
Sign up to save your podcasts
Or


I don’t believe in taking right decisions, I take decisions and make them right.
မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရယူခြင်းကို ငါအနေနဲ့ ယုံကြည်ခြင်းမရှိပါဘူး။ ချပြီးသားဆုံးဖြတ်ချက်တွေကိုပဲ မှန်အောင် လုပ်တတ် ပါတယ်တဲ့။ ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်တဲ့ TATA Company ရဲ့ ပဲ့ကိုင်ရှင် အိန္ဒိယလူမျိုးသူဌေးကြီး Ratan Tata က ပြောကြားခဲ့တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ တကယ့်ကို နာမည်ကြီး လုပ်ငန်းရှင် သန်းကြွယ်သူဌေးကြီး ပြောကြား ထားတဲ့စကားကလည်း တကယ့်ကိုမှ မှတ်သားထားစရာကောင်းတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ သက်ရှိ လူသား တွေအနေနဲ့ ရှင်သန်ရုန်းကန်နေတဲ့ ဒီလောကထဲမှာ လုပ်ငန်းဆောင်တာတွေမှာပဲဖြစ်ဖြစ် ကိုယ့်ဘ၀ အတွက် ရွေးချယ်မှုတွေ လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တွေကို ချရလေ့ရှိပါတယ်။
ဘဝတစ်ကွေ့မှာ ချမှတ်ခဲ့ရတဲ့ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေက အမြဲတမ်းတော့ ကိုယ့်ဘဝအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ဘဝရဲ့ ကြုံ တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်နိုင်မှု အတိုင်းအတာတွေ ပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တွေ မှန်ကန်မှုရှိ သည် မရှိဘူးဆိုတာက ကွဲပြားသွားတတ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို တစ်ခါတလေမှာတော့ လွဲချော်သွားတဲ့ အတွေးတွေ ကြောင့် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်မိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခုကို လုပ်ဆောင်နေ ရင်းနဲ့ မှားတာကို မှားမှန်းသိတဲ့အခါမှာ အချိန်မှီအမှန်ပြင်နိုင်ဖို့သာ လိုပါတယ်။
Success at anything will always come down to this: Focus and Effort. And we control both.
WWE နပန်းသမားဘဝကနေ Hollywood ရုပ်ရှင်လောကမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာတဲ့ The Rock လို့လူသိများတဲ့ Dwayne Johnson ပြောကြားခဲ့တဲ့စကားတစ်ခွန်းဖြစ်ပါတယ်။
ဒီစကားလေးကို ကြားသိလိုက်ရတဲ့အချိန်မှာ အာရုံစူးစိုက်မှုဆိုတဲ့အရာနဲ့ အားစိုက်ထုတ်မှု အဲဒီနှစ်ခုကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာကို မေးခွန်းတွေအဖြစ်ကျန်နေရစ်မယ်လို့ထင်ပါတယ်။ လောကမှာ အရာအားလုံးရဲ့ အောင်မြင်မှု အနှစ်ချုပ်က အဲဒီ အာရုံစူးစိုက်မှုနဲ့ အားစိုက်ထုတ်မှုနှစ်ခုပါ။ ဒါပေမယ့် အဲဒီနှစ်ခုကို ပါးပါးနပ်နပ် ထိန်းချုပ်သွားဖို့ကလည်းအရေး ကြီးပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့်ရှေ့ကတစ်ခုတည်းကိုပဲ အာရုံစူးစိုက်မှုလွန်ကဲသွားတဲ့အခါမှာ အနီးနားမှာရှိတဲ့အခွင့်အရေး တွေကို ကျွန်တော်တို့တတွေ လက်လွတ်ဆုံးရှုံးလိုက်ရတာမျိုးဖြစ်တတ်ပါတယ်။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပါပဲ။
ထောင်မြင်ရင် ရာကိုစွန့်သင့်ရင်စွန့်ရမှာဖြစ်တဲ့အတွက် အနီးအနားပတ်ဝန်းကျင်မှာ ကိုယ်လိုချင်လို့ကြိုးစားနေတဲအရာတွေထက် ပိုမိုတန်ဖိုးကြီးမားတဲ့အရာတွေ၊ ပိုမိုမြင့်မားတဲ့ အခွင့်အရေးတွေဆိုတာ ရှိတတ်စမြဲမို့ အာရုံစူးစိုက်မှုဆိုတာ တစ်ခုတည်းကို တသတ်မတ်တည်း အလေးပေးနေလို့မရပါဘူး။ ဒါပေမယ့် အရာအားလုံးကို ပေါ့ပေါ့တန်တန် အာရုံစူးစိုက်လို့လည်းမရပါဘူး။ လိုအပ်သလောက်သော အလေးပေးမှုကို ပြုလုပ်ရပါမယ်။
ပရိတ်သတ်များအားလုံး မင်္ဂလာပါ... ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် .. ဒါ့အပြင် ကိုယ်မသိသေးတဲ့ .ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော် . .
ဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ The Life အစီအစဉ်ကစောင့်ကြိုနေပါတယ်.....
ဂီတဆိုတာ လူအများနှစ်သက်တဲ့အရာတစ်ခုဖြစ်ပါတယ်။ဂီတဖန်တီးမူတွေကနေ လှပတဲ့တေးသွား၊ စကားလုံးတွေနဲ့လူတွေရဲ့ စိတ်ခံစားချက်တွေကို လွှမ်းမိုးထားနိုင်တာ တေးရေးဆရာတွေပဲ ဖြစိပါတယ်.....
တေးရေးဆရာတွေထဲကမှ ဗိုလ်အောင်ဒင်လို လူကြမ်း၊ ကြာဖြူ၊ အချစ်စစ်ရဲ့တန်ဖိုး စတဲ့တေးသီချင်းကောင်းများစွာရဲ့ နောက်ကွယ်က ပဲ့ကိုင်ရှင် တေးရေး သဟာအောင် ရဲ့ ဘဝအကြောင်းကို The Life အစီအစဉ်မှာ နားဆင်ခံစားနိုင်ပါတယ်..
A Beautiful appearance will last a few decades, but a beautiful personality lasts for a lifetime.
လှပတဲ့သွင်ပြင်လက္ခဏာတစ်ခုကဆယ်စုနှစ်တစ်ခုစာ ကြာရှည်ခံနိုင်ပေမယ့် လှပတဲ့စိတ်နေသဘောထားကတော့ ဘဝတစ်သက်တာ ကြာရှည်ခံနိုင်မှာပါ။
ရုပ်ရည်သွင်ပြင်ထက် ကိုယ့်ရဲ့စိတ်နှလုံးသဘောထားက ဖြူစင်ပြီးလှပနေခြင်းကပိုပြီးတန်ဖိုးကြီးမားတဲ့အကြောင်းကိုပြောကြားထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။လူသားမှန်ရင် အလှတရားကို မြတ်နိုးကြတဲ့သူအရေအတွက်ကပိုပြီးများပါတယ်။ အလှအပကိုမိန်းကလေးတွေကလည်းခုံမင်ကြသလို၊ ယောကျ်ားလေးတွေကလည်းသဘောကျကျတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့မှုမှာဆိုရင်လည်းအပေါ်ယံလှပမှုနဲ့ လွယ်လင့်တကူဆုံးဖြတ်တတ်ကြတာကိုတွေ့ရပါလိမ့်မယ်။
အပေါ်ယံအရေပြားတစ်ထောက်စာလှပမှုဆိုတာကဒီနေ့လိုပြောင်းလဲတိုးတက်လာတဲ့ခေတ်ကြီးထဲမှာဆိုရင် နည်းပညာပေါင်းများစွာကိုအသုံးပြုပြီးပြောင်းလဲပြင်ဆင်လို့ရနေပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အတွင်းစိတ်ကိုတော့ ဘယ်လိုနောက်ဆုံးပေါ်နည်းပညာတွေသုံးသုံး၊ ဘယ်လိုခေတ်မှီစက်ပစ္စည်းတွေကိုပဲသုံးသုံးပြောင်းလဲပြင်ဆင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာအလှအပထက် စိတ်ဓါတ်ပိုင်းဆိုင်ရာမှာလှပနေခြင်းကပိုလို့တန်ဖိုးရှိပါတယ်။
ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။
သောတရှင်များအတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေးကတော့ Song For အစီအစဉ်ပဲ ဖြစ်ပါတယ်.......
ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူများမှ မြို့တစ်မြို့စီအလိုက်ရွေးချယ်ပြီး သီချင်းလက်ဆောင် ထုတ်လွင့်ပေးမှာ ဖြစ်ပါတယ်...... ဒီတစ်ပတ်မှာတော့ ပတ္တမြား FM ချစ်ပရိသတ်များစွာရှိတဲ့ မြစ်ကြီးနားမြို့မှ ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူ အုပ်စိုး မှ သီချင်းလက်ဆောင်ပေးမှာမို့ စောင့်မျှော်နားဆင်နိုင်ပါတယ်.........
