Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Today, wherever you go, carry the intention of peace, love, and harmony in your heart.

    လူသားတိုင်းလူသားတိုင်းနေ့သစ်တွေကိုဖြတ်ကျော်နေရတယ်။

    သက်ရှိလူသားတိုင်းဟာတစ်ရက်ပြီးတိုင်းနောက်ထပ်တစ်ရက်မှာရုန်းကန်လှုပ်ရှားရင်းဘဝခရီးကိုဆက်ကြတယ်။

    နေ့ရက်တွေကနေလတွေ၊နှစ်တွေအထိလူ့ဘဝသက်တမ်းကိုလျှောက်လှမ်းကြတယ်။

    ဒီတော့လူ့ဘဝတစ်ခုမှာကောင်းမွန်အေးချမ်းနေဖို့အတွက်ဆိုရင်နေ့ရက်တစ်ရက်ချင်းစီတိုင်းဟာလည်းအရေးပါတယ်။

    ဖြတ်သန်းခဲ့တဲ့နေ့ရက်တိုင်းဟာကိုယ့်ရဲ့ဘဝတစ်သက်တာမှတ်တမ်းတွေဖြစ်တယ်။

    ဒါကြောင့်နေ့ရက်တိုင်းကိုတန်ဖိုးရှိရှိကုန်ဆုံးစေသင့်တယ်။

    နေ့ရက်တစ်ရက်ကိုတန်ဖိုးရှိအောင်ဘယ်လိုလုပ်ကြမလဲ။ကောင်းတဲ့နေ့တွေရှိမယ်။ဆိုးတဲ့နေ့တွေရှိမယ်။ပျော်စရာနေ့တွေရှိမယ်။ကြမ်းတမ်းတဲ့ခက်ခဲတဲ့နေ့တွေရှိမယ်။ဘယ်လိုပဲဖြစ်နေပါစေ။လောကကပေးလာတဲ့နေ့ရက်တိုင်းကိုကိုယ့်အနေနဲ့အကောင်းဆုံးခံယူဖြတ်သန်းကြဖို့လိုပါတယ်။

    3 min
  • ခေတ်လူငယ်

    ပရိတ်သတ်များအားလုံး မင်္ဂလာပါ... ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် .. ဒါ့အပြင် ကိုယ်မသိသေးတဲ့ .ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော် . . . . . . .

    15 min
  • ဒီနေ့အတွက်စကား

    Respect is for those who deserve it, not for those who demand it.

    ဒီနေ့အတွက်စကား

    လေးစားမှု။စာလုံးသုံးလုံးထဲပေမယ့်အဓိပ္ပာယ်လေးနက်မှုနဲ့သက်ရောက်မှုကအနှိုင်းမဲ့ပါ။

    လူတစ်ယောက်ကိုလေးစားဖို့ဘာတွေလိုလဲ။ဂုဏ်တွေလား။ပညာတွေလား။ငွေကြေးဥစ္စာတွေလား။ရုပ်ရည်ရူပကာလား။အောင်မြင်မှုလား။

    လူတစ်ယောက်ဆီကလေးစားမှုရဖို့အတွက်ကရောဘာတွေလိုမလဲ။ပေးဆပ်ခြင်းလား။အောင်နိုင်ခြင်းလား။မေးစရာမေးခွန်းတွေအများကြီးပါ။

    အရိုးရှင်းဆုံးအဖြေတစ်ခုကတော့လေးစားထိုက်ဖို့ပါ။

    တစ်ယောက်နဲ့တစ်ယောက်သတ်မှတ်ထားတဲ့စံနှုန်းတွေမတူကြဘူး။တစ်ယောက်ဆီမှာရှိတဲ့အရည်အချင်း။အရည်အသွေး၊ကွဲပြားတယ်။

    အထူးသဖြင့်ကိုယ့်မှာမရှိတဲ့အရာရှိတဲ့သူ၊ကိုယ်မစွမ်းဆောင်နိုင်တာကိုလုပ်နိုင်တဲ့သူ၊အများအတွက်ကိုယ်ကျိုးကိုမငဲ့တဲ့သူ။လေးစားခြင်းခံရဖို့အတွက်တကူးတကလုပ်ယူစရာတွေလည်းရှိသလိုလုပ်ယူစရာတွေလည်းအများကြီးပါ။

    အရေးကြီးဆုံးကတော့လေးစားထိုက်ဖို့ပါ။

    3 min
  • ဒီနေ့အတွက်စကား

    The past is not a compass for your future. Give yourself permission to chart a new course.

    လူတိုင်းမှာအတိတ်တွေကိုယ်စီရှိကြတယ်။အတိတ်ဆိုတာ ဖြစ်ပျက်ခဲ့ဖူးတဲ့နေ့ရက်တွေတိုင်းကိုဆိုလိုတယ်။

    အတိတ်မှာ ဖြစ်သမျှတိုင်းဟာကိုယ့်ဘဝအတွက် အရိပ်ဆိုးအနေနဲ့ သတ်မှတ်လို့မရပါဘူး။

    ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ်။ အဲဒီလိုမျိုးလူတွေလက်ခံထားတယ်။

    ဒါပေမယ့် မထင်မှတ်တဲ့ကံတရားကြောင့် ကောင်းတာလုပ်ပေမယ့် အဆိုးတွေဖြစ်ခဲ့ရင်ရော…..

    ကိုယ်ကောင်းရင် ခေါင်းမရွေ့သလိုကိုယ့်လိပ်ပြာကိုယ်သန့်သန့်နဲ့ ဖြစ်သမျှ အဆိုးတွေကိုမျက်နှာမူလိုက်ပါ။

    ကံကောင်းအကြောင်းမလှရင်တောင်မှ ကိုယ့်ဘဝကိုကိုယ် ဖြူဖြူစင်စင် ထွန်းလင်းကြည့်ပါ။အမှားဆိုတာလူတိုင်းနဲ့ ယှဉ်တွဲနေပါတယ်။ ဒါဟာသမုဒ္ဒရာမှာရေတွေရှိတယ်ဆိုတာထက် ပိုမှန်တဲ့အမှန်တရားပါ။

    အမှားလုပ်မိတဲ့အတိတ်အတွက် နောင်တရနေမယ့်အစား ပြင်လို့ရတဲ့အချိန်အတွင်းအမြန်ဆုံးပြင်ဖို့ ကြိုးစားကြည့်ပါ။

    မနေ့ကအမှားဒီနေ့နဲ့ မနက်ဖြန် ထပ်မလာဖို့ အားထုတ်ပါ။ အမှား

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...