ်ဖို့အချိန်တန်ပါပြီ။ဒီစကားကတော့ ကိစ္စရပ်တစ်ခုကို စတင်ဖို့ မဝံ့မရဲဖြစ်နေတဲ့သူတွေအတွက် အားပေးတဲ့စကားတစ်ခွန်းပါ။ တစ်ချို့လူတွေက ကိစ္စရပ်အသစ်တစ်ခုကို စွန့်ဦးလုပ်ကိုင်ဖို့ဆိုရင် မဝံ့မရဲဖြစ်တတ်ကြ၊ ကြောက်ရွံ့တတ်ကြပါတယ်။ တကယ်တော့ စွန့်ဦးတီထွင်မှုဆိုတာ တကယ့်ကိုမှ ကောင်းမွန်တဲ့လုပ်ငန်းတစ်ခုပါ။ ဘယ်သူမှ မလုပ်ဆောင်ရသေးတဲ့အရာဖြစ် တဲ့ အတွက် စလယ်ဆုံး ကိုယ့်စိတ်နဲ့ကိုယ်လုပ်လို့ရပါတယ်။ မှားသွားရင်လည်း ကိုယ့်အတွက်ပညာရပါတယ်။ မှန်သွားရင်တော့ အတိုင်းထက်အလွန် ကိုယ့်ရဲ့သမိုင်းမှာ လူတော်တစ်ယောက်ဖြစ်ခွင့်လည်းရှိသွားနိုင်ပါတယ်။

    ကိစ္စရပ်တစ်ခုကို စတင် ဖို့ ဒီနေ့ဟာ အကောင်းဆုံးနေ့ဆိုတာကို နေ့စဉ်နေ့တိုင်း စိတ်ထဲမှာ စွဲစွဲမြဲမြဲတွေးထင်ပါ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုဆိုတာ ကိုယ်တိုင်တည်ဆောက်ယူရတဲ့အရာဖြစ်တဲ့အတွက် ကိုယ်စိတ်ထဲမှာ လေးနက်တည်ကြည်မှုကို အခိုင်အမာတည်ဆောက်ပါ။ မဝံ့မရဲစိတ်တွေ၊ ဖြစ်ပါ့မလားဆိုပြီး ပူပန်တဲ့စိတ်တွေ၊ ကြောက်ရွံ့စိတ်တွေကို အဝေးကိုပို့လို့ ဖယ်ရှားထားလိုက်ပါ။ ရဲရဲဝံ့ဝံ့ လုပ်ကိုင်လိုက်ပါ။ ပထမအကြိမ်မအောင်မြင်ရင် ဒုတိယတစ်ခေါက်ထပ်လို့ကြိုးစားပိုင်ခွင့် ကိုယ့်မှာအပြည့်အဝရှိသလို ပထမ အကြိမ်ထဲနဲ့ ရာနှုန်းပြည့်အောင်မြင်သွားနိုင်တာလည်းရှိပါတယ်။ တစ်ခါမကလို့ အခါခါမှားနေဦးတော့ မှားနေသေးသရွေ့ အမှန်ကို သိအောင်ကြိုးစားနိုင်ပါတယ်။ အဲဒါကလည်း လုပ်ဆောင်တဲ့သူမှ အမှားကိုသိပြီး အမှန်ကို ပြင်နိုင်မှာပါ။ မလုပ်တဲ့သူ ကတော့ သိလည်းသိမှာမဟုတ်သလို တတ်လည်းတတ်မှာမဟုတ်ပါဘူး။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...