Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Keep little bit of attitude always in your pocket. Don’t use it to hurt others. But use it when your self-respect is being tested by other people!

    ဒီနေ့အတွက်စကား

    သင့်ရဲ့သဘောထားအမှန်ကိုသင့်ရဲ့အကျီအိတ်ကပ်ထဲအမြဲတမ်းရှိနေပါစေ။ တခြားသောသူတွေကိုထိခိုက်စေဖို့တော့ မသုံးပါနဲ့။ ဒါပေမယ့် တခြားသူတွေကသင့်ရဲ့ကိုယ့်ကိုကိုယ်လေးစားခြင်းကိုစမ်းသပ်လာရင်တော့ထုတ်သုံးလိုက်ပါ။

    ဒီစကားနဲ့ ဆက်စပ်နေတဲ့ မြန်မာစကားပုံတစ်ခုလည်းရှိပါတယ်။ နဂါးမှန်းသိအောင်အမောက်ထောင်ပြဆိုတဲ့စကားပါ။ ဆိုလိုရင်းကတော့ ကိုယ်ဟာ ဘယ်လိုမျိုးစိတ်သဘောထားရှိတယ်။ ဘယ်လိုမျိုးထက်မြက်တယ်။ တမင်သက်သက်ကြီးစော်ကားတဲ့အပြုအမူတွေကိုတော့ လက်သင့်ခံ သည်းညည်းခံနေမှာမဟုတ်ဘူးဆိုတဲ့သဘောပါ။ တခါတလေကြရင် တချို့သောသူတွေက အလိုက်ကန်းဆိုးမသိစွာ နဲ့ ကိုယ့်ကိုပြုမူပြောဆိုတတ်ကြပါတယ်။

    ကိုယ်က လူချစ်လူခင်ပြောများချင်တဲ့စိတ်အခြေခံရယ်၊ ရန်မပွားချင်တဲ့စိတ်ရယ်နဲ့ သည်း ညည်းခံလို့ဆက်ဆံတဲ့အခါ၊ သူတို့ပြောသမျှတွေကို စကားနည်းရန်စဲသဘောနဲ့ လိုက်လျောလိုက်တဲ့အခါမှာ တစ်ချို့သော အလိုက်မသိတတ်တဲ့သူတွေက ကိုယ့်ကိုသဘောကောင်းတယ်။ ဘာလုပ်လုပ်လက်ခံမှာပဲဆိုပြီး သူတို့ဖြစ်ချင်တာတွေကို အတင်းကာရောတောင်းဆိုတတ်ကြပါတယ်။ အဲဒီအခါမှာ ကိုယ့်အနေနဲ့ မလိုက်လျောနိုင်တဲ့အချိန်မျိုးဖြစ်တဲ့အခါမျိုးတွေမှာတော့ ကိုယ့်ကို ဒါလေးတောင်မလိုက်လျောပေးဘူးဆိုပြီးဖြစ်သွားတတ်ကြပါတယ်။ လူဆိုတာမျိုးက ကိုယ်တစ်ကြိမ်လောက်ငြင်းဆို လိုက်တာနဲ့ ကိုယ်ကအခေါက်တစ်ရာလောက် လိုက်လျောပေးကမ်းခဲ့တာတွေကို မေ့သွားတတ်ကြပါတယ်။


    3 min
  • ဒီနေ့အတွက်စကား

    There will always be people in your life who treat you wrong. Be sure to thank them for making you strong.

    ဒီနေ့အတွက်စကား

    လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ပေါင်းသင်းဆက်ဆံရေးဆိုတာ တကယ့်ကိုအရေးပါတဲ့ အခန်း ကဏ္ဍတစ်ခုပါ။ တစ်ဦးတစ်ယောက်တည်း ရှင်သန်ရပ်တည်လို့မရတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်နဲ့ လုပ်ကိုင်နေထိုင်ကြတဲ့ လူသားတွေအတွက် ချစ်ခင်ရင်းနှီးမှုဆိုတာ တစ်ဦးပေါ်တစ်ဦး ထားရှိရမယ့် အပြန်အလှန်မေတ္တာတရားပါ။ ဒါပေမယ့် လောကမှာ လူအမျိုးမျိုးစိတ်အထွေထွေဖြစ်တဲ့အတွက် အသိုင်းအဝိုင်းတစ်ခုအတွင်းမှာ လူတိုင်းစေ့နဲ့ အဆင်ပြေဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ တစ်ချို့သောလူတွေကတော့ ကိုယ်တိုးတက်ကြီးပွားတာ အောင်မြင်တာကို သဘောကျတာရှိချင်ရှိမယ်။ ကိုယ့်ဘ၀ တိုးတက်သွားတာကို နှုတ်ဧ။်ဆောင်မခြင်း ကိုယ်ဧ။်ကြည့်ရှုခြင်းနဲ့ ပံ့ပိုးကူညီတာမျိုးရှိချင်ရှိမယ်။ ဒါပေမယ့် အဲဒါ လူတိုင်းတော့ မဖြစ်နိုင်ပါဘူး။

