Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    The brain and muscles must develop simultaneously. Iron nerves with an intelligent brain-and the whole world is at your feet.

    ဒီနေ့အတွက်စကား

    ဒီစကားကိုပြောကြားခဲ့ တဲ့ ကမ္ဘာကျော်လူသားကတော့ နာမည်ကျော် စာအုပ်ပေါင်းများစွာကိုရေးထားခဲ့သူ ဟိန္ဒူလူမျိုး ဘုန်း တော်ကြီး Swami Vivekananda ပဲဖြစ်ပါတယ်။ သူပြောကြားထားတဲ့စကားတော့ ကျွန်တော်တို့လူသားတွေအနေနဲ့ ဘဝကို ဖြတ်သန်းတဲ့အခါမှာ သတိထားသင့်တဲ့အချက်တစ်ခုပါဝင်နေတဲ့စကားတစ်ခွန်းပါ။ ကျွန်တော်တို့တတွေ မိခင်ဝမ်းကြာတိုက်ကနေ မွေးဖွားလာတဲ့အချိန် ကနေစတင်ပြီး ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးလာတာနဲ့အမျှ ကိုယ့်ရဲ့အတွင်းစိတ်ဓါတ်နဲ့ ခံယူမှုတွေ၊ အတွေးအခေါ်တွေကလည်း ရုပ်ပိုင်းဆိုင်ရာတွေအတိုင်း ထပ်ကြပ်မကွာ ကြီးမားဖို့ ဖွံ့ဖြိုးဖို့လိုအပ်ပါတယ်။

    ကိုယ်ရောက်နေတဲ့ အသက်အရွယ်အပိုင်းအခြားမှာ ကိုယ့်အနေနဲ့ သင့်တင့်မျှတတဲ့ စိတ်နေစိတ်ထားကရှိနေဖို့လိုပါတယ်။ ကိုယ့် ရဲ့အိမ်မှာ ကိုယ့်မိဘ မျက်စိရှေ့မှာလူတိုင်းက ကလေး လို နေထိုင်လို့ရပေမယ့် လုပ်ငန်းခွင်ထဲရောက်ပြီဆိုရင်တော့ အလုပ်လုပ် နေတဲ့လူတစ်ယောက်ရဲ့ရင့်ကျက်မှုတွေ၊ အတွေးအခေါ် တွေကို ပိုင်ဆိုင်ထားရပါမယ်။ ကိုယ်ကကလေးဆန်တာပဲသိပြီး အရာ တိုင်းကို ကိုယ်လိုချင်ဖြစ်ချင်တဲ့အတိုင်း ဇွတ်တရွတ်လုပ် မယ်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာတော့ ကိုယ်က လူကြီးဆန်သင့်တဲ့ အခိုက်အတန့်တွေနဲ့ ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချပြီး လုပ်ဆောင် သင့်တာတွေကိုလုပ်ဆောင်ရပါမယ်။

    3 min
  • I'm

    I'm Singer ...

    I'm Artist.......

    I'm Dancer......

    I'm Designer......

    I'm Photographer......

    I'm Cameraman...........

    I'm Writer ............

    သင်ရော ဘာဖြစ်ချင်တာလဲ???

    I'm...?????

    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    You cannot control what happens to you, but you can control your attitude toward what happens to you, and in that, you will be mastering change rather than allowing it to master you.

    ဒီနေ့အတွက်စကား

    ကနေဒီယန်နွယ်ဖွား အမေရိကန်လူမျိုး စိတ်ဓါတ်မြှင့်တင်ရေးဟောပြောသူနဲ့ စာရေးဆရာ Brain Tracy ပြောကြားထားတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ သူရေးထားထုတ်ဝေခဲ့တဲ့ စာအုပ်တွေဟာဆိုရင် ကမ္ဘာတစ်ဝန်းမှာ ဘာသာစကားပေါင်းများစွာ ဘာသာပြန်ဆိုထုတ်ဝေရတဲ့အထိအောင်မြင်တဲ့စာအုပ်တွေ လည်းဖြစ်ပါတယ်။ တကယ့်ကို ဒိတ်ဒိတ်ကျဲမဟာလူသား တစ်ယောက်ရဲ့ နှုတ်ထွက်စကားကလည်း တကယ့်ကိုမှ မှတ်သားစရာ ကောင်းပါတယ်။ ဒီတော့ ဒီစကားရဲ့ အဓိပ္ပာယ်ကို အကျယ်တ၀င့်လေ့လာကြည့်ရအောင်။

