
Sign up to save your podcasts
Or


လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ လူတိုင်းလူတိုင်း မှာရှိတဲ့ ကောင်းတဲ့ ၊ မကောင်းတဲ့ အကျင့်တွေ ၊ ဝါသနာတွေ အကြောင်းကို ရင်ထဲကလာတဲ့ အတိုင်း ပြောထားကြတဲ့ ပြောကြည့် အစီအစဉ်ပဲဖြစ်ပါတယ်.......
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
It’s your life. Don’t let anyone make you feel guilty living it your way.
ဒီနေ့အတွက်စကား
လောကမှာတစ်ခါတစ်လေသောအချိန်တွေမှာကိုယ့်အနေနဲ့ကိုယ့်ပုံစံအတိုင်းနေထိုင်နေရင်းတပါးသူရဲ့အနှောင့်အယှက်စကားတွေကြောင့်လိပ်ပြာမသန့်သလို၊ကိုယ်ပဲအပြစ်လုပ်ထားသလိုခံစားရတတ်ပါတယ်။အထူးသဖြင့်ပတ်ဝန်းကျင်ကိုအရမ်းဂရုစိုက်လွန်းတဲ့သူတွေ၊ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင်အတင်းကြိုးစားနေတဲ့သူတွေဆိုရင်အဲဒီလိုခံစားချက်မျိုးပိုပြီးဖြစ်တည်ခံစားရတတ်ပါတယ်။ငါလုပ်တာများမှားသွားပြီလား။ငါပြောမိတာများလွန်သွားလား။စသဖြင့်တွေးတောသွားမိတတ်ပါတယ်။
ဒီခံစားချက်မျိုးတွေကတော့ပတ်ဝန်းကျင်ကကိုယ့်အပေါ်မကောင်းမြင်သွားမှာကိုကြောက်ရွံ့တတ်တဲ့သူတွေအတွက်ခံစားရနေကျခံစားချက်မျိုးပါ။ဒီလိုနဲ့ကိုယ်လုပ်ချင်တာမလုပ်ရ။ကိုယ်ပြောချင်တာမပြောရတဲ့အခါမှာတစ်ယောက်တည်းရှိနေတဲ့အချိန်မှာဝမ်းနည်းမှုကိုခံစားနေရတတ်ပါတယ်။တကယ်တမ်းတွေးကြည့်မယ်ဆိုရင်မိတ်ဆွေသင်္ဂဟပေါများတယ်ဆိုတာကောင်းပါတယ်။ဒါပေမယ့်မိတ်ဆွေတွေပေါများခြင်းကဘဝရဲ့အရေးပါမှုထဲမှာရာခိုင်နှုန်းအပြည့်အရေးပါနေတာမဟုတ်ပါဘူး။မိမိဘဝကိုမိမိသာပိုင်ပါတယ်။မိမိကြုံတွေ့ရမယ့်ဘဝရဲ့အခက်အခဲတွေကိုမိမိဘာသာရင်ဆိုင်ရမှာပါ။ခင်လှပါတယ်ဆိုတဲ့သူတွေလည်းလာပြီးဖြေရှင်းပေးနိုင်လည်းတစ်ချို့တစ်ဝက်သောရာခိုင်နှုန်းလောက်ပဲဖြစ်မှာပါ။အဓိကကတော့ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်ဟာကိုယ်ကိုတိုင်ပါပဲ။
You don’t always need a plan. Sometimes you just need to breathe. Trust Let go and see what happen.
