
Sign up to save your podcasts
Or


ပရိတ်သတ်များအားလုံး မင်္ဂလာပါ... ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် .. ဒါ့အပြင် ကိုယ်မသိသေးတဲ့ .ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... ယခုတစ်ပတ်အတွက် တွေ့ဆုံမေးမြန်းထားကတော့ Special Effects Makeup Artist Hannayuri ပဲဖြစ်ပါတယ်။ ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော် . .
ဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ The Life အစီအစဉ်ကစောင့်ကြိုနေပါတယ်.....
ဒီတစ်ပတ်မှာကော ဘယ်သူရဲ့ဘဝ ဒဿန တွေကို နားဆင်ရမှာလဲ?????
အမိုက်စား စကားလုံးတွေနဲ့ တေးသီချင်းတွေကို အသက်သွင်းတတ်တဲ့ ၊သီချင်းတွေကို ရေးလဲရေးဆိုလည်းဆိုတဲ့ တေးသံရှင် Oasix ကသီချင်းတွေကို ဘယ်ချိန်ကတည်းက စိတ်ဝင်းစားခဲ့လဲ ဆိုတာကို The Life အစီအစဉ်မှာ နားဆင်ခံစားနိုင်ပါတယ်......
Being negative only cause depression. So hold your head up high, put a smile on your face and go live a positive way.
မကောင်းမြင်တတ်တဲ့စိတ်ကြောင့် ဖြစ်တတ်တဲ့ ဆိုးကျိုးကိုပြောပြထားပြီး အကောင်းမြင်တတ်တဲ့စိတ်ကို မွေးမြူနေထိုင်ဖို့ အတွက် တိုက်တွန်းထားတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ မကောင်းမြင်တတ်တဲ့စိတ်၊ ပြောရမယ်ဆိုရင် အပျက်သဘော အရင်းခံတဲ့စိတ်ကအရာတိုင်းကိစ္စတိုင်းမှာဘယ်သူမှားတယ်၊ ဘယ်သူအပြစ်ရှိတယ်ဆိုတဲ့အရာတွေကိုပဲ ရှာဖွေပေးလေ့ရှိ ပါတယ်။ ဒါပေမယ့် တခါတလေ မှာတစ်ချို့သောကိစ္စရပ်တွေက တရားခံရှာဖို့ထက် အကောင်းဆုံးဖြေရှင်းပြေလျော့သွားဖို့လိုအပ်ပါတယ်။
ဖြေရှင်းပြေလျော့သွားရယ့် ကိစ္စရပ်တွေမှာ မကောင်းမြင်တတ်တဲ့ အပျက်သဘော စိတ်နေစိတ်ထားနဲ့ ပြဿနာကိုမကြီးကြီး အောင် မီးလောင်ရာကိုလေကပါပင့်လိုက်တဲ့အခါမှာတော့ ပြဿနာကမလိုလားအပ်ဘဲ ပွားသွားတာ၊ ကြီးမားပြီးဖြေရှင်းရ ပိုပြီးခက်ခဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ တကယ်တော့ တစ်ချို့သောကိစ္စရပ်တွေဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေလိုသောစိတ်မရှိပါဘဲနဲ့ မတော်တဆဆိုသလို ဖြစ်ပျက်သွားတာတွေလည်းရှိတတ်တာ ကိုမေ့မထားသင့်ပါဘူး။ အဲဒီလိုမတော်တဆကိစ္စရပ်အဖြစ်အပျက်တွေကိုမကောင်းမြင်တတ်ခြင်းက တရားခံဘယ်သူဆိုတာကိုပဲ အတင်းကာရော ရှာဖွေနေသလိုဖြစ်ပြီး ပြဿနာတစ်ခုပြေငြိမ်းသွားဖို့အတွက် လွယ်လင့်တကူ ဖြစ်နိုင်တော့မှာမဟုတ်ပါဘူး။
ပတ္တမြား FM ပရိသတ် အားလုံးပဲ မင်္ဂလာပါ......
အစိမ်းရောင်ချစ်သူ အစီအစဉ်ကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပရိသတ်များအတွက် စိုက်ပျိုးရေးလုပ်ငန်းမှာ သိပ်ကိုအရေးပါပြီး လူသားတွေရဲ့စားနပ်ရိက္ခာ၊ ဂေဟစနစ်အတွက်မရှိမဖြစ်အရေးပါတဲ့ Insect လေးတွေ အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်....
Insect လေးတွေနဲ့သဘာ၀ပတ်ဝန်းကျင်အကြား ဆက်စပ်မူကို နားဆင်ရမှာဖြစ်ပါတယ်...
နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .
ဒီတစ်ပတ်မှာတော့ CNN သတင်းတစ်ပုဒ် ဖြစ်တဲ့ တရုတ်နိုင်ငံအတွင်း Moon Cake Festival - လမုန့်ပွဲတော် နွှဲပျော်တဲ့ အကြောင်းကို သုံးသပ်ပေးမှာ ဖြစ်ပါတယ်.....
