
Sign up to save your podcasts
Or


ဒီနေ့အတွက်စကား
Wrong is wrong, even if everyone is doing it. Right is right, even if no one is doing it.
ဒီနေ့အတွက်စကား
ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးကွယ်လို့ မရဘူး ဆိုတဲ့ မြန်မာစကားပုံနဲ့ သဘောတရားခြင်း ခပ်ဆင်ဆင်စကားတစ်ခွန်းဖြစ်ပါတယ်။ ဒါကတော့ ဆင့်ပွားလို့ တွေးတောလို့ရတဲ့ စကားတစ်ခွန်းပါပဲ။ လောကမှာ တစ်ချို့တစ်လေသော ကိစ္စတွေမှာ လူတိုင်းလုပ်နေတိုင်း အမှားတွေကို အမှန်လို့ ထင်မြင်ယူဆ နေကြတာတွေဖြစ်လေ့ဖြစ်ထရှိပါတယ်။ အဲဒီလို အမှန်လို့ ထင်မှတ်ခံထားရတဲ့အမှားတွေက ကာလကြာရှည်လာတဲ့အခါမှာ အ မှားကနေ မှန်နေသယောင်ယောင်ဖြစ်သွားတတ်ပါတယ်။ ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါပေမယ့် အမှားကို အမှန်မှန်း သိနေတဲ့သူအတွက်ကတော့ အမှားကအမှားပါပဲ။ ဘယ်နည်းနဲ့မှ အမှန်ဖြစ်နိုင်မှာမဟုတ်ပါဘူး။
ထို့နည်းတူစွာပဲ။ အမှန်တရားတစ်ခု ကလည်း အာဏာတွေ စွမ်းအားတွေ ဖိအားတွေသုံးပြီး အမှားလို့ အတင်းကြီးငြင်းဆိုနေရင်တောင်မှ အမှန်ကအမှန်ပါပဲ။ ဒါက တော့ စကြဝဋာဆိုင်ရာ သစ္စာတရားတစ်ခုလည်းဖြစ်ပါတယ်။ ဘယ်လူသားကမှ အဲဒီအမှန်ကို အမှန်လို့မမြင်ရင်တောင်မှ အမှား ထင်ပြီး ရှောင်ရှားပြီး မလုပ်ဆောင်ရင်တောင်မှ တရားကိုနတ်စောင့်တဲ့ အလေ့အထရှိတဲ့အတွက် အမှန်တရားကတော့ အမှန် တရားအဖြစ်နဲ့ ထာဝရရှိနေမှာပါ။
Wrong is wrong, even if everyone is doing it. Right is right, even if no one is doing it.
လောကမှာ နေထိုင်ကြတဲ့လူသားတွေအနေနဲ့ သူများမိုးခါးရေသောက်တိုင်း လိုက် သောက်နေရင်း အကျင့်ပျက်ချစားနေတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်နိုင်ဖို့အတွက်အမှန်တရားကို မြတ်နိုးတန်ဖိုးထားတတ်တဲ့ စိတ်ဓါတ်လေးတွေ ကိုယ်စီကိုယ်စီရှိနေဖို့လိုပါတယ်။ လူတော်တစ်ယောက်မဖြစ်ရင်တောင်မှ လူကောင်းတစ်ယောက်ဖြစ်ချင်ကြ တဲ့သူတွေအနေနဲ့ သစ္စာတရားကို မြတ်နိုးတတ်တဲ့သူဖြစ်အောင်နေရပါမယ်။ သူများတွေလုပ်နေတိုင်း ကိုယ်ကလည်း လိုက်ပြီး အမှားတွေကို အမှားမှန်းသိရက်နဲ့ မကျူးလွန်မိစေဖို့ သိပ်ကိုမှအရေးကြီးပါတယ်။
သူများတွေမလုပ်နိုင်တဲ့ မှန်လိုမှန်ကန်တဲ့ ရေပြင်လိုကြည်လင်တဲ့ စိတ်ထားကိုမွေးမြူနိုင်ရပါမယ်။ သူများတွေမလုပ်တာနဲ့ မှန်ကန်တဲ့အမှန်တရားတွေကို ဖုံးကွယ်နေတဲ့သူ၊ အထူးသဖြင့် အမှားတွေကို အမှန်လုပ်နေတဲ့သူ၊ အမှားတွေကို ပြည်ဖုံးကားချနေတဲ့သူ၊ ခါးသီးတဲ့အမှန်တွေကို မှားယွင်းခြင်းနဲ့ ယုံမှားသံသယဖြစ်စေဖို့ သကာရည်လောင်းနေတဲ့သူတွေမဖြစ်ရအောင် မိမိကိုယ်ကို ပြင်ဆင်နေထိုင်ရပါမယ်။ အမှန်တရားကို မြတ်နိုးလို့ မိမိဘဝနဲ့ လူ့ဘောင်အဖွဲ့အစည်းကို ဖြူစင်ခြင်းတွေပေးနိုင်တဲ့သူဖြစ်အောင် နေထိုင်ရင်း အဓိပာယ်ရှိတဲ့သူ၊ လူ့လော ကမှာသင့်နေတဲ့ အဆိပ်တွေကို ရှင်းလင်းပေးနိုင်တဲ့ အကျိုးပြုလူသားအဖြစ်ရပ်တည်နေထိုင်သင့်ပါတယ်။
လူတိုင်းလုပ်နေတယ်ဆိုရင်တောင်မှ အမှားကတော့အမှားပါပဲ။ တစ်ယောက်မှမလုပ်ဘူးဆိုရင်တောင် အမှန်ကတော့ အမှန်ပါပဲ။
ဒီနေ့အတွက်စကား
Wrong is wrong, even if everyone is doing it. Right is right, even if no one is doing it.
