
Sign up to save your podcasts
Or


ဒီနေ့အတွက်စကား
If you walked away from a toxic, negative, abusive, one-sided, dead-end low vibrational relationship or friendship you won.
ပေါင်းသင်းဆက်ဆံရေး။
လွယ်မလိုနဲ့ခက်၊ တိမ်မယောင်နဲ့နက်တတ်ပါတယ်။ အထူးသဖြင့် ကိုယ့်အတွက် ကောင်းသူကိုပဲ လိုချင်နေလို့မရသလို၊ ဆိုးသူ တွေကို ပြန်လည်တုန့်ပြန်တဲ့နေရာမှာလည်း ပညာသားပါဖို့လိုပါတယ်။
ကိုယ့်အပေါ်မကောင်းတဲ့သူကို သူလည်းမကောင်းတာ ကိုယ်လည်းမကောင်းနိုင်ဘူးဆိုပြီး သူပြိုင်ကိုယ်ပြိုင် ဆိုးကြတဲ့အတွက် ဒီ ကမ္ဘာမှာ မငြိမ်းသောအပူမီးတွေများခဲ့ပြီးပါပြီ။ ပါးရိုက်ရင်နားကိုက်မယ်ဆိုပြီး ရန်လိုမှုတွေကြောင့်ပဲ စစ်ပွဲတွေလည်း ဖြစ်ခဲ့ပြီးပါပြီ။
ဒါကြောင့် ကိုယ့်အတွက် မကောင်းတဲ့ဆက်ဆံရေးတွေကို ဘယ်လိုမျိုး ပြန်လည်တုန့်ပြန်ကြမလဲ။ သိပ်ကိုမှ ပညာသားပါပါတယ်။
အရင်ဆုံး ဘယ်သူကောင်းကောင်း ဆိုးဆိုး ကိုယ့်ဘက်က စပြီး ဆိုးမိတာမျိုးမလုပ်မိပါစေနဲ့။
သူတို့ဆိုးတာ သူတို့သမိုင်းဖြစ်သလို ကိုယ်ဆိုးတာကလည်း ကိုယ့်သမိုင်းဖြစ်နေမှာပါ။
ကိုယ့်သမိုင်းလှဖို့ ကိုယ်တိုင်ရေးချယ်ရမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့သမိုင်းကြောင်းကို ကောင်းခြင်းတွေနဲ့ပဲ ချယ်မှုန်းထားဖို့လိုပါ တယ်။
ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ့်ဘက်က အမြဲတမ်းကောင်းအောင် စိတ်ကိုမွေးပါ။
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ ပရိသတ်တွေက ပတ္တမြား FM အစီစဉ်တင်ဆက်သူ DJ တွေနဲ့ပတ်သက်ပြီး ရင်ထဲက အမှန်တရားတွေကို ပြောထားကြတဲ့ ပြောကြည့် အစီအစဉ်ပဲဖြစ်ပါတယ်.......
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
ဒီနေ့အတွက်စကား
8 Scientific ways to be happy. Meditate. Plan a trip. Spend time with family and friends. Practice smiling. Sleep more. Practice gratitude. Help others. Exercise.
ပျော်ရွှင်ဖို့အတွက် သိပ္ပံနည်းကျ နည်းလမ်း၈ခု။
တရားထိုင်ပါ။ ဝင်လေထွက်လေကို သတိထားနေရင်း၊ တရားသောအကျင့်ကိုကျင့်နေရင်းနဲ့ အတိုင်းမသိတဲ့ အေးချမ်းမှုကို ခံစား ရပါလိမ့်မယ်။ အေးချမ်းရင်းနဲ့ ပျော်ရွှင်လာပါလိမ့်မယ်။
ခရီးတစ်ခုစီစဉ်ပါ။ နေ့စဉ်မွန်းကြပ်မှုတွေကနေ ခေတ္တခဏရှောင်တိမ်းနိုင်မယ့် ခရီးတစ်ခုကို စီစဉ်ကြည့်ပါ။ ခရီးသွားနေစဉ် ပျော် ရွှင်နိုင်သလို ခရီးကပြန်လာချိန်မှာလည်း ပေါ့ပါးပြီး ထူးခြားတဲ့ အတွေးအခေါ်အယူအဆအသစ်တွေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
မိသားစု၊ မိတ်ဆွေတွေနဲ့ အချိန်ဖြုန်းပါ။ အလုပ်ပြီးရင်း အလုပ်နဲ့ ယန္တရားဆန်နေတဲ့ကိုယ့်ရဲ့ဘဝကိုစာနာပေးနိုင်မယ့် မိသားစု နဲ့အတူ မိတ်ဆွေတွေနဲ့အတူ အချိန်တချို့ကို ဖြတ်သန်းပါ။ နွေးထွေးမှုတွေကနေ ပျော်ရွှင်မှုကိုရပါလိမ့်မယ်။ပြုံးနိုင်အောင်လေ့ကျင့်ပါ။ ဘယ်လိုကိစ္စမျိုးနဲ့ပဲ ကြုံရကြုံရ ကိုယ့်အနေနဲ့ အမြဲတမ်းပြုံးနေနိုင်အောင် ကြိုးစားပါ။ အောင်မြင်ရင် လည်း လက်ခမောင်းခတ်အော်ဟစ်ပျော်နေမယ့်အစား ပြုံးပါ။ ရှုံးနိမ့်ရင်လည်း ငိုနေမယ့်အစား ပြုံးပါ။
ဒီနေ့အတွက်စကား
There’s about to be a shift in your life. Get Ready for your blessings. You’ve been through enough and a breakthrough is on the way.
