Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    No matter how badly someone treats you, never drop down to their level. Remain calm, stay strong and walk away.

    ဘယ်လိုပဲတစ်စုံတစ်ယောက်ကသင့်ကို ဆိုးဝါးစွာနဲ့ ဆက်ဆံပါစေသူတို့နဲ့အဆင့်အတန်းတူအဖြစ်ကိုအရောက်မခံပါနဲ့။ စိတ်ကို တည်တည်ငြိမ်ငြိြမ်ကံ့ကြံ့ခိုင်ခိုင်ထားပါ။ သူနဲ့ဝေးရာကိုသာထွက်သွားလိုက်ပါ။ပေါင်းသင်းဆက်ဆံရေးဆိုတဲ့ လူ့ဘဝမှာအရေးပါတဲ့ ကိစ္စမှာ ဒီစကားထဲကလိုမျိုးကိုယ့်ကိုတစ်ဖက်သတ်ဆိုးဆိုးဝါးဝါး ဆက်ဆံတတ်တဲ့သူတွေနဲ့လည်းတစ်ကွေ့မဟုတ်တစ်ကွေ့မှာ ကြုံဆုံကြရမှာပါပဲ။ ကိုယ့်အပေါ်မှာအဲဒီလိုမျိုးတစ်ဖက်သတ်ဆိုးဝါးစွာဆက်ဆံတတ်တဲ့သူတွေနဲ့ ကျွန်တော်တို့တတွေတွေ့ဆုံ ကြတဲ့အခါမှာသည်းခံနိုင်သမျှသည်းခံတတ်ဖို့ လိုပါတယ်။ ဒါပေမယ့်တစ်ချို့သောလူတွေကတော့ သည်းခံနိုင်တဲ့အတိုင်းအတာ ကျော်လာတဲ့အထိကိုလွန်လွန်ကျူးကျူးဆက်ဆံတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ဒေါသစိတ်တွေ ပေါက်ကွဲထွက်သွား တတ်ပါတယ်။

    အထူးသဖြင့် ရုတ်ရင်းကြမ်းတမ်းတဲ့စကားတွေကိုကိုယ့်အပေါ်ပြောဆိုတာ၊ ဆဲဆိုအော်ဟစ်တာ၊ အပြစ်မရှိအပြစ်ရှာပြီး ပြဿနာလုပ်တာဖိနှိပ်တာမျိုးတွေကိုတော်တော်များများကသည်းခံနိုင်စွမ်းနည်းတတ်ကြပါတယ်။ သူအော်သလိုကိုယ်ပြန်အော် လိုက်မှပဲစိတ်ထဲမှာပေါ့သွားသလိုသူဆဲသလိုကိုယ်လည်းပြန်ဆဲလိုက်တာမျိုးတွေ ကိုယ်လုပ်မိသွားတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ကိုတစ်ဖက်သတ်အနေနဲ့ ဆိုးဝါးစွာ ဆက်ဆံတတ်တဲ့သူအတွက် အကောင်းဆုံးသောတုန့်ပြန်မှုကတော့ ဥပေက္ခာပြုလိုက်ခြင်းပါပဲ။

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ အခုခေတ်အသုံးပြုနေတဲ့ ဗန်းစကားတွေနဲ့ပတ်သက်ပြီး ဘယ်လိုနားလည်ထားလဲနဲ့ ကိုယ်တိုင်ရော ဘယ်လိုဗန်းစကားတွေ အသုံးများလဲစတဲ့ အကြောင်းအရာများကို ပရိသတ်များထံမေးမြန်းထားပါတယ်....

    ပရိသတ်များ ရင်ထဲက စိတ်ကူးအတိုင်းပြောထားကြတဲ့ ပြောကြည့် အစီအစဉ် ပဲဖြစ်ပါတယ်.......

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min
  • ဒီနေ့အတွက်စကား

    Sometimes it’s very hard to move on, but once you do, you’ll realize it was the best decision you’ve ever made.