ဒီနေ့အတွက်စကား
Choose your partner who is good for you. Not good for your parents. Not good for your image. Not good for your bank account. Chose someone who’s going to make your life emotionally fulfilling.
ဒီနေ့အတွက်စကား
ဘဝအတွက်ကြင်ဖော်ကြင်ဖက် လက်တွဲဖက်ကိုရွေးချယ်တဲ့အခါမှာ ဘယ်လိုမျိုးလူမျိုး ကို ရွေးချယ်ရမလဲဆိုတာကို အလင်းပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လူဆိုတာ တစ်သက်တာလုံး တစ်ဦးတစ်ယောက်တည်းရပ်တည်နိုင်ဖို့ဆိုတာ ခက်ခဲနိုင်တဲ့အတွက် ဘဝအတွက်လက်တွဲဖော်ဆိုတာ လိုအပ်ပါတယ်။ စီးပွားရေးအရပဲဖြစ်ဖြစ် ချစ် ခြင်းမေတ္တာအရကိုပဲဖြစ်စေ ဘဝအတွက် ကိုယ့်ဘေးနားမှာ ဆိုးတူကောင်းတူရှိနေပေးမယ့်သူကိုရွေးချယ်တဲ့အခါမှာ မှားယွင်းပြီး ရွေးချယ်ခြင်းမပြုမိဖို့သိပ်ကိုမှလိုအပ်ပါတယ်။
ကိုယ့်ဘဝတစ်သက်တာလုံးကိုယ့်အနားမှာရှိနေမယ့် ဘဝရဲ့ကြင်ဖော်ကြင်ဖက်ဆို ရင် ပိုပြီးတော့တောင် သတိထားရွေးချယ်ဖို့လိုပါတယ်။ ပြုပြီးသွားရင် ပြန်ပြင်ဖို့ခက်တဲ့အထဲမှာ အိမ်ထောင်ပြုခြင်းနဲ့ ဘဝလက်တွဲ ဖော်ရွေးချယ်ခြင်းဆိုတာလည်း တစ်ခုအပါအဝင်ဖြစ်နေတဲ့အတွက် အဖက်ဖက်က စဉ်းစားဆင်ခြင်ပြီးမှ ရွေးချယ်တာက အ ကောင်းဆုံးပါပဲ။ ဘယ်အရာကိုပဲလုပ်လုပ် မျက်စိတစ်ဆုံးမျှော်ကြည့်စဉ်းစားဖို့လိုပါတယ်။ မျက်တောင်မွှေးတစ်ဆုံးသာကြည့်ပြီး ဆုံးဖြတ်မိပြီး တစ်ဘဝလုံးနောင်တရနေရတာမျိုးဆိုရင် ကိုယ့်ဘဝအတွက်ပဲ နစ်နာမှာပါ။ အထူးသဖြင့် ဟန်ဆောင်မှုတွေနဲ့ ဖုံး ကွယ်ထားတဲ့ ဒီလောကကြီးမှာ ခဏတာတည်းနဲ့ ဆုံးဖြတ်မှုတွေကနေ နောင်တတရားတွေကိုသာ ဖြစ်ထွန်းစေနိုင်ပါတယ်။
Choose your partner who is good for you. Not good for your parents. Not good for your image. Not good for your bank account. Chose someone who’s going to make your life emotionally fulfilling.
