Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေး တင်ဆက်ပေး သွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .

    ဒီတစ်ပတ်မှာတော့ Covid 19 ကာကွယ်ဆေးနဲ့ပတ်သက်ပြီး နောက်ဆုံးရသတင်းတွေကို ဆွေးနွေး သုံးသပ်ပေးမှာ ဖြစ်ပါတယ်.....

    11 min
  • ဒီနေ့အတွက်စကား

    Life is very complicated. Don't try to find answers because when you find answers Life changes the questions.

    ဒီစကားကတော့ ဘဝရဲ့မေးခွန်းတွေကို အတင်းကြီးလိုက်အဖြေရှာ နေခြင်းက သိပ်ပြီး အသုံးဝင်မှာမဟုတ်ဘူးဆိုတာကို ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ပိုင်ဆိုင်ထားတဲ့ တစ်သက်တာဘဝဆိုတာ သိပ်ကိုမှ ရှုပ်ထွေးလွန်းလှပါတယ်။ မေးခွန်းပေါင်းများစွာကို ဘဝတစ်လျှောက်မှာ ဖြတ်သန်းနေရင်း ဖြေရှင်းနေရပါတယ်။ အဲဒီလိုဘဝကပေးလာတဲ့ မေးခွန်းတွေအခက်အခဲတွေကို တအားကြီးအာရုံစိုက်ပြီး ဖြေရှင်းနေတာမျိုးကိုလည်း တတ်နိုင်သလောက် မလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ မေးခွန်းတွေကို အရမ်းကြီး အားစိုက်လေ ကိုယ့်ရဲ့စိတ်ထဲမှာ မွန်းကြပ်လေ၊ အဖြေနဲ့ ကိုယ်နဲ့က ပိုပြီးဝေးလေလေ ဖြစ်တတ်ပါတယ်။

    အခက်အခဲ တွေကို ဖြေရှင်းတဲ့အခါမှာ အရမ်းကြီး အာရုံစူးစိုက်တာမျိုးထက် ပေါ့ပေါ့ပါးပါးနဲ့ ဖြေရှင်းပါ။ နောက်ထပ်အနေနဲ့ ကိုယ့်မှာမှ ဒီလို မျိုး အခက်အခဲတွေကို ကြုံတွေ့ရတာမဟုတ်ဘူးဆိုတာကိုလည်း မေ့မထားသင့်ပါဘူး။ ဒါကြောင့် အခက်အခဲတွေကို သက် တောင့်သက်သာနဲ့ သာသာယာယာဖြတ်သန်းစေချင်ပါတယ်။ အခက်အခဲဆိုတာ ကိုယ်တစ်ယောက်တည်းဖြစ်နေတာမျိုးမဟုတ် တဲ့အတွက် လူတွေကြားထဲမှာ ကိုယ်ဟာ အနည်းဆုံးသာမာန်အဆင့်ကိုရှိနေအောင် ပြေလည်တဲ့အထိဖြေရှင်းရပါမယ်။ ပြဿနာ ကို အောင်မြင်အောင်ဖြေရှင်းနိုင်မှသာ သာမန်လူတစ်ယောက်ကနေ လူတော်တစ်ဦးဖြစ်လာမှာပါ။

    3 min
  • မနောမြေမှတေးသံသာ

    ပတ္တမြား FM ပရိသတ်များအားလုံးမင်္ဂလာပါ၊၊မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ အပတ်စဉ် တင်ဆက်ပေးနေကြအတိုင်း ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူတွေရဲ့တေးသီချင်းကောင်းတွေကို ရွေးချယ်လို့တင်ဆက်ပေးတော့မယ့် မနောမြေမှတေးသံသာ အစီအစဉ် ဖြစ်ပါတယ်၊ စောင့်မျှော်နားဆင်ပေးပါဦးနော် ............

    25 min
  • ဒီနေ့အတွက်စကား

    Sometimes you have to keep your good news to yourself. Everybody is not genuinely happy for you.

