Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    A journey of a thousand miles must begin with a single step.

    ဒီနေ့အတွက်စကားကိုတော့ ၁၉ရာစုရဲ့ ရှေးဟောင်းတရုတ်တွေးခေါ်ပညာရှင်၊ စာရေး ဆရာ Lao Tzu က ပြောကြားထားတာဖြစ်ပါတယ်။ ဒီစကားကတော့ ဘဝရဲ့ခရီးပေါင်းများစွာကို လျှောက်လှမ်းနေကြတဲ့ လူသား တွေအတွက် အသိပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဘယ်ကိစ္စကိုပဲလုပ်ဆောင်လုပ်ဆောင် ကျွန်တော်တို့တတွေ ပထမဆုံး လုပ်ဆောင်မှုတစ်ခုနဲ့ပဲစတင်ရပါတယ်။ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေအရာအားလုံးမူလပထမ လုပ်ဆောင်မှုတစ်ခု၊ ခြေလှမ်းတစ်ခုကနေပဲစတင်ခဲ့ကြတာချည်းပါပဲ။

    အဲဒီပထမခြေလှမ်းကပဲအောင်မြင်မှုတွေဆီကို ကျွန်တော်တို့ကိုအရောက် ခေါ်ဆောင်လို့သွားတာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်က ဘယ်လောက်ဝေးနေပါစေ။ စတင်ခြင်းခြေလှမ်း တစ်ခုကသာအရေးကြီးတဲ့အရာပါ။ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် စတောင်မစရသေးခင်ကြောက်လန့်နေမယ်ဆိုရင် လူ့ဘဝမှာ အခါခါ ရှုံးနိမ့်နေမှာပါ။ လူညံ့တစ်ယောက်ပဲဖြစ်နေတော့မှာပါ။ ကိုယ်လိုချင်တဲ့ အောင်မြင်ခြင်းဆိုတာဘယ်ဆီမှာမှန်းမသိရင်တောင်မှ မိမိကိုယ်ကိုအောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်ခြင်းစိတ်တစ်ခုတည်းနဲ့ ပထမဆုံးခြေလှမ်းတွေကိုအောင်မြင်တဲ့သူတိုင်းလှမ်းခဲ့ကြပါ တယ်။ ခက်ခဲရင်လည်းခက်ခဲမယ်။ ကံကောင်းချင်လည်းကောင်းမယ်။ ရှေ့မှာဘာတွေ ဘယ်လိုဆီးကြိုနေမယ်ဆိုတာမသိမမြင် ဘဲနဲ့ ပထမဆုံးခြေလှမ်းတွေနဲ့ အောင်မြင်ခြင်းဆီကိုချီတက်ခဲ့ကြပါတယ်။

    3 min
  • ဒီနေ့အတွက်စကား

    Nothing great in the world has ever been accomplished without passion.

    ကမ္ဘာပေါ်မှာရှိရှိသမျှ ကြီးကျယ်တဲ့ကိစ္စရပ်တိုင်းက ပြင်းပြတဲ့စိတ်ဓါတ်မပါဘဲ ဖြစ်တည်လာခြင်းမရှိသေးပါဘူးတဲ့။ဒီစကားကိုတော့ ၁၈ရာစုအနောက်တိုင်း တွေးခေါ်ပညာမှာဆရာတစ်ဆူဖြစ်ခဲ့တဲ့ ဂျာမန်လူမျိုးတွေးခေါ်ပညာရှင်Georg Wilhelm Friedrich Hegel ကပြောကြားထားတာ ဖြစ်ပါတယ်။ပြင်းပြတဲ့စိတ်ဓါတ်ကကမ္ဘာပေါ်မှာအကြီးကျယ် ဆုံးသောကိစ္စရပ်တွေကို ဖြစ်တည်စေခဲ့တယ်ဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းပါ။

