
Sign up to save your podcasts
Or


ဒီနေ့အတွက်စကား
The true mark of maturity is when somebody hurts you and you try to understand their situation instead of trying to hurt them back.
အမှန်တကယ်ရင့်ကျက်တည်ငြိမ်ခြင်းဆိုတာဘယ်လိုအရာလဲဆိုတာကိုဒီနေ့အတွက်စကားကပြောပြထားပါတယ်။ လူတွေအနေနဲ့ ကိုယ်ရှင်သန်နေရာကာလပတ်တစ်ခုလုံးမှာကိုယ့်ကိုထိခိုက်နာကျင်စေမယ့်သူတစ်ယောက် မဟုတ် တစ်ယောက်ကိုတော့ ဘဝတကွေ့မှာ ကြုံတွေ့ရစမြဲဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာနာကျင်စေတဲ့သူလည်းဖြစ်ကောင်း ဖြစ်မယ်။ ဒါမှမဟုတ် ကိုယ်ခန္ဒာကိုအနာတရဖြစ်အောင်ပြုလုပ်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒီလိုမျိုးကိုယ့်ကိုထိခိုက်နာကျင်စေတဲ့သူကိုတော်ရုံတန်ရုံနဲ့ ခွင့်လွတ်ကျေအေးပေးဖို့ဆိုတာပုထုဇဉ်လူသားတွေအတွက် ခက်ခဲနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုနာကျင်အောင်လုပ်တဲ့သူကိုအလှည့်ကြုံလာတာနဲ့ ပြန်ပြီးကလဲ့စားချေဖို့စိတ်ထဲမှာတေးမှတ်နေကြတဲ့သူတွေ များပါလိမ့်မယ်။
ဘယ်သူကမှတော့ ငါ့ကိုလုပ်သွားတာပါလား။ အော် သူမှာလည်းအကြောင်းတရားရှိပါလိမ့်မယ်လို့ တွေးမယ့်သူဆိုတာရှားပါလိမ့်မယ်။ ဒီလိုနဲ့ပဲကိုယ့်ကိုသူကနာကျင်စေ၊ ကိုယ်ကသူ့ကိုတဖန်ပြန်ပြီးကလဲ့စားချေ၊ အဲဒါတွေကိုအငြှိုးမှတ်ပြီးသံသရာရှည်လို့ မငြိမ်းတဲ့စစ်ပွဲတွေလည်းဒီကမ္ဘာမှာဖြစ်ခဲ့ရပါတယ်။ ဒီလိုစစ်ပွဲတွေကိုဖြစ်စေတာ၊ ပဋိပက္ခတွေကိုအစပျိုးတဲ့သူတွေကိုကြည့်မယ်ဆိုရင်အသက်အရွယ်ပေါင်းစုံဖြစ်နေတာကိုလည်းတွေ့ရပါမယ်။ ဒါကြောင့် ကောက်ချက်ချရမယ်ဆိုရင် ရင့်ကျက်တည်ငြိမ်ခြင်းဆိုတာအသက်ကြီးသည်ငယ်သည်နဲ့ တိုက်ရိုက်ဆက်နွယ်နေခြင်းမရှိတာကိုလည်းတွေ့ရပါလိမ့်မယ်။
It's Song Today အစီအစဉ်ကနေ တေးသံရှင် M Zaw Rain လက်တလော နားဆင်ဖြစ်နေတဲ့သီချင်းလေးတွေ ပရိသတ်တွေအားလုံးနဲ့ အကြိုက်တွေ့မယ် သီချင်းလေးတွေကိုရွေးချယ်ပြီးတော့မှ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် အဲ့ဒီတော့ ဒီအစီအစဉ်လေးမှာ တေးသံရှင် M Zaw Rain နဲ့အတူ လိုက်ပါစီးမျော ခံစားကြည့်ပေးပါဦးနော်
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ ထီ ကျပ်သိန်း ၁၅၀၀၀ ဆုကြီးပေါက်ရင် ဘာလုပ်ကြမလဲဆိုတာကို ပရိသတ်များကိုမေးမြန်းထားပါတယ်....
ပရိသတ်များ ရင်ထဲက စိတ်ကူးအတိုင်းပြောထားကြတဲ့ ပြောကြည့် အစီအစဉ် ပဲဖြစ်ပါတယ်.......
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
နာမည်ကျော်ကြားသူတွေ ကြိုက်တဲ့ ဂီတနယ်ပယ်ကသူ.....၊ သူ့ကို ဘာကြောင့်ကြိုက်တာလဲ.....
ဒီတစ်ပတ် သူအစီအစဉ်မှာ ပါဝင်လာသူကတော့ တေးသံရှင် ပိုပို ပဲဖြစ်ပါတယ်....
တေးသံရှင် ပိုပိုရွေးချယ်ထားတဲ့ သူ ကဘယ်သူဖြစ်မလဲ......
Defeat is not the worst of failures. Not to have tried is the true failure.