တစ်ဖက်သားနဲ့ တစ်ဖက်သားပေါင်းသင်းရမယ့် ဘဝတစ်ခုလုံးစာအတွက်ဆိုရင် ကိုယ့်အတွက် အစစ် မှန်ဆုံးသောသူကိုသာ ရွေးချယ်ဖို့လိုပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့သူက ကိုယ်နဲ့ တစ်ဘဝလုံးရှိနေမှာဖြစ်တဲ့အတွက် တခြား သောအရာတွေထက် ကိုယ့်ဘဝနဲ့ ကိုယ့်အတွက်ကို အကောင်းမွန်ဆုံးရှိနေမယ့်သူကိုသာ ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။ တကယ်တမ်း လောကရဲ့အခက်အခဲတွေကို အတူတူရင်ဆိုင်ရမှာ ကိုယ်နဲ့သူပါပဲ။ ငွေကြေးတွေ၊ ဥစ္စာဓနတွေဆိုတာက နှစ်ဦးပေါင်းပြီး ကြိုးစားလို့ရနေတဲ့အတွက် ငွေကြေးဥစ္စာတစ်ခုတည်းကိုကြည့်ပြီးတော့လည်း ရွေးချယ်မိတာမျိုးမလုပ်မိဖို့လည်းလိုပါ တယ်။ ဒါမှသာ ရွှေဘုံပေါ်မှာစံပြီး စိတ်ဆင်းရဲနေရတဲ့အဖြစ်ကနေ ဝေးကွာမှာဖြစ်ပါတယ်။
ဘဝလက်တွဲဖော်ရွေးတဲ့အခါမှာ သင့်အပေါ်မှာကောင်းနိုင်မယ့်သူကိုသာရွေးပါ။ သင့်မိဘအတွက် သင့်ရဲ့ပုံရိပ်အတွက် သင့်ရဲ့ ဘဏ်စာရင်းအတွက်ကောင်းတာတွေထက် သင့်ဘဝကို နှစ်နှစ်ကာကာပေးဆပ်နိုင်မယ့်သူကိုသာရွေးချယ်ပါ။
ဒီနေ့အတွက်စကား
Choose your partner who is good for you. Not good for your parents. Not good for your image. Not good for your bank account. Chose someone who’s going to make your life emotionally fulfilling.
ဒီနေ့အတွက်စကား
Never get too attached to anyone unless they also feel the same towards you, because one sided expectations can mentally destroy you.
ဒီနေ့အတွက်စကား
တစ်ဖက်တည်းက အပြန်အလှန်မရှိတဲ့ မေတ္တာစီးဆင်းမှုတွေ၊ တစ်ဖက်တည်းရဲ့ မျှော်လင့်ချက်တွေက ပူလောင်တယ်ဆိုတဲ့အကြောင်းကို ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာ ဆိုင်သူမသိ အောင် တိတ်တိတ်လေး တွယ်တာမိနေတာ၊ ခိုးပြီး ကျိတ်ပြီး ချစ်ခင်မိနေတာ၊ အခုခေတ်စကားနဲ့ဆိုရင် တစ်ဖက်လူမသိအောင် Crush မိနေတာတွေက တစ်ဖက်သတ်ခံစားနေရတဲ့ သူအတွက် ပူလောင်မှုတွေကိုပဲ ပေးစွမ်းနိုင်သလို ကိုယ့်အတွက် လုပ်ဆောင်ရမယ့် အလုပ်တွေမှာလည်း အနှောင့်အယှက်တွေကို ဖြစ်စေနိုင်တယ်။
အထူးသဖြင့် ကိုယ့်ဘက်က နစ်နစ်နဲနဲ ချစ်မိတဲ့ တွယ်တာမိတဲ့သူက ကိုယ့်အနေနဲ့ မတွယ်တာသင့်တဲ့ မချစ်သင့်တဲ့ သံယောဇဉ်မထားသင့်တဲ့သူဖြစ်နေမယ်ဆိုရင်တော့ ကိုယ့်ရဲ့စိတ်တွေကို ကိုယ့်ဘာသာပဲထိန်းလို့ တခြားသောအရာတွေမှာ အာရုံစိုက်ရပါမယ်။ တခါတလေမှာ လောကရဲ့ အဆန်း တကြယ်အဖြစ်အပျက်တွေကြောင့် ခြားနားနေတဲ့ စည်းတွေ၊ လူမှုအသိုင်းအဝိုင်းတွေ၊ ပတ်ဝန်းကျင်နဲ့ စိတ်နေစိတ်ထားတွေ မတူညီတဲ့အခါမှာ တစ်ဖက်တည်းက ခံစားနေရတဲ့သူတွေအတွက် ပူလောင်ခြင်း ဗျာပါဒမီးတွေကို ခံစားရစေနိုင်ပါတယ်။ လူနှစ်ယောက်ပေါင်းစုံဖို့ဆိုရင်လည်း အတင်းကြီး အဓမ္မလုပ်ယူလို့မရတာတွေလည်းရှိသလို ရယူပြီးကာမှ နှစ်ယောက်စလုံး အတွက် ပူလောင်မှုတွေပဲ ဆက်ပြီး ကြီးထွားစေမယ်ဆိုရင် အစကတည်းက လက်လွှတ်သင့်တာကို လက်လွှတ်ထားလိုက်တာ က သူ့အတွက်ရော အထူးသဖြင့် ကိုယ့်အတွက်ပါ အကောင်းဆုံးပါပဲ။
Never get too attached to anyone unless they also feel the same towards you, because one sided expectations can mentally destroy you.