    ကျွန်တော်တို့လူသားတွေအနေနဲ့ ကိုယ့်မှာ ဘယ်လိုအဖြစ်အပျက်တွေ အပြောင်းအလဲတွေဖြစ်ပျက်လာမလဲဆိုတဲ့ ကံကြမ္မာကို ကျွန်တော်တို့ ထိန်းချုပ်နိုင်ခြင်းမရှိ ပါဘူး။ ဘယ်အချိန်မှာဘာတွေဖြစ်သွားမလဲဆိုတာကို ကြိုတင်ပြီးတော့လည်း မသိနိုင် မမြင်နိုင်ပါဘူး။ ဒါကြောင့် ဖြစ်ပျက်လာသ မျှကိစ္စရပ်တိုင်းကို ကိုယ်က အကောင်းဘက်ကနေတွေးလို့ လက်ခံနိုင်ရပါမယ်။ ကိုယ့်အနေနဲ့ ကိုယ့်အပေါ်ဖြစ်တည်လာတဲ့ အပြောင်းအလဲတွေကို သည်းညည်းမခံနိုင်တဲ့အခါမှာဆိုရင် ကိုယ့်အတွက်ပဲ ပူလောင်မှုတွေကိုဖြစ်စေနိုင်ပါတယ်။ ဖြစ်လာသမျှ အကြောင်း ကောင်းဖို့ဖြစ်လာတယ်လို့ လက်ခံနိုင်ဖို့ဆိုရင် အရာတိုင်းကိုလည်း အရမ်းကြီးမျှော်လင့်ထားတာမျိုးတွေကနေ ရှောင်ကြဉ်ရပါမယ်။ တစ်စုံတစ်ခုကိုလိုချင်လို့တစ်စုံတစ်ခုကိုစတေးတယ်ဆိုရင် ကိုယ်လိုချင်တဲ့တစ်စုံတစ်ခုမရတဲ့အခါမှာ ကိုယ့်အ နေနဲ့ ပူဆွေးသောကရောက်မနေဖို့ ကိုယ့်ရဲ့စိတ်ကို ကိုယ်တိုင်ကထိန်းချုပ် နိုင်ရပါမယ်။ မိမိရဲ့စိတ်ကို ထိန်းချုပ်နိုင်တဲ့သူဆိုတာ လူတော်စာရင်းထဲမှာရှိနေတဲ့သူပါ။

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Don’t give up. Normally it is the last key on the ring which opens the door.

    ဒီနေ့အတွက်စကား

    World Economic Forum မှာ Crystal Award ကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘရာဇီးလူမျိုး စာရေး ဆရာ Paulo Coelhoပြောကြားခဲ့တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။

    ဒီစကားကတော့ ကိုယ်လုပ်ဆောင်လိုက်တဲ့ ကိစ္စတွေမှာ ပထမတစ်ခေါက်တည်းနဲ့ မအောင် မြင်ဘူးဆိုရင်တောင် ဘယ်တော့မှ လွယ်လင့်တကူလက်မလျော့ဖို့ သတိပေးထားတဲ့စကားတစ်ခွန်းပါ။ လောကမှာ ရှင်သန်နေ ထိုင်ကြတဲ့ လူသားတွေအနေနဲ့ တစ်ခါတစ်လေသောကိစ္စရပ်တွေကို လုပ်ဆောင်တဲ့နေရာမှာ ချက်ခြင်းကြီးဆိုသလို အောင်မြင်သွားတာမျိုးတွေလည်းရှိသလို တစ်ခါတစ်လေတော့လည်း ချက်ခြင်းလက်ငင်းကြီး အောင်မြင်မှုမရဘဲ ရှုံးနိမ့်မှုတွေကိုရင်ဆိုင်ရ တဲ့အခိုက်အတန့်တွေလည်း ရှိနိုင်ပါတယ်။