    တခါတလေမှာ ကျွန်တော်တို့တတွေ လုပ်ရိုးလုပ်စဉ်တွေကနေသွေဖီတဲ့ ပြောင်းလဲခြင်းတွေကိုစွန့်စားလုပ်ဆောင်ရတတ်ပါတယ်။ ဒါပေမယ့် အဲဒီလိုပြောင်းလဲမှုတွေကိုလူတိုင်းမလုပ်နိုင်ကြ မလုပ်တတ်ကြပါဘူး။ ဘာလို့လည်းဆိုတော့ မိရိုးဖလာရိုးရာတွေရဲ့ ကန့်သတ်မှု တွေကြားမှာလူးလွန့်ပျော်ဝင်နေတတ်တဲ့ဓလေ့ရယ်၊ စွန့်စားပြောင်းလဲလိုက်လို့ အကောင်းကနေသွေဖယ်လို့ အဆိုးဖြစ်သွားမှာကိုကြောက်ရွံ့တတ်တဲ့စိတ်တွေ၊ ကိုယ့်ရဲ့ပြောင်းလဲမှုကို ပတ်ဝန်းကျင်ကလူတွေ လက်ခံကြပါ့မလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ကြောင့် လူတော်တော်များများကပြောင်းလဲမှုတွေကိုစတင်လုပ်ဆောင်ကြဖို့ကိုလက်တွန့်ကြပါတယ်။ ဒါပေမယ့် သေသေချာချာစဉ်းစားကြည့်ဖို့လိုပါတယ်။

    ဟိုးရှေးရှေးတုန်းကကျောက်ခေတ်မှာကတည်းကစွန့်ဦးပြောင်းလဲမှုတွေကိုလူတွေလုပ်ဆောင်ခဲ့လို့ သာအခုလိုတိုးတက်တဲ့ နည်းပညာတွေ၊ ကျွန်တော်တို့တတွေအသုံးပြုနေရတာပါ။ Columbus သာအမေရိကတိုက်ကိုရှာမတွေ့ခဲ့ရင်၊ Bill Gates သာ Microsoft ကိုမတီထွင်ခဲ့ရင်၊ Graham Bell သာတယ်လီဖုန်းကိုမတီထွင်ခဲ့ရင်၊ Wright ညီနောင်သာလေယာဉ်ပျံမတီထွင်ခဲ့ရင် ကျွန်တော်တို့တတွေ အခုလို အဝေးတစ်နေရာကသူတွေနဲ့ ဆက်သွယ်မှု တွေလည်းရှိမှာမဟုတ်တာကိုသတိပြုမိဖို့လိုပါတယ်။

    3 min
  • knowledge in 3 minutes

    #knowledge_in_3_minutes


    "မိမိကိုယ်ကို ချစ်တယ်ဆိုရင် အချိန် ၃ မိနစ်ပဲပေးပါ''


    L.A professional Group က Mental Health Consultant & Trainer တစ်ယောက် ဖြစ်တဲ့ Elizabeth Ei Hnin Phyu မှ Signs of Mental illness - စိတ်မကျန်းခြင်းလဏ္ခာ အကြောင်းတွေကို ပြောပြပေးထားတာဖြစ်ပါတယ်...


    စိတ်မကျန်းခြင်းလဏ္ခာ တွေနှင့် စိတ်မကျန်းမာတဲ့အခါ ဖြစ်ပေါ်လာတက်တဲ့ အခြေအနေဆိုးကျိုးတွေ ဘယ်လိုပြုပြင်နေထိုင်ရမယ်တွေကို လမ်းညွှန်ပေးသွဦးမှာဖြစ်ပါတယ်...


    Knowledge in 3 mins ကို ပတ္တမြား FM တွင် Wednesday 11:25 PM နှင့် Sunday 11:10 AM တို့တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါပြီ။

    #padamyarfm #FM #myanmarfm #Knowledge_in_3Minutes #Elizabeth_Ei_Hnin_Phyu #Eating_disorder

    5 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...