
Sign up to save your podcasts
Or


A gentleman will open doors, pull out chairs and carry things. Not because she’s helpless or unable, but because he wants to show her that she is valuable and worthy of respect.
ဒီစကားကတော့ယောင်္ကျားကောင်းတစ်ယောက်အနေနဲ့ကိုယ်ချစ်တဲ့အမျိုးသမီးတွေအပေါ်ကိုစာနာညှာတာထောက်ထားဖို့လိုအပ်တဲ့အကြောင်းကိုပြောပြထားတဲ့စကားတစ်ခွန်းပါ။လောကမှာယောင်္ကျားရယ်မိန်းမရယ်လို့ကွဲပြားမှုနှစ်ခုမှာဖွဲ့စည်းတည်ဆောက်ပုံအရအမျိုးသားတွေကအမျိုးသမီးတွေထက်သန်မာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြပါတယ်။ဒါကြောင့်အမျိုးသမီးတွေထက်လည်း ကာယပိုင်းကို အသုံးပြုတဲ့နေရာတွေအလုပ်တွေ ပိုပြီးအလုပ်လုပ်ကိုင်ရလေ့ရှိပါတယ်။
ယောင်္ကျားတစ်ယောက်ကတံခါးကိုဖွင့်ပေးမယ်။ထိုင်ခုံကိုဆွဲထုတ်ပေးမယ်။ပစ္စည်းတွေကူသယ်ပေးမယ်။ဒါတွေဟာအဲဒီအမျိုးသမီးကအကူအညီလိုနေလို့မလုပ်နိုင်လို့မဟုတ်ပါဘူး။သူမဟာသူ့အတွက်အဖိုးတန်တဲ့လေးစားစရာအဖြစ်သိစေချင်လို့ပါ။
ပတ္တမြား FM ပရိသတ်များအားလုံးမင်္ဂလာပါ၊၊မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ အပတ်စဉ် တင်ဆက်ပေးနေကြအတိုင်း ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူတွေရဲ့တေးသီချင်းကောင်းတွေကို ရွေးချယ်လို့တင်ဆက်ပေးတော့မယ့် မနောမြေမှတေးသံသာ အစီအစဉ် ဖြစ်ပါတယ်၊ စောင့်မျှော်နားဆင်ပေးပါဦးနော် ............
It takes years of honesty to build a relationship and only one lie to break it forever.
ကောင်းမွန်မှန်ကန်တဲ့ဆက်ဆံရေးတစ်ခုဖြစ်ဖို့ရိုးသားမှုတွေနှစ်ပေါင်းများစွာနဲ့တည်ဆောက်ရပေမယ့်တစ်ခုတည်းသောမုသားကတော့ထာဝရပျက်စီးသွားစေနိုင်ပါတယ်တဲ့။ ဒီစကားကတော့အားလုံးကြားသိလိုက်ရတဲ့အတိုင်းပေါင်းသင်းဆက်ဆံရေးနဲ့သက်ဆိုင်တဲ့စကားတစ်ခွန်းပဲဖြစ်ပါတယ်။ပေါင်းသင်းဆက်ဆံရေးဆိုတာလည်းကျွန်တော်တို့ရဲ့ဘဝမှာအရေးပါတဲ့ကိစ္စဖြစ်တဲ့အတွက်ကျွန်တော် Quotesgate.comကနေရှာတွေ့တွေ့ချင်းမှာပဲသောတရှင်တွေအတွက်ဝေမျှပေးခဲ့တာပါ။ကောင်းမွန်မှန်ကန်တဲ့ဆက်ဆံရေးတစ်ခု Relationship တစ်ခုဆိုတဲ့နေရာမှာအလုပ်ခွင်ထဲက လုပ်ဖော်ကိုင်ဘက်အချင်းချင်း ကြားကဆက်ဆံရေးလည်းပါတယ်။အလုပ်ရှင်နဲ့အလုပ်သမားကြားကဆက်ဆံရေးလည်းပါတယ်။ချစ်သူနှစ်ဦးကြားကဆက်ဆံရေးလည်းပါဝင်သလိုမိဘနဲ့သားသမီးကြားကဆက်ဆံရေးတွေ၊နောက်ဆုံးအိမ်ထောင်သည်တွေရဲ့ဆက်ဆံရေးလည်းပါဝင်ပါတယ်။