    ဒါပေမယ့် တစ်ခါမှမကလို့ အကြိမ်ကြိမ်အခါခါပဲရှုံးနိမ့်နေပါစေ၊ လဲပြိုကျနေပါစေ။ ဘယ်တော့မှ ကိုယ့်ရဲ့ယုံကြည်မှုတွေကိုမရပ်တန့်လိုက်ပါနဲ့။ မစွန့်လွတ်လိုက်ပါနဲ့။ ကိုယ့်ရဲ့ကြိုးစားမှုတွေလည်းမလျော့လိုက်ပါနဲ့။ အောင်မြင်မှုဆိုတာက ကိုယ်လိုချင်တဲ့ပမာဏကကြီးလေလေ ကိုယ်စိုက်ထုတ်ရမယ့် အင်အားနဲ့ ဇွဲ၊ လုံ့လ၊ ၀ီရိယ ပမာဏကလည်း များမှာပါပဲ။ တွေ့ရမယ့်အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကလည်း များမှာပါပဲ။ ဒါတွေကို ကိုယ့်ဘက်က ခံနိုင်ရည်ရှိဖို့လိုပါ တယ်။ အဲဒါကြောင့် ရှုံးနိမ့်မှုတိုင်းဟာ ပြန်လည်ကြိုးစားဖို့၊ လဲကျမှုတိုင်းဟာ ပြန်လည်ရပ်တည်ဖို့ဖြစ်ပါတယ်။ စိန်ခေါ်မှုတိုင်းဟာလည်း ကိုယ့်အတွက် အားအင်တွေမွေးဖို့လိုအပ်တယ်ဆိုတာကို သတိပေးနေခြင်းသာဖြစ်ပါတယ်။

    3 min
  • ဒီနေ့အတွက်စကား

    Helping one person might not change the world, but it could change the world for one person.

    လောကမှာ အနှိုင်းမဲ့တဲ့ ပီတိကိုခံစားနိုင်စေမယ့် သူတပါးကို ကူညီဖေးမခြင်းရဲ့ အကျိုး ကျေးဇူးကို ပြောပြထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးမှာ လူသားတိုင်းဟာ အဆင်ပြေခြင်း များစွာနဲ့ အစဉ်အမြဲနေထိုင်ရပ်တည်နိုင် မှာမဟုတ်ပါဘူး။ ဒါကတော့ စကြာဝဋာဆိုင်ရာအမှန်တရားတစ်ခုဖြစ်ပါတယ်။ လောကရဲ့ နေ့ရက်တိုင်းမှာ ကမ္ဘာ့ရဲ့နေရာဒေသ အရပ်ရပ်မှာနေထိုင်နေကြတဲ့လူသားတစ်ယောက်မဟုတ်တစ်ယောက်၊ တစ်ဦးမဟုတ်တစ်ဦး စိတ်ဆင်းရဲမှုတွေကို ခံစားနေရ တတ်သလို၊ အတိဒုက္ခတွေနဲ့ရင်ဆိုင်နေရတဲ့သူတွေလည်း အများကြီးရှိလို့နေပါတယ်။ အခက်အခဲပေါင်းများစွာကို ကိုယ့်ရဲ့ အသက်အရွယ်နဲ့မမျှ ခံစားကျော်လွှားနေရတဲ့သူတွေလည်းရှိနေပါတယ်။

    ကိုယ့်ရဲ့ရှေ့မှာ ကိုယ့်ဘက် က တတ်နိုင်တဲ့နည်းနဲ့ကူညီပေးလို့ရတဲ့သူတွေမြင်တဲ့အခါမှာ မမြင်ချင်ယောင်ဆောင်ကျော်လွှား မသွားဘဲ လူသားချင်းကိုယ်ချင်း စာနာတဲ့စိတ်နဲ့ ကူညီရိုင်းပင်းဖို့လိုပါတယ်။ ကိုယ့်အနေနဲ့ ငွေကြေးဥစ္စာမပေးနိုင်ရင်တောင်မှ စိတ်စေတနာနဲ့ ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ ကူညီထောက်ပံ့ပေးတာ၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ရိုင်းပင်းပေးတာ၊ နှုတ်ဧ။်ဆောင်မခြင်း၊ ကိုယ်ဧ။်ဆောင်မခြင်း တို့နဲ့ ကူညီပေးတာမျိုးတွေကို လုပ်ဆောင်ပေးကြည့်ပါ။ ကိုယ့်မှာရှိတဲ့အထဲကနေ မျှဝေပေးလိုက်ခြင်းဆိုတာ တကယ်တော့ ပရဟိ တစိတ်ဓါတ်ပါပဲ။ ငွေတွေ သိန်းချီလှူဒါန်းနေမှမဟုတ်ဘဲ ကိုယ့်ရဲ့စိတ်ထဲက စေတနာအပြည့်နဲ့ ကူညီရိုင်းပင်းလိုက်ခြင်းဟာ ညောင်စေ့ကိုလှူပေမယ့် ညောင်ပင်ကြီးရသလိုအဖြစ်မျိုးကို ဖြစ်စေနိုင်ပါတယ်။

    3 min
  • ဒီနေ့အတွက်စကား

    Happiness comes a lot easier when you stop complaining about your problems and start being grateful for all the problems you don’t have.