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ
ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .
ဒိတစ်ပတ်မှာတော့ ဒေသတွင်း Covid 19 ကူးစက်မူတွေမြင့်တက်လာတာကြောင့် Social Distancing နှင့်ပတ်သက်ပြီး ပြောကြားပေးသွားမှာ ဖြစ်ပါတယ်.....
ပတ္တမြား FM ပရိသတ် အားလုံးပဲ မင်္ဂလာပါ......
အစိမ်းရောင်ချစ်သူ အစီအစဉ်ကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပရိသတ်များအတွက် ပြုံးချိုတဲ့မျက်နှာလေးတွေနဲ့ သိပ်ကိုမှချစ်စရာကောင်းတဲ့ဧရာဝတီ လင်းပိုင်တွေအကြောင်းကိုဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာဖြစ်ပါတယ်...
Courage doesn’t mean you don’t get afraid. Courage means you don’t let fear stop you.
ဘယ်လိုအရာကိုရဲစွမ်းသတ္တိလို့ခေါ်သလဲဆိုတာကိုရှင်းလင်းပြောပြထားတဲ့စကားဖြစ်ပါတယ်။ ကျွန်တော်တို့ ကြံစည်လုပ်ဆောင်မှုတွေမှာရဲစွမ်းသတ္တိဆိုတာတကယ့်ကိုမှ အရေးပါပါတယ်။ ရဲစွမ်းသတ္တိရှိတဲ့သူကလည်းသေလွန်ပြီးသွားရင်တောင်မှ သမိုင်းမှာထင်ရှားတဲ့ သက်သေသာဓကအနေနဲ့ ကျန်နေတတ်ပါတယ်။ လူတိုင်းကလည်းရဲစွမ်းသတ္တိရှိတဲ့သူဆိုရင်အားကျကြပါတယ်။ ဒါကြောင့်လည်း Marvel တို့ DC ကုမဏီတို့ကထုတ်တဲ့ လူစွမ်းကောင်းဇာတ်ကားတွေ ဝင်ငွေကောင်းနေတာပါ။ ဒါပေမယ့် လူတွေထင်ထားသလိုရဲစွမ်းသတ္တိဆိုလိုက်တာနဲ့ ဘာကိုမှမကြောက်တတ် ခြင်းကိုရဲစွမ်းသတ္တိလို့ထင်တတ်ကြပါတယ်။ ဒါကအနည်းငယ်လွဲမှားနေတဲ့အယူအဆပါပဲ။
ဘယ်လိုလူစွမ်းကောင်းဖြစ်နေပါစေ။ သူ့ထက်အဆမတန်ကြီးမားနေတဲ့ စွမ်းအားရှိနေတဲ့သူဆိုရင် အနည်းနဲ့အများတော့ကြောက်ရွံ့စိတ်ဝင်ကြမှာပါပဲ။ ဘာဆိုဘာမှ မကြောက် တတ်ဘူးဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါဆိုရင် ကြောက်တတ်တာနဲ့ပဲသတ္တိမရှိဘူးလို့ ယူဆလိုက်ရတော့မှာလား။ ဒါလည်းမဟုတ်သေးပါဘူး။ တကယ်တော့ လူသားတိုင်းမှာစိတ်ခံစားချက်ပေါင်းများစွာရှိနေတဲ့အတွက် အဲဒီထဲမှာ တစ်ခုအပါအဝင် ဖြစ်တဲ့ ကြောက်စိတ်ကလည်းလူသားတိုင်းမှာရှိပါတယ်။
ပတ္တမြား FM ပရိသတ်များအားလုံးမင်္ဂလာပါ၊၊မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ အပတ်စဉ် တင်ဆက်ပေးနေကြအတိုင်း ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူတွေရဲ့တေးသီချင်းကောင်းတွေကို ရွေးချယ်လို့တင်ဆက်ပေးတော့မယ့် မနောမြေမှတေးသံသာ အစီအစဉ် ဖြစ်ပါတယ်၊ စောင့်မျှော်နားဆင်ပေးပါဦးနော် ............
From the publisher's feed
Wherever you go PadamyarFM will be there with you...