    ကိုယ်တိုးတက်ကြီးပွားမှာကို မနာလိုမယ့်သူ၊ ကိုယ်အောင်မြင်မှာကို မရှုစိမ့်တဲ့သူ၊ ကိုယ့်ကို ဒုက္ခမရောက်ရောက်အောင် ကြံစည်ကြိုးပမ်းတဲ့သူ၊ ကုန်ကုန်ပြောရရင် လမ်းသွားရင်တောင် အလစ်မှာ ခြေထိုးခံချင်တဲ့ အကောက်ကြံမယ့်သူတွေလည်း ဘဝတစ်ကွေ့မဟုတ်တစ်ကွေ့မှာ တွေ့ကြုံရမှာပါ။ ဒါပေမယ့် ကိုယ့်မှာ ကိုယ်ကိုတိုင်က အားအင်အပြည့်နဲ့ရှိနေမယ်ဆိုရင် အဲဒီလို အလဲထိုးချင်တဲ့သူတွေကို အသာလေးရှောင်လွဲလို့ရနိုင်သလို၊ ကိုယ့်ကိုလဲပြိုအောင် လုပ်ခြင်းခံလိုက်ရတဲ့အခါမှာလည်း ကိုယ့်ကိုကိုယ်ပြန်လည်ထူထောင်၊ သူ့ကြောင့် လဲကျမှုတွေကနေရုန်းထလို့ ကိုယ့်ဘဝကို တိုးတက်အောင်ကြံစည်လုပ်ဆောင်လို့ နှစ်ဆသုံးဆ ကြိုးစားရမှာပါ။ အဲဒါဆိုရင်တော့ အရင်ကထက်ကို ပိုမိုတိုးတက်လာမှာ အသေအချာပါပဲ။


    3 min
  • ခေတ်လူငယ်

    ပရိတ်သတ်များအားလုံး မင်္ဂလာပါ... ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် .. ဒါ့အပြင် ကိုယ်မသိသေးတဲ့ .ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော် . . . . . . . . . . . . .

    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Your words have the power to hurt, to heal, open minds, open hearts and change the world. Never forget the responsibility you have over the words you speak.

    ဒီနေ့အတွက်စကား

    လောကမှာ လူသားတိုင်းလူသားတိုင်း ဟိုးအမြင့်ဆုံး နိုင်ငံကို အုပ်ချုပ်နေတဲ့ ဘုရင်တို့ သမ္မတတို့လို လူတန်းစားကနေ အောက်ဆုံး အောက်ခြေလူတန်းစားအထိ နေ့စဉ်နဲ့အမျှ စကားတွေပြောနေကျရပါ တယ်။ ဒါပေမယ့် ကိုယ်နေ့စဉ်နေ့တိုင်းပြောလိုက်တဲ့ စကားတစ်ခွန်းစီရဲ့ အကျိုးသက်ရောက်မှုကို သတိထားဖို့လိုပါတယ်။

    အုပ်ချုပ်သူလည်း အုပ်ချုပ်သူအလျောက် ပြောလိုက်တဲ့စကားက အရေးပါသလို၊ သာမာန်လူလည်း သာမာန်လူအလျောက် အရေးကြီးပါတယ်။ တစ်ချို့တွေကတော့ စကားတစ်ခွန်းကို ပြောလိုက်လို့ ဘာဖြစ်သွားနိုင်သလဲဆိုတာကို သေသေချာချာ မစဉ်းစားဘဲ လွတ်ခနဲပြောတတ်ဆိုတတ်ကြပါတယ်။ ဒါဟာ တကယ်တော့ သတိထားစရာပါ။ အဖွဲ့အစည်းကြီးကြီးမားမားက ရာထူးဂုဏ်သိမ်ကြီးမားတဲ့သူ ဆိုရင် ပိုပြီးအရေးကြီးပါတယ်။

    ကိုယ်ပြောလိုက်တဲ့စကား ဘာဖြစ်သွားမလဲဆိုတာကို မစဉ်းစားဘဲနဲ့ စိတ်ထင်ရာ ပြောတတ်တဲ့သူတွေကို သတိပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။

    သင့်ရဲ့စကားလုံးတိုင်းက နာကျင်စေတတ်သလို၊ သက်သာစေတတ်သလို၊ စိတ်တွေကိုပေါက်ကွဲစေတတ်သလို၊ ကမ္ဘာကြီးကိုပါ ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပြောလိုက်တဲ့စကားလုံးအတွက် ကိုယ့်မှာတာဝန်ရှိတာကို မမေ့ပါနဲ့။


    3 min
  • ဒီနေ့အတွက်စကား

    Don’t worry about what other people say behind your back, they are the people who are finding faults in your life instead of fixing the faults in their own lives.