ပထမဆုံးအနေနဲ့တစ်ဦးပေါ်တစ်ဦးကောင်းမွန်မှန်ကန်တဲ့ဆက်ဆံရေးတစ်ခုဖြစ်ဖို့ဒီစကားထဲကအတိုင်းပါပဲ။တစ်ဦးပေါ်တစ်ဦးယုံကြည်မှုဆိုတာမရှိမဖြစ်လိုအပ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှလည်းစီးပွားရေးပဲလုပ်လုပ်၊ကိုယ့်လုပ်ငန်းခွင်မှာပဲအသုံးချချကောင်းမွန်တဲ့ရလာဒ်တွေရလာမှာပါ။ဘယ်သူမှစီးပွားရေးလုပ်ငန်းမှာကိုယ်မယုံရတဲ့သူ၊သူနဲ့တွဲလုပ်ရင်ကိုယ်စိတ်ပူနေရမယ်ဆိုတဲ့သူနဲ့လက်တွဲလို့လုပ်ကိုင်ချင်မှာမဟုတ်ပါဘူး။ဒါကြောင့်ကိုယ်ကအများသူငါရဲ့ယုံကြည်မှုရအောင်နေရပါမယ်။အများရဲ့ယုံကြည်မှုရဖို့ဘယ်လိုနေရမလဲဆိုရင်တော့ရိုးသားရပါမယ်။ Honesty is the best policy. ရိုးသားခြင်းကအကောင်းဆုံးပါပဲ။
It's Song Today အစီအစဉ်ကနေ တေးသံရှင် M Zaw Rain လက်တလော နားဆင်ဖြစ်နေတဲ့သီချင်းလေးတွေ ပရိသတ်တွေအားလုံးနဲ့ အကြိုက်တွေ့မယ် သီချင်းလေးတွေကိုရွေးချယ်ပြီးတော့မှ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် အဲ့ဒီတော့ ဒီအစီအစဉ်လေးမှာ တေးသံရှင် M Zaw Rain နဲ့အတူ လိုက်ပါစီးမျော ခံစားကြည့်ပေးပါဦးနော်
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ မိုးရာသီနှင့်ပတ်သက်တဲ့ အမှတ်တရ အကြောင်းတွေကို ပြောထားကြတဲ့ ပြောကြည့် အစီအစဉ်ပဲဖြစ်ပါတယ်.......
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
ဒီနေ့အတွက်စကား
A beautiful woman delights the eye; a wise woman, the understanding; a pure one, the soul.
အမျိုးသမီးသုံးဦးကိုယှဉ်ထိုးပြသပြီးသူတို့ရဲ့ဝိသေသလက္ခဏာတွေနဲ့အတူအသိတစ်ခုကိုပါပေးထားတဲ့စကားတစ်ခွန်းပါ။လှပချောမောတဲ့မိန်းမတစ်ဦးကိုမြင်ရတွေ့ရတဲ့အခါမှာလူတိုင်းအတွက်မျက်စိပဒါသဖြစ်လို့ကျေနပ်ကြပါတယ်။ဒါကြောင့်ရုပ်ရှင်မင်းသမီးတွေ၊မော်ဒယ်လ်တွေကအထူးသဖြင့်လှပတဲ့သူတွေသာဖြစ်တာကိုသတိထားမိမှာပါ။ဘာလို့လည်းဆိုတော့လူဆိုတဲ့အမျိုးကကောင်းတာလှတာကိုပဲမြင်ချင်တွေ့ချင်တတ်တဲ့အတွက်လူရှေ့သူရှေ့ရုပ်လုံးထွက်ပြရတဲ့အမျိုးသမီးတွေအများစုကလှပဖို့လိုအပ်လို့လှပနေကျတာပါ။
ဒါပေမယ့်ရုပ်ရည်လှပရုံတစ်ခုတည်းနဲ့တော့လောကကြီးမှာမလုံလောက်ပါဘူး။တိုးတက်လာတဲ့ခေတ်အလိုက်တတ်သင့်တတ်ထိုက်တဲ့ပညာလည်းတတ်ဖို့လိုပါတယ်။ခေတ်ပညာတွေမတတ်ရင်တောင်မှစဉ်းစားဆင်ခြင်နိုင်မှုစွမ်းရည်ရင့်သန်မြင့်မားဖို့လိုအပ်ပါတယ်။အခုဆိုရင်ကမ္ဘာမှာအမျိုးသားတွေနဲ့ရင်ဘောင်သန်းလို့စီးပွားရေး၊လူမှုရေး၊နိုင်ငံရေးတွေမှာတောင်အမျိုးသမီးခေါင်းဆောင်တွေရှိနေတာကိုသတိပြုမိဖို့လိုပါတယ်။တတ်သင့်တတ်ထိုက်တဲ့ပညာရပ်တွေကိုခေတ်နဲ့အညီတတ်ထားနိုင်ရင်တော့ပိုပြီးတော့အဆင့်မြင့်တဲ့ပိုပြီးတော့အရည်အချင်းရှိတဲ့အမျိုးသမီးတစ်ဦးဖြစ်လာမှာပါ။
From the publisher's feed
Wherever you go PadamyarFM will be there with you...