
Sign up to save your podcasts
Or


f you do right, no one remembers. If you do wrong, no one forgets.
သင့်အမှန်ကိုလုပ်ဆောင်တာကိုဘယ်သူကမှ သတိရမှာမဟုတ်ပေမယ့် သင်သာအမှားလုပ်ခဲ့တယ်ဆိုရင်တော့ ဘယ်သူကမှ မေ့မှာမဟုတ်ပါဘူးတဲ့။
ဒီစကားကတော့ လောကမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုကိုပြောပြထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ လောကရဲ့ အမှန်တရားတစ်ခုလို့လည်းပြောလို့ရပါတယ်။ တကယ်လို့သာ ကျွန်တော်တို့ဘဝမှာ ဘယ်လောက်ပဲကောင်းတာတွေကိုလုပ်ခဲ့လုပ်ခဲ့ လူတော်တော်များများကသတိတရရှိနေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့သာအမှားအယွင်းတစ်ခုကိုလုပ်ဆောင်မိလိုက်တာနဲ့ အဲဒီအဖြစ်အပျက်ကိုတော်တော်များများကသတိရနေမှာပါ။ ဘာလို့လည်းဆိုတော့ လူတွေကကောင်းမွန်တဲ့အဖြစ်အပျက်တွေထက် ဆိုးဝါးတဲ့ အမှားအယွင်းကိစ္စတွေကိုပိုပြီးတော့ မှတ်မိနေတတ်တဲ့သဘောမှာရှိလို့ပါ။
ဒါပေမယ့် မှားသွားလေမလား။ မှားသွားရင် ကိုယ့်ကိုအပြစ်ပြောနေကြမလားဆိုပြီးကိုယ်လုပ်စရာရှိတာကိုတော့ ဘယ်တော့မှ လက်တွန့်ပြီးနေစရာမလိုအပ်ပါဘူး။ တကယ်တော့ ကိုယ့်ဘဝကို ကိုယ်တိုင်ပဲစီမံရတာပါ။ လောကမှ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် ချီးမွန်း၇ရက် ကဲ့ရဲ့၇ရက်ဆိုတာကို ဘယ်တော့မှ မေ့မထားပါနဲ့။ လူသားမှန်ရင် ဘယ်သူကမှ ရာနှုန်းပြည့် ပြည့်စုံကောင်းမွန်နေခြင်းမရှိတဲ့အတွက် လူသားတိုင်းမှားတတ်ကြပါတယ်။ ကိုယ်လည်းလူသားတွေထဲကလူသားတစ်ယောက်ဖြစ်တဲ့ အတွက် အမှားတွေလုပ်မိကောင်းလုပ်မိပါလိမ့်မယ်။ ဒါပေမယ့် အမှားကိုပဲထပ်ခါထပ်ခါမလုပ်မိဖို့နဲ့၊ ကိုယ့်ရဲ့အမှားကသူတပါးတွေကို ကြီးကြီးမားမားရိုက်ခတ်မှုမရှိအောင်တော့ ကိုယ်ကသတိထားဖို့တော့လိုပါတယ်။
ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။
သောတရှင်များအတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေးကတော့ Song For အစီအစဉ်ပဲ ဖြစ်ပါတယ်.......
ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူများမှ မြို့တစ်မြို့စီအလိုက်ရွေးချယ်ပြီး သီချင်းလက်ဆောင် ထုတ်လွင့်ပေးမှာ ဖြစ်ပါတယ်...... ဒီတစ်ပတ်မှာတော့ ငပလီမှ ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူ စည်သူ မှ သီချင်းလက်ဆောင်ပေးမှာမို့ စောင့်မျှော် နားဆင်နိုင်ပါတယ်.........
Discussion are always better than arguments, because an argument is to find out who is right, and a discussion is to find what is right.
ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးသတိထားရမယ့်အချက်တစ်ခုကိုပြောပြထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ တတွေ လောကမှာရှင်သန်နေရင်းနဲ့ အမျိုးမျိုးသောလူပေါင်းများစွာနဲ့ တွေ့ဆုံကြရပါတယ်။ အဲဒီလိုအမျိုးမျိုးအထွေထွေသောလူတွေကရှင်သန်ကြီးပြင်းရာနောက်ခံတွေလည်းမတူညီကြသလိုခံယူချက်ခြင်းအယူအဆခြင်းတွေမှာလည်းထပ်တူညီခြင်းဆိုတာဘယ်နည်းနဲ့မှမရှိနိုင်ပါဘူး။ ကိုယ့်ဘက်ကအမြင်နဲ့သူ့ဘက်ကအမြင်ဆိုတာတစ်ခါ တစ်ရံမှာတော့ ဆန့်ကျင်ဘက်တွေတောင်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တကယ်တော့ ကိုယ်ပိုင်ဆိုင်ထားတဲ့ လက်ချောင်းတွေတောင်မှ အရှည် အတို အပိန်အဝမတူညီသလို မွေးဖွားလာတာခြင်းလည်းမတူတဲ့ သူစိမ်းလူနှစ်ယောက် အတွေးတွေ မတူတာကထူးဆန်းတဲ့အဖြစ်အပျက်တော့မဟုတ်ပါဘူး။ ဒီလိုနဲ့ မတူညီတဲ့ အတွေးအခေါ်တွေ၊ ထင်မြင်ယူဆချက်တွေကြောင့်ပဲလောကမှာကွာဟမှုတွေဆိုတာရှိနေတာပါ။ အဲဒီလိုကွာဟမှုတွေကပဲအငြင်းအခုံတွေကို ဖြစ်စေပြန်ပါတယ်။ ဒီလိုမတူညီတဲ့ ရှူထောင့်ကနေ မြင်တတ်ကြတဲ့သူတွေ ငြင်းကြခုံကြတာကသာမန်ဖြစ်ရိုးဖြစ်စဉ်ဆိုတာထက် ပိုပြီး ကြီးကျယ်လာတဲ့အခါမှာဆိုရင်တော့ အငြင်းပွားမှုကနေအမုန်းပွားမှုတွေ၊ စစ်ပွဲတွေအထိဖြစ်စေနိုင်တာကလည်းသတိပြုဆင်ခြင်စရာပါပဲ။
I'm...?????
သင်ရော ဘာဖြစ်ချင်တာလဲ???
အောင်မြင်တဲ့ သတင်းကြေညာသူ တစ်ဦးဖြစ်ဖို့ ဘာတွေလိုအပ်မလဲ သိချင်သူတွေ၊ ဒီပညာနှင့်အသက်မွေးဝမ်းကြောင်းပြုပြီး ရပ်တည်ချင်သူတွေ၊ စိတ်ဝင်စားသူတွေကို Padamyar FM Facebook Page ကနေ ပညာရပ်နှင့်ပတ်သက်ပြီးသိလိုသည်တွေကို မေးမြန်းဖို့ ဖိတ်ခေါ်ထားပါတယ်......
ဒီတစ်ပတ်ရဲ့ I'm အစီအစဉ်ကနေ ပရိသတ်များသိလိုသည်များကို ပြန်လည်ဖြေကြားဖို့ဖိတ်ခေါ်ထားသူကတော့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် နှစ် (၂၀) ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုလက်ရှိ Padamyar FM တွင် Head of Padamyar FM အဖြစ်တာဝန်ယူထားတဲ့ ဒေါ်သီတာဆွေမှ ပြန်လည်ဖြေကြားပေးထားပါတယ်......
ဥာဏ်ကို ဥာဏ်ခြင်း ယှဉ်တဲ့ခေတ် New World.....
ရင်ဆိုင်ယှဉ်ပြိုင်ဖို့အတွက် Are You Ready?
အရာရာတိုင်းအတွက် ခေတ်သစ်ကြယ် Knowledge .......
ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All . .......
လုပ်ငန်းခွင်တစ်ခုကနေ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးနေတဲ့ Knowledge for All . ........
ဒီတစ်ပတ်မှာတော့ PS Business School မှဆရာဦးမျိုးမင်းမှ Skill- စွမ်းရည်နှင့် ပတ်သက်တဲ့ အကြောင်းအရာများကို ဆွေးနွေးပေးထားပါတယ်.....
From the publisher's feed
Wherever you go PadamyarFM will be there with you...