
Sign up to save your podcasts
Or


ပရိသတ်များအားလုံး မင်္ဂလာပါ...
ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် ...ဒါ့အပြင် ကိုယ်မသိသေးတဲ့ ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... ယခုတစ်ပတ်အတွက် တွေ့ဆုံမေးမြန်းထားကတော့ ဘဲလေးအကသင်တန်းဖွင့်ထားတဲ့ ဘဲလေးအက နည်းပြ မပန်သစ္စာ ပဲဖြစ်ပါတယ်။ ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော်....
It’s better to have an enemy who honestly says they hate you than to have a friend who’s putting you down secretly.
ပေါင်းသင်းဆက်ဆံရေး နဲ့ ဆက်နွယ်နေတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ လောကရဲ့ ခက်ခဲနက်နဲလှတဲ့ ပဟေဋိဆန်ဆန်ကိစ္စရပ် တွေထဲမှာပေါင်းသင်း ဆက်ဆံရေးဆိုတာကလည်းထိပ်တန်းကနေ ရပ်တည်ပါဝင်နေပါတယ်။ အဲဒီလို ရှုပ်ထွေးတဲ့ပေါင်းသင်း ဆက်ဆံရေးမှာ လူသား တိုင်းနဲ့ အချိန် ပြည့်အဆင်ပြေချောမွေ့တဲ့ ချစ်ခင်တဲ့ဆက်ဆံရေးမျိုးဆိုတာကောက်ရိုးပုံထဲမှာအပ်ပျောက် ရှာရသလိုမျိုးခဲယဉ်း လွန်းလှပါတယ်။ ကိုယ့်အတွက် မိတ်ဆွေဆိုတဲ့သူတွေနဲ့ ထာဝရချစ်ခင်ရင်းနှီးနေနိုင်ဖို့အတွက်ဆိုရင်လည်း လိုအပ်ချက်တွေ ပေးဆပ်စရာကိစ္စရပ် တွေကအများကြီးရှိလို့နေပါတယ်။
လူ့လောကမှာတော့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းနဲ့ မိတ်ဆွေသင်္ဂဟပေါများခြင်းဆိုတာကိုမင်္ဂလာတစ်ပါးလို့ သတ်မှတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ကိုယ်ပေါင်းနေသင်းနေတဲ့သူတွေ အကုန်လုံးကတော့ ကိုယ့် အတွက် စစ်မှန်တဲ့ အပေါင်းအသင်းတွေဖြစ်နေနိုင်ဖို့ဆိုတာကတော့ သိပ်ကိုမှခက်ခဲသွားပါပြီ။ အမြှီး ကျက်ရင်အမြှီးစားဖို့ အဆင်သင့်ဖြစ်နေကြတဲ့ ဒီနေ့ခေတ်လိုအချိန်ကာလမှာထာဝရမိတ်ဆွေကောင်းဆိုတာ ရှားပါး ကုန်ပစ္စည်း ဖြစ်နေပါပြီ။ အထူးသဖြင့်တော့ ကိုယ့်အတွက် ကိုပဲအလေးထားတတ်လာကြတဲ့အခါမှာကိုယ့်အတွက်ကိုယ် အဓိက ကြည့်ရင်းနဲ့ တခြားသူတွေအတွက် ထည့်သွင်းစဉ်းစားတတ် တဲ့စိတ်တွေကနည်းပါးလာပြီးသူတပါးကိုချနင်းရင် ကိုယ့်အတွက်အောင်မြင် နိုင်တယ်ဆိုလို့ကတော့ ချနင်းဖို့ ရယ်ဒီစောင့်ဆိုင်းနေ တဲ့သူတွေလည်းရှိမှာပါ။ ဒါကြောင့် အပေါင်းအသင်းပေါင်းတဲ့အခါမှာအထူး သတိထားဖို့လိုပါတယ်။
ခန္ဓာကိုယ်ကျန်းမာဖို့ အစာအာဟာရတွေ မျှတဖို့လိုအပ်သလို တွေးခေါ်နိုင်စွမ်းတွေမြင့်မားဖို့ ဗဟုသုတတွေဖြည့်ဖို့ လိုအပ်ပါတယ်...
