Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • Song For

    ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။

    သောတရှင်မျာအတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေးကတော့

    Song For အစီအစဉ်ပဲ ဖြစ်ပါတယ်.......

    ချစ်ပရိသတ်များအတွက် အစီအစဉ်တင်ဆက်သူများမှ မြို့တစ်မြို့စီအလိုက်ရွေးချယ်ပြီး သီချင်းလက်ဆောင် ထုတ်လွင့်ပေးမှာ ဖြစ်ပါတယ်......

    ဒီတပတ်မှာတော့ မုံရွာမြို့မှ ချစ်ပရိသတ်တွေအတွက် အစီအစဉ်တင်ဆက်သူ မငုဝါမှ သီချင်းလက်ဆောင်ပေးမှာ မှာမို့ စောင့်မျှော် နားဆင်နိုင်ပါတယ်.........

    14 min
  • ဒီနေ့အတွက်စကား

    Life doesn’t allow for us to go back and fix what we have done wrong in the past, but it does allow for us to live each day better than our last.

    ဘဝကငါတို့ရဲ့အတိတ်မှာမှားခဲ့တာတွေကို ပြန်လည်ပြင်ဆင်ဖို့သွားရောက်ပိုင်ခွင့်ကိုတော့မပေးပေမယ့် နေ့စဉ်နေ့တိုင်းကို အတိတ် ကထက်သာလွန်ကောင်းမွန်အောင်နေထိုင်နိုင်ဖို့ အခွင့်ကိုတော့ပေးပါတယ်။

    လောကရဲ့အမှန်တရားတစ်ခုဖြစ်တဲ့ ပုထုဇဉ်လူသားမှန်ရင် ပြီးပြည့်စုံခြင်း အလျှင်း မရှိဆိုတဲ့အတိုင်းပဲ လူသားတိုင်းဟာ ဘဝတစ်ကွေ့ရဲ့ တစ်ချိန်မဟုတ်တစ်ချိန်မှာ အမှားတွေကိုလုပ်မိတတ်ကြပါတယ်။ ဉာဏ် ပညာမပြည့်စုံလို့ပဲဖြစ်ဖြစ်၊ စဉ်းစားတွေးတောနိုင်စွမ်းနည်းနေလို့ပဲဖြစ်ဖြစ်၊ အခြေအနေအရပ်ရပ်ကြောင့်ပဲဖြစ်ဖြစ် အမှားတွေကို ကျူးလွန်မိတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီပြီးဆုံးသွားတဲ့အတိတ်အချိန်တုန်းကကိုယ်ပြုခဲ့မိတဲ့အပြစ်တွေ၊ အမှားတွေ၊ လုပ်ရပ် တွေကို ကိုယ့်အနေနဲ့ အဲဒီအချိန်ကိုပြန်သွားပြီး ပြင်ဆင်ပိုင်ခွင့်ဆိုတာတော့ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါဘူး။

    ကြာမြင့်ကျော်လွန် သွားပြီးဖြစ်တဲ့ အတိတ်အချိန်ကိုမဆိုထားနဲ့။ ကျွန်တော်အခုတင်ဆက်နေတဲ့ ၃မိနစ်စာဒီနေ့အတွက်စကား အစီအစဉ်ရဲ့ အစကို တောင်မှ အခုချိန်မှာ ဘယ်လိုမှ ပြန်သွားလို့မရနိုင်တော့ပါဘူး။ ဒါဟာ အချိန်ဆိုတာ ပုံမှန်လည်ပတ်ကုန်ဆုံး နေမြဲ ဖြစ်သလို အားလုံးကြုံတွေ့ရမယ့်ဘဝပါပဲ။ ဒါကြောင့် မှားခဲ့တဲ့ အတိတ်တွေကို နောင်တရနေတာမျိုးတွေထက်၊ အခုလက်ရှိကိုယ်ပိုင်ဆိုင် ထားတဲ့ ပစ္စုပန်အချိန်ကိုသာ တန်ဖိုးထားပြီး မမှားသင့်တာတွေမမှားရအောင်၊ မှားခဲ့ဖူးတာတွေ မှန်အောင်၊ မှားခဲ့သလိုမျိုး ထပ်မ မှားရအောင် ကိုယ့်မှာ ထိန်းသိမ်းဖို့ပဲလိုပါတယ်။

    3 min
  • Songs In Yangon

    ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။

    သောတရှင်မျာအတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေးကတော့

    Songs In Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်..

