Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • Let's Do It

    နေ့စဉ် လူမူဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေပေးသွားမယ့် Let's Do It အစီအစဉ်.....

    ဒီတစ်ပတ်မှာတော့ မငုဝါနှင့် မအိဆုတို့က လွယ်ကူပြီး လက်တွေ့အသုံးပြုလို့ရမယ့် ဘယ်လိုနည်းလမ်းလေးတွေ ဝေမျှထားလဲဆိုတာကို ဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာ ဖြစ်ပါတယ်...

    Let's Do It အစီအစဉ်ကို Tuesday, Thursday, Friday ၊ မနက် 11:10 အချိန်တွင် စောင့်မျှော်နားဆင်နိုင်ပါတယ်....

    3 min
  • I'M

    I'm a guitarist.

    I'm...?????

    သင်ရော ဘာဖြစ်ချင်တာလဲ???

    အောင်မြင်တဲ့ ဂီတာသမားတစ်ယောက်ဖြစ်ချင်ကြတဲ့သူတွေ၊ ဂီတာ ကို ဝါသနာပါတဲ့သူတွေ၊ ဂီတာပညာရပ်နှင့် အသက်မွေးဝမ်းကြောင်းပြုပြီး ရပ်တည်ချင်သူတွေကို Padamyar FM Facebook Page ကနေ ဂီတာပညာရပ်နှင့်ပတ်သက်ပြီးသိလိုသည်တွေကို မေးမြန်းဖို့ ဖိတ်ခေါ်ထားပါတယ်...... ဒီတစ်ပတ်ရဲ့ I'm အစီအစဉ်ကနေ ဂီတာပညာရပ်နှင့် ပတ်သက်ပြီး ပြန်လည်ဖြေကြားဖို့ ပညာရှင်တစ်ဦးကို ဖိတ်ခေါ်ထားပါတယ်၊ ပရိသတ်များသိလိုသည်များကို ဂီတာ နိုင်ဇော်က ပြန်လည်လို့ဖြေကြားပေးထားပါတယ်......

    15 min
  • ဒီနေ့အတွက်စကား

    The one who falls and gets up is so much stronger than the one who never fell.

    လောကမှာတွေ့ကြုံရတဲ့ပြိုင်ပွဲတွေကိုယှဉ်ပြိုင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ စာမေးပွဲတစ်ခုကိုဖြေဆိုတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ အခက်အခဲတိုက်ပွဲတွေကိုရင်ဆိုင်တဲ့အခါမှာပဲဖြစ်ဖြစ် ရလာဒ်ကတော့ အနိုင်နဲ့အရှုံးနှစ်ခုပဲရှိပါတယ်။ မပြိုင်ခင်အချိန်မှာဘယ်လိုပဲ ကိုယ့်ဘက်ကနေရေကုန်ရေခမ်းကြိုးစားကြိုးစားရလာဒ်တိုင်းကတော့ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ အနိုင်နဲ့အရှုံးနှစ်ခုထဲကတစ်ခုကိုရွေးဆိုရင် လူတိုင်းကတော့ အနိုင်ကိုပဲလိုချင်ကြမှာပါ။ ဒါပေမယ့် လူတိုင်းအနိုင်ရဖို့ဆိုတာက တော့ မလွယ်ကူလှပါဘူး။

