
Sign up to save your podcasts
Or


You cannot travel back in time to fix your mistakes, bit you can learn from them and forgive yourself for not knowing better.
ဒီစကားကိုပြောခဲ့တဲ့သူကတော့နံမည်ကျော် Baseball ကစားသမားကြီးLeon Brownပါ။အားကစားသမားတစ်ယောက်ဖြစ်တဲ့ အတွက်သူပြောတဲ့စကားကတကယ့်ကိုမှလက်တွေ့ဆန်ပြီးအားလုံးအတွက်မှတ်သားစရာကောင်းတဲ့အတွက်ဝေမျှပေးခဲ့တာဖြစ်ပါတယ်။
လူတိုင်းလူတိုင်းဟာအမှားနဲ့မကင်းကြပါဘူး။လူသားတိုင်းရှင်သန်ရာဘ၀တကွေ့မှာအမှားအယွင်းတစ်ခုမဟုတ်တစ်ခုကိုလုပ်မိတတ်ကြပါတယ်။
ဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ The Life အစီအစဉ်ကစောင့်ကြိုနေပါတယ်။ ယခုတစ်ပတ်မှာ နိုင်ငံကျော် တေသံရှင် အဆိုတော် ကေကေမိုးရဲ့ ဘဝအကြောင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။ တေးသံရှင်ကေကေမိုးရဲ့ သူအသက်ဘယ်အရွယ်ထဲကနေ သီချင်းတွေကို စိတ်ဝင်စားခဲ့လဲဆိုတာကို ပရိသတ်ကြီးလည်း သိချင်နေပြီဖြစ်ပါတယ်။ The Life အစီအစဉ်မှာ နားဆင်ခံစားနိုင်ပါတယ်..
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .
ပတ္တမြား FM ပရိသတ် အားလုံးပဲ မင်္ဂလာပါ......
အစိမ်းရောင်ချစ်သူ အစီအစဉ်ကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ပရိသတ်များအတွက် ပတ်ဝန်းကျင်ကို လှပသန့်ရှင်းစေရန် ၊ချစ်တတ်စေရန် ၊ အမိူက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ဖြစ်စေရန်အတွက် မိမိတို့နေ့စဉ် ပြုမူတဲ့ အပြုအမူများထဲမှ ရှောင်ကြဉ်ရမည့် အချက်များကို ဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာဖြစ်ပါတယ်...
ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။
သောတရှင်များအတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေးကတော့ Song For အစီအစဉ်ပဲ ဖြစ်ပါတယ်.......
ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူများမှ မြို့တစ်မြို့စီအလိုက်ရွေးချယ်ပြီး သီချင်းလက်ဆောင် ထုတ်လွင့်ပေးမှာ ဖြစ်ပါတယ်......
ဒီတစ်ပတ်မှာတော့ ကချင်ပြည်နယ် ဝိုင်းမော်မြို့ကချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူ စည်သူမှ သီချင်းလက်ဆောင်ပေးမှာမို့ စောင့်မျှော်နားဆင်နိုင်ပါတယ်.........
It’s never too late to start over. If you weren’t happy with yesterday try something different today. Don’t stay stuck. Do better.