    ပြင်းပြတဲ့စိတ်ဓါတ်တဲ့။ တကယ့်ကိုမှ အားအင်ကြီးမားတဲ့အရာတစ်ခုဖြစ်ပါတယ်။ မြင်နိုင်စွမ်း၊ ထိတွေ့ခံစားနိုင်စွမ်းမရှိတဲ့ စိတ္တဇနာမ်တစ်ခုဖြစ်ပေမယ့် အဲဒီ ပြင်းပြတဲ့ စိတ်ဓါတ်ကြောင့် ပြောင်းလဲမှုကြီးကြီးမားမားတွေ၊ ခမ်းနားတဲ့အဖြစ်အပျက်တွေ၊ ပြန်ပြောင်းလဲလို့မရတော့တဲ့ သမိုင်းကြောင်း ရာဇဝင်တွေကို ဖြစ်တည်ပေါ်ထွန်းစေခဲ့ပါတယ်။ တကယ်တော့လောကကြီးမှာမဖြစ်နိုင်ဘူးဆိုတဲ့အရာဆိုတာမရှိပါဘူး။ မဖြစ် သေးတဲ့အရာ၊ အကောင်အထည်မဖော်ရသေးတဲ့အရာတွေပဲရှိတာပါ။ အဲဒါတွေအကုန်လုံးကလူတစ်ယောက်ရဲ့ ဒါမှမဟုတ် လူတစ်စုရဲ့ ပြင်းပပြီးအရှိန်အဟုန်ပြင်းတဲ့စိတ်အခြေခံနဲ့သာလုပ်ဆောင်မယ်ဆိုရင် ဖြစ်တည်ပေါက်ဖွားလာမှာပါ။ ဖြစ်ပျက်ခဲ့တဲ့ကမ္ဘာ့သမိုင်းကအဖြစ်အပျက်ကြီးကြီးမားမားအကုန်လုံးဟာလည်းပြင်းပြတဲ့စိတ်ကိုပဲမူလအရင်းခံခဲ့ကြတာပါ။ အဲဒီပြင်းပြတဲ့ စိတ်အခြေခံကပဲလူတွေမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာတွေ၊ အဖြစ်အပျက်တွေကိုထောင်နဲ့ သောင်းနဲ့ချီပြီး ဖြစ်ထွန်းစေခဲ့တာ ပါ။ ဒါကြောင့် အခုနားဆင်နေတဲ့ သောတရှင်တွေရဲ့ စိတ်ထဲမှာရောဘာတွေများဖြစ်ချင်နေပါလဲ။

    3 min
  • Knowledge For All

    ဥာဏ်ကို ဥာဏ်ခြင်း ယှဉ်တဲ့ခေတ် New World.....

    ရင်ဆိုင်ယှဉ်ပြိုင်ဖို့အတွက် Are You Ready?

    အရာရာတိုင်းအတွက် ခေတ်သစ်ကြယ် Knowledge .......

    ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့်

    Knowledge For All ......

    လုပ်ငန်းခွင်တစ်ခုကနေ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးနေတဲ့ Knowledge for All . ........

    ဒီတစ်ပတ်မှာတော့ PS Business School မှဆရာဦးမျိုးမင်းမှ စီမံခန့်ခွဲတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့၊ ကြုံတွေ့လေ့ရှိတဲ့၊ ဆိုးကျိုးဖြစ်တတ်တဲ့ အကြောင်းလေးတွေနှင့် ပတ်သက်တဲ့အကြောင်းအရာများကို ဆွေးနွေးပေးထားပါတယ်.....

     

    12 min
  • Knowledge in 3 mins

    Knowledge in 3 mins

    ခန္ဓာကိုယ်ကျန်းမာဖို့ အစာအာဟာရတွေ မျှတဖို့လိုအပ်သလို တွေးခေါ်နိုင်စွမ်းတွေ မြင့်မားဖို့ ဗဟုသုတတွေဖြည့်ဖို့ လိုအပ်ပါတယ်...

    မိမိကိုယ်ကို ချစ်တယ်ဆိုရင် အချိန် (၃)မိနစ်ပဲပေးပါ...

