Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • I'M

    I'm...?????

    ဒီတစ်ပတ်ရဲ့ IM အစီအစဉ်ကနေ တင်ဆက်ပေးမှာကတော့ ..

    ဒီဘက်ခေါတ်မှာ Customer Service လိုခေါ်တဲ့ စားသုံးသူတွေ စိတ်ချမ်းသာဖို့ စိတ်ပျော်ရွှင်မှုရအောင် ဝန်ဆောင်မှုပေးရတဲ့ အပိုင်းကလည်း လုပ်ငန်းတိုင်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာကိုလည်း တွေ့ရပါတယ်။ ဒီထဲကမှ Customer တွေရဲ့ စိတ်လုံခြုံမှုအပြင် ဖော်ရွေပျူငှာတဲ့ ဝန်ဆောင်မှုတွေကို ပေးရတဲ့ လေယဉ်မောင်၊ လေယဉ်မယ် ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် သိချင်တာတွေကို မေးမြန်းဖို့ ပတ္တမြား FM Facebook Page ကနေ ဖိတ်ခေါ်ထားပါတယ်။

    ပရိသတ်တွေ မေးမြန်းထားတဲ့အကြောင်းအရာတွေကို ဖြေကြားပေးဖို့အတွက် လေယဉ်မယ်တာဝန်ကို (၂၆) နှစ်တာ တာဝန်ထမ်းဆောင်ဖူးသလို လက်ရှိအချိန်မှာလည်း Golden Myanmar လေကြောင်းလိုင်မှာ Assistant General Manager တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်မို့မို့လွင်ကိုဖိတ်ခေါ်ထားပါတယ်။ ဒေါ်မို့မို့လွင်မှ ပရိသတ်တွေ မေးမြန်းထားတဲ့အကြောင်းအရာတွေကို ဖြေကြားပေးမှာြဖစ်ပါသောကြောင့် နားဆင်ခံစားနိုင်ပါတယ် …

     

    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Never complain about the difficulties in life, Because a director (God) always gives the hardest role to his best actors!

    လူသားတိုင်းရဲ့ ဘဝကိုယ်စီတိုင်းမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဒဏ်ရာဒဏ်ချက်တွေ ရှိတတ်ပါတယ်။ ဒီလိုမျိုး ဘဝကပေးလာတဲ့ အခက်အခဲတွေကို ကိုယ့်မှာမှဖြစ်ရသလားဆိုပြီး အတွေးမှားလို့ စောဒကတက် နေတာမျိုး၊ စိတ်ထဲမှာ ပူပန်ပြီး စိတ်အားငယ်နေတာမျိုးမဖြစ်စေဖို့အတွက် ဒီစကားက သတိပေးထားပါတယ်။ လောကမှာ ရှင်သန်နေထိုင်ရပ်တည် ရင်းနဲ့ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရုန်းကန်ရင်း ခေတ်ရဲ့အမှီကိုလိုက်ရင်းနဲ့ပဲ လူတွေမှာ အခက်အခဲ ပေါင်းများစွာကို နေ့စဉ်နဲ့အမျှ ကျော်လွှားနေရပါတယ်။ ဒါဟာ လူသားတိုင်းပါပဲ။

    တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက်တော့ ဘဝကပေးတဲ့သင်ခန်းစာတွေက ဖြေရှင်းရခက်ခဲတဲ့ ပုစ္ဆာတွေပါပဲ။ ဒါတွေကို ကိုယ့်မှာမှ ဖြစ်နေရသလားဆိုပြီး စိတ်ဓါတ်ကျ ဝမ်းနည်းနေတာမျိုးတွေ မဖြစ်သင့်ပါဘူး။ ကိုယ့်မှာလည်း ကိုယ့်အခက်အခဲ နဲ့ကိုယ်ရှိသလို၊ သူများတွေမှာလည်း သူတို့အခက်အခဲ သူတို့အပူနဲ့ သူတို့ရှိနေကြတာပါပဲ။ လူတိုင်းကတော့ ကိုယ့်မှာရှိတဲ့ အခက်အခဲတွေ၊ အပူတွေကိုတော့ အကြီးဆုံးလို့ ထင်ကြတဲ့ သူတွေချည်းပါပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်ဘဝရဲ့ဇာတ်ခုံမှာ ကိုယ်ကသာ အဓိကကျတဲ့ ဇာတ်ဆောင်ဖြစ်နေတာကိုး။

    ဘဝရဲ့အခက်အခဲတွေကို ဘယ်တော့မှ စောဒကမတက်မိပါစေနဲ့။ ဘာလို့လဲဆိုတော့ ဖန်တီးသူဒါရိုက်တာက သူ့ရဲ့ အတော်ဆုံး သရုပ်ဆောင်တွေကိုပဲ ခက်ခဲတဲ့ဇာတ်ဆောင်နေရာပေးတတ်လို့ပါ။



    Never complain about the difficulties in life, Because a director (God) always gives the hardest role to his best actors!

    ကိုယ့်ဖြတ်ကျော်နေရတဲ့ ဘဝရဲ့အခက်အခဲတွေ၊ ခေတ်ရဲ့စိန်ခေါ်မှုတွေကို စောဒကတက်နေမယ်ဆိုရင် ကိုယ့်ဘာသာကိုယ်ပဲ စိတ်ဆင်းရဲနေရမှာဖြစ်သလို ကိုယ့်ဘဝက တိုးတက်ရမယ့်အခြေအနေကို တိုးတက်ရမယ့်အချိန်မှာ မရောက်နိုင်ဖြစ်တတ်ပါ တယ်။ ဒါကြောင့်သေချာမှတ်ထားပါ။ ကိုယ်ရဲ့ခက်လှပါတယ်ဆိုတဲ့နေရာဟာ ဘဝရဲ့ဖန်ဆင်းရှင်ကပေးတဲ့ သင်ခန်းစာ တွေပါပဲ။ အကောင်းမွန်ဆုံးကျော်ဖြတ်နိုင်မယ်ဆိုရင် ဆုလာဒ်တစ်ခုကို ပြန်ရမှာပါ။

    ထို့အတူပါပဲ။ အတော်ဆုံးဖြစ်တဲ့ သရုပ်ဆောင်တွေအ တွက်သာ ဒါရိုက်တာတွေက သရုပ်ဆောင်ရတာ အခက်ဆုံး ဇာတ်ကောင် လုပ်ဆောင်ကြိုးစားခွင့်အများဆုံးရတဲ့ စရိုက်ကိုပေးတတ်ပါတယ်။ အဲဒီနေရာကို ကိုယ်က အကောင်းဆုံး သရုပ်ဆောင်ပြနိုင်မယ်ဆိုရင်တော့ သရုပ်ဆောင်ထူးချွန်ဆုကိုပါရနိုင်ပါသေးတယ်။ အများကလည်း သရုပ်ဆောင်ကောင်း လိုက်တာဆိုပြီး ပေးလာမယ့် ထောပနာ လက်ခုပ်သံတွေကိုပါ ရပါလိမ့်မယ်။ ဒါကြောင့် အခုကြုံနေတဲ့ အခက်အခဲတွေကို ငြီးငြူနေတာ၊ စောဒကတက်နေတာတွေကို ရပ်ပြီးတော့ ကိုယ့်ဘက်အစွမ်းကုန်သာ ကြိုးစားပြလိုက်ပါ။

    ဒီနေ့အတွက်စကား

    Never complain about the difficulties in life, Because a director (God) always gives the hardest role to his best

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...