ဒီနေ့အတွက်စကား
တစ်ခါတစ်လေတော့လည်းကြိုတင်ပြင်ဆင်မှုတွေလုပ်နေစရာမလိုပါဘူး။အသက်ကို၀၀ရှုလို့ဘာဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်နေလိုက်ပါတဲ့။ ဒီစကားကတော့စိတ်ထဲကနေကြို တင်ပြင်ဆင်ထားတဲ့ အတိုင်းဖြစ်မလာ တွေအတွက် စိတ်ဓါတ်ကျအားငယ်နေတဲ့သူတွေအတွက်အသိပေးထားတဲ့ စကားတစ်ခွန်းပါ။ တစ်ခါတစ်လေမှာတော့ကျွန်တော်တို့တတွေမျှော် မှန်းထားတဲ့အတိုင်းဖြစ်မလာတာ၊ စီစဉ်ထားတဲ့ပြင်ဆင်မှုတွေ အတိုင်းမဖြစ်သွားတာတွေရှိတတ်ပါတယ်။ကိုယ်ကတော့အသေအချာပြင်ဆင်ထားပါရက်နဲ့တပါးသူရဲ့ပယောဂကြောင့်ပဲဖြစ်ဖြစ်ဖြစ်ချိန်မတန်သေးလို့ပဲဖြစ်ဖြစ်ကိုယ်မျှော်လင့်စောင့်စားစီစဉ်ထားသလိုဖြစ်မလာတဲ့အခါမှာကိုယ်လုပ်ထားပါရက်နဲ့ပျက်ရလေခြင်းဆိုပြီးကျွန်တော်တို့တတွေစိတ်ထဲမှာဝမ်းနည်းမှုကိုခံစားရတတ်ပါတယ်။ကိုယ်များညံ့သွားလို့လားဆိုပြီးတွေဝေတဲ့စိတ်တွေလည်းပေါ်လာတတ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်ကကြိုတင်ပြင်ဆင်မှုတွေအရမ်းကိုလုပ်တတ်တဲ့သူပါ။ဘာပဲဖြစ်ဖြစ်ကြိုတင်ပြီးစိတ်ကူးယဉ်တတ်တယ်။ကြိုတင်ပြီးစာရင်းဇယားနဲ့ချပြီးပြင်ဆင်တတ်တဲ့အကျင့်ရှိပါတယ်။ဒါဟာမကောင်းဘူးလားဆိုတော့လည်းမဟုတ်ပါဘူး။ဒါဟာကောင်းတဲ့အချက်တစ်ခုပါ။ဒါပေမယ့်တစ်ခါတစ်လေမှာကိုယ်ကြိုတင်ပြီးသေသေချာချာစာရင်းဇယားနဲ့လုပ်ထားပါရက်နဲ့ဖြစ်မသွားတဲ့အရာတွေ၊ Planတွေအသီသီဆွဲထားပါရက်နဲ့အခြေအနေအရပ်ရပ်ကြောင့်အဲဒီအစီအစဉ်တွေကတလွဲတွေဖြစ်သွားတာမျိုး တွေကို ကြုံရတဲ့အခါမှာစိတ်ဓါတ်ကျ တာကတော့ကျွန်တော်ကို ယ်တိုင်ပါပဲ။ ဒါပေမယ့်ဒီစကားလေးကို စပြီးသိလိုက်တဲ့အချိန်မှာတော့ကျွန်တော်ဖြေသာလိုက်နိုင်ပါတယ်။
ဉာဏ်ကို ဉာဏ်ခြင်း ယှဉ်တဲ့ခေတ် New World.....
ရင်ဆိုင်ယှဉ် ပြိုင်ဖို့အတွက် Are You Ready?
အရာရာတိုင်းအတွက် ခေတ်သစ်ကြယ် knowledge .......
ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...
လုပ်ငန်းခွင်တစ်ခုကနေ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးနေတဲ့ Knowledge for All . . . . .
PS Business School မှဆရာဦးမျိုးမင်းမှ Made in Myanmar - မြန်မာနိုင်ငံက product ၊ အမှတ်တံဆိပ်များနှင့် ပတ်သက်တဲ့ အကြောင်းအရာများကို ဝေမျှပေးထားပါတယ်........
Quality is never an accident. It is always the result of intelligent effort.
