Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    Manner matter. Good looks are a bonus. Humor is a must.

    အမူအကျင့်ဆိုတာအရေးပါပါတယ်။ရုပ်ရည်ချောမောမှုကတော့ဆုလာဒ်တစ်ခုဖြစ်ပြီးရယ်ရွှင်ကြည်နူးနိုင်မှုကတော့အဓိကပါတဲ့။ ဒီစကားထဲကအတိုင်းပါပဲလူတစ်ယောက်မှာအမူအကျင့်ဆိုတာတကယ့်ကိုမှအရေးပါတဲ့အရာပါ။ကိုယ့်ရဲ့အမူအကျင့်ကကိုယ့်ဘဝပြောင်းလဲမှုတိုင်းကိုစေခိုင်းနိုင်တဲ့အချက်တစ်ခုပါ။အမူအကျင့်ကောင်းတယ်ဆိုတဲ့နေရာမှာသူတပါးအပေါ်မေတ္တာတရားထားတတ်တာ၊ကိုယ်ချင်းစာတရားနဲ့ပြောဆိုဆက်ဆံတာ၊ဂရုဏာတရားနဲ့ဖေးမကူညီတာ၊ယုတ်ယင်းကြမ်းတမ်းတဲ့စကားကိုရှောင်ကြည်ပြီးချိုသာပျူငှာတဲ့စကားကိုပြောတတ်တာအဲဒါတွေကအခြေခံလူယဉ်ကျေးတွေရဲ့လိုက်နာစရာစည်းကမ်းတွေပါ။

    အဲဒီစည်းကမ်းတွေအပြင်အလုပ်ခွင်မှာပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်စေတနာထားပြီးအလုပ်လုပ်တာ၊ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကြိုးစားတာ၊စာရိတ္တမဏိုင်ခိုင်မာတာ၊တစ်ဦးပေါ်တစ်ဦးအပြန်အလှန်သစ္စာရှိတာ၊စည်းကမ်းလိုက်နာတတ်တာစတဲ့စတဲ့အချက်ပေါင်းများစွာကပါဝင်နေပါတယ်။အခုလိုတိုးတက်လာတဲ့ပွင့်လင်းမြင်သာတဲ့ခေတ်ကြီးမှာလုပ်ငန်းခွင်တော်တော်များများမှာအကျင့်ပျက်ချစားတဲ့သူတွေအတွက်လည်းနေရာမရှိတော့ပါဘူး။အလုပ်ကိုအလုပ်လိုလုပ်တာ၊စေတနာထားပြီးကြိုးစားတာ၊နှစ်ဦးနှစ်ဖက် Win Win Situation ဖြစ်အောင်စွမ်းဆောင်နိုင်တာကိုသာအဓိကထားတော့တာပါ။ဒါကြောင့်ကိုယ့်အရည်အချင်းစစ်မှန်ဖို့ကအဓိကကျလာပါတယ်။ကိုယ့်ရဲ့ပြောဆိုနေထိုင်ပြုမူမှုတွေကအရေးပါသထက်ပါလာပါတယ်။

    3 min
  • ခေတ်လူငယ်

    ပရိတ်သတ်များအားလုံး မင်္ဂလာပါ... ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် .. ဒါ့အပြင် ကိုယ်မသိသေးတဲ့ .ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော် . .

    15 min
  • ဒီနေ့အတွက်စကား

    Time doesn’t heal anything, it just teaches us how to live with the pain.

    ဒီစကားကတော့ကျွန်တော်တို့မကြာခဏဆိုသလိုပြောလေ့ရှိတဲ့စကားတစ်ခုနဲ့လုံးလုံးလျားလျားဆန့်ကျင်နေတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။လောကမှာရှင်သန်ရုန်းကန်နေသေးသရွေ့လူသားတိုင်းဟာရှုံးနိမ့်လဲပြိုမှုတွေကိုရင်ဆိုင်ရလေ့ရှိပါတယ်။ဘယ်သောအခါမှပြီးပြည့်စုံခြင်းမရှိတဲ့အတွက်အမှားတွေလုပ်မိတဲ့အခါမှာရှုံးနိမ့်ခြင်းတွေကိုမလိုချင်ဘဲနဲ့ပိုင်ဆိုင်ရမှာပါ။အဲဒီအခါမှာနာကျင်မှုကိုခံစားရတဲ့သူကိုဘေးကလူတွေကအမြဲတမ်းပြောလေ့ရှိကြပါတယ်။

    အချစ်ရေးအတွက်အသည်းကွဲဝေဒနာကိုခံစားရတဲ့သူတွေအတွက်ဆိုရင်ပိုပြီးပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။အချိန်ကကုစားပေးမှာပါလို့။ဒါကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူကိုဝမ်းနည်းပူဆွေးခြင်းဝေဒနာကိုမခံစားစေချင်တဲ့ကိုယ်ချင်းစာစိတ်၊သနားတဲ့စိတ်၊ကရုဏာသက်တဲ့စိတ်နဲ့ပြောတဲ့နှစ်သိမ့်စကားဖြစ်ပါတယ်။ဒါကိုလည်းရာနှုန်းပြည့်မှားတယ်လို့ဆိုလိုတာမဟုတ်ပေမယ့်ဒီနေ့အတွက်စကားကတော့အဲဒီစကားနဲ့ဆန့်ကျင်ဘက်ဖြစ်လို့နေပါတယ်။

    5 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...