Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    Hope is being able to see the light despite all the darkness.

    မျှော်လင့်ခြင်းဆိုတာ အမှောင်တွေကြားထဲရောက်နေရင်တောင်မှ အလင်းရောင်ကို မြင်နေနိုင်ခြင်းပါပဲ တဲ့။

    ဒီစကားကိုတော့ တောင်အာဖရိကလူမျိုး လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားသူ ဘုန်းတော်ကြီး Desmond Tutu က ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ကြံစည်လုပ်ဆောင်သမျှတိုင်းမှာ အလုံးစုံအောင်မြင်မှုဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးပြည့်စုံခြင်းဆိုတာ မရှိတဲ့အတွက် အမှားအယွင်းတွေလုပ်မိကောင်းလုပ်မိမယ်။ လဲပြိုကျမှုတွေဖြစ်ကောင်း ဖြစ်မယ်။ ဒီလိုနဲ့ အောင်မြင်ခြင်းကနေ ခေတ္တခဏဆိုသလို လွဲချော်မှုတွေလည်း ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို လွဲချော်မှု တွေ၊ လဲကျမှုတွေကြားထဲမှာ လူးကာလွန့်ကာနဲ့ အောင်မြင်ခြင်းဆီကိုရောက်အောင်သွားဖို့အတွက် မျှော်လင့်ခြင်းဆိုတဲ့အရာကို ကျွန်တော်တို့တတွေပိုင်ဆိုင်ထားပါတယ်။

    အဲဒီမျှော်လင့်ခြင်းတွေကို အမှန်တကယ်ဖြစ်တည်လာအောင် ကိုယ့်ဘက်ကနေ အား စိုက်ထုတ်ကြိုးစားမှုသာ လိုအပ်ပါတယ်။ ဒါကြောင့် စိုက်ထုတ်ကြိုးစားမှုတွေကနေ အမှန်တကယ်ဖြစ်တည်လာဖို့အတွက် ဘယ် လိုအခက်အခဲတွေတွေ့ကြုံနေရပါစေ။ ဘယ်လိုမျိုးတွေ အမိုက်မှောင်တွေမှာပဲကျရောက်နေပါစေ။ မျှော်လင့်ချက်ဆိုတဲ့ အလင်း ရောင်ကို မြင်အောင်ကြည့်တတ်ဖို့ အရေးကြီးပါတယ်။ လူမှန်ရင် လဲကျမှုတွေကို ပြန်ထဖို့အတွက် အခွင့်အရေး အချိန်တိုင်းမှာ ရှိ နေပါတယ်။ အဓိကကတော့ ပြန်လည်ပြီး ထချင်စိတ်၊ အမှားတွေကို အမှန်ပြင်ချင်တဲ့စိတ်နဲ့ လိုအပ်ချက်တွေကို ပြန်လည်ဖြည့် တင်းချင်တဲ့စိတ်ရှိဖို့ပါပဲ။

    Hope is being able to see the light despite all the darkness.

    ပျက်ယွင်းနေတဲ့အခက်အခဲအတားအဆီးတွေကြားကနေ ပြန်လည်နိုးထစေဖို့ တွန်းအားဖြစ်တဲ့ စိတ်တွေကို ဦးဆောင်ပေးနိုင်တာကတော့ တဖန်ပြန်လည်ပြီး အားသစ်လောင်းပေးနိုင်တဲ့ မျှော်လင့်ချက်ပါပဲ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဘယ်လိုအခက်အခဲတွေကိုပဲကြုံကြုံ၊ ဘယ်လိုအတားအဆီးတွေကိုပဲ တွေ့တွေ့၊ ဘယ်လိုစိန် ခေါ်မှုတွေကိုပဲဖြစ်ဖြစ် လဲကျသွားတဲ့အခိုက်အတန့်တိုင်းမှာ ပြန်လည်ထိုးဖောက်ပြီး အောင်မြင်ခြင်းဆီကို ရောက်အောင်သွားနိုင် တယ်ဆိုတဲ့ မျှော်လင့်ခြင်းတွေကို ကိုယ့်စိတ်ထဲမှာ တွေးထားမွေးထားရပါမယ်။ မျှော်လင့်ချက်တွေကို အမှန်တကယ်ဖြစ်တည်စေ ဖို့ မိမိကိုယ်ကိုယုံကြည်မှုဆိုတာလည်း အရေးကြီးပါတယ်။