A little jealousy in a relationship is healthy. It’s always nice to know someone is afraid to lose you.
ဆက်ဆံရေးတစ်ခုမှာအနည်းငယ်သောဝန်တိုမှုက ကျန်းမာစေပါတယ်။ ကိုယ့်ကိုဆုံးရှုံးရမှာကိုကြောက်နေတဲ့ တစ်စုံတစ်ယောက်ရှိ နေတာကို သိရတာ သိပ်ကိုမှ ကျေနပ်စရာကောင်းပါတယ်တဲ့။ ချစ်ရတဲ့သူကို သဝန်တိုတတ်တဲ့သူတွေက ဘယ်သူတွေများလဲ။ ကိုယ်ချစ်သူရဲ့ သဝန်တိုမှုတွေကို ခံစားနေရတဲ့သူတွေကရော ဘယ်သူတွေများပါလဲ။ တကယ်တော့ သဝန်တိုတယ်ဆိုတာ ယောကျာ်းမှ မိန်းမရယ်မှ မဟုတ်ပါဘူး။ လူတိုင်း ချစ်ခြင်းတရားကို အခြေခံပြီး အနည်းနဲ့အများ သဝန်တိုစိတ်ဆိုတာရှိတတ်ကြပါ တယ်။
လောကမှာ ပေါင်းသင်းဆက်ဆံရေးဆိုတာသိပ်ကိုမှ အရေးကြီးပါတယ်။ ဒီလိုမျိုးအရေးကြီး တဲ့ ပေါင်းသင်းဆက်ဆံရေးမှာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ သံယောဇဉ်ဆိုတာကလည်း အဓိကကျပါတယ်။ အဲဒီလို အဓိ ကကျတဲ့ သံယောဇဉ်ကို အခြေခံလို့ နှစ်ဦးကြားက ဆက်ဆံရေးမှာ မနာလိုဝန်တိုမှုလေးတွေက ဖြစ်တည်လာတတ်ပါတယ်။ အထူးသဖြင့် အမျိုးသားနဲ့ အမျိုးသမီးချစ်သူနှစ်ဦးကြား၊ သမီးရည်းစားဆက်ဆံရေးကြား၊ လင်မယားနှစ်ယောက်ကြားမှာ အဲဒီလို မျိုး သံယောဇဉ်အမျှင်အတန်းကြောင့်ပဲ သဝန်တိုမှုဆိုတာလေးတွေဖြစ်တည်လာပါတယ်။ အဲဒီသဝန်တိုမှုဆိုတာကလည်း တစ် ယောက်ကို ကျန်တစ်ယောက်ကချစ်တယ်။ အချစ်နဲ့ထပ်တူ ဆုံးရှုံးလိုက်ရမှာ၊ ကိုယ့်ကိုထားသွားမှာကို ကြောက်ရွံ့တဲ့စိတ်ကနေ အခြေ ခံတာပါပဲ။ ဒါကြောင့် ချစ်ခြင်းတရားကို အခြေတည်တဲ့ ဆက်ဆံရေးတစ်ခုမှာ သဝန်တိုမှုလေးတွေကလည်း အဲဒီဆက်ဆံရေးအ တွက် ကောင်းမွန်တဲ့ကျန်းမာရေးကိုဖြစ်စေပါတယ်။ အထူးသဖြင့် ကိုယ့်ကိုဆုံးရှုံးလိုက်ရမှာကို ကြောက်နေတဲ့ တစ်စုံတစ်ယောက် ရှိနေတယ်ဆိုတဲ့အသိဟာ သိပ်ကိုမှ ကျေနပ်စရာကောင်းပါတယ်။ လောကကြီးမှာ ရှင်သန်နေရကျိုးလည်းနပ်တယ်လို့ ခံစားရစေ နိုင်တဲ့ ခံစားချက်ဖြစ်ပါတယ်။
We always work for a better tomorrow. But when tomorrow comes, instead of enjoying, we again think of a better tomorrow! Let’s have a better today!