    တစ်ခါတစ်လေမှာ သင့်ဘဝအတွက် သတင်းကောင်းတွေကို သင်ကိုယ်တိုင် ထိန်းသိမ်းထားဖို့လိုပါတယ်။ လူတိုင်းကတော့ သင့်အတွက် စစ်စစ် မှန်မှန်ပျော်ရွှင်နေမှာမဟုတ်ပါဘူးတဲ့။ကျွန်တော်တို့ပုထုဇဉ်လူသားတွေအတွက် ကိုယ့်ဘဝမှာ ကိုယ့်အတွက် ကောင်းမွန်တဲ့သတင်းကောင်းတွေကို ထိန်းသိမ်းထားဖို့လိုအပ်တဲ့အကြောင်းကိုပြောပြထားတာဖြစ်ပါတယ်။ လောကမှာ ကိုယ့်ကို ချစ်ခင်တဲ့သူတွေလည်းရှိသလို ကိုယ့်မကောင်းသတင်းကိုမှနားထောင်ချင်တဲ့သူတွေလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတတ်ပါ တယ်။ ကိုယ်ဒုက္ခရောက်နေတာကိုမှ ကြားချင်ကြတယ်။ ကိုယ်စိတ်ဆင်းရဲနေတာကို မြင်ချင်ကြတဲ့ ကိုယ့်ကိုမုန်းနေတဲ့သူတွေ လည်း ရှိနေမှာပါပဲ။ ဒါကြောင့် ကိုယ့်ကိုမုန်းတဲ့သူတွေ ပျော်ရွှင်အောင် ကိုယ့်ရဲ့ဘဝမှာ မကောင်းတဲ့သတင်းတွေ၊ ကိုယ့်အတွက် ဝမ်းနည်းစရာတွေ ဖြစ်မနေအောင် ကိုယ့်ကိုကိုယ်သတိထားစောင့်ရှောက်ရပါမယ်။ ကိုယ့်ကိုထိခိုက်စေမယ့် ကိုယ့်ဘဝအတွက် နစ်နာစေမယ့် မကောင်းသတင်းတွေမထွက်အောင် သတိထားရမယ်။

    နောက်ထပ်အနေနဲ့ သတိထားရမယ့်အချက်တစ်ခုကတော့ လောကမှာ ကောင်းသတင်းဆိုတာထက် မကောင်းတဲ့သတင်းဆိုးဆိုတာက ပိုပြီးတော့ ပျံ့နှံ့မှုနှုန်း ပိုပြီးမြန်ဆန်တာကိုလည်း သတိထားရပါ မယ်။ သတင်းတစ်ပုဒ်ဆိုရင် လူတွေအချင်းချင်း ပြောကြဆိုကြရင်းနဲ့ တဖြည်းဖြည်းပျံ့နှံ့သွားမှာဖြစ်သလို ကောင်းတဲ့သတင်း ဆိုရင်တော့ ခဏတာသာ လူတွေထဲမှာ စိမ့်ဝင်မှုရှိပေမယ့် မကောင်းသတင်းဆိုရင်တော့ အချိန်ကာလအကြာကြီးအထိကို ကိုယ့် နောက်ကို အရိပ်မည်းတစ်ခုလို လိုက်နေမှာပါ။

    3 min
  • သီချင်းထဲကဘဝ ဘဝထဲက သီချင်း

    ပတ္တမြား FM ပရိသတ်များအားလုံးမင်္ဂလာပါ၊၊

    တေးရေးဆရာတွေရဲ့ဘဝအမှတ်တရတွေ၊ တေးသီချင်းရေးသားဖန်တီးမူတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးနေတဲ့ သီချင်းထဲကဘဝ၊ ဘဝထဲက သီချင်း အစီအစဉ် ဖြစ်ပါတယ်။ ဒီတစ်ခါ သီချင်းထဲကဘဝ၊ ဘဝထဲက သီချင်း အစီအစဉ်မှာ ပါဝင်လာသူက သူရေးစပ်ခဲ့တဲ့ တေးသီချင််းကောင်းများစွာထဲကမှ အမှတ်တရဖြစ်တဲ့ တေးသီချင်းများကို ဖွင့်ပြပေးမယ့်သူ ကတော့ တေးရေး စိမ့် ပဲဖြစ်ပါတယ်.....

     

    25 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ လေလည်တဲ့ အသံအမှန်ကဘာလဲဆိုတာကို ပရိသတ်များကိုမေးမြန်းထားပါတယ်....

    ပရိသတ်များ ရင်ထဲက စိတ်ကူးအတိုင်းပြောထားကြတဲ့ ပြောကြည့် အစီအစဉ် ပဲဖြစ်ပါတယ်.......