    25 min
  • I'M

    I'm Singer ...

    I'm Artist.......

    I'm Dancer......

    I'm Designer......

    I'm Photographer......

    I'm Cameraman...........

    I'm Writer ............

    သင်ရော ဘာဖြစ်ချင်တာလဲ???

    I'm...?????

    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Sometimes our lives have to be completely shaken up, changed, and rearranged to relocate us to the place we are meant to be.

    ဘဝနဲ့ဆိုင်တဲ့ ဒဿနဆန်ဆန်စကားတစ်ခွန်းဖြစ်ပါတယ်။ တခါတရံမှာ လူသားတွေအနေနဲ့ ကိုယ့်ရဲ့လုပ်ဆောင်နေတဲ့ Comfort Zone လို့ခေါ်တဲ့ ရှိရင်းစွဲနေရာတစ်ခုမှာပဲနေထိုင်နေရင်းလုပ်ကိုင်နေရင်း အသားကျနေတတ်ကြပါတယ်။ အဲဒီ နေရာက ကိုယ်နဲ့ သက်ဆိုင်ရဲ့လား။ ဒါမှမဟုတ် ကိုယ့်ရဲ့အရည်အချင်းတွေနဲ့ အက်စပ်ရဲ့လားဆိုတာကို မစဉ်းစားတော့ဘဲ ဒီအတိုင်းပဲ အလိုက် သင့်မျှော ပါရင်းနဲ့ပဲ ဘဝရဲ့နေ့ရက်တွေကို ဖြတ်သန်းရလေ့ရှိကြပါတယ်။ အဲဒီလိုဖြတ်သန်းနေတော့ရောဘာဖြစ်လည်း အချိန်တန် ဝင်ငွေရပြီး စားဝတ်နေရေးကို ဖြေရှင်းနိုင်ရင်ပြီးတာပဲလို့ လူတစ်ချို့က ဘုကလန့်တွေးကောင်းလည်းတွေးနေနိုင်ပါတယ်။

    ဒါပေ မယ့် အဲဒီလူတွေ ကိုယ်စိတ်မပါတဲ့အလုပ်တွေကို ဝတ်ကျေတန်းကျေလုပ်ကိုင်ရင်းနဲ့ တိုးတက်မှုဆိုတာကိုလည်း ရှာဖွေခြင်း မရှိ ၊ စဉ်းစားတွေးခေါ်တဲ့အပိုင်းမှာလည်း အားမထုတ်တဲ့အတွက် အားနည်းလာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဝါသနာနဲ့ ဗီဇနဲ့ ကိုယ့်မှာပိုင်ဆိုင်ထားတဲ့ ပင်ကိုယ်အရည်အသွေးတွေကို ပိုပြီးတောက်ပြောင်လာအောင်ပံ့ပိုးပေးနိုင်တဲ့ ကိုယ့်စိတ်ဆန္ဒနဲ့ ထပ်တူ ကျတဲ့အလုပ်တွေ သက်ဆိုင်ရာနေရာတွေကို ကိုယ်တိုင်က ရွေးချယ်နိုင်ဖို့လိုပါတယ်။


    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . .

    12 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    If they respect you, respect them. If they disrespect you, respect them. Do not lower your integrity for anyone.