    ကိုယ့်စိတ်ထဲက မျှော်လင့်ချက်တွေကို လက်တွေ့ဖြစ်တည်လာဖို့ အတွက် မိမိကိုယ်ကိုယုံကြည်မှု၊ ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ့်အနေနဲ့ ကျော်လွှားနိုင်တယ်၊ လဲကျတဲ့အခါတိုင်းမှာ ပြန်ထနိုင် တယ်ဆိုတဲ့ စိတ်ချမှုတွေက အခြေခံပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ရှုံးနိမ့်မှုတွေကို ပြန်လည်ရုန်းထနိုင်ပြီး အမှားထဲကနေ အမှန်ဖြစ် လာအောင် မျှော်လင့်ချက်ကို ခိုင်ခိုင်မာမာ မြင့်မြင့်မားမားထားပြီး မိမိကိုယ်ကိုယုံကြည်မှု ပြည့်ပြည့်၀၀နဲ့ ကြိုးစားပါ။ ကြိုးစားမှု တိုင်းရဲ့ ရလာဒ်အောင်မြင်ခြင်းဆိုတာ တစ်ချိန်မဟုတ်တစ်ချိန်မှာ သေချာပေါက်ရရှိပိုင်ဆိုင်နိုင်မှာပါ။


    3 min
  • Knowledge For All

    ဉာဏ်ကို ဉာဏ်ခြင်းယှဉ် တဲ့ခေတ် New World.....

    ရင်ဆိုင်ယှဉ် ပြိုင်ဖို့အတွက် Are You Ready?

    အရာရာတိုင်း အတွက် ခေတ်သစ်ကြယ် knowledge .......

    ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...

    Fake Education နှင့် ပတ်သက်ပြီး PS Business School မှဆရာဦးမျိုးမင်းမှ ဆွေးနွေးပေးထားပါတယ်.......

     

    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    You don’t need money to be rich, open up your doors, heart and mind. Invest in people, friendships and relationships and watch how much you gain back.

    လောကမှာနေထိုင်ရှင်သန်ကြတဲ့ လူသားတွေအနေနဲ့ ချမ်းသာနိုင်ဖို့အတွက် ငွေကြေး တွေကို ပိုင်ဆိုင်ထားမှသာဆိုတဲ့ အတွေးကမှားနေတဲ့အကြောင်းနဲ့ တကယ်တမ်းချမ်းသာဖို့အတွက်ဆိုရင် ဘာတွေကို လုပ် ဆောင် သင့်သလဲဆိုတာကိုပါ ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာ ငွေကြေးဓနဥစ္စာကြွယ်ဝနေရုံနဲ့ ဘဝမှာ ပြီးပြည့်စုံနိုင်တာမဟုတ်ပါဘူး။ လူသားမှန်ရင် တသီးပုဂလရှင်သန်ရပ်တည်နိုင်စွမ်းဆိုတာ မရှိနိုင်ပါဘူး။ အထူးသဖြင့် တစ်ပင် တည်းထီးထီးကြီးရပ်တည်နေတဲ့ သစ်ပင်ဟာ လေပြင်းမုန်တိုင်းရဲ့ဒါဏ်ကို ခံနိုင်ရည်စွမ်းနိမ့်ပါးသလိုပဲ လူသားမှန်ရင် အပေါင်း အသင်း အသိုက်အဝန်းနဲ့ နေထိုင်ရှင်သန်ရပါတယ်။ ဒါကြောင့်လည်း လောကမှာ ပေါင်းသင်းဆက်ဆံရေးနဲ့ မိတ်ဆွေသင်္ဂဟအ ရေးတွေက အရေးကြီးတဲ့ အချက်တွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