    အနိုင်ရဖို့အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားအားထုတ်မှုတွေ၊ စိတ်အားထက်သန်စွာနဲ့ အားစိုက်ထုတ်မှု တွေ အများကြီးအပြင် ကံတရားဆိုတဲ့အချက်ကိုလည်းမေ့မထားသင့်ပါဘူး။ ကံမရှိရင်ဉာဏ်ရှိတိုင်းလည်းမွဲတတ်ပါတယ်။ ဒါပေမယ့် အရာအားလုံးမှာကံတရားကိုပဲလွဲချပြီးကိုယ့် ဘက်ကမကြိုးစားဘဲနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ကံတရားက ဘယ်လိုအခြေအနေမှာရှိနေမယ်ဆိုတာမမြင်နိုင်တဲ့အတွက် ကိုယ့်ဘက်ကကံကောင်းလာမယ့်အချိန်၊ ကံတရားမျက်နှာသာပေး လာမယ့်အချိန်မှာအဆင်သင့်အနေအထားမျိုးရောက်နေအောင် ပြင်ဆင်ထားဖို့လိုပါတယ်။ ကြိုးစားမှုကိုအရှိန်ပြည့်ပြည့်နဲ့ ဝီရိယကို အားကုန်စိုက်ထုတ်ထားဖို့လိုပါတယ်။ ဒီလိုနဲ့ တစ်ချိန်ချိန်မှာတော့ ကိုယ်ဖြစ်ချင်တဲ့ အောင်နိုင်သူတစ်ယောက်ဖြစ်လာ မှာပါ။

    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က ဆွေးနွေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .ဒီတစ်ပတ်မှာတော့ Covid သတင်း၊ စစ်ပွဲသတင်း၊ မြေငလျင်သတင်း၊ လေမုန်တိုင်းသတင်း၊ အကြမ်းဖက်သတင်းတွေကြားမှာပဲ ငြီးငွေ့နေတဲ့ ပရိသတ်များအတွက် James Bond ရုပ်ရှင်တွေအကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်...

     

    12 min
  • ဒီနေ့အတွက်စကား

    Happiness is found when you stop comparing yourself to other people.

    သင့်ကိုယ်သင်တခြားသူတွေနဲ့လိုက်လံနှိုင်းယှဉ်နေတာကိုရပ်တန့်လိုက်မယ်ဆိုရင် သင်ပျော်ရွှင်မှုကိုရှာတွေ့ပါလိမ့်မယ်။

    ဒီနေ့အတွက်စကားကတော့ တခြားသောသူတွေရဲ့ဘဝကို သဘောကျပြီးကိုယ့်ရဲ့ဘဝနဲ့နှိုင်းယှဉ်လို့ စိတ်ဓါတ်ကျအားငယ်နေတဲ့ သူတွေအတွက် အသိပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာကိုယ့်ရဲ့ဖြစ်တည်လာတဲ့ဘဝဟာ အကောင်းတွေ ချည်းဖြစ်တည်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အဆိုးတွေချည်းကိုလည်းတစ်ချိန်လုံးတွေ့ကြုံပိုင်ဆိုင်နေမှာမဟုတ်ပါဘူး။ လောကမှာ အောင်မြင်ပျော်ရွှင်တဲ့အခိုက်အတန့်တွေလည်းရှိနိုင်သလိုတစ်ခါတစ်ရံကံကွက်ကျားလို့ ကိုယ့်မှာအခက်အခဲတွေနဲ့ပဲ လုံးပန်းနေရ တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကိုသည်းမခံနိုင်ဘဲကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝကတော့ ပင်ပန်းဆင်းရဲလိုက်တာ၊ တခြားသူတွေရဲ့ဘဝကတော့ သာယာအေးချမ်းလိုက်တာဆိုပြီးစိတ်ညစ်နေတဲ့သူတွေရှိတတ်ပါတယ်။ ဒါပေမယ့်သေချာစဉ်းစား ကြည့်မယ်ဆိုရင် ကိုယ့်ဘဝဆိုတာကိုယ့်ရှင်သန်ခွင့်ရတဲ့တစ်သက်တာအတွက် ဘုရားကပေးထားတဲ့အကောင်းဆုံးသော လက်ဆောင်ပါပဲ။

