Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Learn how to: Have Fun without Alcohol. Talk without cellphones. Love without conditions. Dreams without drugs. Smile without selfies.

    ဒီနေ့အတွက်စကား

    ကျွန်တော်တို့အနေနဲ့ ဒီဘက်ခေတ်ကြီးထဲမှာ နေထိုင်ရင်း အခုပြောပြပေးခဲ့တာတွေကို လုပ်ဆောင်မိကြရဲ့လား။ တချို့တလေ တော့ လုပ်ဆောင်မိကောင်း လုပ်ဆောင်မိပါလိမ့်မယ်။ များသောအားဖြင့်အချက်တွေကိုတော့ ကျွန်တော်တို့ မေ့လျော့သလို မျိုး ဖြစ်နေတတ်ပါတယ်။ အဲဒါတွေကလည်း အမှန်အတိုင်းပြောရရင် ကိုယ့်အနေနဲ့ မလုပ်ဖူးတဲ့ ခဲရာခဲဆစ်လုပ်ယူရမယ့်အ ရာတွေတော့လည်း ဟုတ်မနေပြန်ပါဘူး။ ဘာတွေများလဲ။ တစ်ချက်လောက်စူးစမ်းကြည့်ရအောင်။

    အရက်မသောက်ဘဲ ပျော်ကြည့်ပါ။ ဆဲလ်ဖုန်းတွေမသုံးဘဲ ပြောကြည့်ပါ။ အခြေအနေတွေမပါဘဲ မကြည့်ဘဲ ချစ်ကြည့်ပါ။ ဆေးတွေမသုံးဘဲ အိပ်မက်မက်ကြည့်ပါ။ ဆယ်လ်ဖီမဟုတ်ဘဲ ပြုံးကြည့်ပါတဲ့။

    Learn how to: Have Fun without Alcohol. Talk without cellphones. Love without conditions. Dreams without drugs. Smile without selfies.

    ပထမဆုံးအချက်ဖြစ်တဲ့ အရက်မသောက်ဘဲ ပျော်ကြည့်ပါဆိုတဲ့စကားကို အရင်ခွဲခြမ်းလေ့လာရအောင်။ လူတွေကပြောကြ ပါတယ်။ စိတ်ညစ်လို့အရက်သောက်တယ်။ စိတ်ညစ်စရာတွေကို မတွေးမိအောင် အရက်သောက်တယ်။ ပျော်ချင်လို့အရက် သောက်တယ်ပေါ့။ ဒါပေမယ့် အရက်သောက်ရုံနဲ့ စိတ်ညစ်စရာတွေက ပျောက်ပျက်သွားတာမှမဟုတ်တာ၊ ထို့အတူပဲ ပျော် ချင်ရုံသက်သက်နဲ့ မူးယစ်စေတဲ့အရာကိုသုံးစွဲခြင်းဟာ သင့်တော်ပါရဲ့လား။ ညစာစားပွဲတွေမှာ အရက်ပုလင်းတကားကားနဲ့ ရယ်မောနေကြတာကရောတကယ်တမ်း စစ်မှန်တဲ့ပျော်ရွှင်မှုဟုတ်ပါရဲ့လား။ ကဲဆဲလ်ဖုန်းတွေမရှိဘဲ စကားပြောကြည့်ပါတဲ့။ တီထွင်မှုရဲ့ရလာဒ် ကောင်းကျိုးအနေနဲ့ ဝေးလံတဲ့တစ်နေရာစီက တစ်ယောက်နဲ့တစ်ယောက် အနီးကပ်ရှိသလို စကားတွေ ပြောလို့ရသလိုဘဲ အဲဒါနဲ့ထပ်တူ အနီးဆုံးမှာရှိနေတဲ့သူအချင်းချင်း ဒီဖုန်းတွေကြောင့်အဝေးဆုံးကိုရောက်နေကြတာကိုရော သတိထားမိကြပါရဲ့လား။ ဒါကြောင့် တစ်ခါတစ်လေတော့လည်း ဖုန်းတွေကိုဘေးချပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းရင်း နှီးနှီး စကားတွေပြောကြည့်ရအောင်။ နောက်တစ်ချက် တိုးတက်လာတာနဲ့အမျှ လိုချင်တပ်မက်မှုတွေ ဂုဏ်တုပြိုင်ဆိုင်မှုတွေ များလာတဲ့ ဒီဘက်ခေတ်ကြီးမှာ ဘာကိုမှမကြည့်ဘဲ ဘယ်လိုအချက်တွေပေါ်မှမူမတည်ဘဲ ရူးရူးမူးမူး တစ်ယောက်ကိုတစ် ယောက် ချစ်ခင်ကြင်နာကြည့်ဖို့လည်းလိုအပ်ပါတယ်။ လေးချက်မြောက်ကိုတော့ အထူးအလေးအနက်ပြောချင်ပါတယ်။ အိပ်မရတဲ့ညတွေများလာသလို စိတ်ဖိစီးမှုတွေများတာနဲ့ထပ်တူ တချို့သော စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးတွေကို သုံးဖို့ လိုအပ်တဲ့သူမှ အပ တခြားသော ဘယ်လိုအကြောင်းပြချက်နဲ့မှ သုံးစွဲခြင်းမျိုးကို ရှောင်ကြဉ်ကြဖို့ အထူးမေတ္တာရပ်ခံပါတယ်။ အရာတိုင်းဟာ သုံးတတ်ရင်ဆေးဖြစ်ပေမယ့် မသုံးတတ်လို့ ဘေးဖြစ်တာတွေအများကြီးပါ။ နောက်ဆုံးအနေနဲ့ ဆယ်လ်ဖီ ရိုက်မှ ဓါတ်ပုံရိုက်မှ ပြုံးတာမျိုးထက် အထူးသဖြင့် လုပ်ယူဟန်ဆောင်နေတာမျိုးထက် တကယ့်စိတ်ရင်းနဲ့ ရင်တွင်းကဖြစ် တဲ့ အပြုံးတစ်ခုကိုသာ မိမိနှုတ်ခမ်းထက်မှာအချိန်ပြည့်နီးပါးတင်ထားနိုင်ဖို့ ကြိုးစားကြည့်ရအောင်။ Its Super Easy. We Can Do It.