    မိတ်ဆွေသင်္ဂဟပေါများခြင်းဆိုတာ တကယ့်ကိုမင်္ဂလာ တစ်ပါးလည်းဖြစ်ပါတယ်။ ကိုယ့်အတွက် လိုအပ်တဲ့နေရာမှာ လိုအပ် သလို ဆောင်ရွက်နိုင်ဖို့အတွက် ကျောထောက်နောက်ခံ ကောင်းကောင်းသာရှိနေမယ်ဆိုရင် လုပ်ဆောင်မှုတွေမှာ အားသိပ်စိုက် စရာလည်း မလိုပါဘူး။ ပင်ကိုအရည်အသွေးကို ကောင်းမွန်တဲ့ ထောက်ပံ့မှုနဲ့ဆိုရင်တော့ အောင်မြင်ခြင်းကိုသွားတဲ့ နေရာမှာ အခက်အခဲတွေကို လွယ်လင့်တကူဆိုသလို ကျော်လွှားနိုင်မှာလည်းဖြစ်ပါတယ်။ ဒါကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန် တဲ့သူတွေရဲ့ ကောင်းကွက်တွေထဲက အဓိက အချက်လို့လည်းပြောလို့ရပါတယ်။

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Success always hugs you in private. But failure always slaps you in public. That’s life.

    ဒီနေ့အတွက်စကား

    အောင်မြင်ခြင်း။ လူတိုင်း သည်းခြေကြိုက်နှစ်သက်လိုချင်သောအရာ။

    ရှုံးနိမ့်ခြင်း။ ယူမလားလို့မေးတိုင်း လူတိုင်းရဲ့ ခါးခါးတူးတူးအငြင်းခံရမယ့်အရာ။

    လောကရဲ့ နိယာမတစ်ခုအကြောင်းကို ဒဿနဆန်ဆန်ပြောပြထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ အောင်မြင်ခြင်းဆိုတဲ့အရာကို လူသားတိုင်းလိုချင်ကြသလို အဲဒီအောင်မြင်ခြင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရှုံးနိမ့်ခြင်း ကိုတော့ ဘယ်သူမှ မလိုချင်ကြပါဘူး။ ဘာလို့လဲဆိုတော့ ရှုံးနိမ့်တယ်ဆိုကတည်းက လောကမှာ ဘယ်သူကမှ အထင်ကြီးလေး စားတာမျိုးမရှိနိုင်လို့ပါ။ အထူးသဖြင့် ရှုံးနိမ့်ခြင်းဆိုတာမျိုးက သိုသိုသိပ်သိပ်တိတ်တိတ်ဆိတ်ဆိတ်ဖြစ်တတ်တဲ့ အဖြစ်အပျက်မျိုး မဟုတ်ပါဘူး။

    ကိစ္စရပ်တစ်ခုကိုလုပ်ဆောင်တဲ့အခါမှာဆိုရင် အောင်မြင်တာကို လူတွေသိဖို့က ရာခိုင်နှုန်းနည်းပေမယ့် ရှုံးနိမ့်သွား မယ်ဆိုရင်တော့ လူသိများနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက သူတပါးအောင်မြင်ခြင်းဆိုတာထက်ကို ရှုံးနိမ့်ခြင်းဆိုတာကို ပဲ ပိုပြီး အာရုံစိုက်တတ်ကြလို့ပါပဲ။ လူတစ်ယောက်အောင်မြင်သွားမှာကို တခြားသူတစ်ယောက်က မေတ္တာပွားကျေနပ်နေခြင်းဆို တာ လောကမှာရှားပါတယ်။ ဘာလို့လဲဆိုတော့ လောကမှာ လူရယ်လို့ဖြစ်လာရင် စိတ်အစဉ်မှာ အလိုလိုကိန်းအောင်းနေတတ် တဲ့ မနာလို မစ္ဆာရိယစိတ်ကြောင့်ပါပဲ။ ဒီလိုနဲ့ လူတစ်ယောက်ရဲ့အောင်မြင်မှုက လူသိပ်သိမှာမဟုတ်ပေမယ့် ရှုံးနိမ့်သွားပြီဆိုရင် တော့ တစ်ယောက်စကားတစ်ယောက်ကြား ဆင့်ပွားလို့ လူအများသိသွားတတ်ကြပါတယ်။ ဒါကြောင့် ဒီစကားထဲမှာ အောင်မြင် ခြင်းဆိုတာ ကိုယ့်ကို တိုးတိုးတိတ်တိတ်ပွေ့ဖက်တတ်ပေမယ့် ရှုံးနိမ့်ခြင်းကတော့ လူသိရှင်ကြား လူရှေ့သူရှေ့မှာ ပါးရိုက်တတ် တယ်လို့ ပြောပြထားတာဖြစ်ပါတယ်။ တကယ်တော့ အဲဒါဟာ ဘ၀ပါပဲ။