ဆုံးရှုံးခြင်းဆိုတာအဆိုးဆုံးသောကျရှုံးခြင်းမဟုတ်ပါဘူး။ ကြိုးစားမှုမရှိခြင်းကသာကျရှုံးခြင်းအစစ်အမှန်ပါ။
ဒီစကားကိုပြောကြားထားတဲ့ ကမ္ဘာကျော်မဟာလူသားကတော့ စာပေဆိုင်ရာပါရဂူဘွဲ့ရအမေရိကန်လူမျိုး George Edward Woodberry ဖြစ်ပါတယ်။ ဒီစကားထဲမှာဆိုရင်တော့ ကျရှုံးခြင်းအစစ်အမှန်ဆိုတာဘယ်လိုအရာလဲဆိုတာကိုပြောပြထားပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ဘဝတစ်လျှောက်မှာအခက်အခဲတွေ၊ အတားအဆီးတွေကိုတွေ့ကြုံဖြတ်သန်းနေရပါတယ်။ လူသားမှန်ရင် ပြီးပြည့် စုံခြင်းမရှိတဲ့အတွက် ကိုယ်ကျော်ဖြတ်နေတဲ့အခက်အခဲ၊ အတားအဆီးတွေမှာလွဲချော်မှုတွေအမှားတွေပြုလုပ်မိပြီးလိုရင်းအောင် မြင်မှုကိုမရတာမျိုးတွေဖြစ်တတ်ပါတယ်။
ကျရှုံးခြင်းဆိုတာကို ကြိုးစားလုပ်ဆောင်နေတဲ့လူသားတိုင်း ဘဝတစ်ကွေ့မဟုတ်တစ် ကွေ့မှာ ကြုံတွေ့ရမှာပါပဲ။ အဓိကကတော့ ကိုယ့်ဘက်က ကြုံလာတဲ့ ကျရှုံးခြင်းတွေကိုလွယ်လင့်တကူလက်လျော့တာမျိုးမလုပ် ဖို့ပါပဲ။ လွယ်လင့်တကူလက်လျော့လိုက်တာနဲ့ ကိုယ့်အတွက် ကျရှုံးခြင်းတွေကလွဲလို့ တခြားဘာကိုမှရလာမှာမဟုတ်ပါဘူး။ လူတိုင်းမှားကြပါတယ်။ အမှားတွေထဲကနေအမှန်ရအောင်ပြင်နိုင်တဲ့သူ၊ အမှန်ကိုရအောင်ရှာနိုင်တဲ့သူ၊ ရှုံးနိမ့်ခြင်းတွေကနေအောင်မြင်ခြင်းဆီကိုရောက်အောင်သွားဖို့ ရှုံးနိမ့်ခဲ့တာတွေထဲကနေအားယူပြီးအသစ်တစ်ဖန်ပြန်လည်ကြိုးစားဖို့ပဲလိုပါတယ်။ ကြိုးစားနေသေးသရွေ့ တစ်နေ့မှာကိုယ်ရောက်ချင်တဲ့ ပန်းတိုင်၊ ကိုယ်လိုချင်တဲ့အောင်မြင်မှုက တစ်နေ့မဟုတ်တစ်နေ့ ရောက်ကိုရောက် ရကိုရမှာအမှန်ပါပဲ။
Defeat is not the worst of failures. Not to have tried is the true failure.
တကယ်လို့သာကိုယ်ကကိုယ်ရှုံးနိမ့်နေတဲ့အချိန် ကိုယ်ရှုံးနိမ့်တဲ့နေရာမှာပဲရပ်လို့ လုပ်စရာရှိတာဆက်မလုပ်ဘူး။ ကြိုးစားစရာရှိတာကိုဆက်ပြီးမကြိုးစားဘူးဆိုရင်တော့ ကိုယ့်အတွက် အောင်မြင်မှုဆိုတာ အဝေးဆုံးမှာ ရောက်နေမယ့် အိမ်မက်ဆန်ဆန် ဝေးလွှင့်ခြင်းသာဖြစ်နေမှာပါ။ ဒါကြောင့် လဲကျတဲ့နေရာမှာတင် ရပ်မနေဘဲလဲကျတာနဲ့ ထရပ် ပြီးကိုယ့်အတွက် နောက်ထပ်တစ်ကြိမ်ထပ်ပြီးတော့ ကြိုးစားပါ။ ကြိုးစားမှုတွေမရပ်သေးသရွေ့ အောင်မြင်ခြင်းဆိုတာကိုကိုယ့် အနေနဲ့ မျှော်လင့်ပိုင်ခွင့်ရှိနေပါသေးတယ်။ ဒါကြောင့် တစ်ကြိမ်တစ်ခါမကအကြိမ်အရေအတွက်ပေါင်းများစွာကျရှုံးနေစေဦးတော့ ကိုယ့်ဘက်ကနောက်ထပ်အကြိမ်ကြိမ်ပြန်လည်ကြိုးစားခြင်းကိုအရင်အခေါက်ကထက် မလျော့တဲ့ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ အားတင်းလို့ ကြိုးစားလိုက်ပါ။
ဘယ်အလုပ်ကိုပဲလုပ်လုပ် ငုပ်မိရင်လည်းသဲတိုင်ရောက်တဲ့အထိတက်နိုင်ရင်လည်းထိပ်ဆုံးအဖျားကိုရောက်တဲ့အထိ ကြိုးစားမှုတွေကိုမရပ်တန့်ဘဲဆက်လက်ကြိုးစားရင်းအသက်ရှင်ပါ။ လူဆိုတာအသက်ရှင်နေသမျှ ကြိုးစားမှုတွေနဲ့ ဖွဲ့စည်းပြီးအဓိပာယ်ရှိတဲ့နေ့ရက်တွေကိုအသက်သွင်းပါ။ ဒီလိုနဲ့ လုပ်ငန်းဆောင်တာတိုင်းမှာဘာတွေပဲ ကြုံလာပါစေ။ ကြိုးစားအားထုတ်ခြင်းအားဖြင့် အောင်မြင်တဲ့သူတွေဖြစ်နိုင်ကြစေဖို့အတွက် George Edward Woodberryရဲ့ စကားကိုကိုးကားရင်းတိုက်တွန်းလိုက်ရပါတယ်။
ဒီနေ့အတွက်စကား
From the publisher's feed
Wherever you go PadamyarFM will be there with you...