    ဒီနေ့အတွက်စကား

    သက်ရှိလူသားအားလုံးလိုလား တောင့်တကျတဲ့ပျော်ရွှင်ခြင်းဆိုတဲ့အရာကိုဘယ်လိုနည်းနဲ့ လွယ်လင့်တကူရရှိနိုင်မလဲဆိုတာကိုနည်းလမ်းပြသထားတဲ့စကား တစ်ခွန်းဖြစ်ပါတယ်။ဒီတော့ ပျော်ရွှင်ခြင်းကိုလိုလားကြတဲ့ လူသားမှန်ရင် ဒီစကားထဲကနည်းလမ်းအတိုင်းနေထိုင်ဖို့အတွက် အရင်ဆုံးအကြံပြုချင်ပါတယ်။ ဘယ်လိုနေထိုင်ရမလဲဆိုတာကို အကျယ်တ၀င့်လေ့လာကြည့်ရအောင်ဗျာ။

    လူသားမှန်ရင် ဘယ်သောအခါမှာမှ ပြီးပြည့်စုံကောင်းမွန်မှုဆိုတာမရှိနိုင်ပါဘူး။ ဒါကြောင့် ကြံစည်လုပ်ဆောင်သမျှကိစ္စရပ်တစ်ခုမဟုတ်တစ်ခုမှာ တော့ မှားယွင်းစွာလုပ်ဆောင်မိပြောဆိုမိတာမျိုးတွေ ဖြစ်နိုင်ပါ တယ်။ ဒါတင်မကသေးဘူး။ ဘ၀ကပေးမယ့် သင်ခန်းစာတွေ၊ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကိုဖြေရှင်းတဲ့နေရာမှာလည်းမိမိမှာရှိနေတဲ့ ပြဿနာတွေကို ကြည့်ပြီးစိတ်ညစ်ညူးနေမယ့်အစား ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းကိုရှာဖွေရပါမယ်။ ငါ့မှာမှ ဒီလိုမျိုးပြဿနာတွေရှိနေတာပါလားဆိုပြီးစိတ်ပျက်အားငယ် နေတာမျိုး၊ ကိုယ့်မှာဖြစ်နေတဲ့ပြဿနာကိုတခြားသူကိုဖောက်သည်ချပြောပြပြီးအပူပေါ်အပူဆင့်နေမယ့်အစားကိုယ့်မှာရှိနေတဲ့ ဖြေရှင်းစရာတွေကိုအကောင်းဆုံးနဲ့ အမြန်ဆုံးဖြေရှင်းလိုက်ပါ။

    3 min
  • ဒီနေ့အတွက်စကား

    Confidence is not They Will Like Me. Confidence is I’ll Be Fine If They Don’t.

    ဒီနေ့အတွက်စကား

    မိမိကိုယ်ကိုယုံကြည်မှုဆိုတာသူတို့ငါ့ကိုသဘောကျပါလိမ့်မယ်ဆိုတာမဟုတ်ပါဘူး။ မိမိကိုယ်ကိုယုံကြည်မှုဆိုတာသူတို့ သဘောမကျလည်း ငါ့အတွက်အဆင်ပြေပါတယ် ဆိုတဲ့သဘောပါတဲ့။

    ဘ၀အတွက်အောင်မြင်မှုခရီးလမ်းကိုလျှောက်လှမ်းတဲ့နေရာမှာမရှိမဖြစ် လိုအပ်တဲ့အရာတွေထဲကတစ်ခုဖြစ်တဲ့ မိမိကိုယ်ကိုယုံကြည်မှုအကြောင်းကိုရှင်းလင်းပြောပြထားတဲ့အရာတစ်ခုဖြစ်ပါ တယ်။ ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအ၀ိုင်းနဲ့နေထိုင်ကြတဲ့ သက်ရှိလူသားတွေအနေနဲ့ ဘယ်အရာကိုမဆိုမိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်မှသာအောင်မြင်ခြင်းဆီကိုသာမန်ထက်ပိုပြီးလွယ်ကူစွာရောက်ရှိနိုင်သလိုယုံကြည်မှုအပြည့်နဲ့လုပ်ဆောင်မှုတွေကကိုယ်လုပ်မယ့်အလုပ်ရဲ့ အခက်အခဲအတားအဆီးတွေကိုဖြတ်ကျော်တဲ့နေရာမှာအထောက်အပံ့ပေးနိုင်တာလည်းအမှန်ပါပဲ။ ဒါကြောင့် ဘာကိုပဲလုပ်လုပ် ငါကိုယ်တိုင်လုပ်ဆောင်နိုင်တယ်။ ငါသည်အရာတိုင်းအတွက် အောင်မြင်ခြင်းတွေကိုယူဆောင်နိုင် တယ်ဆိုတာကိုစိတ်ထဲမှာယုံယုံကြည်ကြည်မှတ်ထားရပါမယ်။