သူတို့ဘက်ကလည်း ကိုယ့်အပေါ်တွယ်တာနေတာမျိုးမရှိဘဲ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အရမ်းကြီး တွယ်တာ နေတာမျိုး မဖြစ်ပါစေနဲ့။ တစ်ဖက်သတ်မျှော်လင့်ချက်တွေက သင့်ကို စိတ်ပိုင်းဆိုင်ရာဖျက်စီးမှုတွေပြုလုပ်စေနိုင်ပါတယ်။
ရာမဇာတ်တော်ထဲမှာ အချစ်ကြီးတဲ့ တစ်ဖက်သတ် ရယူလိုစိတ်များခဲ့တဲ့ ရာဝဏရဲ့ နောက်ဆုံး ဇာတ်သိမ်းမလှခဲ့တာကိုလည်း သတိထားစရာဥပမာတစ်ခုပါပဲ။ ဒါကြောင့် လူသား နှစ်ယောက်ပေါင်းစုံမှုမှာ တစ်ဖက်တည်းက ဖြည့်စည်းမှုတွေ၊ ရယူမှုတွေဖြစ်မနေဖို့လိုပါတယ်။ ဘဝနှစ်ခုပေါင်းစုံခြင်းမှာ နှစ်ဦး နှစ်ဖက်လုံး မျှခြေနဲ့ အပြန်ပြန်အလှန်လှန်ပေးဆပ်မှုတွေ၊ တစ်ယောက်ရဲ့ လိုအင်တွေကို တစ်ယောက်က ဖြည့်စည်းပေးရင်းနဲ့ အချိုမြိန်ဆုံးသော အချိန်တွေကို အတူတူဖြတ်သန်းခြင်းသာ အကောင်းဆုံးပါပဲ။
ဒီနေ့အတွက်စကား
Never get too attached to anyone unless they also feel the same towards you, because one sided expectations can mentally destroy you.
ဒီနေ့အတွက်စကား
The readiest and surest way to get rid of censure is to correct ourselves.
ဒီနေ့အတွက်စကား
ပြစ်တင်ရှုံ့ချခြင်းကိုပယ်ရှားဖို့အသေချာဆုံးနည်းလမ်းကတော့ကိုယ်ကိုကိုယ်ပြုပြင်လိုက်ဖို့ပါပဲတဲ့။ဒီစကားကိုပြောခဲ့တဲ့သူကတော့ဂရိလူမျိုးနာမည်ကျော်မိန့်ခွန်းဟောပြောသူ Demosthenes ပါ။ကျွန်တော်တို့တွေလုပ်ကိုင်သမျှမှာအမှန်ကြီးပဲမရှိနိုင်တဲ့အတွက်မရည်ရွယ်ပါဘဲနဲ့တစ်ခါတစ်လေမှာတော့မှားယွင်းမှုတွေဖြစ်တတ်ပါတယ်။အဲဒီအခါမှာကျွန်တော်တို့ကျူးလွန်လိုက်မိတဲ့အမှားကိုအကျိုးသင့်အကြောင်းသင့်လက်ခံတတ်တဲ့သူတွေရှိသလိုလက်မခံနိုင်ဘဲမကောင်းမြင်တဲ့စိတ်နဲ့ပြစ်တင်ရှုံ့ချတတ်တဲ့သူတွေလည်းရှိပါတယ်။
ပတ်ဝန်းကျင်မှာရှိတဲ့သူတိုင်းသူတိုင်းလူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုခံယူချက်ခြင်း၊ခံစားချက်ခြင်းမတူကြပါဘူး။တစ်ချို့ကသည်းခံနိုင်စွမ်းမြင့်မားပြီးအရာရာကိုနားလည်ပေးတဲ့သူတွေရှိသလိုသေးသေးမွှားမွှားကိစ္စလေးတွေကိုတောင်မှသည်းညည်းမခံနိုင်တဲ့တစ်မျိုးပြောရရင်ကဲကဲစပ်တဲ့သူတွေလည်းပတ်ဝန်းကျင်မှာကြုံတွေ့ရမှာပါ။အဲဒီလိုလူတွေကကိုယ်တစ်ခါမှားလိုက်မိရုံနဲ့အပြစ်တင်ကဲ့ရဲ့ရှုံ့ချဖို့အသင့်အနေအထားမှာရှိနေသလိုရှိတတ်ပါတယ်။ဒီလိုလူမျိုးတွေနဲ့ဆက်ဆံရတဲ့အခါမျိုးမှာသတိထားသင့်တဲ့အချက်ကို Demosthenes ကဒီစကားနဲ့အသိပေးထားတာပါ။
The readiest and surest way to get rid of censure is to correct ourselves.