မိမိကိုယ်ကို ချစ်တယ်ဆိုရင် အချိန် (၃)မိနစ်ပဲပေးပါ...
L.A professional Group က Mental Health Consultant & Trainer တစ်ယောက် ဖြစ်တဲ့ Elizabeth Ei Hnin Phyu မှ စိတ်ကျန်းမာရေးပြည့်စုံခြင်းဆိုတာဘာလဲ ဆိုတဲ့ အကြောင်းကို ပြောပြပေးထားတာဖြစ်ပါတယ်...
Knowledge in 3 mins ကို ပတ္တမြား FM တွင် Wednesday 11:25 PM နှင့် Sunday 11:10 AM တို့တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါပြီ။
#padamyarfm #FM #myanmarfm #Knowledge_in_3Minutes #Elizabeth_Ei_Hnin_Phyu
ဒီနေ့အတွက်စကား
You can’t be strong all the time. Sometimes you just need to be alone and let your tears flow.
သင့်အနေနဲ့အချိန်တိုင်းသန်မာကြံ့ခိုင်မနေနိုင်ပါဘူး။တစ်ခါတစ်လေတော့လည်းသင်တစ်ယောက်တည်းနေရင်းမျက်ရည်တွေကို လွတ်လွတ်လပ်လပ်စီးဆင်းခွင့်ပြုဖို့လိုပါတယ်လို့ ဒီနေ့အတွက်စကားရဲ့ ဆိုလိုရင်းကရှိပါတယ်။ ဒီစကားကတော့လူရှေ့သူရှေ့မှာအတွင်းစိတ်ဓါတ်ခိုင်မာဟန်ဆောင်နေရတဲ့သူတွေအနေနဲ့ တစ်ချိန်ချိန်မှာတော့ စိတ်ရဲ့ထွက်ပေါက်ဆိုတာလိုအပ်တယ်ဆိုတာကိုပြောပြနေတာပါ။ ကျွန်တော်တို့တတွေရဲ့ လူသားဘဝမှာနေ့စဉ်နဲ့အမျှ တွေ့ကြုံနေရတဲ့အဖြစ်အပျက်တွေ၊ နာရီနဲ့အမျှရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ ဖြတ်သန်းနေရတဲ့ အခက်အခဲတွေကြားမှာအမောကြီးမောလို့နေရပေမယ့် အများသူငါရှေ့မှာတော့ ဝမ်းနည်းပူဆွေးမှုကိုထုတ်ဖော်ပြလို့မရတဲ့ အဖြစ်မျိုးတွေလည်း ကြုံတွေ့ခဲ့ရဖူးမှာပါ။
အတွင်းစိတ်မှာသေလောက်အောင်ညစ်နွမ်းနေပေမယ့် ဟန်ဆောင်ပြီး ပြုံးခဲ့ရတဲ့ အသက်မဲ့အပြုံးတွေလည်း ဘဝတစ်လျှောက်မှာတစ်ကွေ့မဟုတ်တစ်ကွေ့တော့ ပြုံးခဲ့ဖူးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာလူသားတွေပါ။ စိတ်ခံစားမှုအမြင့်ဆုံးသောသက်ရှိတွေပါ။ ပျော်တတ်တယ်။ ကြည်နူးတတ်တယ်။ နာကျည်းတတ် တယ်။ ဝမ်းနည်းတတ်တယ်။ ပေါက်ကွဲတတ်တယ်။ ဒါပေမယ့် လူရှေ့သူရှေ့မှာလူယဉ်ကျေးတစ်ယောက်ရဲ့ ဝိသေသလက္ခဏာ အဖြစ် လူမှုရေးအရအဖြစ် မချစ်သော်လည်းအောင့်ကာနမ်းခဲ့ရတဲ့ အခိုက်အတန့်တွေ၊ ပြောချင်ပေမယ့် လည်ပင်းကနေထွက်မလာပဲတံတွေးနဲ့အတူ ပြန်လည်လို့မြိုချလိုက်ရတဲ့ မချိတင်ကဲစကားတွေလည်းရှိတတ်ပါတယ်။ ဒါကြောင့် စိတ်ထွက်ပေါက်အဖြစ်နဲ့ အပန်းဖြေမှုတွေကိုလုပ်ပေးသင့်ပါတယ်။
နေ့စဉ် လူမူဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေပေးသွားမယ့် Let's Do It အစီအစဉ်.....