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    You never know how strong you are until being strong is the only option you have left.

    ဒီနေ့အတွက်စကား

    ကိုယ့်ရဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ အရေးကြီးတဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီးသတိပေးထားတဲ့စကားတစ်ခွန်းပါ။ တခါ တလေမှာ ကိုယ့်အနေနဲ့ ရွေးချယ်မှုတွေများပြားနေတဲ့အချိန် အခွင့်အရေးတွေ ကျန်နေတဲ့အချိန်၊ ကျောထောက်နောက်ခံ အားကိုးစရာ ရှိနေတဲ့အချိန်မှာ ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတဲ့အချက်နဲ့ ကိုယ့်မှာရှိနေတဲ့ သန်မာမှုအတိုင်းအတာကို မေ့လျော့နေ တတ်ပါ တယ်။ ဒါပေမယ့် အချိန်တိုင်းမှာတော့ ကိုယ့်အနားမှာ ကျောထောက်နောက်ခံအားကိုးစရာဆိုတာ ရှိနေနိုင်မှာမဟုတ်ပါ ဘူး။ နောက်ထပ်အနေနဲ့ကတော့ ကိုယ့်အတွက် ကိုယ်တိုင်ကြိုးစားရုန်းကန်ပြီးမှ ရလာတဲ့ အောင်မြင်မှုမျိုးနဲ့ ကျောထောက် နောက်ခံ ကောင်းကြောင့် ရလာတဲ့ အောင်မြင်မှုနဲ့ဆိုရင်လည်း ခံစားရတဲ့အရသာနဲ့ ၀မ်းမြောက်ဝမ်းသာဖြစ်မှုတွေက တူညီနိုင်မှာ မဟုတ်ပါဘူး။

    ကိုယ်တိုင်က နဖူးကချွေး ခြေမကျတဲ့အထိ ရုန်းကန်လှုပ်ရှားကြိုးစားပြီး အခက်အခဲတွေရင်ဆိုင်ဖြတ်ကျော်အပြီးမှာ ရလာတဲ့ ကိုယ့်လုပ်အားအစစ်အမှန်ရဲ့ ရလာဒ်ကတကယ့်ကိုမှ ပီတိဖြစ်စရာလည်းကောင်းသလို ဘယ်လိုအရာနဲ့မှ အလဲအထပ် မပြုလုပ်နိုင်မယ့် အရာပါပဲ။ အဲဒီခံစားချက်ကိုတော့ ကိုယ်တိုင်ရုန်းကန်လှုပ်ရှားတဲ့သူ၊ ကိုယ့်ဘ၀ကို ကိုယ်ကျောင်းနေတဲ့သူ၊ အခက်အခဲတွေ၊ အတားအဆီးတွေကို ကိုယ့်အားကိုယ်ကိုးပြီး ကျော်ဖြတ်နိုင်တဲ့သူမှ သိနိုင်မယ့်ခံစားချက်ပါ။

    သင့်အနေနဲ့ သင်ဘယ်လောက်သန်မာတယ်ဆိုတာကိုသင့်အတွက် သန်မာခြင်းတစ်ခုသာရွေးချယ်နိုင်တဲ့အခွင့်အရေးအဖြစ် ကျန်ရှိတဲ့အချိန်အထိသိမြင်နိုင်မှာမဟုတ်ပါဘူး။

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    You can’t change yesterday but you can ruin today by worrying about tomorrow.