    ထို့အတူပဲ ပတ်ဝန်းကျင်ကနေ ပြောလာမယ့် ဘေးထိုင်ဘုပြော စကားတွေကိုလည်းအာရုံစိုက်မနေဘဲကိုယ်လုပ်စရာရှိတာတွေကိုသာအားမာန်အပြည့်နဲ့ လုပ်ဆောင်ကြိုးပမ်းဖို့လိုပါတယ်။ တခါတလေမှာကိုယ်လုပ်လိုက်တဲ့အရာတွေ လုပ်ရပ်တွေကိုသဘောကျနှစ်ခြိုက်မယ့်သူတွေရှိနေနိုင်သလိုတခါတလေတော့ လည်းအလကားနေရင်းမျက်မုန်းကျိုးနေမယ့် မကောင်းမြင်ဝါဒီသမားတွေလည်း ရှိနေနိုင်ပါတယ်။ အဲဒီလိုလူတွေကတော့ ကိုယ်ဘာပဲလုပ်နေလုပ်နေသူတို့ရဲ့ မကောင်းမြင်တတ်တဲ့စိတ်အခြေခံကြောင့်ပဲ မြင်မြင်သမျှ မျက်မှန်မည်းကြီးတပ်ပြီး မကောင်းစကား၊ ကိုယ့်ခြေလှမ်းတွေကိုယိုင်နဲ့သွားစေမယ့်စကားတွေကို သူတို့ဝသီနဲ့ ပြောကြဆိုကြမှာပါပဲ။ စိတ်ထဲကပါပါ မပါပါ သူတို့ပြောနေတဲ့စကားတွေကိုလိုက်ပြီးဂရုစိုက်နေမယ်ဆိုရင်တော့ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကမပြီးမြောက်တော့ဘဲမစခင်ကကို အဆုံးသတ်ကိုရောက်နေသလိုဖြစ်ပြီးအောင်မြင်မှုရဲ့အသီးအပွင့်ဆိုတာတော့ ဝေလာဝေးဆိုတဲ့ အဖြစ်မျိုးသာဖြစ်သွားတော့မှာပါ။

    3 min
  • ဒီနေ့အတွက်စကား

    You will be too much for some people. Too loud, too soft. Too this, too that. But you’ll always be perfect for the people who need you.

    ဒီနေ့အတွက်စကား

    ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သတိထားရမယ့် အခြင်းအရာတစ်ခုကိုပြောပြထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ လောကရဲ့ လူသားတိုင်းတွေ့ကြုံရမယ့် ခက်ခဲနက်နဲတဲ့ဘာသာရပ်တစ်ခုဖြစ်တဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်အတွက်ကောင်းမွန်တဲ့သူတွေလည်းရှိမယ်။ ကိုယ့်ကို စိတ်ရောကိုယ်ပါ ဒုက္ခရောက်စေမယ့်သူတွေလည်းရှိမယ်။ ကိုယ့်ကိုအကောင်းမြင်တဲ့သူလည်းရှိမယ်။ ထို့အတူပဲ တစ်ချို့သောသူ တွေအတွက်ဆိုရင်လည်း ကိုယ်ဟာ မကောင်းမြင်ခံရတာမျိုးလည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာ ကျွန်တော်တို့တွေအနေနဲ့ အဲဒီလူတွေရဲ့ ဘာတွေများလုပ်လေမလဲ၊ ဘယ်လိုတွေများတွေးတောထင်မြင်ယူဆနေမလဲဆိုပြီး တွေးပူနေတာမျိုးဖြစ်နေမယ် ဆိုရင်တော့ ကိုယ့်ရဲ့တန်ဖိုးရှိလှတဲ့ ရှင်သန်ခြင်းနေ့ရက်တွေဟာ ပူပန်မှုတွေ၊ စိုးရိမ်စိတ်တွေနဲ့ပဲ ပူလောင်နေပါလိမ့်မယ်။

