
Sign up to save your podcasts
Or


When you really care about someone, their mistakes never change our feelings because the mind gets angry but the heart that still cares.
တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်။ခင်ကြတယ်။ဂရုတစိုက်စိတ်ထဲမှာထားရှိကြတယ်ဆိုတာကမ္ဘာပေါ်ကမင်္ဂလာတွေထဲကမင်္ဂလာတစ်ပါးပါ။သွေးမတော်သားမစပ်ဒီမြေကမ္ဘာမှာအချိန်တစ်ခုမှာရေစက်ဆိုတာကြောင့်လာဆုံတွေ့ကြတယ်။သာမန်ကာလျှံကာထပ်ပိုတဲ့ဆက်ဆံရေးတစ်ခုကိုပိုင်ဆိုင်ခွင့်ရတယ်ဆိုတာသိပ်ကိုမှထူးဆန်းသလိုသိပ်ကိုမှလည်းအဖိုးတန်ပါတယ်။
လူဦးရေသန်းပေါင်းထောင်ချီပြီရှိတဲ့ထဲကမှဒီလူသားနဲ့ဒီလူသားစုံမက်ကြတယ်။ချစ်ခင်ကြတယ်။ဂရုတစိုက်ရှိကြတယ်ဆိုတာမင်္ဂလာပေါ်မင်္ဂလာဆင့်တဲ့ကိစ္စတစ်ခုပါ။ဒါကြောင့်ချစ်သက်ကိုရှည်စေမုန်းသက်ကိုတိုစေဖြစ်ရပါမယ်။
နောက်ပြီးလူဆိုတာမျိုးကကိုယ့်ကိုကိုယ်အချစ်ဆုံးသတ္တဝါဖြစ်တဲ့အလျှောက်ကိုယ်နဲ့ထပ်တူကိုယ့်လောက်နီးပါးစိတ်ပူပေးနေပြီစိုးရိမ်ပေးနေပြီဆိုကတည်းကကံကောင်းမှုတစ်ခုလို့တောင်ပြောလို့ရပါပြီ။
ဒီနေ့အတွက်စကား
You teach people how to treat you by what you allow, what you stop, and what you reinforce.
ပေါင်းသင်းဆက်ဆံရေးဆိုတာ သိပ်ကိုမှခက်ခဲတဲ့ဘာသာလို့ လူတိုင်းကလက်ခံထားကြတယ်။ ပေါင်းသင်းဆက်ဆံရေးပြေပြစ်တဲ့ သူက စီးပွားဥစ္စာရှာဖွေတဲ့အခါမှာပဲဖြစ်ဖြစ် အကူအညီလိုတဲ့အခါမှာပဲဖြစ်ဖြစ် အထောက်အကူရနိုင်ချေပိုပြီးများတတ်တယ်။ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေးတိုင်းဟာ ကြည်လင်တဲ့ကန်ရေပြင်လိုထွင်းဖောက်မြင်နိုင်ဖို့ မလွယ်ပါဘူး။ အထူးသဖြင့် လူတစ်ယောက်ရဲ့ အတွင်းစိတ်အခြေအနေကို ဖောက်ထွင်းသိမြင်နိုင်ဖို့ ဘယ်ပညာရပ်ကမှ အလုံးစုံအသုံးမတည့်နိုင်ဘူး။
ဆိုရိုးစကားတစ်ခုရှိတယ်။ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်တဲ့။ ဆိုလိုတာကတော့ သူများဆီကနေ ကောင်းတာ လိုချင်တယ်ဆိုရင် ကိုယ့်အနေနဲ့လည်း ကောင်းအောင်နေရမယ်။ ကောင်းကောင်းမွန်မွန် ဆက်ဆံရေးကိုလိုချင်ရင် ကိုယ့်ဘက်က လည်း အောက်ကျို့သင့်တာအောက်ကျို့ ချိုသာသင့်တာချိုသာ၊ လိုက်လျောသင့်တာလိုက်လျောရမယ်။ထို့အတူပဲ ဘယ်အချိန်မှာ ကိုယ့်ရဲ့ အနစ်နာခံမှုတွေကို ရပ်တန့်ရမလဲဆိုတာကို ကိုယ်တိုင်သိနိုင်ရမယ်။သိတဲ့အချိန်မှာပဲ သိတဲ့အတိုင်း ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်ချမှတ်ပြီး ပြောင်းလဲသင့်တာကိုပြောင်းလဲရမယ်။
I'm Singer ...
