
Sign up to save your podcasts
Or


Life is like coin. Pleasure and pain are the two sides. Only one side is visible at a time. But remember other side is waiting for its turn.
ဒီစကားကတော့ ဘဝနဲ့သက်ဆိုင်တဲ့ အမှန်တရားကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ကျွန်တော်တို့ရှင်သန် နေထိုင်နေတဲ့ လူသားဘဝဆိုတာ ဒီစကားထဲကအတိုင်းပါပဲ။ ဒင်္ဂါးပြားတစ်ခုနဲ့ဆင်တူနေပါတယ်။ ဒင်္ဂါးပြားမှာမျက်နှာနှစ်ဘက် ရှိသလိုပဲ ကျွန်တော်တို့အတွက် ဘဝတစ်လျှောက်မှာလည်းခံစားချက်အစွန်းနှစ်ဖက်ရှိလို့နေပါတယ်။ ပျော်ရွှင်ကြည်နူးဖွယ်ရာသာယာမှုများနဲ့ နာကျင်ခံစားစရာတွေကတစ်ခုမဟုတ်တစ်ခုတစ်မျိုးမဟုတ်တစ်မျိုးအမြဲတမ်းဆိုသလိုရှိနေတတ်ပါတယ်။အဲဒါ ကိုပဲ ဘဝလို့ခေါ်ပါတယ်။ အဲဒီစကားလုံးနှစ်လုံးထဲနဲ့ဖွဲ့တည်ထားတဲ့ ဘဝဆိုတဲ့အရာကို ကျွန်တော်တို့တတွေ ရှင်သန်ရုန်းကန်နေ ကြရပါတယ်။ အဲဒီလိုရုန်းကန်နေရင်းနဲ့ပဲအတွေ့အကြုံတွေလည်းရလာမယ်။ ကိုယ်ကြုံရတဲ့ အတွေ့အကြုံကကိုယ့်အတွက် ပျော်ရွှင်စေနိုင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သလိုကိုယ့်အတွက် ခါးသီးတဲ့ နာကျင်စရာအဖြစ်အပျက်လည်းဖြစ်ကောင်းဖြစ်နေမှာပါ။ ဒီနေရာမှာသိထားရမှာကတော့ ဘဝဆိုတာ အရှေ့ကပြောခဲ့သလိုဒင်္ဂါးပြားတစ်ချပ်လိုပဲရှိနေတယ်ဆိုတာကိုမေ့မထားပါနဲ့။
ဘဝဆိုတာ ဒင်္ဂါးပြားတစ်ခုလိုပါပဲ။ သာယာပျော်ရွှင်မှုနဲ့ နာကျင်ခြင်းတွေကတစ်ဖက်တစ်ချက်စီမှာရှိနေပါတယ်။ တစ်ကြိမ်မှာတော့ တစ်ဖက်ကိုပဲမြင်နိုင်ပါတယ်။ ဒါပေမယ့်ကျန်တဲ့တစ်ဘက်ကလည်းသူ့အလှည့်ရောက်လာမှာကိုစောင့်နေတယ်ဆိုတာကိုသတိရပါ။
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ
ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .
ဒီတစ်ပတ်မှာတော့ ဂျပန်နိုင်ငံ၏ စီးပွားရေး၊နိုင်ငံရေး နှင့်ပတ်သက်သည့်အကြောင်းတွေကို ဆွေးနွေးတင်ပြပေးမှာဖြစ်ပါတယ်.......
ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။
သောတရှင်များအတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေးကတော့ Song For အစီအစဉ်ပဲ ဖြစ်ပါတယ်.......
ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူများမှ မြို့တစ်မြို့စီအလိုက်ရွေးချယ်ပြီး သီချင်းလက်ဆောင် ထုတ်လွင့်ပေးမှာ ဖြစ်ပါတယ်...... ဒီတစ်ပတ်မှာတော့ ပတ္တမြား FM ချစ်ပရိသတ်များစွာရှိတဲ့ ပန်းမြို့တော် (ခ) ပြင်ဦးလွင်မြို့မှ ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူ စည်သူ မှ သီချင်းလက်ဆောင်ပေးမှာမို့ စောင့်မျှော် နားဆင်နိုင်ပါတယ်.........
When you realize your self worth you’ll stop giving people discounts.