    ဒီနေ့အတွက်စကား

    Learn how to: Have Fun without Alcohol. Talk without cellphones. Love without conditions. Dreams without drugs. Smile without selfies.

    3 min
  • အစိမ်းရောင်ချစ်သူ

    ပတ္တမြား FM ပရိသတ် အားလုံးပဲ မင်္ဂလာပါ......

    အစိမ်းရောင်ချစ်သူ အစီအစဉ်ကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်......

    ဒီတစ်ပတ်မှာတော့ ပရိသတ်များအတွက် ကိုယ့်ပတ်ဝန်းကျင်သန့်ရှင်းဖို့ အမိူက်ကောက်ခြင်းနှင့်ပတ်သက်ပြီး ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို နားဆင်ရမှာ ဖြစ်ပါတယ်.........

    10 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Find three hobbies you love: one to make you money, one to keep you in shape, and one to be creative.

    ဒီစကားထဲမှာဆိုရင်တော့ ဘယ်လိုဝါသနာ၃မျိုးကို ရှာဖွေဖို့လိုအပ်တဲ့ အကြောင်းကိုပြောပြထားပါတယ်။ လူတိုင်းလူတိုင်းမှာ အားလပ်ချိန်မှာပဲဖြစ်ဖြစ် ရရှိတဲ့အချိန်တွေကို အသုံးချဖို့ ဝါသနာတွေရှိ တတ်ကြစမြဲပါ။ အဲဒီဝါသနာတွေမှာ ကိုယ့်အတွက် ဘယ်လိုအကျိုးအမြတ်တွေရှိဖို့လိုအပ်သလဲဆိုတာသိထားဖို့လိုပါတယ်။ ဒါမှ သာ ကိုယ့်အတွက် ကောင်းမွန်တဲ့ဝါသနာကို မွေးမြူထားနိုင်ပြီး ကိုယ့်အတွက် မကောင်းနိုင်တဲ့ ဝါသနာမျိုးကိုတော့ ရှောင်ကြဉ်နိုင် မှာပါ။ ဒီတော့ ဘယ်လိုဝါသနာမျိုးတွေကို မွေးမြူထားသင့်လည်းဆိုတာကို ကြည့်လိုက်ရအောင်။