I'm Artist.......
I'm Dancer......
I'm Designer......
I'm Photographer......
I'm Cameraman...........
I'm Writer ............
I'm Model........
I'm Rapper..........
သင်ရော ဘာဖြစ်ချင်တာလဲ???
I'm...?????
ဒီတစ်ပတ်ရဲ့ IM အစီအစဉ်ကနေ တင်ဆက်ပေးမှာကတော့ ..
လူတစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်အကြောင်းအရာတွေ၊ ကိုယ်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို စကားပြောသလို ထိထိမိမိ ပြောနိုင်တဲ့ Hip Hop ဂီတ.......
ံHip Hop ဂီတကိုမှကြိုက်နှစ်သက်သူတွေ၊ စိတ်ဝင်စားသူတွေ ၊အောင်မြင်ချင်ကြတဲ့သူတွေ ၊ သူတို့သိချင်တဲ့အကြောင်းအရာတွေကို မေးမြန်းဖို့ ပတ္တမြား FM Facebook Page ကနေ ဖိတ်ခေါ်ထားပါတယ်။
Hip Hop ဂီတနဲ့ ပတ်သက်ပြီး မေးမြန်းထားတဲ့ပရိသတ်တွေအတွက် Hip Hop ဂီတမှာအောင်မြင်မူရရှိထားပြီ ဖြစ်တဲ့ ချမ်းအေးဝင်း မှ ပြန်လည်လို့ဖြေကြားပေးထား တယ်.......
A clear rejection is always better than a fake promise.
ဒီနေ့အတွက်စကား
ကိုယ်လိုချင်တဲ့အရာအတွက်ကြိုးစားနေရင်းအငြင်းခံရဖူးပါသလား။ကိုယ်မကျွမ်းကျင်တဲ့အရာတစ်ခုအတွက်တတ်ရောင်ကားပြောမိတာမျိုးရောရှိပါသလား။ကိုယ်မတတ်တာကိုမတတ်တဲ့အကြောင်းသေချာရှင်းပြဝန်ခံဖူးပါသလား။
ကျွန်တော်တို့အလုပ်တွေလျှောက်တဲ့အခါမှာပထမဆုံးလျှောက်တဲ့အလုပ်တိုင်းကတော့ရချင်မှရပါလိမ့်မယ်။
ထို့အတူပဲ။ကိုယ်ချစ်တဲ့သူကိုချစ်ခွင့်ပန်တဲ့အခါမှာလည်းကိုယ့်ကိုပြန်မချစ်လို့ငြင်းတာမျိုးကိုလည်းတွေ့ကြုံရကောင်းတွေ့ကြုံရပါလိမ့်မယ်။
လူတစ်ယောက်ကကိုယ်မကျွမ်းကျင်တဲ့အရာကိုယ်မတတ်တဲ့အရာတွေကိုမေးတဲ့အခါမှာမတတ်တဲ့အကြောင်းနားမလည်တဲ့အကြောင်းပြန်ပြောပြဖို့ချီတုံချတုံစဉ်းစားမိတာမျိုး၊ကိုယ့်ကိုအထင်သေးသွားမှာစိုးလို့ရသယောင်တတ်သယောင်ဆောင်လိုက်ရတာမျိုးဖြစ်ဖူးတယ်ဆိုရင်အဲဒီခံစားချက်ကဘယ်လိုနေပါသလဲ။
ကိုယ်မသိတာကိုဖုံးကွယ်ရင်းကိုယ်မတတ်တာကိုသူများသိသွားလေမလားဆိုပြီးစိုးရိမ်ရင်းနေရတာကအသက်ရှုပဲကြပ်သလိုလိုနောက်ကျောပဲမလုံသလိုခံစားရတတ်ပါတယ်။
ဒါကြောင့်ကိုယ်မသိတာ၊ကိုယ်မတတ်တာကိုဝန်ခံလိုက်ပါ။တတ်ယောင်ကားလုပ်ပြီးမိတ်ပျက်တာမျိုးထက်ပိုအဆင်ပြေ တာကိုတွေ့ရပါလိမ့်မယ်။
ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။
သောတရှင်များအတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေးကတော့
Song For အစီအစဉ်ပဲ ဖြစ်ပါတယ်.......
ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူများမှ မြို့တစ်မြို့စီအလိုက်ရွေးချယ်ပြီး သီချင်းလက်ဆောင် ထုတ်လွင့်ပေးမှာ ဖြစ်ပါတယ်......
ဒီတပတ်မှာတော့ ပတ္တမြား FM ချစ်ပရိသတ်များစွာရှိတဲ့ မကွေးမြို့အတွက် အစီအစဉ်တင်ဆက်သူ ယုဇနမှ သီချင်းလက်ဆောင်ပေးမှာမို့ စောင့်မျှော်နားဆင်နိုင်ပါတယ်.........
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .
Sometimes we waste too much time to think about someone who doesn’t even think about us for a second.
လူတစ်ယောက်အကြောင်းကိုတွေးနေမိလား။အဲဒီလူကရောဘယ်လိုလူမျိုးလဲ။ကိုယ့်အတွက်အချိန်ပေးပြီးတွေးရလောက်အောင်ထိုက်တန်ရဲ့လား။လူတစ်ယောက်အကြောင်းမတွေးခင်မှာဒီလိုမေးခွန်းမျိုးကိုယ့်ဘာသာကိုယ်မေးကြည့်ပါ။
ပေါင်းသင်းဆက်ဆံရေးဆိုတဲ့လူမှုအသိုင်းအဝိုင်းဆိုင်ရာကဏ္ဍတစ်ခုမှာလူသားတိုင်းနဲ့သဟဇာတဖြစ်နေဖို့လူတိုင်းနဲ့အဆင်ပြေနေဖို့ဆိုတာဘယ်လိုနည်းနဲ့မှမလွယ်ကူပါဘူး။
ကိုယ့်ထက်သာရင်ပီတိဖြစ်ပေးနိုင်တယ်ဆိုတာတော်တန်ရုံမလွယ်တဲ့ကိစ္စတစ်ခုဖြစ်သလိုအမြဲတမ်းတသတ်မှတ်တည်းစိတ်တွေအတွေးတွေရှိနေနိုင်မယ်ဆိုတာလည်းမဖြစ်နိုင်တဲ့အရာပါ။
ကိုယ်ကအဲဒီလူထက်သာအောင်ကြိုးစားပြနိုင်ခဲ့တယ်ဆိုရင်အဲဒီလူဆီကမုဒိတာထက်မနာလိုမစ္ဆာရိယကိုပဲရဖို့ကပိုလို့သေချာပါတယ်။ကိုယ့်အတိုင်းမှတ်ပြီးလူတိုင်းကိုဆက်ဆံမိရင်နောင်တရဖို့ကလွဲလို့ဘာမှဖြစ်မလာနိုင်ဘူးဆိုတာကိုလည်းရာခိုင်နှုန်းတော်တော်များများမှန်တာကိုတွေ့ရပါလိမ့်မယ်။အထူးသဖြင့်တဖက်သန်ဆန်တဲ့စေတနာတွေကဝေဒနာတွေကိုဖြစ်စေနိုင်ပါတယ်။
The sun is a daily reminder that we too can rise again from the darkness, that we too can shine our own light.