သင့်ရဲ့ကိုယ်ပိုင်တန်ဖိုးကိုသတိထားမိလာတဲ့အချိန်မှာတခြားသူတွေကိုလျော့ဈေးပေးနေတာမျိုးကနေသင့်ရပ်တန့်လိုက်ပါလိမ့် မယ်။
သောတရှင်များကြားသိလိုက်ရတဲ့ ဒီနေ့အတွက်စကားကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုးနဲ့ ပတ် သက်တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ လောကမှာရှင်သန်နေထိုင်ကြတဲ့ လူသားတိုင်းမှာသူ့တန်ဖိုးနဲ့ သူဆိုတာရှိပါတယ်။ တန်ဖိုးဆိုတဲ့အရာကကိုယ်တိုင်သတ်မှတ်လို့ရတဲ့အရာမျိုးမဟုတ်ပေမယ့် ကိုယ်တိုင် မွေးမြူလို့ရတဲ့ ကိုယ့်ရဲ့လုပ်ရပ်တွေပေါ်မှာမူတည် နေတဲ့အတွက် ကိုယ်တိုင်ပြုပြင်လို့ရတဲ့ အရာဖြစ်ပါတယ်။ တခြားသူတွေကသတ်မှတ်ပေးပေမယ့် ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းကသာအဓိကကျတယ်ဆိုတာကိုလည်းမေ့မထားသင့်ပါဘူး။ ဒါကြောင့် ကိုယ်တိုင်ရဲ့ ကိုယ်ပိုင်အရည်အချင်းကိုကိုယ်တိုင်ကထိန်းသိမ်းနိုင်ရပါမယ်။
ကိုယ့်ရဲ့အရည်အချင်းကိုကိုယ်တိုင်မထိန်းသိမ်းနိုင်ဘူးဆိုရင် ဒီနေ့ခေတ်မှာကိုယ်ဟာတန်ဖိုးကျတဲ့သူတစ်ယောက် အဖိုးမတန် တဲ့သူတစ်ယောက်ဖြစ်နေမှာပါ။ ကိုယ့်ရဲ့တန်ဖိုးဆိုတာကကိုယ့်ရဲ့အရည်အချင်းပေါ်မှာသာတိုက်ရိုက်အချိုးကျ ရပ်တည်နေတာပါ။ ဒါကြောင့် တတ်နိုင်သမျှ ကိုယ့်ရဲ့အရည်အချင်းပိုင်းမှာကိုယ်တိုင်ကတောက်ပြောင် အောင် ကြိုးစားနေဖို့လိုပါတယ်။ ထိုနည်းတူစွာပဲ။ ကိုယ့်ရဲ့ကြိုးစားမှုတိုင်းဟာ ဖြူစင်ရိုးသားမှန်ကန်မှုရှိနေဖို့လိုပါတယ်။ သူတပါးကိုမကောင်းကြံပြီးသူတပါးကိုချနင်းပြီးမှ အရည်အသွေးတောက်ပြောင်ရတဲ့အဖြစ်မျိုးတော့ မဖြစ်အောင် ကိုယ်တိုင်ကဆင်ခြင် သင့်ပါတယ်။
ပတ္တမြား FM ပရိသတ်များအားလုံးမင်္ဂလာပါ၊၊မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ အပတ်စဉ် တင်ဆက်ပေးနေကြအတိုင်း ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူတွေရဲ့တေးသီချင်းကောင်းတွေကို ရွေးချယ်လို့တင်ဆက်ပေးတော့မယ့် မနောမြေမှတေးသံသာ အစီအစဉ် ဖြစ်ပါတယ်၊ စောင့်မျှော်နားဆင်ပေးပါဦးနော် ............
Most relationships do not die from natural causes. They are killed by selfishness, neglect, lack of consideration, lies and secrets!