    ပထမတစ်ခုကတော့ ဝင်ငွေရ နိုင်တဲ့ ဝါသနာမျိုးဖြစ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ဝါသနာဟာ ကိုယ့်ဘဝအသက်မွေးဝမ်းကျောင်းခြင်း အတွက် အထောက်အပံ့ဖြစ်တဲ့ ဝါသနာမျိုးဆိုရင် ပိုပြီး ကောင်းမွန်ပါလိမ့်မယ်။ ဝါသနာပါရာအလုပ်ကိုလုပ်နေရင်းနဲ့ ကိုယ့်အတွက် ဝင်ငွေကိုပါရရှိနိုင်ခြင်းက မော ပမ်းမှုမရှိဘဲ လုပ်ဆောင်နိုင်မှာပါ။ ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းထပ်တူကျခြင်းဟာ ကိုယ့်အတွက် ပျော်ရွှင်ခြင်းတွေကိုပါ ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ဒါကြောင့် ဝင်ငွေတွေရှာဖွေပေးနိုင်တဲ့ ဝါသနာမျိုးကို ရှာဖွေရပါမယ်။ ကိုယ်ကဘာလုပ်ချင်လဲ။ ဘာ ကိုဝါသနာပါတာလဲဆိုတာကို သိအောင်လုပ်ထားရပါမယ်။

    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

    12 min
  • Song For

    ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။

    သောတရှင်မျာအတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေးကတော့

    Song For အစီအစဉ်ပဲ ဖြစ်ပါတယ်.......

    ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူများမှ မြို့တစ်မြို့စီအလိုက်ရွေးချယ်ပြီး သီချင်းလက်ဆောင် ထုတ်လွင့်ပေးမှာ ဖြစ်ပါတယ်......

    ဒီတပတ်မှာတော့ မန္တလေးရွှေမြို့တော်မှ ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူ ကိုခန့် မှ သီချင်းလက်ဆောင်ပေးမှာမို့ စောင့်မျှော်နားဆင်နိုင်ပါတယ်.........

    25 min
  • ဒီနေ့အတွက်စကား

    The best thing about the worst time of your life is that you get to see the true colours of everyone.

    ကျွန်တော် တု့ိနေ့စဉ်ဖြတ်သန်းနေရတဲ့လူ့လောကကြီးထဲမှာကိုယ့်အတွက် မိတ်ဆွေကောင်းမိတ်ဆွေစစ်တွေလည်း ရှိနိုင် သလို ကိုယ့်အနား မှာသူတို့လိုဘအတွက် သူတို့ကောင်းကျိုးအတွက်သာရှိနေမယ့်သူတွေ၊ ကိုယ့်အမှားကိုစောင့်နေမယ့် မိတ်ဆွေ ယောင်ဆောင် အတုအယောင်လူတွေလည်းရှိကြမှာပါ။ အဲဒီလိုအမျိုးမျိုးသောစိတ်အထွေထွေရှိတဲ့လူတွေနဲ့ တွေ့ကြုံဆက်ဆံ ရတဲ့အခါမှာ ဘယ်လိုအချိန်မျိုးမှာသူတို့ရဲ့စိတ်ရင်းအမှန်တွေကိုသိမြင်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာကိစ္စရပ်တစ်ခုလည်း ဖြစ်ပါတယ်။

     