    ဒီနေ့အတွက်စကား

    လောကမှာ အသက်ရှင်နေထိုင်ကြတဲ့ သက်ရှိလူသားတိုင်း နေ့စဉ်နဲ့အမျှ နာရီ၊ မိနစ်၊ စက္ကန့်နဲ့အမျှ အချိန် ကာလသုံးမျိုးနဲ့ နေသား ကျဖြတ်သန်းနေရပါတယ်။ အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတဲ့ အချိန်ကာလသုံးပါးထဲမှာ ကိုယ့်အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ရင်း ဖြတ်ကျော်ရမလဲဆိုတာကလည်း အောင်မြင်ချင်တဲ့သူတိုင်းအတွက်တော့ တွေးစရာပဟေဋိတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားတိုင်းတွေ့ကြုံဖြတ်သန်းရမယ့် အချိန်ကာလသုံးပါးထဲမှာ ကုန်ဆုံးသွားပြီဖြစ်တဲ့ အတိတ်ဆိုတဲ့ အချိန်ကာလ ကို ကျွန်တော်တို့အနေ နဲ့ ဘယ်နည်းနဲ့မှ ပြန်မရနိုင်ပါဘူး။ အတိတ်မှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ပြန်ပြီး ကိုယ့်ရဲ့စိတ်ကြိုက်ပြင်ဆင် ပိုင်ခွင့် ပြောင်းလဲပစ်နိုင်ခွင့် ဘယ်လူသားမှာမှ မရှိပါဘူး။ တစ်နေ့လောက်အချိန်ကိုမပြောနဲ့။ အတိတ်ကာလက နာရီပိုင်း မိနစ်ပိုင်း စက္ကန့်ပိုင်းလောက်ကို တောင်မှ ကျွန်တော်တို့ ဘယ်နည်းနဲ့ပဲကြိုးစားကြိုးစားပြန်ပြီးရယူနိုင်မှာမဟုတ်ပါဘူး။

    ဒါကြောင့် အတိတ်က အဖြစ်တွေကို အ တိတ်မှာသာ ထားခဲ့လိုက်ပါတော့။ အတိတ်မှာကိုယ်ကမှားခဲ့တယ်ဆိုရင်တော့ အဲဒီ အမှားတွေကို ကိုယ်ကအခု လက်ရှိအချိန်မှာ ဆက်မမှားဖို့ အမှားတွေကို အမှန်ရအောင်ပြင်ဆင်နိုင်ဖို့သာ အရေးကြီးပါတယ်။ အတိတ်ကအမှားဝဲဂယက်ထဲ မှာပဲ လူးလွန့်နေမယ်ဆိုရင်တော့ လူဖြစ်ရကြိုးမနပ်တဲ့သူပဲဖြစ်နေတော့မှာပါ။ တကယ်တော့ ကုန်ဆုံးသွားပြီဖြစ်တဲ့ မနေ့က တစ်ဖြစ်လဲ အတိတ်ဆိုတာ ဒီနေ့မှာ ပြောင်းလဲသင်ယူရမယ့် သင်ခန်းစာတွေပါပဲ။ နောက်ထပ် အနေနဲ့လည်း ဒီနေ့ဆိုတဲ့ လက်ရှိ ပစ္စုပန်အခြေအနေကိုပဲ အခြေပြုတဲ့နေထိုင်နည်းကိုသာကျင့်သုံးနေထိုင်ပါ။ မဖြစ်သေးတဲ့ အနာဂတ်ကိုတွေးပူနေမယ်ဆိုရင် မိုး များ ပြိုလေမလားဆိုပြီးခြေထောင်အိပ်တဲ့ တစ်တီတူးငှက်လိုသာဖြစ်ပါလိမ့်မယ်။

    You can’t change yesterday but you can ruin today by worrying about tomorrow.

