Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    Your mind is a powerful thing. When you fill it with positive thoughts, your life will being to change.

    ကျွန်တော်တို့တတွေရဲ့အတွင်းစိတ်ဆိုတာတကယ့်ကိုမှ အင်အားကြီးမားတဲ့အရာပါ။ လူရယ်လို့ဖြစ်လာရင် အတွင်း စိတ်ရယ် အပြင်ကိုယ်ရယ်ရှိတဲ့အထဲမှာအရာအားလုံးကိုဦးဆောင်နေတာကတော့ အတွင်းစိတ်ပါပဲ။ ကိုယ့်ဘဝကြီးကို လက်ရှိ အခြေအနေ ကထက်ပိုပြီး မြင့်တက်လာစေဖို့ တခြားသူတွေဘယ်လိုပဲအကြံတွေပေးပေးကိုယ့်စိတ်က လုပ်ချင်စိတ်မရှိသေးသရွေ့ ကိုယ့်ရဲ့ ကိုယ်ကလည်းလိုက်လုပ်မှာမဟုတ်သလို၊ ကိုယ့်စိတ်ထဲမှာ ဖြစ်ချင်တဲ့ဆန္ဒပြင်းပြလွန်းတဲ့အခါမှာလည်းမည်သူတစ်ဦး တစ်ယောက်ကမှ တားဆီးလို့မရတဲ့အထိလည်း ဖြစ်စေနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်ကိုကိုယ်ထိန်းချုပ်နိုင်ဖို့ပါပဲ။

    ကောင်းတာလုပ်မိစေမှာလည်းကိုယ့်စိတ်ကြောင့်ပါပဲ။ အဆုံးစွန်းသောဆိုးသွမ်းမှုတွေကိုလုပ်မိစေမှာလည်းကိုယ့်စိတ်ကြောင့်ပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့အတွင်းစိတ်ဆိုတာကိုယ်တိုင် ပီပီပြင်ပြင်ထိန်းချုပ်နိုင်မှ ကိုယ့်ရဲ့ဘဝအတွက် အခက်အခဲမရှိမှာပါ။ ကိုယ့်စိတ် ကိုတောင်ကိုယ်မနိုင်တဲ့သူတွေဟာဘယ်လိုနည်းနဲ့မှ တခြားသောအရာတွေကိုလည်းထိန်းချုပ်နိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ကကောင်းမွန်တဲ့အခြေအနေကောင်းမွန်တဲ့နေရာကိုလိုချင်တယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ကိုအရင်ဆုံးကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ဖို့လိုပါတယ်။

    3 min
  • ဒီနေ့အတွက်စကား

    All life is an experiment. The more experiments you make the better.

    ဒီစကားကတော့ လောကမှာနေထိုင်ကြတဲ့သူတိုင်း ဖြတ်ကျော်နေရတဲ့အခက်အခဲတွေကို အခြေပြုပြီး ဖြစ်တည်လာတဲ့ စကား တစ်ခွန်းပါ။ ဘဝ။ စကားလုံးကတော့ နှစ်လုံးထဲပါ။ ဒါပေမယ့် အဲဒီဘဝဆိုတဲ့အရာဟာ ဖြတ်သန်းရမယ့် လူသားတိုင်း အတွက် တော့ စမ်းသပ်မှုတွေချည်းပါပဲ။ လူ့လောကရဲ့စမ်းသပ်မှုတွေ ဘဝရဲ့ပြဿနာတော်တော်များများရဲ့ အပေါ်ယံကို ကြည့်ရင် မတူကွဲပြားသယောင်ရှိပေမယ့် အရင်းအမြစ်ကို ကြည့်တဲ့အခါမှာတော့ ဖြေရှင်းပုံဖြေရှင်းနည်းတွေကတော့ တစ်ခါတစ်လေ သံတူကြောင်းကွဲတွေဖြစ်နေတတ်ပါတယ်။