ဒီနေ့အတွက်စကား
လူသားတိုင်းဟာဘဝတစ်လျှောက်မှာတစ်သတ်မတ်တည်းမျဉ်းသေတစ်ခုလိုမျိုးရှင်သန်လို့မရပါဘူး။အတက်အကျတွေရှိမယ်။အနိမ့်အမြင့်တွေရှိမယ်။ပြောင်းလဲခြင်းဆိုတဲ့နေရာမှာလည်းအနည်းငယ်ပြောင်းလဲသွားတာမျိုး၊သံတူကြောင်းကွဲပြောင်းလဲသွားတာမျိုးတွေအပြင်လုံး၀ထင်မှတ်မျှော်လင့်မထားရလောက်အောင်ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားတာမျိုးလည်းရှိမယ်။ဒါကိုပဲဘဝလို့ခေါ်ပါတယ်။
အခုလက်ရှိအောင်မြင်နေတဲ့သူတစ်ယောက်အစဉ်ထာဝရသက်ဆုံးတိုင်အောင်မြင်ချင်မှလည်းအောင်မြင်လိမ့်မယ်။မထင်မှတ်ထားတဲ့ဘဝတကွေ့မှာလောကဒဏ်ရဲ့ရိုက်ပုတ်ချက်ကြောင့်ဟာခနဲဆိုသလိုပါးစပ်အဟောင်းသားဖြစ်တဲ့အထိအပြောင်းအလဲတွေဖြစ်သွားနိုင်တယ်။
အခုလက်ရှိဒုက္ခရောက်နေတယ်ဆိုရင်လည်းအဲဒီဒုက္ခဆင်းရဲတွေဟာကိုယ်နဲ့ထာဝရမခွဲအတူရှိနေဦးမှာဆိုပြီးစိတ်ပျက်နေစရာမလိုပါဘူး။ကံတရားဆိုတာကိုဘယ်လူသားမှကြိုတင်မသိနိုင်ပါဘူး။ရာနှုန်းပြည့်မှန်အောင်လည်းဘယ်ရှေးဖြစ်ဟောဆရာကမှမစွမ်းနိုင်ပါဘူး။အဓိကကတော့ပြောင်းလဲမှုတိုင်းကိုလက်သင့်ခံနိုင်အောင်ကိုယ့်ဘက်ကပြင်ဆင်ထားဖို့လိုပါတယ်။
ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။
သောတရှင်များအတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေးကတော့
Song For အစီအစဉ်ပဲ ဖြစ်ပါတယ်.......
ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူများမှ မြို့တစ်မြို့စီအလိုက်ရွေးချယ်ပြီး သီချင်းလက်ဆောင် ထုတ်လွင့်ပေးမှာ ဖြစ်ပါတယ်......
ဒီတပတ်မှာတော့ ပဲခူးမြို့ရှိ ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူ ယုဇနမှ သီချင်းလက်ဆောင်ပေးမှာမို့ စောင့်မျှော်နားဆင်နိုင်ပါတယ်.........
ဉာဏ်ကို ဉာဏ်ခြင်းယှဉ် တဲ့ခေတ် New World.....
ရင်ဆိုင်ယှဉ် ပြိုင်ဖို့အတွက် Are You Ready?
အရာရာတိုင်း အတွက် ခေတ်သစ်ကြယ် knowledge .......
ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...
လုပ်ငန်းခွင်တစ်ခုကနေ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးနေတဲ့ Knowledge for All . . . . .
တာဝန်ယူမူ၊ တာဝန်ခံမူ ဆိုတဲ့အကြောင်းအရာနှင့်ပတ်သက်ပြီး PS Business School မှဆရာဦးမျိုးမင်းမှ ဝေမျှပေးထားပါတယ်........
From the publisher's feed
Wherever you go PadamyarFM will be there with you...