ဒီစကားကိုပြောခဲ့တဲ့သူကတော့သူ့ရဲ့အရေးအသားတွေက၁၉၀၀ပြည့်လွန်နှစ်တွေအထိသူရဲ့အရေးအသားတွေကလွှမ်းမှိုးစေခဲ့သူအင်္ဂလိပ်လူမျိုးစာရေးဆရာနဲ့ပန်းချီဆရာ John Ruskinပါ။ သူပြောခဲ့သလိုပါပဲ။ တကယ်တော့လူတစ်ယောက်မှာအရည်အချင်းအရည်အသွေးဆိုတာအလကားသက်သက်မတော်တဆဆန်ဆန်ဖြစ်တည်လာတဲ့အရာတစ်ခုမဟုတ်ပါဘူး။အရည်အချင်းတစ်ခုဖြစ်လာဖို့နဂိုကတည်းကကိုယ့်မှာထိုးထွင်းသိမြင်နိုင်တဲ့ထက်မြက်တဲ့ဉာဏ်ပညာရှိရပါမယ်။
တစ်ဦးနဲ့တစ်ဦးလည်းကိစ္စရပ်တစ်ခုပြဿနာတစ်ခုကိုယူဆပုံထင်မြင်ပုံမတူနိုင်တဲ့အတွက်အရည်အချင်းတွေလည်းမတူနိုင်ပါဘူး။ကိုယ်မလုပ်နိုင်တဲ့အရာတစ်ခုကိုသူလုပ်နိုင်ရင်လုပ်နိုင်မှာဖြစ်သလိုသူ့မှာမရှိတဲ့အရည်အချင်းကိုကိုယ့်မှာပိုင်ဆိုင်ထားတာလည်းဖြစ်နိုင်ပါတယ်။
The fear you build in your mind is worse than the situation that actually exists.
ဒီစကားလေးကတော့ကိုယ့်ရဲ့ကြောက်ရွံ့စိတ်ကြောင့်လုပ်ငန်းဆောင်တာတွေနှောင့်နှေးနေတတ်တဲ့သူတွေအတွက်သတိပေးထားတဲ့စကားပါ။အမေရိကန်လူမျိုးစိတ်ဓါတ်မြှင့်တင်ရေးစာရေးဆရာ Nick Matthews ပြောပြထားတဲ့စကားပါ။ကျွန်တော်တို့ရဲ့စိတ်ထဲမှာဖြစ်တည်နေတဲ့ကြောက်ရွံ့စိတ်က အပြင်လက်တွေ့မှာကျွန်တော်တို့ရင်ဆိုင်ရတဲ့ အခက်အခဲအတားအဆီးထက်ကို ပိုပြီးတော့ဆိုး နေတတ်ပါတယ်။ တကယ်တမ်းအခက်အခဲအတားအဆီးတွေကိုဖြတ်ကျော်ပြီးလိုက်တဲ့အခါမှာတော့တကယ်တမ်းကိုယ်ရဲ့ကြောက်ရွံ့မှုဖြစ်ခဲ့ရသလောက်မဟုတ်ပါလားဆိုတာကိုသိလာပါလိမ့်မယ်။
လူတစ်ချို့တွေကရှိပါတယ်။ဘာဆိုဘာမှမစရသေးခင်မှာကိုဖြစ်ပါ့မလား။ကိုယ်လုပ်လိုက်လို့တစ်ခုခုအဆိုးများဖြစ်သွားမလားဆိုပြီးကြောက်ရွံ့တတ်ကြပါတယ်။တစ်ချို့ကတော့လည်းတခြားပြင်ပကလူတွေရဲ့အသားလွတ်ခြိမ်းခြောက်မှုပယောဂတွေကြောင့်လုပ်ကိုင်လုဆဲဆဲအချိန်အထိချီတုံချတုံဖြစ်ပြီးအကြောက်လွန်ခြင်းရဲ့ရလာဒ်အနေနဲ့နောက်ဆုံး မှာ ဘာမှမလုပ်ကိုင်ဖြစ်တော့တဲ့အထိဖြစ်တတ်ပါတယ်။ တကယ်တော့ကိုယ့်ရဲ့စိတ်ထဲမှာရဲရင့်ပြတ်သားခြင်းဆိုတာကိုအဲဒီကြောက်ရွံ့စိတ်က ဖုံးလွှမ်းသွားပြီးနောက်ဆုံးမှာ ကိုယ့်ကိုအောင်မြင်ပြီး မြောက်မှုရဲ့ ဝေးရာကိုခေါ်ဆောင်သွားနိုင်ပါတယ်။
I'm...?????
I'm Singer ...
I'm Artist.......
I'm Designer......
I'm Photographer......
I'm Cameraman...........
I'm Writer ............
I'm Model........
I'm Dancer..........
သင်ရော ဘာဖြစ်ချင်တာလဲ???