ဒီနေ့အတွက်စကားကတော့ သောတရှင်များကြားသိလိုက်ရတဲ့အတိုင်းပါပဲ။ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်တဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ လူတစ်ယောက်နဲ့တစ်ယောက်ကြား၊ အဖွဲ့တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြားကဆက်ဆံရေးတွေ ပျက်စီးနေတာကိုတွေ့မြင်နေရလေ့ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာဘယ်လောက်ပဲအချိန် ကြာကြာတည်ဆောက်ထားတဲ့ ဆက်ဆံရေးဖြစ်နေပါစေ။ အချိန်အခါမရွေးမှာမထင်မှတ်ထားတဲ့ ကိစ္စရပ်တွေကြောင့်ပဲပျက်စီးမှု တွေ ဖြစ်နိုင်ပါတယ်။ ဒါတွေကဘာတွေလဲဆိုတာကိုသိမြင်ထားမယ်ဆိုရင်တော့ ကိုယ့်မှာရှိနေတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကိုလည်းထိန်းသိမ်းထားနိုင်မယ်ဆိုတာကိုယုံကြည်တဲ့အတွက် ဒီနေ့မှာဒီစကားကို ဝေမျှပေးလိုက်တာဖြစ်ပါတယ်။ ကဲဒီတော့ ဆက်ဆံရေးတွေကိုပျက်စီးစေနိုင်တာဘာတွေလဲဆိုတာကိုလေ့လာကြည့်ရအောင်။
Selfishness တစ်ကိုယ်ကောင်းဆန်မှု၊ Relationship ကိုပျက်ပြားစေနိုင်တဲ့ပထမဆုံးတစ်ခုကတော့ တစ်ကိုယ်ကောင်းဆန်မှုပါ။ ဆက်ဆံရေးတစ်ခုဆိုတာလူသားတစ်ဦးနဲ့တစ်ဦးကြားဖြစ်နေတဲ့အတွက် နှစ်ယောက်ထဲကတစ်ယောက် ကသာသူ့ဘက်ကိုပဲ ကြည့်ပြီးတစ်ကိုယ်ကောင်းဆန်လွန်းတဲ့အခါမှာအဲဒီဆက်ဆံရေးတစ်ခုကကောင်းမွန်ခြင်းတွေပျက်သုန်းလာပြီးပျက်စီးခြင်းဘူတာကိုဆိုက်ကပ်သွားတတ်ပါတယ်။
neglectဥပေက္ခာ၊ နောက်ထပ်တစ်ခုကတော့ ဥပေက္ခာပြုမျုတွေပါ။ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြင်နာမှု တွေမရှိတဲ့ ချစ်ခင်မှုမရှိတဲ့ ဆက်ဆံရေးဟာအချိန်ကြာရှည်နိုင်မှာမဟုတ်တာကိုအားလုံးလက်ခံပါလိမ့်မယ်။
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ ထီ ကျပ်သိန်း ၁၅၀၀၀ ဆုကြီးပေါက်ရင် ဘာလုပ်ကြမလဲဆိုတာကို ပရိသတ်များကိုမေးမြန်းထားပါတယ်....
ပရိသတ်များ ရင်ထဲက စိတ်ကူးအတိုင်းပြောထားကြတဲ့ ပြောကြည့် အစီအစဉ် ပဲဖြစ်ပါတယ်.......
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
It's Song Today အစီအစဉ်ကနေ တေးသံရှင် M Zaw Rain လက်တလော နားဆင်ဖြစ်နေတဲ့သီချင်းလေးတွေ ပရိသတ်တွေအားလုံးနဲ့ အကြိုက်တွေ့မယ် သီချင်းလေးတွေကိုရွေးချယ်ပြီးတော့မှ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် အဲ့ဒီတော့ ဒီအစီအစဉ်လေးမှာ တေးသံရှင် M Zaw Rain နဲ့အတူ လိုက်ပါစီးမျော ခံစားကြည့်ပေးပါဦးနော်
Feed a dog for three days and he will remember you for three years. Feed a human for three years and he will forget you in three days.
ခွေးတစ်ကောင်ကိုသုံးရက်အစာကျွေးမယ်ဆိုရင် သုံးနှစ်စာသင့်ကိုမှတ်မိနေမှာပါ။ လူတစ်ယောက်ကိုသုံးနှစ်ကျွေးမွေးထားပေမယ့် သုံးရက်တာအတွင်းမှာတင် သင့်ကိုမေ့သွားနိုင်ပါတယ်တဲ့။