ဒီလိုပြစ်တင်ရှုံ့ချခံရခြင်းတွေကိုပယ်ရှားပစ်ဖို့ကိုယ့်ကိုကိုယ်ပြုပြင်ရမယ်တဲ့။ဒါဆိုရင်တစ်ချို့ကပြောပါလိမ့်မယ်။ဘယ်လို ပဲပြုပြင် ပြုပြင်သူတို့ရဲ့စိတ်ထဲမှာကိုယ်မကောင်းဘူးပဲစဉ်းစားမိနေရင်ကိုယ်ပြုပြင်လည်းအလကားပဲပေါ့လို့ ပြောလာနိုင် ပါတယ်။ တကယ်တော့ ကိုယ့်ကိုကိုယ်ပြုပြင်တယ်ဆိုတဲ့နေရာမှာလုပ်ခဲ့ဖူးတဲ့အမှားတွေကိုနောက်တစ်ခါထပ်မလုပ်မိစေအောင်ကာယကံ မြောက်ပြုလုပ်ခြင်းကိုသာမကဘဲကိုယ့်ရဲ့စိတ်ထဲမှာလည်းသူတို့နဲ့ပတ်သက်လာရင်ပြောင်းလဲပြစ်ဖို့လိုအပ် တယ်လို့ဆိုလိုချင်တာပါ။ဘာလို့လည်းဆိုတော့ကိုယ်အမှန်ကိုလုပ်နေပေမယ့်သူတို့အပြစ်ပြောသမျှကိုယ့်စိတ်ထဲမှာ ထည့် ထားပြီးကသိကအောင့်ခံစားမနေဖို့လိုပါတယ်။နောက်တစ်ခုသတိထားရမယ့်အချက်ကတော့သူတို့ကိုသွားပြီးပြုပြင်မယ်လို့စိတ်ထဲမှာယောင်လို့တောင်မတွေးမိပါစေနဲ့။ဘာလို့လဲဆိုတော့အဲဒါကိုကြိုးစားရင်းကြိုးစားရင်းနဲ့ပဲနောက်ဆုံးမှာကိုယ်ပဲစိတ်မှာအနှောင့်အယှက်ဖြစ်ရမှာပါ။ မိမိကိုယ်တိုင်ကလွဲပြီး တခြားသူကို ရအောင် ပြုပြင်နိုင်တဲ့သူဆိုတာ ပုထုဇဉ်လူ သားဖြစ်နေသေးသရွေ့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။တကယ်တော့မြန်မာစကားပုံထဲကအတိုင်းကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးဆိုတဲ့အတိုင်းကိုယ်ကသာကောင်းအောင်နေရမှာပါ။သူတို့ဘာတွေလာပြီးကဲ့ရဲ့နေပါစေ။အပြစ်တင်နေပါစေ။ဥပေက္ခာပြုထားဖို့စိတ်ကိုပြင်ရပါမယ်။စိတ်တစ်ခုထဲကိုတော့မဟုတ်ပါဘူး။ကိုယ်ကိုပါပြင်ရမှာပါ။ဒါမှလည်းအမှားကင်းတဲ့သူတစ်ယောက်မဟုတ်တောင်အမှားနည်းတဲ့သူဖြစ်လာမှာပါ။တစ်ခါတစ်လေမှာတော့လည်းလူများပြီးပွဲမစည်တဲ့ပတ်ဝန်းကျင်ကိုကျောခိုင်းပြီးကိုယ့်အတွက်ထိုက်တန်တဲ့နေရာပတ်ဝန်းကျင်နယ်ပယ်တစ်ခုကိုရှာဖွေပြီးအကောင်းဆုံးနေထိုင်ဖို့သင့်ပါတယ်။
ဒီနေ့အတွက်စကား
The readiest and surest way to get rid of censure is to correct ourselves.