    ဒီနေ့အတွက်စကား

    ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့တွေအနေနဲ့ သတိထားရမယ့် အချက်တွေပါဝင်နေ တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။လူသားတိုင်းလူသားတိုင်း အသက်ရှင်သန်နေသေးသမျှကာလပတ်တစ်ခုလုံးမှာ အမျိုးမျိုးသော ပုံစံတွေရှိကြတဲ့ မိတ်ဆွေသင်္ဂဟတွေနဲ့ တွေ့ကြုံရမယ်။ တစ်ချို့ကတော့ အပေါ်ယံသာပေါင်းဖက်သင့်တဲ့သူတွေလည်းပါမယ်။ တစ်ချို့ကတော့ ဘဝတစ်ခုလုံးစာအတွက် အကောင်းမွန်ဆုံးသောအဖော်မွန်တွေလည်းပါကောင်းပါနိုင်ပါတယ်။ တစ်ချို့ကြတော့လည်း ကိုယ့်အပေါ်ကိုနှိမ်ချဆက်ဆံတတ်တဲ့သူတွေလည်းပါမယ်။ မာနတွေထောင်လွှားလို့ ဘာမထင်တဲ့လူတွေလည်း ပါကောင်း ပါနေမှာပါ။

    အဲဒီလိုမျိုးစိတ်အခြေခံတွေမတူညီကွဲပြားကြတဲ့လူသားပေါင်းစုံနဲ့ ဘဝတစ်ကွေ့မှာကြုံကြိုက်တွေ့ဆုံရတဲ့အခါမှာ ကျွန် တော်တို့အနေနဲ့ ထားသင့်တဲ့စိတ်နေစိတ်ထားကို ဒီစကားကပြောပြပေးနေပါတယ်။ ဘယ်သူမဆိုကိုယ့်အပေါ်ကိုရိုင်းစိုင်းပြင်းပြစွာ ဆက်ဆံတဲ့သူကို မနှစ်သက်ကြပါဘူး။ အထူးသဖြင့်ကိုယ့်က ကောင်းကောင်းမွန်မွန်ဆက်ဆံပါရက်နဲ့ ကိုယ့်အပေါ်ကို ရိုင်းစိုင်းစွာ နှိမ်ပြီးဆက်ဆံတတ်တဲ့သူတွေနဲ့ တွေ့ကြုံဆက်ဆံရတဲ့အခါမှာ လူသားတိုင်း စိတ်ထဲမှာ အနှောင့်အယှက်တော့ဖြစ်တတ်စမြဲပါပဲ။ ဒါပေမယ့် သတိထားရမယ့်အချက်တစ်ခုကတော့ ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်ဖို့နဲ့။ လူလိမ္မာသားကယဉ်ပါးတယ်ဆိုတဲ့ စကားတွေကို မမေ့လိုက်ဖို့ပါပဲ။


    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Your enemy will do everything they can to make you believe you are not good enough. They know if you discover the truth, you will be unstoppable. Be unstoppable.

    ဒီနေ့အတွက်စကား

    ပေါင်းသင်းဆက်ဆံရေးကိုဆက်နွယ်လို့ ဘဝတိုးတက်ရေးအတွက်ကိုပါလမ်းညွှန်ထားတဲ့စကားတစ်ခွန်းလည်းဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ပေါင်းသင်းဆက်ဆံရေးဆိုတဲ့ ကျယ်ပြောရှုပ်ထွေးတဲ့နယ်ပယ်ထဲမှာကိုယ့်အတွက် မိတ်ဆွေ စစ်မိတ်ဆွေမှန်တွေနဲ့လည်းတွေ့ကြုံ နိုင်သလိုကိုယ့်အတွက် ရန်သူတွေလည်းဆုံတွေ့ရမှာပါပဲ။ ကိုယ့်ဘက်ကဘယ်လိုပဲကောင်း အောင်နေနေသူတို့ရဲ့ မကောင်း မြင်တတ်တဲ့စိတ်နဲ့ကိုယ့်ကိုမျက်မုန်းကျိုးမုန်းတီးနေမယ့်သူတွေလည်းရှိနေမှာပါပဲ။ မိတ်ဆွေ ကောင်းတွေကတော့ ကိုယ့်အတွက် ကောင်းရာကောင်းကြောင်းတိုးတက်ရာတိုးတက်ကြောင်းကို မြင်တွေ့ချင်ကြပေမယ့် ရန်သူတွေကတော့ မိတ်ဆွေတွေနဲ့ ဆန့် ကျင်ဘက် ကိုယ်ဒုက္ခရောက်တာ၊ ကိုယ်စိတ်ဆင်းရဲတာကိုပဲ မြင်ချင်ကြမှာပါ။