    တစ်ခါတစ်လေမှာသူတို့ရဲ့အကျိုးကိုလိုလားနေလို့သာကိုယ့်ရဲ့အနားမှာရှိနေနိုင်ပေမယ့် ကိုယ်ကသူတို့အတွက် အသုံးမဝင်တော့ တဲ့ သူတို့အကျိုးတွေ သူတို့ရဲ့ရယူလိုစိတ်တွေကိုအပြည့်အ၀ မဖြည့်စည်းပေးနိုင်တော့တဲ့အခါမှာကိုယ့်ကိုသူတို့ရဲ့ ဆက်ဆံပုံ တွေကပြောင်းလဲသွားနိုင်ပါတယ်။ အရင်အချိန်တုန်းကချိုသာပျုငှာတဲ့ဆက်ဆံမှုမျိုးတွေကိုလည်းရချင်မှရနိုင်တော့မှာပါ။ ပုံစံတွေပြောင်းလဲပြီးအချိုးအကွေ့တစ်ခုလိုမျိုးခံစားမှုတွေကိုကိုယ့်အနေနဲ့ ခံစားလိုက်ရခြင်းဟာသူတို့ရဲ့ စိတ်ရင်းအမှန်ကို ကိုယ်တွေ့သိမြင်လိုက်ရခြင်းပါပဲ။


    3 min
  • ခေတ်လူငယ်

    ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် .. ဒါ့အပြင် ကိုယ်မသိသေးတဲ့ .ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော် . . . . . . . . . . . . .


    15 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....


    15 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

    12 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Life is too short to worry about stupid things. Have fun. Fall in love. Regret nothing, and don’t let people bring you down.

    ဒီစကားကတော့ ဘဝဆိုတဲ့ ရခဲလှတဲ့အချင်းအရာတစ်ခုမှာ ပျော်ရွှင်စွာနေထိုင်တတ်ဖို့သာ အဓိကကျ တဲ့ အကြောင်း ပြောပြ ထားတဲ့စကားတစ်ခွန်းပါ။ တစ်ခါတစ်လေမှာ လူတစ်ချို့က ကိုယ်လုပ်လိုက်တဲ့အရာတွေအတွက်ရော ကိုယ်မလုပ်လိုက်ရတဲ့ အရာတွေအတွက်ပါ စိုးရိမ်ပူပန်နေတတ်ကြပါတယ်။ တကယ်တော့ စိုးရိမ်ပူပန်ခြင်းဆိုတာ အလုပ်ဖြစ်တွင်ကျယ် ခြင်းဆီကို မရောက်ဘဲ သောက၊ဗျာပါဒကိုသာ ခံစားစေနိုင်တဲ့ကိစ္စပါ။ မဖြစ်သေးတဲ့ကိစ္စတွေအတွက် စိုးရိမ်နေတာ၊ ဖြစ်ပြီးသား ပြန်ပြင် လို့မရတဲ့ကိစ္စတွေအတွက် နောင်တတွေ တွင်တွင်ရနေခြင်းက တကယ်တော့ ကောင်းမွန်တည့်မတ်တဲ့လမ်းစဉ်ကို ရောက် ရှိဖို့ဝေးပြီး တွေဝေပူလောင်နေခြင်းဆီကိုသာ အရောက်ပို့ပေးနိုင်တာပါ။ ဒါကြောင့် ဖြစ်ပြီးသွားလို့ နောက်ပြန်လှည့်လို့မရတော့ မယ့် ကိစ္စတွေအတွက်လည်း နောင်တတွေရပြီး စိတ်ရှုပ်မခံပါနဲ့။ မဖြစ်သေးတဲ့ ဘာဖြစ်မယ်မှန်းမသိတဲ့အရာတွေအတွက်လည်း ခေါင်းကိုက်ခံပူပန်မနေပါနဲ့။ ဖြစ်ချိန်တန်တဲ့အခါမှာ ဖြစ်သင့်တာတွေက ဖြစ်ကိုဖြစ်သွားမှာပါ။

    ဘဝဆိုတာ ညံ့ဖျင်းတဲ့ကိစ္စတွေကို စိုးရိမ်ပူပန်နေဖို့အတွက်ဆိုရင် သိပ်ကိုမှတိုတောင်းလွန်းပါတယ်။ ပျော်ပျော်နေ၊ ချစ်ခြင်းမေတ္တာ ထား၊ ဘာအတွက်ကြောင့်မှ နောင်တမရနဲ့၊ ဘယ်သူ့ကြောင့်မှလည်း စိတ်ဓါတ်ကျမနေပါနဲ့။ဒီနေ့အတွက်စကား


    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...