    ကိုယ့်ဘဝရှိနေသေးသရွေ့ ကိုယ့်အနေနဲ့ ကောင်းမွန်ခြင်းတွေရလာအောင် ကြိုးစားနိုင်တယ်။ အကောင်းဆုံး တွေဖြစ်လာအောင် လုပ်ဆောင်နိုင်ခွင့်ဆိုတာလည်းရှိပါတယ်။ ဒါကြောင့်ကိုယ့်ဘဝကို တခြားသူတွေရဲ့ ဘဝနဲ့နှိုင်းယှဉ်နေမယ့် အစားကိုယ့်ဘဝကိုသာ ကိုယ်တိုင်အတွက်အကောင်းဆုံးဖြစ်အောင်ထုဆစ်ဖော်ဆောင်ရပါမယ်။ တခြားသူတွေနဲ့ လိုက်ပြီး နှိုင်းယှဉ်နေတာကကိုယ့်အတွက် စိတ်ဓါတ်ကျဝမ်းနည်းတာမျိုး၊ မနာလိုမစ္ဆာရိယတွေပွားနေတာမျိုးထက် ဘာမှအကျိုးရှိလာမှာ မဟုတ်ပါဘူး။

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Mistakes are painful when they happen. But years later a collection of mistakes called experiences which lead us to success.

    လောကမှာရှင်သန်နေထိုင်တဲ့လူသားတိုင်းလူသားတိုင်းမည်သူတစ်ဦးတစ်ယောက်ကမှ ရာနှုန်းပြည့် ပြီး ပြည့်စုံတဲ့သူဆိုတာမရှိပါဘူး။ ရှင်သန်ရာဘဝတစ်ကွေ့မှာအမှားအယွင်းတစ်စုံတစ်ရာကိုလုပ်ဖူးတဲ့သူတွေချည်းပါပဲ။ ဒါကြောင့် ကိုယ်လည်းမှားဖူး၊ သူလည်းမှားဖူးတဲ့ ဒီလောကပတ်ဝန်းကျင်မှာ ဘယ်သူ့ကိုမှ အပြစ်ကြီးကြီးမားမားတင်နေလို့လည်းမရနိုင် ပါဘူး။ အဓိကကတော့ မှားခဲ့ဖူးတဲ့အမှားတွေကိုအချိန်မှီအမှန်ပြင်နိုင်ဖို့သာလိုပါတယ်။ ကိုယ်ရဲ့အမှားတွေကနေသင်ခန်းစာယူ နိုင်ပြီးအမှားတွေကိုအမှန်ပြင်နိုင်သေးသရွေ့ ကိုယ်ဟာကောင်းမွန်စွာနဲ့ လောကမှာနေထိုင်နေသေးသမျှ လောကအတွက် အကျိုးပြုနေတဲ့သူချည်းပါပဲ။ အဓိကကတော့ အမှားတွေကိုအမှန်ပြင်ဖို့ပါပဲ။

    အမှားတွေကိုအမှန်ပြင်နိုင်ဖို့ ခဲတံတွေမှာတောင် ခဲဖျက်တွေဆိုတာပါရှိနေတတ်ပါတယ်။ ဘောပင်ကိုလည်း Correction လုပ်လို့ရနိုင်ပါတယ်။ တကယ်လို့ ဖျက်စရာခဲဖျက်ကို လုံးဝရှာမတွေ့တော့ရင်တောင် အဲဒီစာမျက်နှာကိုဖျက်ချပြီးနောက်ထပ်စာမျက်နှာအသစ်ကို ပြုစုရေးသားပိုင်ခွင့်လူသားတိုင်းမှာရှိနေပါတယ်။ အရေးကြီးတာကကိုယ့်ရဲ့အမှားတွေကိုအမှားမှန်းသိဖို့၊ အမှားတွေကို ပြန်ပြင်ချင်တဲ့စိတ်ရှိဖို့၊ ပြန်ပြင်စရာနည်းလမ်းကိုသိမြင်နိုင်ဖို့၊ အချိန်မနှောင်းခင်ကတည်းက ပြန်လည်ပြင်ဆင်ဖို့သာအရေးကြီးပါတယ်။

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ အခုခေတ်အသုံးပြုနေတဲ့ ဗန်းစကားတွေနဲ့ပတ်သက်ပြီး ဘယ်လိုနားလည်ထားလဲနဲ့ ကိုယ်တိုင်ရော ဘယ်လိုဗန်းစကားတွေ အသုံးများလဲစတဲ့ အကြောင်းအရာများကို ပရိသတ်များထံမေးမြန်းထားပါတယ်....ပရိသတ်များ ရင်ထဲက စိတ်ကူးအတိုင်းပြောထားကြတဲ့ ပြောကြည့် အစီအစဉ် ပဲဖြစ်ပါတယ်.......