လွယ်ကူပြီး လက်တွေ့အသုံးပြုလို့ရမယ့် နည်းလမ်းလေးတွေကို ဝေမျှထားပါတယ်...
Let's Do It အစီအစဉ်ကို Tuesday, Thursday, Friday ၊ မနက် 11:10 အချိန်တွင် စောင့်မျှော်နားဆင်နိုင်ပါတယ်....
ဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ The Life အစီအစဉ်ကစောင့်ကြိုနေပါတယ်.....
ဒီတစ်ပတ်မှာကော ဘယ်သူရဲ့ဘဝ ဒဿန တွေကို နားဆင်ရမှာလဲ?????
နှစ်လိုဖွယ်ကောင်းပြီး ချစ်ဖို့ကောင်းတဲ့ ပြက်လုံးတွေနဲ့ ပရိသတ်တွေကို နှစ်ပေါင်းများစွာ ရယ်မောစေခဲ့သူ ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် အကယ်ဒမီ ဦးမိုးဒီ ရဲ့ ဖြတ်သန်းခဲ့တဲ့ဘဝ ဒဿန တွေကို The Life အစီအစဉ်မှာ နားဆင်ခံစားနိုင်ပါတယ်......
When you have money in your hand, only you forget who you are. But when you do not have any money in your hand, the whole world forget who you are. It’s life.
Microsoft လုပ်ငန်းစုကြီးရဲ့ ပဲ့ကိုင်ရှင် အမေရိကန်သူဌေးကြီး Bill Gateပြောကြားခဲ့တဲ့ဒီစကားထဲကအတိုင်းပါပဲ။ ကျွန်တော်တို့ တတွေလက်ထဲမှာငွေရှိတဲ့ရက်တွေမှာကိုယ့်ကိုကိုယ်မေ့နေတတ်ပါတယ်။ အထူးသဖြင့် ငွေမရှိခဲ့တဲ့နေ့တွေမှာကိုယ်ဘယ်လို နေခဲ့သလဲဆိုတာကိုမေ့ပြီးငွေရတာနဲ့ သုံးချင်တဲ့စိတ်တွေ၊ စားချင်ဝယ်ချင်တဲ့စိတ်တွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် လစာ ထုတ်ရက်မရောက်ခင်တစ်ပတ်လောက်အလိုမှာဆိုရင် တော်တော်များများက ငြီးငြူကျ၊ ဘာဆိုဘာမှမဝယ်ရဲမစားချင်တွေ ဖြစ်တတ်ပါတယ်။ တစ်ခုခုဝယ်ရမယ်ဆိုရင်တောင်မှ အဲဒီပစ္စည်းကဘယ်လောက် အရေးကြီးလို့လဲ။ တကယ်လိုအပ်ရဲ့လားလို့ သေသေချာချာတွေးတောပြီးမဖြစ်မနေဆိုမှ လက်ကျန်ပိုက်ဆံကိုချင့်ချိန်လို့ ဝယ်တတ်ကြပါတယ်။
တကယ်လို့ ပေးဒေးရောက်လို့ လက်ထဲကိုပိုက်ဆံရောက်တဲ့အချိန်မှာတော့ အရင်ရက်ကမစားခဲ့ မသုံးခဲ့ရသမျှကိုအတိုးချလို့ စားချင်တာတွေဝယ်စား၊ သုံးချင်တာတွေ ဝယ်သုံးတတ်ကြပါတယ်။ အရင်ရက်တွေကိုမေ့လိုက်သလိုမျိုးအရင်မသုံးစွဲခဲ့ရတဲ့ရက် တွေကငုံသျှိုးထားတဲ့ စိတ်တွေဟာကိုယ့်လက်ထဲပိုက်ဆံရောက်လာတာနဲ့ ဘာရယ်မဟုတ် ဝယ်ဖြစ်သုံးဖြစ်သွားတတ်ကြပါတယ်။ ဒါကတော့ ဖြစ်လေ့ ဖြစ်ထရှိတဲ့အလေ့အထတစ်ခုပါ။
ပတ္တမြား FM ပရိသတ် အားလုံးပဲ မင်္ဂလာပါ......