    အာဟာရဆိုင်ရာ ဆရာ၀န် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ကြယ်စင်ယုမွန် မှ Covid 19 ကာလ မှာ ကိုယ်၀န်ဆောင် မိခင်တွေအနေနဲ့ ဘာတွေဆောင်သင့်လဲ ၊ ဘာတွေလုပ်သင့်လဲ ဆိုတဲ့အကြောင်းကို ဝေမျှပေးထားတာဖြစ်ပါတယ်...

    Knowledge in 3 mins ကို ပတ္တမြား FM တွင် Wednesday  11:25 AM နှင့် Sunday 11:10 AM တို့တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါပြီ။

    #padamyarfm #FM #myanmarfm

    #Knowledge_in_3Minutes

    5 min
  • ဒီနေ့အတွက်စကား

    A satisfied life is better than a successful life. Because our success is measured by others. But our satisfaction is measured by our own soul, mind and heart.

    ကိုယ့်ကိုကိုယ်စိတ်ကျေနပ်နိုင်တဲ့ဘဝက အောင်မြင်တဲ့ဘဝထက်ပိုပြီးကောင်းမွန်ပါတယ်။ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ အောင်မြင် ခြင်းဆိုတာကိုတခြားသူတွေကတိုင်းတာသတ်မှတ်တာဖြစ်ပြီးစိတ်ကျေနပ်နိုင်မှုကတော့ ကိုယ့်စိတ်၊ ကိုယ့်အတွေး၊ ကိုယ့်နှလုံးသားနဲ့ သတ်မှတ်တာ ဖြစ်လို့ပါ။လောက မှာရှင်သန်နေထိုင်ရင်း ဘဝအတွက်ရုန်းကန်လှုပ်ရှားနေကြတဲ့ သက်ရှိလူသားတွေအနေနဲ့ အောင်မြင်ခြင်းဆိုတာကိုမက်မော တွယ် တာပြီး ကြိုးစားနေကြပါတယ်။ ကိုယ်လိုချင်တဲ့အရာတစ်ခုကိုရလာအောင် ခဲရာခဲဆစ်ပဲဖြစ်နေပါစေ။ ကြိုးစားတတ်ကြ ပါတယ်။ ဒါ ပေမယ့် ကိုယ်လိုချင်တဲ့အောင်မြင်မှုတစ်ခုကိုယ်သတ်မှတ်ထားတဲ့ target တစ်ခုကိုရပြီရောက်ပြီဆိုရင်လည်း နောက်ထပ်သောအောင်မြင်မှုတွေ၊ ရုပ်ဝတ္ထုအရာပစ္စည်းတွေ၊ တပ်မက်စရာဥစ္စာဓနတွေ၊ နောက်ထပ်နောက်ထပ် targetတွေက ထပ်ကာတလဲလဲပေါ်ပေါက်လာတတ်ပါတယ်။

    ဒီလိုနဲ့ မဆုံးတဲ့သံသရာမှာကိုယ်အသက်ရှင်နေသေးသရွေ့ ကြိုးစားနေကြရပါ တယ်။ ဘဝပင်လယ် မှာလူးကာလွန့်ကာနဲ့ ကူးခတ်နေကြပါတယ်။ ဘာလို့လဲဆိုတော့ ခေတ်ကာလကြီးကပြောင်းလဲလာတာနဲ့ အမျှ အရာတိုင်းကဆင့်ကဲတိုးတက်လာသလိုလူတွေရဲ့ လိုအပ်ချက်တွေကလည်းများသထက်များလာပါတယ်။ အဲဒီလိုအပ်ချက် တွေနောက်ကိုတကောက်ကောက်လိုက်ရင်းနဲ့ လူတွေမှာ လောဘတွေဝင်လာတယ်။ ဒေါသတွေကြီးလာတယ်။ မောဟတွေများ လာတတ်ပါ တယ်။ ဒီလိုနဲ့ပဲအောင်မြင်မှုနောက်ကိုထပ်ကြပ်မခွာလိုက်ရင်းလိုအပ်ချက်တွေအတွက် ကြိုးစားဖြည့်တင်းရုန်းကန် ရင်းတခြားသောအမိုက်မှောင်တွေကကိုယ့်ရဲ့နဂိုမူလစိတ်ရင်းကိုဖုံးသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...