တချို့သောအတိတ်ရဲ့ဝဲဂယက်ကနေရုန်းမထွက်နိုင်တဲ့သူတွေအတွက်ဝေမျှပေးခဲ့တာလည်းဖြစ်ပါတယ်။မကောင်းမှန်းသိသိကြီးနဲ့မကောင်းတာကိုဆက်လုပ်နေသေးတဲ့သူတွေ၊ကိုယ့်ဘဝကိုနစ်သထက်နစ်မွန်းအောင်လုပ်နေတဲ့သူတွေသိထားသင့်တဲ့စကားပါ။အသစ်တစ်ခုပြန်လည်စတင်ဖို့အတွက်ဘယ်တော့မှနောက်မကျပါဘူး။သင်အနေနဲ့မနေ့ကအဖြစ်တွေကိုသဘောမကျရင်ဒီနေ့မှာမတူတဲ့အရာတစ်ခုကိုကြိုးစားကြည့်ပါ။အတိတ်ရဲ့နွံထဲနစ်မနေပါစေနဲ့။ပိုကောင်းရင်လုပ်သာလုပ်ပါတဲ့။
တစ်ခါတစ်လေမှာကျွန်တော်တွေအနေနဲ့နဂိုအနေအထားတစ်ခုကနေပြောင်းလဲလိုက်ရမှာကိုဝန်လေးတတ်ကြပါတယ်။ပြောင်းလဲလိုက်ရင်ကောင်းသွားနိုင်ရင်တောင်မှပြောင်းလဲဖို့အရေးကိုခြေတုန်ချတုန်စဉ်းစားရင်းနောက်ဆုံးမပြောင်းလဲဘဲဒုံရင်းကဒုံရင်းရှိနေတတ်ပါတယ်။
တ္တမြား FM ပရိသတ်များအားလုံးမင်္ဂလာပါ၊၊မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ အပတ်စဉ် တင်ဆက်ပေးနေကြအတိုင်း ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူတွေရဲ့တေးသီချင်းကောင်းတွေကို ရွေးချယ်လို့တင်ဆက်ပေးတော့မယ့် မနောမြေမှတေးသံသာ အစီအစဉ် ဖြစ်ပါတယ်၊ စောင့်မျှော်နားဆင်ပေးပါဦးနော်
Victories that are easy are cheap. Those only are worth having which comes as the result of hard fighting.
လွယ်လွယ်လေးနဲ့ရလိုက်တဲ့အောင်မြင်မှုဆိုတာတန်ဖိုးသိပ်မရှိပါဘူး။ခက်ခက်ခဲခဲရင်ဆိုင်တိုက်ခိုက်ပြီးမှရလာတဲ့အောင်မြင်မှုတွေကသာအဖိုးအနဂ္ဃထိုက်တန်လှပါတယ်တဲ့။ ဒီနေ့အတွက်စကားကိုတော့အမေရိကန်လူမျိုးခရစ်ယာန်ဂိုဏ်းအုပ်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Henry Ward Beecher ကပြောကြားခဲ့တာဖြစ်ပါတယ်။အခုလောက်ဆိုရင်လည်းသောတရှင်တွေရဲ့စိတ်ထဲမှာကိုယ်ရရှိပိုင်ဆိုင်ထားတဲ့အောင်မြင်မှုတွေရဲ့သမိုင်းကြောင်းကိုစဉ်းစားနေမိလောက်တယ်လို့ထင်ပါတယ်။
ကိုယ်လက်ရှိရောက်နေတဲ့နေရာ၊ကိုယ်လက်ရှိပိုင်ဆိုင်ထားတဲ့စီးပွားဥစ္စာအဲဒါတွေကခက်ခက်ခဲခဲကြိုးစားပြီးပင်ပင်ပန်းပန်းရယူခဲ့ရတာလား။ဒါမှမဟုတ်လွယ်လင့်တကူပဲအသာတကြည်ရယူနိုင်ခဲ့တာလားလို့ပေါ့။စီးပွားဥစ္စာ၊ရာထူးဂု
ပတ္တမြား FM ပရိသတ်များအားလုံးမင်္ဂလာပါ၊၊
တေးရေးဆရာတွေရဲ့ဘဝအမှတ်တရတွေ၊ တေးသီချင်းရေးသားဖန်တီးမူတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးနေတဲ့ သီချင်းထဲကဘဝ၊ ဘဝထဲက အစီအစဉ် ဖြစ်ပါတယ်......
ဒီတစ်ခါ သီချင်းထဲကဘဝ၊ ဘဝထဲက အစီအစဉ်မှာ ပါဝင်လာသူက တေးသီချင်း များစွာကိုရေးစပ်ထားသူလည်းဖြစ်သလို တေးသီချင်းတွေကို သီဆိုသူ တေးရေး တေးဆို သားသား ပဲဖြစ်ပါတယ်.....
From the publisher's feed
Wherever you go PadamyarFM will be there with you...