ကျွန်တော်တို့အားလုံးဖြစ်ပျက်နေတတ်တဲ့အဖြစ်အပျက်တစ်ခုကို မီးမောင်းထိုးပြောပြထားတဲ့စကားတစ်ခွန်းဖြစ် ပါတယ်။ ကျွန်တော်တို့လူသားတွေ လောကမှာရှင်သန်ရုန်းကန်နေကြတာဟာ ဘာအတွက်ကြောင့်လဲလို့မေးရင် မနက်ဖြန်မှာ ပိုမိုကောင်းမွန်ခြင်းတွေကို ပိုင်ဆိုင်ချင်ကြလို့ အခုလိုကြိုးစားလုပ်ဆောင်နေကြတာလို့ ဖြေကြပါလိမ့်မယ်။ မရောက်သေးတဲ့ အနာဂတ်အချိန်တစ်ခုဖြစ်တဲ့မနက်ဖြန်တွေအတွက် ကျွန်တော်တို့တွေ ဒီနေ့တိုင်း ဒီနေ့တိုင်းမှာ နေ့စဉ်နဲ့အမျှရုန်းကန်နေကြပါ တယ်။ ဒီနေ့ကိုယ့်မှာမရှိသေးတဲ့အရာတွေ မနက်ဖြန် ကိုယ့်လက်ဝယ်ရောက်လာစေဖို့အတွက် ကျွန်တော်တို့တတွေ မောလို့ မော ရမှန်းမသိအောင်ကို ကြိုးစားရုန်းကန်နေကြရပါတယ်။
အခုလက်ရှိပစ္စုပန်အခြေအနေတိုင်းကပေးလာတဲ့အခွင့်အရေးတိုင်းကို လက်ဆုပ်လက်ကိုင်ပြုလို့ အကောင်းဆုံးရပ်တည်ကြပါတယ်။ ဒါပေမယ့် မနက်ဖြန်ဆိုတာက နေ့စဉ်တိုင်းမှာ ရောက်လာတဲ့အခါ မှာလည်း ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေက ရပ်သွားလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ မနေ့အတွက် မနက်ဖြန်ဖြစ်ခဲ့တဲ့ ဒီနေ့ ဟာ ကြိုးစားရုန်းကန်နေတဲ့သူတစ်ယောက်အတွက်တော့ ရရှိတဲ့ ၂၄နာရီဟာ မလုံလောက်သလိုကိုဖြစ်နေတတ်ပါတယ်။ ဒါပေ မယ့် သေချာစဉ်းစားကြည့်မယ်ဆိုရင် မနက်ဖြန်မှာ ကျွန်တော်တို့ နိုးထရှင်သန်နိုင်မယ်ဆိုတာကို အပ်ချမတ်ချပြောလို့မရပါဘူး။
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ လေလည်တဲ့ အသံအမှန်ကဘာလဲဆိုတာကို ပရိသတ်များကိုမေးမြန်းထားပါတယ်....
ပရိသတ်များ ရင်ထဲက စိတ်ကူးအတိုင်းပြောထားကြတဲ့ ပြောကြည့် အစီအစဉ် ပဲဖြစ်ပါတယ်.......
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
Stress makes you think that everything has to be fixed right now. Just breathe. Remember, things have a way of working themselves out.
စိတ်ဖိစီးမှုတွေက ဖြစ်ပျက်တာတွေကို ချက်ခြင်းဖြေရှင်းရမယ်လို့ သင့်ကိုတွေးမိပါစေလိမ့်မယ်။ အေးဆေးစွာအသက်ကို ရှူသွင်း ရှုထုတ်လိုက်ပါ။ အရာတိုင်းမှာ သူ့အလိုလို ပြေလျော့သွားဖို့နည်းလမ်းတွေရှိပြီးသားပါ။လူသားတိုင်းမှာ ဖြစ်လေ့ ဖြစ်ထရှိတတ်တဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတာကို ပြောပြထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ လောကအလယ်မှာရုန်းကန် ရှင်သန်နေကြရင်းနဲ့ ကိုယ်လိုချင်ဖြစ်ချင်တဲ့အရာတွေနောက်ကို တကောက်ကောက်လိုက်နေကြပါတယ်။ တစ်ချို့က ကြွယ်ဝချမ်း သာမှုနဲ့ ငွေကြေးနောက်ကိုလိုက်ကြသလို တစ်ချို့ကတော့ အောင်မြင်မှုနောက်ကို ထပ်ကြပ်မခွာလိုက်နေတတ်ကြပါတယ်။ တစ်ချို့ကြတော့လည်း အေးချမ်းသာယာမှုကိုခုံမင်လို့ ရှာဖွေ တတ်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ဖြစ်ချင်တဲ့အရာ တွေနောက်ကို လိုက်နေရင်းနဲ့ ကိုယ်မလိုချင်တဲ့ ကိုယ်မဖြစ် ချင်တဲ့ ကိုယ့်အတွက်မလိုအပ်တဲ့အရာတွေကိုလည်း လက်သင့်ခံ လိုက်ရတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဘယ်သူကမှတော့ စိတ်ထဲမှာ စနိုးစနောက်ဖြစ်မှုနဲ့ စိတ်ဖိစီးမှုတွေကို လိုချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ကြိုးစားရှာဖွေနေတဲ့အရာတွေ ကြားကပဲ ကိုယ်မလိုမဖြစ်ချင်တဲ့ စိတ်ဖိစီးမှုတွေကို ရလာကြပါ တယ်။ ကိုယ်ဖြစ်ချင်တာတွေက မအောင်မြင်တဲ့အခါမှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာ များပြားလှတဲ့အလုပ်တာဝန်တွေကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုတွေကို ကျွန်တော်တို့တတွေခံစားရတတ်ပါတယ်။
From the publisher's feed
Wherever you go PadamyarFM will be there with you...