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Sometimes our lives have to be completely shaken up, changed, and rearranged to relocate us to the place we are meant to be.

    ဒီနေ့အတွက်စကား

    ဘဝနဲ့ဆိုင်တဲ့ ဒဿနဆန်ဆန်စကားတစ်ခွန်းဖြစ်ပါတယ်။ တခါတရံမှာ လူသားတွေအနေနဲ့ ကိုယ့်ရဲ့လုပ်ဆောင်နေတဲ့ Comfort Zone လို့ခေါ်တဲ့ ရှိရင်းစွဲနေရာတစ်ခုမှာပဲနေထိုင်နေရင်းလုပ်ကိုင်နေရင်း အသားကျနေတတ်ကြပါတယ်။ အဲဒီ နေရာက ကိုယ်နဲ့ သက်ဆိုင်ရဲ့လား။ ဒါမှမဟုတ် ကိုယ့်ရဲ့အရည်အချင်းတွေနဲ့ အက်စပ်ရဲ့လားဆိုတာကို မစဉ်းစားတော့ဘဲ ဒီအတိုင်းပဲ အလိုက် သင့်မျှော ပါရင်းနဲ့ပဲ ဘဝရဲ့နေ့ရက်တွေကို ဖြတ်သန်းရလေ့ရှိကြပါတယ်။ အဲဒီလိုဖြတ်သန်းနေတော့ရောဘာဖြစ်လည်း အချိန်တန် ဝင်ငွေရပြီး စားဝတ်နေရေးကို ဖြေရှင်းနိုင်ရင်ပြီးတာပဲလို့ လူတစ်ချို့က ဘုကလန့်တွေးကောင်းလည်းတွေးနေနိုင်ပါတယ်။

    ဒါပေ မယ့် အဲဒီလူတွေ ကိုယ်စိတ်မပါတဲ့အလုပ်တွေကို ဝတ်ကျေတန်းကျေလုပ်ကိုင်ရင်းနဲ့ တိုးတက်မှုဆိုတာကိုလည်း ရှာဖွေခြင်း မရှိ ၊ စဉ်းစားတွေးခေါ်တဲ့အပိုင်းမှာလည်း အားမထုတ်တဲ့အတွက် အားနည်းလာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဝါသနာနဲ့ ဗီဇနဲ့ ကိုယ့်မှာပိုင်ဆိုင်ထားတဲ့ ပင်ကိုယ်အရည်အသွေးတွေကို ပိုပြီးတောက်ပြောင်လာအောင်ပံ့ပိုးပေးနိုင်တဲ့ ကိုယ့်စိတ်ဆန္ဒနဲ့ ထပ်တူ ကျတဲ့အလုပ်တွေ သက်ဆိုင်ရာနေရာတွေကို ကိုယ်တိုင်က ရွေးချယ်နိုင်ဖို့လိုပါတယ်။


    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    If they respect you, respect them. If they disrespect you, respect them. Do not lower your integrity for anyone.

    ဒီနေ့အတွက်စကား

    ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေအနေနဲ့ သတိထားရမယ့် အချက်တွေပါဝင်နေ တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။လူသားတိုင်းလူသားတိုင်း အသက်ရှင်သန်နေသေးသမျှကာလပတ်တစ်ခုလုံးမှာ အမျိုးမျိုးသော ပုံစံတွေရှိကြတဲ့ မိတ်ဆွေသင်္ဂဟတွေနဲ့ တွေ့ကြုံရမယ်။ တစ်ချို့ကတော့ အပေါ်ယံသာပေါင်းဖက်သင့်တဲ့သူတွေလည်းပါမယ်။ တစ်ချို့ကတော့ ဘဝတစ်ခုလုံးစာအတွက် အကောင်းမွန်ဆုံးသောအဖော်မွန်တွေလည်းပါကောင်းပါနိုင်ပါတယ်။ တစ်ချို့ကြတော့လည်း ကိုယ့်အပေါ်ကိုနှိမ်ချဆက်ဆံတတ်တဲ့သူတွေလည်းပါမယ်။ မာနတွေထောင်လွှားလို့ ဘာမထင်တဲ့လူတွေလည်း ပါကောင်း ပါနေမှာပါ။