    ကိုယ့်ဘဝမှာ ကြုံခဲ့ဖူး၊ ဖြတ်ကျော်ခဲ့ဖူးတဲ့ စမ်းသပ်မှုတွေကို မှတ်သင့်တာတွေကို မှတ်ထားမယ်ဆိုရင်တော့ နောက်ကိစ္စကို ဖြေရှင်းတဲ့အခါမှာ လွယ်ကူနိုင်ပါတယ်။ ဒါကြောင့် ဘဝရဲ့ စမ်းသပ် မှုတွေကို မငြင်းဆန်လိုက်ပါနဲ့။ ကိုယ့်အနေနဲ့ စမ်းသပ်မှု တစ်ခုကို အောင်မြင်တယ်ဆိုရင် အဲဒီစမ်းသပ်မှုရဲ့ရလာဒ် အောင်မြင်ခြင်း အပါအဝင် စိတ်ကျေနပ်မှုကို ရရှိပိုင်ဆိုင်ပါလိမ့်မယ်။ တကယ်လို့ ကိုယ်က စမ်းသပ်မှုမှာ ခြေချော်လက်ချော် ကျရှုံးခဲ့တယ်ဆိုရင် လည်း စမ်းသပ်မှုကို ဖြေရှင်းနေတဲ့အချိန်အတွင်းမှာ ရလိုက်တဲ့ အတွေ့အကြုံတွေက ဘာနဲ့မှ လဲလို့မရတဲ့ အမြတ်ပါပဲ။ အဲဒီ အတွေ့အကြုံကို အခြေခံပြီး ပုံစံတူစမ်းသပ်မှုတွေကို ထပ်မံပြီး ကြိုးစားကြည့်နိုင်ပါသေးတယ်။ ဒါဟာ အတွေ့အကြုံရဲ့ အရေး ပါမှုပါ။

    3 min
  • ဒီနေ့အတွက်စကား

    Storm doesn’t last forever.

    မုန်တိုင်းဆိုတာ အစဉ်ထာဝရမပြင်းထန်နိုင်ပါဘူး။ ဒီနေ့အတွက်စကားကိုတော့ မှတ်သားစရာအဆိုအမိန့်စကားတွေ အများ ကြီး တည်ရှိနေတဲ့ Power Of Positivity Web Page ကနေ ကောက်နှုတ်လို့ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်။ လောကမှာ လူးလာ ခေါက်တုန့်ရုန်းကန်ရှင်သန် နေကျတဲ့ လူသားတိုင်းလူသားတိုင်းအခက်အခဲဆိုတာနဲ့ တွေ့ကြုံရဖူးမှာပါ။ ကိုယ့်အတွက် ခဲ ယင်း လွန်းတဲ့ အခိုက်အတန့်တွေ လည်း ကြုံတွေ့ရမှာပါ။ တစ်ခါတစ်လေလောကရဲ့ရိုက်ပုတ်ချက်က ပြင်းထန်လွန်းတဲ့အခါ မှာ ခံနိုင်ရည် စွမ်းတွေကျဆင်းပြီး ဒီဘဝကြီးကို မနေချင်တော့တဲ့အထိလည်းခံစားရကောင်းခံစားရနိုင်ပါတယ်။

    သန္ဒေစတည်ကတည်းကမိခင်ရဲ့ ဝမ်းကြာ တိုက်ကျဉ်းကျဉ်းလေး ထဲမှာခက်ခဲစွာနဲ့ ရှင်သန်နေခြင်းနဲ့စတင်သလို လူ့လောက အပြင်ဘက်ကိုရောက်တဲ့အချိန်မှာလည်း လောကရဲ့ စိတ်ခေါ်မှုပေါင်း များစွာကို ကျွန်တော်တို့တွေ ရင်ဆိုင်ရမှာပါ။ အထူးသဖြင့် အပြိုင်အဆိုင်များတဲ့ ဒီနေ့လိုခေတ်ကြီး မှာဆိုရင် လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေ၊ လိုလားချက်တွေကတစ်နေ့နဲ့ တစ်နေ့ တောင်မှ မတူညီအောင် များပြားလာပါတယ်။ ဒီလိုစိန်ခေါ်မှုပြင်းထန်တဲ့ လောကကြီးထဲမှာကိုယ့်အပေါ် ကံကြမ္မာရဲ့ ထိုးနှက်ချက် တွေ၊ မလိုသူတွေရဲ့ အကောက်ကြံခံရမှုတွေ စသည်ဖြင့် ဒုက္ခပေါင်းစုံကိုကိုယ့်အရွယ်နဲ့ကိုယ်ဖြေရှင်းကျော်ဖြတ်ရမှာဓမ္မတာပါပဲ။

    3 min
  • Knowledge For All

    ဥာဏ်ကို ဥာဏ်ခြင်း ယှဉ်တဲ့ခေတ် New World.....

    ရင်ဆိုင်ယှဉ်ပြိုင်ဖို့အတွက် Are You Ready?

    အရာရာတိုင်းအတွက် ခေတ်သစ်ကြယ် Knowledge .......

    ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All . .......

    လုပ်ငန်းခွင်တစ်ခုကနေ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးနေတဲ့ Knowledge for All . ........

