Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • မနောမြေမှတေးသံသာ

    ပတ္တမြား FM ပရိသတ်များအားလုံးမင်္ဂလာပါ၊၊မနောမြေမှတေးသံသာ အစီအစဉ်ကိုနားဆင်နေကျတဲ့ ပရိသတ်များ အားလုံးမင်္ဂလာပါရှင်....ကျမကတော့ တေးသံရှင် အမွန်းဖြစ်ပါတယ်။ အပတ်စဉ် တင်ဆက်ပေးနေကြအတိုင်း ကချင်တိုင်းရင်းသား၊ တိုင်းရင်းသူတွေရဲ့တေးသီချင်းကောင်းတွေကို ရွေးချယ်လို့တင်ဆက်ပေးတော့မယ့် မနောမြေမှတေးသံသာ အစီအစဉ် ဖြစ်ပါတယ်၊ စောင့်မျှော်နားဆင်ပေးပါဦးနော် ............

    25 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Success seems to be connected with action. Successful people keep moving. They make mistakes, but they don’t quit.

    အမှားနဲ့မကင်းတဲ့လူသားတွေအတွက်သိထားစရာစကားတစ်ခွန်း၊အောင်မြင်ဖို့ရုန်းကန်နေရင်းနဲ့အားလျော့နေကြတဲ့သူတွေအတွက်သိထားစရာစကားတစ်ခွန်းပါ။ဒီစကားထဲကအတိုင်းပါပဲ။လူသားတိုင်းလူသားတိုင်းအမှားနဲ့မကင်းကြပါဘူး။အရာခပ်သိမ်းပြီးပြည့်စုံခြင်းမရှိတဲ့လူသားတွေအဖို့လုပ်ရင်းကိုင်ရင်းတစ်ချိန်မဟုတ်တစ်ချိန်တစ်ကွေ့မဟုတ်တစ်ကွေ့မှာမှားယွင်းမှုတွေကိုကြုံတွေ့ရနိုင်ပါတယ်။လူဆိုတာမှားမှာပါပဲ။မှားမှာဆိုးပြီးမလုပ်ရင်ဘာမှလည်းတတ်မှာမဟုတ်တော့ပါဘူး။ဒါကြောင့်ကိုယ့်အလုပ်မှာကိုယ်ကမှားယွင်းမှုတွေလုပ်မိပြောမိတယ်ဆိုရင်စိတ်ဓါတ်မကျပါနဲ့။

    လူတိုင်းမှားယွင်းဖူးပါတယ်။အထူးသဖြင့်အလုပ်လုပ်တဲ့သူတွေကပိုပြီးမှားတတ်ကြပါတယ်။ကိုယ်လုပ်လိုက်လို့မှားသွားတယ်ဆိုပြီးအဲဒီအလု

    3 min
  • ဒီနေ့အတွက်စကား

    Love Your Family. Spend Time, be kind and serve one another. Make no room for regrets. Tomorrow is not promised and today is short.

    ၂၀၂၀ ဖေဖော်ဝါရီ တရုတ်နိုင်ငံ မြို့တစ်မြို့ကနေ စတင်ခဲ့တဲ့ ကပ်ရောဂါ ဆိုးတစ်ခုကြောင့် ကျွန်တော်တို့တစ်ကမ္ဘာလုံးက ပြည်သူတွေ အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ရောဂါကာကွယ်ခဲ့ကြရပါတယ်။ တချို့အတွက်ကတော့ အလွန်တရာကြောက်မက် ဖွယ်ရာအတိတ်ဆိုးတစ်ခုဖြစ်ခဲ့ကြသလိုဘဲ လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။ ထို့အတူပဲ အဆိုးထဲကနေ အကောင်း တစ်ခုကို ကျွန်တော်တို့ မြင်အောင်ကြည့်ခွင့်ရခဲ့ပါတယ်။ ဒါကတော့ အနှစ်နှစ်အလလက မေ့လျော့နေခဲ့တဲ့ မိသားစုကို အချိန်ပေးဖို့နဲ့ မိသားစုနဲ့ တန်ဖိုးရှိပြီးလှပတဲ့ တဒင်္ဂလေးတွေကို ဖန်တီးယူဖို့ပါပဲ။