    အဲဒီလိုမျိုးစိတ်အခြေခံတွေမတူညီကွဲပြားကြတဲ့လူသားပေါင်းစုံနဲ့ ဘဝတစ်ကွေ့မှာကြုံကြိုက်တွေ့ဆုံရတဲ့အခါမှာ ကျွန် တော်တို့အနေနဲ့ ထားသင့်တဲ့စိတ်နေစိတ်ထားကို ဒီစကားကပြောပြပေးနေပါတယ်။ ဘယ်သူမဆိုကိုယ့်အပေါ်ကိုရိုင်းစိုင်းပြင်းပြစွာ ဆက်ဆံတဲ့သူကို မနှစ်သက်ကြပါဘူး။ အထူးသဖြင့်ကိုယ့်က ကောင်းကောင်းမွန်မွန်ဆက်ဆံပါရက်နဲ့ ကိုယ့်အပေါ်ကို ရိုင်းစိုင်းစွာ နှိမ်ပြီးဆက်ဆံတတ်တဲ့သူတွေနဲ့ တွေ့ကြုံဆက်ဆံရတဲ့အခါမှာ လူသားတိုင်း စိတ်ထဲမှာ အနှောင့်အယှက်တော့ဖြစ်တတ်စမြဲပါပဲ။ ဒါပေမယ့် သတိထားရမယ့်အချက်တစ်ခုကတော့ ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဖို့နဲ့။ လူလိမ္မာသားကယဉ်ပါးတယ်ဆိုတဲ့ စကားတွေကို မမေ့လိုက်ဖို့ပါပဲ။


    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Your enemy will do everything they can to make you believe you are not good enough. They know if you discover the truth, you will be unstoppable. Be unstoppable.

    ပေါင်းသင်းဆက်ဆံရေးကိုဆက်နွယ်လို့ ဘဝတိုးတက်ရေးအတွက်ကိုပါလမ်းညွှန်ထားတဲ့စကားတစ်ခွန်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ပေါင်းသင်းဆက်ဆံရေးဆိုတဲ့ ကျယ်ပြောရှုပ်ထွေးတဲ့နယ်ပယ်ထဲမှာကိုယ့်အတွက် မိတ်ဆွေ စစ်မိတ်ဆွေမှန်တွေနဲ့လည်းတွေ့ကြုံ နိုင်သလိုကိုယ့်အတွက် ရန်သူတွေလည်းဆုံတွေ့ရမှာပါပဲ။ ကိုယ့်ဘက်ကဘယ်လိုပဲကောင်း အောင်နေနေသူတို့ရဲ့ မကောင်း မြင်တတ်တဲ့စိတ်နဲ့ကိုယ့်ကိုမျက်မုန်းကျိုးမုန်းတီးနေမယ့်သူတွေလည်းရှိနေမှာပါပဲ။ မိတ်ဆွေ ကောင်းတွေကတော့ ကိုယ့်အတွက် ကောင်းရာကောင်းကြောင်းတိုးတက်ရာတိုးတက်ကြောင်းကို မြင်တွေ့ချင်ကြပေမယ့် ရန်သူတွေကတော့ မိတ်ဆွေတွေနဲ့ ဆန့် ကျင်ဘက် ကိုယ်ဒုက္ခရောက်တာ၊ ကိုယ်စိတ်ဆင်းရဲတာကိုပဲ မြင်ချင်ကြမှာပါ။