ဒီတစ်ပတ်ရဲ့ I'M အစီအစဉ်ကနေ တင်ဆက်ပေးမှာကတော့ ..
အကပညာရပ်ကို စိတ်ဝင်စားကြတဲ့သူတွေ၊ Professional dancer ဖြစ်ချင်ကြတဲ့သူတွေအတွက် သိချင်တဲ့အကြောင်းအရာတွေကို မေးမြန်းဖို့ ပတ္တမြား FM Facebook Page ကနေ ဖိတ်ခေါ်ထားပါတယ်။
အကပညာရပ်ဆိုတာ ခက်ခဲနက်နဲပြီး လေ့ကျင့်လို့ သင်ယူလို့ မကုန်တဲ့ ပညာရပ် ဖြစ်ပါတယ်။
Life & Dance ရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ ကိုမင်းမင်းထွန်း မှ ပြန်လည်လို့ဖြေကြားပေးထားတယ်.......
I am who I am. Not who you think I am. Not who you want me to be. I am me.
ဒီစကားကိုပြောခဲ့တဲ့သူကတော့ကနေဒီယန်လူမျိုးစိတ်ဓါတ်မြှင့်တင်ရေးစာရေးဆရာမ Brigitte Nicole ပါ။သူပြောခဲ့တဲ့ဒီစကားကတော့ကိုယ့်ဘဝကိုသူများတွေရဲ့နှိမ့်ချပြောဆိုမှုတွေကြောင့်စိတ်ပျက်အားငယ်နေကျတဲ့သောတရှင်တွေအတွက်ဝေမျှပေးလိုက်ပါတယ်။ငါဟာငါပုံစံအတိုင်းနဲ့ငါပါပဲ။သင်ထင်ထားသလိုမျိုးငါမဟုတ်ပါဘူး။သင်ဖြစ်စေချင်သလိုငါလည်းမဟုတ်ပါဘူး။ငါဟာငါပါပဲ။
ကိုယ့်ကိုမကောင်းမြင်မကောင်းပြောနေတဲ့သူတွေ၊ကိုယ်ဘာလုပ်လုပ်ဘာပြောပြောအနှုတ်လက္ခဏာကိုသာမြင်ပြီးအကောင်းအတိုင်းမမြင်မတွေးပေးတတ်တဲ့သူတွေကိုယ့်ကိုသက်သက်မဲ့နိုင်ထက်စီးနင်းပြီးနှိမ်ချင်တဲ့သူတွေကိုဒီလိုစကားမျိုးကိုစိတ်ထဲမှာအမြဲမှတ်ပြီးနေဖို့ပါ။လူ့လောကမှာအောင်မြင်ဖို့ကြိုးစားကြရင်းနဲ့တစ်ခါတစ်လေလွဲချော်သွားတာမျိုးလည်းရှိတတ်ပါတယ်။ဒီလိုပါပဲ။ကိုယ်ဆက်ဆံနေရတဲ့ပတ်ဝန်းကျင်အတွင်းမှာကိုယ့်အပေါ်ကိုအကောင်းအတိုင်းစေတနာထားပြီးဝေဖန်အကြံပေးမယ့်သူတွေလည်းရှိသလိုကိုယ်ဘာလုပ်လုပ်မကောင်းပြောမယ့်မကောင်းမြင်မယ့်သူတွေလည်းရှိနေတတ်မှာပါ။ဒါကြောင့်ဒီစကားထဲကအတိုင်းမိမိကိုယ်ကိုလိုက်နာကျင့်သုံးနိုင်ဖို့လိုပါတယ်။
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .
ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။
သောတရှင်များအတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေးကတော့ Song For အစီအစဉ်ပဲ ဖြစ်ပါတယ်.......
ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူများမှ မြို့တစ်မြို့စီအလိုက်ရွေးချယ်ပြီး သီချင်းလက်ဆောင် ထုတ်လွင့်ပေးမှာ ဖြစ်ပါတယ်......
ဒီတစ်ပတ်မှာတော့ ရွှေဘိုမြို့ကချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူ ယုဇနမှ သီချင်းလက်ဆောင်ပေးမှာမို့ စောင့်မျှော်နားဆင်နိုင်ပါတယ်.........
From the publisher's feed
Wherever you go PadamyarFM will be there with you...