    Covid ကြောင့် အောင်မြင်လာတဲ့လုပ်ငန်းများရှိသလို၊ Covid နှင့်အတူ မွေးဖွားလာတဲ့ လုပ်ငန်းများလည်းရှိပါတယ်။ ဆုံးရှုံးနစ်နာ သွားတဲ့လုပ်ငန်းများ၊ ရပ်ဆိုင်းသွားတဲ့လုပ်ငန်းများ လည်းရှိပါတယ်......

    ဒီတစ်ပတ်မှာတော့ PS Business School မှဆရာဦးမျိုးမင်းမှ " Covid နှင့်လုပ်ငန်းများအကြောင်း" ကို ဆွေးနွေးပေးထားပါတယ်.....

     

    15 min
  • I'M

    I'm a photographer.

    I'm...?????

    သင်ရော ဘာဖြစ်ချင်တာလဲ???

    အောင်မြင်တဲ့ Photographer တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ သိချင်သူတွေ၊ ဓာတ်ပုံပညာကို ဝါသနာပါတဲ့သူတွေ၊ ဓာတ်ပုံပညာနှင့်အသက်မွေးဝမ်းကြောင်းပြုပြီး ရပ်တည်ချင်သူတွေ ကို Padamyar FM Facebook Page ကနေ ဓာတ်ပုံ ပညာရပ်နှင့်ပတ်သက်ပြီးသိလိုသည်တွေကို မေးမြန်းဖို့ ဖိတ်ခေါ်ထားပါတယ်......

    ဒီတစ်ပတ်ရဲ့ I'm အစီအစဉ်ကနေ ဓာတ်ပုံပညာရပ်နှင့် ပတ်သက်ပြီးပရိသတ်များသိလိုသည်များကပြန်လည်ဖြေကြားဖို့ ပညာရှင်တစ်ဦးကို ဖိတ်ခေါ်ထားပါတယ်၊ ပရိသတ်များသိလိုသည်များကို ဓာတ်ပုံ ပီတာမှပြန်လည်ဖြေကြားပေးထားပါတယ်......

    15 min
  • ဒီနေ့အတွက်စကား

    Patience is not the ability to wait but the ability to keep a good attitude while waiting.

    ဒီစကားကတော့ သည်းခံတတ်တယ်ဆိုတာ ဘယ်လိုအရာမျိုးကိုဆိုတာကို ပြောပြထားတဲ့ စကားပါ။ လောကမှာ ကိုယ်လိုချင် တဲ့ အရာတစ်ခုကို ချက်ခြင်းလက်ငင်းဆိုသလို ရတတ်တဲ့ ပြောရရင် ကံကောင်းတဲ့သူတွေလည်း ရှိသလို ကိုယ်လိုချင်တဲ့အရာ ကိုယ်ဖြစ်ချင်တဲ့ကိစ္စ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်တစ်ခုကို ရဖို့ဖြစ်ဖို့ရောက်ဖို့ အချိန်ကာလတွေအများကြီး စောင့်ဆိုင်း ရတဲ့ သူတွေ လည်းရှိပါတယ်။ ကိစ္စတစ်ခုအကျိုးအကြောင်းတိုက်ဆိုင်မှသာဖြစ်တည်သွားလို့ ကိုယ်လိုချင်တဲ့အရာကို ရလိုက်တဲ့ သူတွေလည်း ရှိပါတယ်။ တစ်ချို့ ကတော့ ကိုယ်ကတော့လိုချင်ပါရက်နဲ့ စောင့်ဆိုင်းရမှာကို မနှစ်သက်တဲ့အတွက် ကိုယ်ရချင်တဲ့အရာနဲ့ ဝေးသွားတဲ့သူတွေလည်း ရှိကြပါတယ်။

    တကယ်တော့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်လိုချင်ဖြစ်ချင်တဲ့ ဆန္ဒ တစ်ခုအတွက်ဆိုရင် အချိန်ဘယ်လောက်ပဲပေးရပေးရ စောင့် ဆိုင်း သင့်တဲ့အရာဆိုရင် စောင့်ဆိုင်းရမှာပါ။ တန်ဖိုးမြင့်မားတဲ့အရာ တွေက ဘယ်သောအခါမှာမှ လွယ်လင့်တကူမရနိုင် ပါဘူး။ ဒါကြောင့် ကိုယ်က စောင့်ဆိုင်းနေရ တာကို စိတ်မပျက်သွားပဲ အခါ အခွင့်သင့်လာတဲ့အချိန်အထိ ဇွဲရှိရှိနဲ့ ကြိုးစားရပါ မယ်။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...