    တကယ် တော့ လူ့အလိုကိုနတ်မလိုက်နိုင်ဆိုတဲ့စကားအတိုင်းပဲ လူတိုင်းရဲ့စိတ်တိုင်းကျဖြစ်နေအောင် အချိန်ပြည့် သဘောကျနေအောင် နေထိုင်နိုင်ဖို့ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လူ့ရဲ့အတွင်းစိတ်ဆိုတာ သိပ်ကိုမှ ပြောင်းလဲမှုမြန်ဆန် လွန်းတဲ့ အဆန်းတကြယ် အဖြစ်ဆုံးအရာလည်းဖြစ်နေလို့ပါပဲ။ အခုချိန်မှာကောင်းနေတယ်ဆိုရုံနဲ့ နောက်တစ်ချိန်မှာ ကောင်း ချင်မှကောင်းပါလိမ့်မယ်။ အထူးသဖြင့် သူတို့အတွက်လိုအပ်နေတဲ့အချိန်မှာတော့ သင်ဟာသူတို့ရဲ့အတွေးထဲမှာ အကောင်းမွန်ဆုံး အပြည့်စုံဆုံးသော Perfect Human တစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်နေပေမယ့် သူတို့ရဲ့လိုဘတွေပြည့်တဲ့တစ်နေ့မှာတော့ ကိုယ်ဟာ ဘယ်နေရာ မှာ ဘယ်လိုတွေလိုအပ်နေတယ်။ ဘယ်လိုပြစ်ချက်တွေရှိနေတယ်ဆိုတာကို သူတို့တွေက ဝေဖန်ရေးနဲ့ လေကန်ရေးတွေလုပ်ပြီး ထင်တိုင်းကြဲပြောကြဆိုကြ ထင်မြင်ယူဆပြီး သမုတ်ကြပါတော့မယ်။

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    No matter what people think of you, always keep singing your own song.

    ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကားကတော့လောကမှာဘယ်လိုသောသူတွေကဘာတွေပဲထင်နေပါစေ။ကိုယ့်ကိုဘယ်လိုပဲလာပြီးဝေဖန်နေပါစေ။ကိုယ့်ဘဝအတွက်ကိုယ့်ရဲ့စိတ်ကြိုက်ကိုယ့်ရဲ့အနေအထိုင်အပြုအမူအတိုင်းသာနေထိုင်သင့်တယ်ဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းပါ။လောကမှာအရှုပ်ထွေးဆုံး၊အခက်အခဲအနက်နဲဆုံးဘာသာရပ်တစ်ခုဖြစ်တဲ့လူအချင်းချင်းပေါင်းသင်းဆက်ဆံရေးဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေကိုယ်တိုင်ထင်မှတ်မထားတဲ့အချက်တွေ၊ကျွန်တော်တို့မမြင်နိုင်တဲ့အချက်တွေအများကြီးရှိလို့နေပါတယ်။

    ကိုယ့်ကိုချစ်ခင်မြတ်နိုးမယ့်ကိုယ့်ကောင်းရာကောင်းကျိုးကိုလိုလားမယ့်သူတွေလည်းရှိနေနိုင်သလို၊ကိုယ့်ကိုအသားလွတ်မုန်းတီးနေမယ့်ကိုယ်ဒုက္ခရောက်မှပျော်ရွှင်နိုင်မယ့်သူတွေလည်းရှိနေမှာပါပဲ။ဒါကြောင့်ကိုယ့်ဘေးနားမှာရှိနေတဲ့လူတိုင်းကိုတစ်သတ်မှတ်တည်းမှတ်ယူလို့မရနိုင်ပါဘူး။ကိုယ့်ကိုတကယ်ချစ်ခင်တဲ့သူ၊ကိုယ့်အကျိုးကိုလိုလားတဲ့သူကပြောလာတဲ့စကားကတော့ကိုယ့်ကောင်းကျိုးအတွက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်အဲဒီလူတွေကရောအချိန်တိုင်းမှာကိုယ့်ကိုချစ်ခင်နေနိုင်မယ်လို့ယုံကြည်ထားပါသလား။အဲဒါဆိုရင်တော့မှားသွားပါလိမ့်မယ်ခင်ဗျာ။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...