ခေတ်လူငယ်
ပရိတ်သတ်များအားလုံး မင်္ဂလာပါ... ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် .. ဒါ့အပြင် ကိုယ်မသိသေးတဲ့ .ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော် . . . . . . . . . . . . .
ဒီနေ့အတွက်စကား
Silence is the best answer to someone who doesn’t value your words.
ဒီနေ့အတွက်စကား
ကျွန်တော်တို့လူသားတွေဆိုတာ ခံစားတတ်တဲ့ အသည်းနှလုံးပိုင်ရှင်တွေဆိုတော့ ချစ်တတ်တယ်။ ကြည်နူးတတ်တယ်။ ပျော်ရွှင် ဝမ်းသာတတ်တယ်။ ခင်မင်တွယ်တာတတ်တယ်။ အဲဒီအလားတူ မုန်းတီးတတ်၊ ရွံရှာတတ်ကြတယ် မဟုတ်လားဗျ။ အသက်ရှင်နေသမျှ ကာလပတ်လုံးမှာ တစ်ယောက်မဟုတ်တစ်ယောက်ကတော့ ကိုယ့်အပေါ် ယုတ်မာကောက်ကျစ်တဲ့စိတ်နဲ့ ဆက်ဆံတာ၊ လိမ်လည်လှည့်ဖြားခံရတာ၊ အသုံးချခံရတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။
ကိုယ့်ဘက်ကပေးဆပ်သမျှကိုတွေ့အောင်မရှာတတ်တဲ့၊မြင်နေရင်းကန်းနေတဲ့သူတွေ၊ကိုယ့်ကိုတန်ဖိုးမထား၊ကိုယ်ပြောသမျှအရာမဝင်အလေးမပေးတဲ့သူမျိုးတွေနဲ့လည်းဘဝတကွေ့မှာဆုံနိုင်ပါတယ်။အဲဒီလိုအခြေအနေမျိုးမှာကိုယ့်အတွက်ခါးသီးတဲ့ခံစားမှုတွေ၊ဒေါသတွေ၊နောက်မုန်းတီးတဲ့စိတ်တွေဝင်လာတတ်ပါတယ်။အဲဒီလိုအချိန်မှာကျွန်တော်တို့တတွေဘာလုပ်တတ်ကြလည်းသည်းခံစိတ်တွေထိန်းမရတော့တဲ့အခါမှာရန်ဖြစ်တတ်ကြတယ်။ပတ်ဝန်းကျင်ကိုတောင်မသိနိုင်တော့တဲ့အထိအော်ဟစ်ဆဲဆိုမှုတွေလုပ်မိကောင်းလုပ်မိတတ်ကြပါတယ်။
Silence is the best answer to someone who doesn’t value your words.