    ဒီလိုပဲသူတို့က ကျွန်တော်တို့ရဲ့ စိတ်ထဲမှာဘယ် လိုသောအရာမှာမဆို ကျွန်တော်တို့ဟာမထူးချွန်ဘူး။ ဘောင်မဝင်ဘူးလို့ ကိုယ့်ကိုကိုယ်ထင်ယောင်လာအောင် သူတို့တတ်နိုင် သလောက်ကို ကြိုးစားကြမှာပါပဲ။ ကိုယ့်အနေနဲ့ လုပ်ဆောင်မှုတွေမှာ ယုံကြည်မှုတွေယိုင်နဲ့သွားအောင်လည်း သူတို့ကအမျိုးမျိုး သောနည်းနဲ့ ဟန့်တားမယ်။ ကြံစည်ပြောဆိုကြမယ်။ ဒါဟာသူတို့ရဲ့ အလုပ်ပါပဲ။ ဘာလို့လဲဆိုတော့ သူတို့မုန်းတဲ့ ကျွန်တော်တို့ ကိုသူတို့ထက်သာသွားမှာကိုသူတို့စိုးရိမ်ကြတယ်လေ။ ဒါကြောင့်ပဲ ကျွန်တော်တို့ဘာပဲလုပ်လုပ် သူတို့နှောင့်ယှက်လို့ရတဲ့နည်း ရှိသမျှနဲ့ကိုစွမ်းဆောင်ကြိုးပမ်းကြမှာပါပဲ။


    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    The past cannot changed, forgotten, edited or erased. It can only be accepted.

    ဒီနေ့အတွက်စကား

    အတိတ်၊ ပစ္စုပန် နဲ့ အနာဂတ်

    ကျွန်တော်တို့ အသက်ရှင်သန်နေထိုင်နေကြတဲ့ လူသားတိုင်းအတွက် အချိန်ကာလကြီး(၃)ပါးနဲ့ ရင်းနှီးကျွမ်းဝင်လို့ ဖြတ်သန်း နေရပါတယ်။ နေ့ရက်တစ်ရက်ချင်းစီ၊ နာရီတစ်နာရီချင်းစီ၊ စက္ကန့်တစ်စက္ကန့်ချင်းစီ၊ တဒင်္ဂချင်းစီတိုင်းဟာသူ့အလိုလို ဆိုသလို ကုန်ဆုံးနေပါ တယ်။ လူ့သားတိုင်း ကြုံတွေ့ဖြတ်သန်းရမယ့် အချိန်ကာလ(၃)ပါးမှာ ကျွန်တော်တို့တွေအနေနဲ့ ဘယ်နည်းနဲ့မှ ထိန်းချုပ်လို့မရနိုင် တာကတော့ကုန်ဆုံးလွန်မြောက်သွားပြီဖြစ်တဲ့ အတိတ်ဆိုတဲ့ ကာလပဲဖြစ်ပါတယ်။

    အတိတ်မှာကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တွေက ကောင်းတာတွေလည်းဖြစ်ချင်ဖြစ်မယ်။ မှားတာတွေလည်းဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကိုယ့်ဘဝအတွက် ပြန်ဖျက်လို့အမည်း စက်ကြီးတစ်ခုလိုအမြဲတန်းလိုက်နေမယ့် အဖြစ်အပျက်လည်းဖြစ်ချင်ဖြစ်မယ်။ အတိတ်မှာ မှားခဲ့တဲ့ အမှားတွေ၊ အတွေ့အကြုံတွေ ကို ပြန်တွေးပြီးအားမလိုအားမရဖြစ်ရမှုတွေလည်း ကျွန်တော်တို့ခံစား ရနိုင်ပါသေးတယ်။ ဒါပေမယ့် အတိတ်ကာလဆိုတာဘယ် လိုနည်းလမ်းကိုပဲသုံးသုံး ပြန်ပြောင်းရယူပြင်ဆင်လို့ရတဲ့အရာမဟုတ်တာကို ကျွန်တော် တို့လက်ခံထားဖို့လိုပါတယ်။


    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...