    ကျွန်တော်တို့ရှင်သန်ရာလူ့လောကကြီးက တစ်ရက်ပြီးတစ်ရက် ပိုပြီးတိုးတက်လာတယ်။ ထို့အတူပဲ လိုအပ်ချက်တွေက လည်း တစ်ရက်ပြီးတစ်ရက် ပိုပိုလို့ များလာပါတယ်။ နိစ္စဒူဝ စားဝတ်နေရေးအပြင်ကိုမှ လူတန်းစေ့နေနိုင်ရေး လူ့အောက်မ ကျရေးစတဲ့အချက်တွေကြောင့်ရော လူတွေဟာ မောဟတွေများလာတယ်။ ထို့အတူပဲ ခေတ်ရဲ့နောက်ကို မမောတမ်း မောနေ ရင်တောင်မှ မောမှန်းမသိလောက်အောင်ကို တစ်ကောက်ကောက်လိုက်လို့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ကြပါတယ်။ မိမိကိုယ် တိုင်အတွက်ရော မိမိမိသားစုအတွက်ရောဆိုတဲ့ စိတ်ဆန္ဒတွေကိုယ်စီနဲ့ ဘဝမီးအိမ် ကုန်ခမ်းခါနီးအချိန်ထိ ရမ္မက်တွေ ဆန္ဒတွေ လိုအင်တွေနဲ့ ပြေးလွှားနေကြရပါတယ်။

    3 min
  • THE LIFE

    ဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ The Life အစီအစဉ်ကစောင့်ကြိုနေပါတယ် ။ ယခုတစ်ပတ်မှာ သရုပ်ဆောင် အကယ်ဒမီ မင်းဦး ရဲ့ ဘဝအကြောင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်...

    လူတိုင်းမှာ စိတ်ကူးအိပ်မက် တွေရှိကြပါတယ်.... စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ကြတဲ့နေရာမှာ ကြိုးစားအားထုတ်မူတွေ၊ ဝီရိယ စိုက်ထုတ်မူတွေနဲ့ ခက်ခဲစွာ ဖြတ်သန်းရမှာပါ.....

    သရုပ်ဆောင် အကယ်ဒမီ မင်းဦး ငယ်စဉ်ဘဝ အိပ်မက်က အင်ဂျင်နီယာ ဖြစ်ဖို့ပါ ....

    သူရဲ့ငယ်ဘဝ အိပ်မက်ကို စွန့်လွတ်ပြီး သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့ ဘာလို့ရွေးချယ်ခဲ့လဲ ဆိုတဲ့ အကြောင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်......


    15 min
  • ဒီနေ့အတွက်စကား

    Somebody didn’t wake up today, but you did. That’s enough reason to stop complaining, and that’s enough to be thankful for. Never let your troubles blind you to your daily blessings.

    ဒီစကားကိုပြောကြားထားတဲ့သူကတော့နာမည်ကျော်အမေရိကန်Football Player တစ်ဦးဖြစ်တဲ့ Trent Shelton ပါ။ နေ့စဉ်နဲ့အမျှဒီကမ္ဘာပေါ်ကိုလူသားအသစ်တွေမွေးဖွားသန့်စင်လာသလိုပဲတချို့သောလူသားတွေလည်းသေခြင်းတရားကိုရင်ဆိုင်ရင်းဒီလောကထဲကနေထွက်ခွာသွားကြပါတယ်။ဒါပေမယ့်ဒီနေ့မှာလောကကနေနှုတ်ဆက်ထွက်ခွာသွားရတဲ့သူတွေထဲမှာအခုဒီအစီအစဉ်ကိုနားဆင်နေကြတဲ့သူတွေအားလုံးမပါဝင်ပါဘူး။ဒီတော့အသက်ရှင်နေသေးသမျှအရာအားလုံးကိုသက်ရှိလူသားတိုင်းလုပ်ဆောင်နိုင်ပါတယ်။

    ကွေးသောလက်မဆန့်မှီဆန့်သောလက်မကွေးမှီလူတိုင်းနှုတ်ဆက်သွားနိုင်တဲ့ဒီလောကကြီးထဲမှာအသက်ရှင်နေသေးတယ်ဆိုကတည်းကကျေးဇူးတင်စရာကောင်းချီးတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ကိုယ်ကြုံနေရတဲ့အခက်အခဲတွေအတွက်စောဒကတက်နေမိနေတယ်ဆိုရင်ဒီမျှတင်ရပ်တန့်လိုက်ပါ။အသက်ရှိနေသမျှအခုကြုံနေသမျှပြဿနာတိုင်းကိုကျော်လွှားနိုင်ပါတယ်။အခုကြုံနေရတဲ့အခက်အခဲတွေဆိုတာနောင်တစ်ချိန်မှာအတွေ့အကြုံဆိုတဲ့ဘာနဲ့မှလဲလို့မရတဲ့အရာတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့အတွက်အခွင့်အရေးကောင်းတစ်ခုပါပဲ။အသက်ရှင်နေသေးသရွေ့ဘယ်လောက်ခက်တဲ့ကိစ္စကိုမဆိုကျော်လွှားဖြေရှင်းနိုင်ဦးမှာပါ။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...