လဲကျပြိုလဲမှုတွေကြောင့် စိတ်ဓါတ်ကျနေလား။ အမှောင်ထဲမှာ ကိုယ်တစ်ယောက်တည်းကျရှုံးနေရသလို စိတ်ဖိစီးနေလား။ အောင်မြင်မှုနဲ့ အလှမ်းကွာလို့ ဝမ်းနည်းအားငယ်နေလား။
တခြားသော ဥပမာတွေ၊ စိတ်ဓါတ်တက်ကြွစေမယ့် စာပေတွေကို တခုတ်တရအချိန်ပေး ရှာဖွေနေစရာ၊ ဖတ်နေစရာမလိုပါဘူး။မနက်အလင်းရောက်တဲ့အချိန် ကောင်းကင်ပြင်ကြီးကိုသာ မော့ကြည့်လိုက်ပါ။ဟိုးကောင်းကင်ကြီးပေါ်မှာ နေမင်းကြီးက အစွမ်းကုန် ထိန်ထိန်လင်းနေပါတယ်။မှောင်မိုက်တဲ့ ကမ္ဘာကြီးကို အလင်းပေးဖို့ သူအစွမ်းရှိသမျှ အလင်းဓါတ်နဲ့ အနွေးဓါတ်တွေပေးနေပါတယ်။
ညဆိုတာကို ရောက်တဲ့အချိန် နေမင်းကြီးလည်း ပင်ပန်းလို့ ခဏအနားယူတယ်ပေါ့။ ဒါပေမယ့် သူပြန်ပေါ်ထွက်လာရမယ့်အချိန် မှာ တာဝန်ကျေပွန်စွာနဲ့ ပြန်လည်ပြီး အလင်းတန်းရောင်ခြည်တွေနဲ့ ပြန်ရောက်လာတတ်စမြဲပါပဲ။
စကြာဝဋာကြီးကို အလ
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ ပရိသတ်တွေက ပတ္တမြား FM အစီစဉ်တင်ဆက်သူ DJ တွေနဲ့ပတ်သက်ပြီး ရင်ထဲက အမှန်တရားတွေကို ပြောထားကြတဲ့ ပြောကြည့် အစီအစဉ်ပဲဖြစ်ပါတယ်.......
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
Place your hand over your heart… Feel That? That’s called purpose. You’re alive for a reason. Find time for the things that make you feel happy to be alive today.
ဒီနေ့အတွက်စကား
သင်ဘာလို့ ဒီနေ့အသက်ရှင်နေတာလဲ။
ဒီမေးခွန်းကို မေးကြည့်ဖူးပါသလား။ ဒီနေ့မှာ လူတွေ လောကထဲကိုရောက်လာသလို ဒီနေ့မှာ တချို့လူတွေ လောကထဲကနေ လက်ပြနှုတ်ဆက်သွားကြပြီ။ သင်ကတော့ အခုထိ အသက်ရှင်နေသေးတယ်။
သင်ဘာကြောင့် ဒီနေ့အသက်ရှင်နေတာလဲ။
ရှင်ခြင်း နဲ့ သေခြင်း သိပ်ကိုမှ နီးစပ်တဲ့ ဒီလောကကြီးထဲမှာ ရှင်သန်နေတဲ့သူတွေ၊ သေဆုံးသွားတဲ့သူတွေ၊ ရှင်လျှက်သေနေတဲ့သူ တွေ အများကြီးပါ။
သင်ကရော ပထမအမျိုးအစားလား၊ တတိယအမျိုးအစားလား။
အသက်ရှင်နေရင်းနဲ့ ဘာလို့ရှင်နေမှန်းမသိအောင်ရော ဘဝက ခက်ခဲလွန်းလား။
တကယ်တမ်းတော့ ခက်ခဲတယ်။ လွယ်ကူတယ်ဆိုတာ ပညတ်ချက်တွေပါ။ ကိုယ်လိုချင်တာဆိုရင် ဘယ်လောက်ခက်ခက် ရအောင်ယူကြတဲ့သူတွေချည်းပါပဲ။ မရတော့ဘူးဆိုပြီး လက်လျော့လိုက်တာက တကယ်မလိုချင်တော့လို့ပါ။ ဒါဆိုရင် သင်ဘာလို့ ဒီနေ့အသက်ရှင်နေတာလဲ။
From the publisher's feed
Wherever you go PadamyarFM will be there with you...