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min
  • ဒီနေ့အတွက်စကား

    Heavy rains remind us of challenges in life. Never ask for a lighter rain. Just pray for a better umbrella. That is attitude.

    ဘဝမှာ အခက်အခဲတွေကို တွေ့ကြုံလာတိုင်းမှာ ဘယ်လိုမျိုးစိတ်နေသဘောထားရှိနေရမယ်ဆိုတာကို ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လူသား ဘဝမှာ အခက်အခဲတွေ အတားအဆီးတွေ၊ စိန်ခေါ်မှုတွေ၊ လိုအပ်ချက်တွေကို အသက်ရှင်သန်နေသမျှကာလပတ်တစ်ခုလုံးမှာ တွေ့ကြုံရပါမယ်။ လူသားမှန်ရင် ကြုံတွေ့လာတဲ့အခက်အခဲတွေကို ကျော်ဖြတ်ရင်း၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း ဘဝဆီမီး ခမ်း ခြောက်တဲ့အထိ ဖြတ်သန်းနေရမှာပါပဲ။ အသက်ရှင်သန်နေသေးသမျှ စား၊ ဝတ်၊ နေရေးဆိုတဲ့အချက်တွေနဲ့ လူတန်းစေ့နေထိုင် နိုင်ရေး၊ ခေတ်စနစ်ကို အမှီလိုက်နိုင်ရေးစတဲ့ နိစ္စဒူဝစိန်ခေါ်မှုတွေကလည်း ဒုနဲ့ဒေးပါပဲ။ 

    အဲဒီလိုမျိုး နေ့စဉ်နေ့တိုင်း အချိန်နဲ့အမျှ စက္ကန့်မလပ်ကြုံနေရမယ့် အခက်အခဲတွေကို ကျော်ဖြတ်တဲ့နေရာမှာလည်း ခံယူထားရမယ့် စိတ်နေ စိတ်ထားဆိုတာရှိပါတယ်။ ကိုယ့်မှာမှ အဲဒီလိုမျိုးအခက်အခဲတွေ တွေ့ကြုံနေရတာမျိုးမဟုတ်ဘူးဆိုတာကို ယုံကြည်ထားရမယ်။ လူ့ဘဝကိုရောက်လာတာနဲ့ အခက်အခဲတွေ အတားအဆီးတွေက ကြုံကိုကြုံတွေ့ရမယ့် ဖြစ်ရိုးဖြစ်စဉ်အလေ့အထသာဖြစ်တယ် ဆိုတာနဲ့ အဲဒီ အခက်အခဲတွေက ကိုယ့်ရဲ့ခံနိုင်ရည်စွမ်းနဲ့ ကိုယ့်ဘဝအတွက် အောင်မြင်ခြင်းမှတ်တိုင်တွေကို စိုက်ထူနိုင်ဖို့ အခွင့်အလမ်းတွေဖြစ်တယ်ဆိုတာကို မှတ်ယူထားရပါမယ်။

    3 min
  • ဒီနေ့အတွက်စကား

    Sometimes the smallest step in the right direction ends up being the biggest step of your life. Tip toe if you must, but take the step.

    တစ်ခါတစ်ရံမှာ လားရာကောင်းတဲ့ဘက်ကိုဦးတည်ထားတဲ့ ခြေလှမ်းသေးသေးလေးတစ်ခုကပဲ သင့်ဘဝအတွက် အကြီးမား ဆုံး သောခြေလှမ်းတစ်ခုဖြစ်စေနိုင်ပါတယ်။ ခြေဦးချပြီး လှမ်းစရာရှိတာကို လှမ်းလိုက်ပါ။ဘဝအောင်မြင်ရေး အတွက် ကြိုးစားနေကြ တဲ့သူတွေအတွက် လမ်းညွှန်စကားတစ်ခွန်းလည်းဖြစ်သလိုကိုယ်လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေက သေး သည်ဖြစ်စေ ကြီး သည်ဖြစ်စေ ကိုယ်သွားနေတဲ့ ဦးတည်ရာပေါ်မူတည်ပြီး ပြောင်းလဲမှုတွေဖြစ်စေနိုင်တယ်ဆိုတာကို ပြော ကြားထားတဲ့ စကား တစ်ခွန်းလည်းဖြစ်ပါတယ်။ လူသားဘဝရောက်ပြီဆိုတာနဲ့ ကိုယ့်ဘဝတစ်လျှောက်လုံးမှာ သိန်းသန်း မကတဲ့ ခြေလှမ်းပေါင်းများစွာ ကိုလျှောက်လှမ်းနေရ သလိုဘဲ ကိုယ့်ဘဝအတွက် တိုးတက်ရာတိုးတက်လမ်းကို အရောက် လှမ်းနေကြတဲ့သူတွေချည်းပါပဲ။