    ဒီလိုပဲသူတို့က ကျွန်တော်တို့ရဲ့ စိတ်ထဲမှာဘယ် လိုသောအရာမှာမဆို ကျွန်တော်တို့ဟာမထူးချွန်ဘူး။ ဘောင်မဝင်ဘူးလို့ ကိုယ့်ကိုကိုယ်ထင်ယောင်လာအောင် သူတို့တတ်နိုင် သလောက်ကို ကြိုးစားကြမှာပါပဲ။ ကိုယ့်အနေနဲ့ လုပ်ဆောင်မှုတွေမှာ ယုံကြည်မှုတွေယိုင်နဲ့သွားအောင်လည်း သူတို့ကအမျိုးမျိုး သောနည်းနဲ့ ဟန့်တားမယ်။ ကြံစည်ပြောဆိုကြမယ်။ ဒါဟာသူတို့ရဲ့ အလုပ်ပါပဲ။ ဘာလို့လဲဆိုတော့ သူတို့မုန်းတဲ့ ကျွန်တော်တို့ ကိုသူတို့ထက်သာသွားမှာကိုသူတို့စိုးရိမ်ကြတယ်လေ။ ဒါကြောင့်ပဲ ကျွန်တော်တို့ဘာပဲလုပ်လုပ် သူတို့နှောင့်ယှက်လို့ရတဲ့နည်း ရှိသမျှနဲ့ကိုစွမ်းဆောင်ကြိုးပမ်းကြမှာပါပဲ။


    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....



    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    The past cannot changed, forgotten, edited or erased. It can only be accepted.

    ဒီနေ့အတွက်စကား

    အတိတ်၊ ပစ္စုပန် နဲ့ အနာဂတ်

    ကျွန်တော်တို့ အသက်ရှင်သန်နေထိုင်နေကြတဲ့ လူသားတိုင်းအတွက် အချိန်ကာလကြီး(၃)ပါးနဲ့ ရင်းနှီးကျွမ်းဝင်လို့ ဖြတ်သန်း နေရပါတယ်။ နေ့ရက်တစ်ရက်ချင်းစီ၊ နာရီတစ်နာရီချင်းစီ၊ စက္ကန့်တစ်စက္ကန့်ချင်းစီ၊ တဒင်္ဂချင်းစီတိုင်းဟာသူ့အလိုလို ဆိုသလို ကုန်ဆုံးနေပါ တယ်။ လူ့သားတိုင်း ကြုံတွေ့ဖြတ်သန်းရမယ့် အချိန်ကာလ(၃)ပါးမှာ ကျွန်တော်တို့တွေအနေနဲ့ ဘယ်နည်းနဲ့မှ ထိန်းချုပ်လို့မရနိုင် တာကတော့ကုန်ဆုံးလွန်မြောက်သွားပြီဖြစ်တဲ့ အတိတ်ဆိုတဲ့ ကာလပဲဖြစ်ပါတယ်။

    အတိတ်မှာကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တွေက ကောင်းတာတွေလည်းဖြစ်ချင်ဖြစ်မယ်။ မှားတာတွေလည်းဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကိုယ့်ဘဝအတွက် ပြန်ဖျက်လို့အမည်း စက်ကြီးတစ်ခုလိုအမြဲတန်းလိုက်နေမယ့် အဖြစ်အပျက်လည်းဖြစ်ချင်ဖြစ်မယ်။ အတိတ်မှာ မှားခဲ့တဲ့ အမှားတွေ၊ အတွေ့အကြုံတွေ ကို ပြန်တွေးပြီးအားမလိုအားမရဖြစ်ရမှုတွေလည်း ကျွန်တော်တို့ခံစား ရနိုင်ပါသေးတယ်။ ဒါပေမယ့် အတိတ်ကာလဆိုတာဘယ် လိုနည်းလမ်းကိုပဲသုံးသုံး ပြန်ပြောင်းရယူပြင်ဆင်လို့ရတဲ့အရာမဟုတ်တာကို ကျွန်တော် တို့လက်ခံထားဖို့လိုပါတယ်။


    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...