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

     

    15 min
  • ဒီနေ့အတွက်စကား

    Don’t tell people your plans. Show them your results.

    လူတွေကိုသင့်ရဲ့လုပ်ဆောင်မယ့်အစီအစဉ်တွေကိုပြောပြမနေပါနဲ့။ နောက်ဆုံးရလာဒ်အဖြေကိုသာ ပြသလိုက်ပါလို့ ဒီစကားက ဆိုလိုရင်းရှိပါတယ်။

    ဒီစကားကတော့ မြန်မာ့စကားပုံတစ်ခုဖြစ်တဲ့ မပြီးခင်ဗမာမမြင်စေနဲ့ ဆိုတဲ့ စကားပုံနဲ့လည်းခပ်ဆင်ဆင်အဓိပ္ပာယ်တူတဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့လုပ်ဆောင်မယ့် အစီအစဉ်တွေကိုလူတကာကိုလျှောက်ပြောနေတတ်တဲ့ တချို့တလေသောသူတွေကိုသတိပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ တကယ်တော့ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုသေသေချာချာဆောင်ရွက်ဖို့ပဲလိုပါတယ်။ အောင်မြင်တဲ့အထိလုပ်ဆောင်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအားစိုက်ထုတ်ဖို့ပဲလိုပါတယ်။ ငါဘာတွေ လုပ်မယ်။ ဘယ်လိုတွေအောင်မြင်အောင်ကြိုးစားမယ်ဆိုပြီးဟောင်ဖွာဟောင်ဖွာလျှောက်ပြောနေစရာလည်းမလိုပါဘူး။

    အထူးသဖြင့် ကိုယ့်ရဲ့အကြံအစည်တွေကိုတပါးသူတွေကိုပေးသိပြီးတပါးသူကကိုယ့်ရဲ့အကြံအစည်တွေကိုမသမာတဲ့နည်းနဲ့ သုံးသွားမှာ၊ ကိုယ့်ရဲ့အကြံအစည်ကိုသိနေတဲ့အတွက် ကိုယ့်ကိုချနင်းပြီးသူ့ကိုယ်ကျိုးအတွက် လုပ်ဆောင်သွားနိုင်တာတွေကိုလည်း မေ့မထားသင့်ပါဘူး။ ထိုနည်းတူစွာပဲနောက်ထပ်သတိထားရမယ့်အချက်ကတော့ ကိုယ့်ရဲ့လုပ်ငန်းစဉ်တွေမှာဘယ်လိုလုပ်မယ်။ ဘာတွေလုပ်မယ်ဆိုတာကိုအများသူငါကိုပြောတဲ့အခါမှာမျက်စိဒေါက်ထောက်စောင့်ကြည့်ခံရပြီးအပြစ်တွေပြောတတ်တဲ့သူတွေနဲ့ ကြုံတဲ့အခါမှာကိုယ့်ရဲ့ မူလရည်ရွယ်ချက်တွေပျက်ပြားသွားတဲ့အထိဖြစ်သွားနိုင်တာကိုလည်းသတိရပါ။

    3 min
  • Let's Do It

    နေ့စဉ် လူမူဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေပေးသွားမယ့် Let's Do It အစီအစဉ်.....

    လွယ်ကူပြီး လက်တွေ့အသုံးပြုလို့ရမယ့် နည်းလမ်းလေးတွေကို ဝေမျှထားပါတယ်...

    Let's Do It အစီအစဉ်ကို Tuesday, Thursday, Friday ၊ မနက် 11:10 အချိန်တွင် စောင့်မျှော်နားဆင်နိုင်ပါတယ်....

    #padamyarfm #fm #myanmarfm

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...