တကယ်တော့အဲဒီလိုမျိုး ကိုယ်ကလုပ်ဆောင်မိတယ်ဆိုကတည်းကကိုယ့်ရဲ့ဆင်ခြင်ဉာဏ်မှာထိန်းသိမ်းထားနိုင်စွမ်းနိမ့်ကျရာကဖြစ်လာတဲ့ရလာဒ်ပါ။တကယ်တော့ကိုယ့်ကိုအလေးမထားတဲ့သူ၊ကိုယ်ပြောသမျှကိုယ့်စကားတွေကိုတန်ဖိုးမထားတဲ့သူနဲ့ကိုယ်တကယ်မုန်းတီးရွံရှာတဲ့သူကိုအဲဒီလိုတွေလုပ်နေစရာမလိုပါဘူး။ဥပေက္ခာပြုပြီးစကားလုံးဝမပြောဘဲနေလိုက်တာကသာအကောင်းဆုံးပါခင်ဗျာ။သောတရှင်များပဲစဉ်းစားကြည့်ပါ။အဲဒီလိုသူတွေနဲ့ဖက်ပြီးအော်ဟစ်ဆဲဆိုရန်ဖြစ်နေမယ်ဆိုရင်ပတ်ဝန်းကျင်ကလည်းကိုယ့်ကိုအထင်သေးခြင်းခံရမယ်။သူနဲ့တစ်တန်းတစ်စားတည်းဖြစ်မှန်းမသိဖြစ်သွားမှာပေါ့ဗျာ။ဒီတော့ကိုယ့်အပေါ်ဒုက္ခပေးတဲ့သူကိုယ့်အပေါ်မကောင်းတဲ့သူကိုဥပေက္ခာသာပြုပြီးဘာဆိုဘာမှမပြောဘဲနေလိုက်ပါ။အစပထမမှာခက်တော့ခက်ပါလိမ့်မယ်။ဒါပေမယ့်လုပ်ကြည့်ဖို့တိုက်တွန်းပါရစေဗျာ။သေချာတာတစ်ခုကအဲဒီလိုဥပေက္ခာပြုပြီးနေမယ်သူဘာလုပ်လုပ်ဘာပဲပြောပြောမမြင်သလိုမကြားသလိုနေမယ်လုပ်မယ်ဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာလည်းငြိမ်းချမ်းနေမယ့်အပြင်ပတ်ဝန်းကျင်ကလည်းသည်းခံတတ်တဲ့သူ၊စိတ်သဘောထားပြည့်ဝတဲ့သူအဖြစ်မြင်လာပါလိမ့်မယ်။တတ်နိုင်သမျှကိုယ့်အပေါ်မကောင်းတဲ့သူ၊ကိုယ့်အတွက်ဘာမှခံစားချက်မရှိတဲ့သူ၊ကိုယ်ပြောသမျှအရေးအရာမလုပ်တဲ့သူကိုကိုယ့်ဘက်ကလည်းဘာမှမတုံ့ပြန်မဆက်ဆံတော့ရင်အဲဒီလူလည်းတဖြည်းဖြည်းနဲ့သူ့ရဲ့တစ်ဖက်သက်ဆန်ဆန်လုပ်ရပ်တွေကရပ်တန့်သွားပါလိမ့်မယ်။ဒါဆိုရင်လူသားအချင်းချင်းအမုန်းပွားရန်တုံ့ပြန်ခြင်းကလည်းကင်းဝေးမှာပါ။
တကယ်တမ်း သိထားရမှာက ခွန်းတုန့်မပြန်ခြင်းကကိုယ့်စကားတွေကိုတန်ဖိုးမထားတတ်တဲ့သူအတွက်အထိရောက်အပြည့်စုံဆုံးအဖြေပဲဖြစ်တယ်ဆိုတာကိုပါ။
ဒီနေ့အတွက်စကား
Silence is the best answer to someone who doesn’t value your words.
ဒီနေ့အတွက်စကား
When You Do Something Beautiful and Nobody Noticed, Do Not Be Sad. For the Sun Every Morning Is The Beautiful Spectacle and yet Most of the Audience Still Sleep.
ဒီနေ့အတွက်စကား
ဒီစကားကိုပြောကြားထားတဲ့သူကတော့ နာမည်ကျော် တေးဂီတဝိုင်းဖြစ်တဲ့ The Beatles အဖွဲ့ရဲ့ Founder လည်းဖြစ်သလို အဖွဲ့ရဲ့ Lead Guitarတီးပြီး တေးသီချင်းသီဆိုသူလည်းဖြစ်တဲ့ John Lennon ပဲဖြစ်ပါတယ်။ ဒီစကားကတော့ မိမိရဲ့လုပ်ဆောင် မှုတွေကို အများက အသိမှတ်ပြုသည်ဖြစ်စေ မပြုဘူးဖြစ်စေ မိမိလုပ်ဆောင်စရာရှိတာကို ဆက်လက်လို့အကောင်းဆုံး လုပ် ဆောင်သွားဖို့ကို နေမင်းကြီးနဲ့နှိုင်းယဉ်တိုက်တွန်းထားတဲ့စကားပဲဖြစ်ပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုဟာ ကောင်းမွန်နေပေမယ့် လှပခြင်းများစွာနဲ့ လောကကိုအကျိုးပြုနေပေမယ့် လူတွေသတိမထားမိဘူးဆိုရင်လည်း စိတ်ပျက် ဝမ်းနည်းမနေပါနဲ့တဲ့။ နေမင်းကြီးဟာ သူရဲ့ပရိသတ်ဖြစ်တဲ့လူသားတွေအများစုမနိုးထသေးတဲ့ မနက်ခင်းအချိန်တိုင်းမှာ တောက်ပလင်းလက်ခြင်းနဲ့ ပေါ်ပေါက်လာတတ်ပါတယ်တဲ့။