ကျေးဇူးတရားသိတတ်ခြင်းကိုပြောပြထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ ခွေးတစ်ကောင်ကိုသုံးရက်လောက်အစာကျွေးမယ် ဆိုရင် သုံးနှစ်လောက်သင့်ကိုမှတ်မိနေပေမယ့် လူတစ်ယောက် ကိုသုံးနှစ်သုံးမိုးကျွေးမွေးထားခဲ့ရင်တောင် သုံးရက်အတွင်းမှာတင် သင့်ကိုမေ့သွားနိုင်တယ်တဲ့။ ဒီစကားဟာအထူးသဖြင့် ကျေးဇူးတရားကိုမသိတတ်တဲ့သူတွေအတွက်ဆိုရင် သိပ်ကိုမှ မှန်တဲ့စကားပါ။ တစ်ချို့သောသူတွေကသူတပါးကသူတို့အတွက် ပြုခဲ့ ဖူးတဲ့ကျေးဇူးတရားကို မြင်လည်းမမြင်တတ်သလို၊ သိလည်းမသိတတ်ကြပါဘူး။
တကယ်တော့ တစ်လုပ်စားဖူးသူ့ကျေးဇူးဆိုတဲ့ အတိုင်းပဲထမင်းတစ်လုပ်လောက် ကိုယ်ကသူ့ဆီကပေးဆပ်မှုတစ်ခုကိုရယူဖူးတယ်ဆိုရင် နားလည်မှုအပြည့်အဝနဲ့ သိတတ်ရပါမယ်။ ကိုယ်ဟာသူ့ကြောင့် အခက်အခဲတွေကြားကနေလွတ်မြောက် ခဲ့ဖူးတယ်။ သူ့ကြောင့်ပျော်ရွှင်ခဲ့ရဘူးတယ်။ သူ့ရဲ့ အကူအညီသူ့ရဲ့ဖေးမမှုကိုရယူခဲ့ရဘူးတယ်ဆိုရင် သူ့ကိုကျေးဇူးပြန် မဆပ်နိုင်ရင်တောင်မှ ကျေးဇူးကန်းတဲ့လုပ်ရပ်မျိုးတော့မလုပ်သင့် ပါဘူး။ တကယ်တော့ ကျေးဇူးရှင်ကိုကျေးစွပ်တဲ့သူဟာကိုယ့်ကိုအစာထည့်ကျွေးနေတဲ့လက်ကို ပြန်ပြီးကိုက်တဲ့ ခွေးတစ် ကောင်လိုပါပဲ။ လောကကြီးမှာခွေးတွေကသစ္စာအရှိဆုံးလို့ လူတွေကသတ်မှတ်ကြပါတယ်။ သူ့ကိုကျွေးမွေးထားတဲ့ ထမင်းရှင် ကိုခွေးဆိုတဲ့ အဟိတ်တရိစ္ဆာန်တောင်မှ သိတတ်နားလည်စွာနေတတ်သေးရင် ကျွန်တော်တို့လိုစဉ်းစားဆင်ခြင်ဉာဏ်ရင့်သန် ပါတယ်ဆိုတဲ့ လူသားတွေကကျေးဇူးတရားဆိုတာကိုပိုပြီးသိတတ်နားလည်ဖို့မလိုဘူးလားခင်ဗျာ။
Always remember to fall asleep with a dream and wake up with a purpose.
ဒီစကားကတော့ ကျွန်တော်တို့လူသားတွေအနေနဲ့ နေ့စဉ်ဘဝနေထိုင်မှုမှာ အိပ်ရာဝင်တဲ့အချိန်နဲ့ အိပ်ရာကနိုးထလာတဲ့ အချိန်မှာ ဘာတွေ ကိုလုပ်ဆောင်သင့်သလဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဒီစကားထဲကအတိုင်း ဆိုရင်တော့ အိပ်ရာ ဝင်တဲ့ အချိန်တိုင်းမှာအိပ်မက်တစ်ခုမက်ဖို့ သတိရပါလို့ ပြောထားပါတယ်။ အဓိကဆိုလိုချင်တာကတော့ ကိုယ့်မှာ မျှော်လင့်ချက်တွေ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကိုကိုယ့်ရဲ့အသိစိတ်ထဲမှာမျက်ခြေမပြတ်ဖို့လိုအပ်တယ် ဆိုတဲ့အကြောင်းကိုပြောပြ ထားတာဖြစ်ပါတယ်။
တကယ်တော့ အိပ်မက်ဆိုတာနေ့ဘက် လှုပ်ရှားသွားလာရတဲ့အချိန်အတွင်းမှာကိုယ့်စိတ်ထဲမှာ ဖြစ်တည် နေတဲ့ အဖြစ်အပျက် တွေကနေ ပြန်လည်ပုံရိပ်ထင် မြင်မက်ခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာကိုယ့်ဘဝအတွက် ပန်းတိုင်တွေ လုပ်ဆောင်စရာတွေရှိနေတဲ့သူကကိုယ့်ရဲ့အိပ်မက်ထဲမှာလည်းအဲဒီပန်းတိုင်တွေ လုပ်ဆောင်စရာတွေကပါလာ တတ်ပါတယ်။ ထို့အတူပဲနေ့ဘက်မှာကိုယ်ကြုံတွေ့ရတဲ့အခက်အခဲတွေရဲ့ ဖြေရှင်းနည်းတွေကိုလည်းကိုယ့်ရဲ့အိပ်မက်ထဲမှာ တစ်ခါတစ်ရံမှာ ရှာဖွေတွေ့ရှိတတ်ပါသေးတယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုကတော့ ဘယ်အရာမှာပဲဖြစ်ဖြစ် တစ်ဖက်စွန်း ရောက်တာမျိုး တော့ မဖြစ်သင့်ပါဘူး။ အပြင်ကစိတ်ဖိစီးမှုတွေကလုပ်ငန်းခွင်ကအခက်အခဲတွေကကိုယ့်ရဲ့အိပ်စက်အနားယူတဲ့ အချိန်ကိုအရမ်း ကိုစွတ်ဖက်တာမျိုးတော့ မလုပ်သင့်ပါဘူး။
From the publisher's feed
Wherever you go PadamyarFM will be there with you...