အစိမ်းရောင်ချစ်သူ အစီအစဉ်ကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပရိသတ်များအတွက် ကမ္ဘာကြီးရဲ့ ဂေဟစနစ်တွေပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးနေတဲ့ Insect လေးတွေထဲက ပိုးစုန်းကြူးလေးတွေ အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးထားတာဖြစ်ပါတယ်....
နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေး တင်ဆက်ပေး သွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .
ဒီတစ်ပတ်မှာတော့ လက်ရှိအမေရိကန်နိုင်ငံ အောက်လွှတ်တော်ကCovid 19 ရောဂါအတွက် ဥပဒေတစ်ခုကိုပြဌာန်းပြီး နေရာမျိုးစုံကို ကူညီကယ်ဆယ်ရေးထောက်ပံ့ကြေးငွေ ၊ ရန်ပုံငွေ ပံ့ပိုးပေးနေပါတယ်။ ဟားဗတ်တက္ကသိုလ်က ပံ့ပိုးငွေကို လက်မခံပဲ အစိုးရက်ိုပြန်အပ်လိုက်သည့် အကြောင်းနှင့် ပတ်သက်ပြီး ဆွေးနွေးသုံးသပ်ပေးမှာ ဖြစ်ပါတယ်...
Be yourself no matter what. Some will adore you and some will hate everything about you. But who cares? It’s your life.
လောကမှာလူသားအချင်းချင်းတွေ့ဆုံပေါင်းသင်းဆက်ဆံရေးမှာကိုယ့်အပေါ်ကောင်းမွန်တဲ့ချစ်ခင်တဲ့သူတွေလည်းရှိမယ်။ ကိုယ် တိုးတက်သွားမှာကိုမနာလိုမရှုစိမ့်တဲ့သူတွေလည်းရှိမယ်။ ကိုယ်ဘယ်လောက်ပဲအကောင်းတွေလုပ်နေလုပ်နေမကောင်းမြင် နေမယ့် ကိုယ်လုပ်သမျှ မုန်းတီးနေမယ့်သူတွေလည်းရှိကြမှာပါ။ ဒါကတော့ လောကရဲ့ဖြစ်ရိုးစဉ်လာတစ်ခုဖြစ်တဲ့ လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့ စကားအတိုင်းပါပဲ။ တစ်ချို့တွေကတော့ ဒါတွေကိုတအားဂရုစိုက်တတ်ကြပါတယ်။ ကိုယ့်အပေါ် လူတွေ မချစ်ခင်မှာကိုယ့်ကိုလူတွေမုန်းသွားမှာအဲဒီလိုတွေ တွေးပြီးအောက်ကျို့ခံပေါင်းသင်းလို့ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်တဲ့အထိဖြစ်ကြတဲ့သူတွေပတ်ဝန်းကျင်မှာ ရှိကြပါတယ်။
တကယ်တော့ ကိုယ့်ကိုမုန်းမယ့်သူကကိုယ်သူတို့အတွက် ဘာတွေပဲကောင်းအောင်လုပ်ပေးလုပ်ပေးမုန်းတီးနေမှာပါ။ ကိုယ့် အပေါ်မကောင်းမြင်နေတဲ့သူကိုလည်း ခယဝတ်တွားပြီး ဆက်ဆံနေစရာမလိုပါပဲ။ တကယ်တမ်းလိုအပ်တာကိုဘယ်သူ့ကိုမဆို လူလူချင်းကိုယ်ချင်းစာတရားနဲ့ဆက်ဆံတတ်ဖို့ကအထူးအရေးကြီးပါတယ်။ သူတပါးစိတ်ထိခိုက်စေမယ့် စကားတွေမပြောဖို့၊ သူတပါးနစ်နာစေမယ့် အလုပ်မျိုးတွေမလုပ်မိအောင်နေဖို့ ဒါတွေကသာအရေးကြီးပါတယ်။
From the publisher's feed
Wherever you go PadamyarFM will be there with you...