    ဘဝရဲ့ရှင်သန်နေသမျှနေ့ရက်တိုင်းအချိန်တိုင်းမှာ ကိုယ့်ဘဝအ တွက် ရုန်းကန်ကြိုးစားကြတဲ့အခါမှာ အသက်မွေးဝမ်း ကျောင်းအလုပ်တွေကိုလည်း မဖြစ်မနေလုပ်ဆောင်ရမယ်။ အဲဒီလို ဘ၀ အတွက် ရုန်းကန်တဲ့အခါမှာ ကိုယ်လုပ်နေတဲ့ လုပ်ရပ်တိုင်းရဲ့ လားရာကိုလည်း ကိုယ်က နားလည်ထားဖို့လိုပါတယ်။ ကိုယ်လုပ် နေတာက ကိုယ့်အတွက်ကောင်းတဲ့ ရလာဒ်တွေကိုဖြစ်စေသလို၊ ပတ်ဝန်းကျင်နဲ့ တခြားသူတွေအတွက်လည်း ကောင်းမွန်ခြင်း တွေဖြစ်စေသလား၊ ဒါမှမဟုတ် ကိုယ့်အတွက် အကျိုးရလာဒ်ရှိပေမယ့် တပါးသူတွေကို ထိခိုက်စေနိုင်သလားဆိုတာကို သေချာ သိရှိနားလည်ဖို့လိုပါတယ်။

    3 min
  • ဒီနေ့အတွက်စကား

    A single moment of misunderstanding is so poisonous, that is makes us forget the hundred lovable moments spent together within a minute.

    လူနှစ်ယောက်ကြားမှာဘာရယ်မဟုတ်ဘူးလို့ ထင် မှတ်ထားကြတဲ့ နားလည်မှုလွဲမှားခြင်းဆိုတာကဘယ်လောက်အထိအကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်သလဲ ဆိုတာကိုပြောပြ ထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လူသားနှစ်ယောက်ကြားကဆက်ဆံရေးတစ်ခုအချိန်ကာလအကြာကြီးအထိရှည်ကြာ တည်မြဲနေစေဖို့ဆိုရင် လိုအပ်တဲ့အခြေခံအုတ်မြစ်တွေထဲမှာတစ်ဦးအပေါ်တစ်ဦးနားလည်မှုဆိုတာလည်းပါဝင်နေပါတယ်။ နားလည်မှုမရှိရင် ဘယ်လောက်ပဲချစ်ခြင်းမေတ္တာတွေ အဆောက်အအုံကြီးမားနေစေဦးတော့ ဘိလပ်မြေမပါတဲ့ တိုက်အိမ်လိုပဲ အဲဒီဆက်ဆံရေးတစ်ခုကခိုင်ခံ့မှုနည်းပါးမှာပါ။

    အထူးသဖြင့် မတူညီတဲ့ နောက်ခံအသိုင်းအဝိုင်းတွေက မွေးဖွားကြီးပြင်းလာကြတဲ့ လူသားနှစ်ဦးပေါင်းဆုံမှုမှာနားလည်မှုဆိုတဲ့ ခိုင်မာတဲ့ကြိုးတစ်ချောင်းကသာလှပတဲ့ အိမ်ထောင်ရေးသံစဉ်တွေကို ထည်ထည်ဝါ ဝါဖြစ်တည်စေမှာပါ။ တကယ်လို့သာဘယ်လိုကိစ္စမျိုးမှာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေမရှိတော့ဘူးဆိုရင် ဆက်ဆံရေးတစ်ခုအက်ကြောင်းလိုက်ပြီးပျက်စီးသွားဖို့ အင်မတန်မှလွယ်ကူသွားပါပြီ။ ဒါကြောင့် ဘယ်လိုကဏ္ဍမျိုးမှာပဲဖြစ်ဖြစ် ဆက်ဆံရေးတိုင်းမှာတစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှုဆိုတာသိပ်ကိုမှအရေးကြီးပါတယ်။


    3 min
  • ဒီနေ့အတွက်စကား

    Never trust a person that has let you down more than two times. Once was a warning, twice was a lesson and anything more than that is simply taking advantage!