လူသားတချို့ရှိပါတယ်။ မိမိလုပ်ဆောင်သမျှဟာ အကောင်းဘက်ကိုဉီးတည်လုပ်ဆောင်ပြီး အများသိဖို့ အထူးတလည် အားမ ထုတ်ဘဲ မှန်တန်းလေး လုပ်သွားတဲ့သူတွေပါ။ မိမိရဲ့လုပ်ဆောင်ချက်ကနေ ရလာတဲ့အကျိုးဆက်ကို တခြားသောသူတွေ ခံစားနေတာကို ကြည့်ပြီး နောက်ကွယ်ကနေပဲ ပီတိကို ခံစားတတ်ကြတာပါ။ တချို့ကျပြန်တော့လည်း မိမိရဲ့လုပ်ဆောင်မှုနဲ့ ထပ်တူ အများရဲ့ အားပေး ထောပနာစကားသံတွေကို မက်မောကြပါတယ်။ ဒါကြောင့် နည်းနည်းလေး လုပ်ရင်တောင်မှ အများ သတိထားမိအောင် ပြောဆိုတတ်ကြပါတယ်။ ဒါကလည်း လူတစ်ကိုယ်အကြိုက်တစ်မျိုးလို့ ဆိုရမလို လူသားဆန်တဲ့ လူသားတွေထဲက လူသားစရိုက်တစ်ခုပါပဲ။
When You Do Something Beautiful and Nobody Noticed, Do Not Be Sad. For the Sun Every Morning Is The Beautiful Spectacle and yet Most of the Audience Still Sleep.
ကျွန်တော်တို့ ကမ္ဘာကြီးမှာ တကယ်တော့ လိုအပ်ချက်တွေ ပြုပြင်စရာတွေ အများကြီးပါ။ တချို့သော မဆင်မခြင်လုပ်ခဲ့တဲ့ သူတွေကြောင့် ကမ္ဘာကြီးရဲ့အခြေအနေက ပိုပိုပြီးဆိုးလာပါတယ်။ ထို့အတူပဲ လူသားတွေရဲ့လိုအပ်ချက်အတိုင်း လိုဘတွေ လောဘတွေကြောင့် လူသားအပါအဝင် သက်ရှိမျိုးနွယ်တိုင်းမှာ ထိခိုက်မှုတွေ တပုံတပင် ခံစားရလာပါတယ်။ နိစ္စဓူဝ လုပ် ငန်းစဉ်တွေထဲမှာလည်း လုပ်ဆောင်စရာတွေ ထိန်းသိမ်းပြုပြင်စရာတွေမှ အများကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူသိသည်ဖြစ် စေ၊ လူတွေက ချီးကျူးသည် ကဲ့ရဲ့ဝေဖန်နေသည်ဖြစ်ပါစေ မိမိလုပ်ကိုင်ဆောင်ရွက်မှုတွေသည် ကမ္ဘာလောကနဲ့ သက်ရှိမျိုး နွယ်တွေအတွက် ထိခိုက်မှုမရှိဘဲ ကောင်းမွန်လှပခြင်းကို ဉီးတည်ဖြစ်ထွန်းတယ်ဆိုရင် မိမိလုပ်ဆောင်စရာရှိတာကို တည့် တည့်မတ်မတ် အကောင်းဆုံး ထမ်းရွက်လုပ်ဆောင်သွားလိုက်ပါလို့ ဒီနေ့အတွက် တိုက်တွန်းချင်ပါတယ်။
ဒီနေ့အတွက်စကား
When You Do Something Beautiful and Nobody Noticed, Do Not Be Sad. For the Sun Every Morning Is The Beautiful Spectacle and yet Most of the Audience Still Sleep.
ဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ The Life အစီအစဉ်ကစောင့်ကြိုနေပါတယ် ... ယခုတစ်ပတ်မှာ တွေ့ဆုံမေးမြန်းပေးမှာကတော့ အနုပညာမျိုးရိုး ကြီးမှဆင်းသက်လာသော တေးသံရှင် ဖိုးသောကြာရဲ့ စင်မြင့်ထက်မှာ သူပရိသက်တွေနဲ့ ပထမဆုံးစတွေ့ ခွင့်ရခဲ့တဲ့ အဖြစ်အပျတ်တွေကို ကြားသိခွင့်ရတော့မှာဖြစ်ပါတယ်...
From the publisher's feed
Wherever you go PadamyarFM will be there with you...