    ကျွန်တော်တို့ရှင်သန်နေထိုင်ရာဒီလူ့လောကကြီးထဲမှာ အရှုပ်ထွေး ဆုံး၊ အခက်ခဲအနက်နဲဆုံးဘာသာရပ်ဟာပေါင်းသင်းဆက်ဆံရေးပါ။ စိတ်ဓါတ်ခံယူချက်ပေါင်းစုံနဲ့ လူပေါင်းစုံလည်းရှိနေသလို၊ လူတစ်ယောက်ထဲကပဲအခုချိန်နဲ့ အရင်ချိန်၊ အခုချိန်နဲ့ နောက်တစ်ချိန်မှာသူ့စိတ်ထဲမှာရှိနေမယ့် အတွင်းသဘောထားကို ဘယ် လိုနည်းနဲ့မှ ခန့်မှန်းယူလို့မရတဲ့အတွက်ပါ။ အဲဒီလိုခက်ခဲလှပါတယ်ဆိုတဲ့ ပေါင်းသင်းဆက်ဆံရေးမှာကိုယ်ကကျုး ကိုယ့်ဒူး တောင်မယုံကြည်ရဘူးဆိုတဲ့စကားကသိပ်ကိုမှမှန်ပါတယ်။ ဒီလိုပဲ။ ကိုယ့်ကိုလိမ်လည်လှည့်ဖျားမယ့်သူတွေ၊ ကိုယ့်ကိုအသုံးချပြီး သူတို့ဘဝတက်လမ်းကို လှမ်းတက်သွားမယ့်သူတွေလည်းကိုယ့်ပတ်ဝန်းကျင်မှာ ကျားချောင်းသလိုအများကြီးရှိနေတယ်ဆိုတာ ကိုလည်းမေ့မထားလိုက်ပါနဲ့။

    ဒါကြောင့် တတ်နိုင်သမျှ အရာတိုင်းမှာလူတိုင်းကိုယုံကြည်မှုရာနှုန်းအပြည့်အဝထားတာမျိုးကို ရှောင်ကြဉ်ပါ။ အထူးသဖြင့်ဆိုရင်တော့ ကိုယ့်ကို နှစ်ကြိမ်ထက်မကလိမ်လည်ခဲ့ဖူးတဲ့သူ၊ သူရဲ့လုပ်ရပ်နှစ်ကြိမ်ထက်မကကြောင့် ကိုယ့်မှာနစ်နာခဲ့ဖူးတယ်၊ ဆုံးရှုံးခဲ့ရဖူးတယ်ဆိုရင်တော့ အဲဒီလူကိုမယုံကြည်ပါနဲ့တော့။ ဘာလို့လဲဆိုတော့ ပထမတစ်ခါမှာကိုယ် က သူ့အကြောင်းဂဃနဏမသိလို့ အလိမ်ခံလိုက်ရတယ်။ အဲဒါဟာသူဟာဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကိုသတိပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။ နောက်ထပ် ဒုတိယအကြိမ် ကိုယ်ကညံ့လို့ ထပ်ပြီးယုံကြည်မိတယ်။ သူကကိုယ့်ထက်တော်လို့ ကိုယ့်ကိုသင်ခန်းစာ တစ်ခုသင်ပေးသွားခဲ့သေးတယ်ဆိုရင်တောင် ဒါကဖြေသာပါသေးတယ်။ တကယ်လို့သာ နှစ်ကြိမ်ထက်မကကိုယ့်ကိုနစ်နာ ဆုံးရှုံးစေခဲ့တဲ့သူကိုကိုယ့်ဘက်ကမနာကျည်းနိုင်ဘဲကိုယ့်အပေါ်ကောင်းလေမလား။ သူ့အချိုးတွေပြောင်းသွားလေမလားလို့ ယုံကြည်နေဆဲဆိုရင်တော့ အဲဒါဟာတကယ်ကိုရိုးရှင်းသွားပါပြီ။ သူကိုယ့်ဆီကနေသက်သက်မဲ့အခွင့်ကောင်းတွေယူဖို့ ကြည်ကြည်ဖြူဖြူပေးနေခြင်းသာဖြစ်ပါတယ်။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...