    ဒီနေ့အတွက်စကား

    လောကရဲ့ အရေးကြီးဆုံးနဲ့ အရှုပ်ထွေးဆုံးအခက်အခဲဆုံးဖြစ်တဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်တဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာရှင်သန်ရပ် တည်ကြတဲ့လူသားတိုင်းလူသားတိုင်းဘဝတစ်ကွေ့ရဲ့အချိန်တိုင်းမှာမိတ်ဆွေအပေါင်းအသင်းတွေ့နဲ့တွေ့ဆုံကြရမှာဓမ္မတာပါပဲ။ အဲဒီတွေ့ဆုံနေရတဲ့လူသားတွေထဲမှာကိုယ့်အတွက် ကောင်းမွန်တဲ့စိတ်နေအရင်းခံနဲ့ ဆက်ဆံတဲ့မိတ်ဆွေကောင်းမိတ်ဆွေမွန် တွေလည်းရှိနေနိုင်သလိုကိုယ့်ကိုတိုက်ခိုက်မယ့်ကိုယ့်ကောင်းကျိုးဖြစ်ထွန်းသွားမှာကိုစိုးရိမ်နေမယ့် ရန်သူတွေလည်းရှိမယ်။

    ကိုယ့်ရှေ့မှာတော့ ကိုယ့်ကောင်းကြောင်းသာကြောင်းမာကြောင်းကိုပြောနေပေမယ့် ကိုယ့်နောက်ကွယ်မှာကိုယ့်မကောင်းကြောင်းတွေ၊ ကိုယ့်အပြစ်တွေ၊ ကိုယ့်အမှားတွေကိုလိုက်ပြီးမျက်စိဒေါက်ထောက်ကြည့်လို့ အပြစ်ဖွဲ့ပြောဆို နေမယ့်သူတွေလည်းရှိနေမှာပါပဲ။ အဲဒီလိုလူမျိုးတွေရဲ့ ကိုယ့်နောက်ကွယ်ပြောဆိုမှုတွေကို ပြန်လည်ကြားသိရတဲ့အခါမျိုးတွေမှာ ကိုယ့်အနေနဲ့လည်းစိတ်အနှောင့်အယှက်တွေဖြစ် ဒေါသစိတ်တွေလည်းဖြစ်တတ်ကြပါတယ်။ ဒါဟာပုတုဇဉ်လူသားဆန်တဲ့ ဗီဇတစ်ခုပါပဲ။ ဒါပေမယ့် သေချာတွေးကြည့်မယ်ဆိုရင် အဲဒီလိုမျိုးကိုယ့်နောက်ကွယ်မှာကိုယ့်ရဲ့အမှားတွေကိုလိုက်ပြောနေတဲ့သူတွေကရောအမှားနဲ့ကင်းတဲ့ ရာနှုန်းပြည့်မှန်ကန်နေတဲ့သူတွေမဟုတ်နိုင်ပါဘူး။ လူသားမှန်ရင်အမှားနဲ့ကင်းတဲ့သူဆိုတာမရှိပါ ဘူး။ ဒါပေမယ့် အဲဒီလူတွေကသူတို့အမှားကိုတော့ သူတို့ပြန်မကြည့်ဘဲဖြေရှင်းတာမျိုးတွေမလုပ်ဘဲကိုယ့်မျက်ချေးကိုယ်မမြင် တဲ့သူတွေသာဖြစ်ပါတယ်။


    3 min
  • ဒီနေ့အတွက်စကား

    Do the best you can until you know better. Then, when you know better, do better.

    လူ့အခွင့်အရေးတက်ကြွစွာ လှုပ်ရှားသူအာဖရိကန်နဲ့အမေရိကန်ကပြား ကဗျာဆရာမ Maya Angelou ပြောကြားထားတဲ့ လုပ်ငန်းဆောင်တာတွေကိုဘယ်လိုမျိုး ကြိုးစားအားထုတ်သင့်လဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းပါ။

    လောကမှာကံတရားဆိုတာအလုပ်ပါ။ အလုပ်ကိုအလုပ်လိုလုပ်တတ်ဖို့ဆိုတာအောင်မြင်ချင်တဲ့လူသားတိုင်းအတွက် တကယ့်ကိုမှအရေးကြီးပါတယ်။ အလုပ်လုပ်တဲ့နေရာမှာကိုယ့်ရဲ့ စွမ်းရည်ကို မြင့်တင်လုပ်ကိုင်မယ်ဆိုရင် တစ်နေ့ထက်တစ်နေ့ ကိုယ့်ရဲ့စွမ်းရည်တွေကလည်းပိုပိုပြီးတက်လာ မယ်။ အလုပ်တွေလည်းပိုပိုပြီးလုပ်နိုင်လာမှာပါ။ အဓိကကတော့ လူမှာလိုအပ်နေတာအကျင့်ပါပဲ။ အကျင့်ပါနေတဲ့အလုပ် တွေဆိုရင် လူတွေကသိပ်တောင်မှ အားမစိုက်ရပဲနဲ့ လုပ်ဆောင်နိုင်ကြ၊ လုပ်ဆောင်တတ်ကြပါတယ်။ ဒါပေမယ့် သေချာတွေး ကြည့်မယ် ဆိုရင် တကယ်တော့ အကျင့်ဆိုတာကိုယ်တိုင်မွေးမြူခြင်းပါပဲ။ ကိုယ်တိုင်ကြိုးစားမယ်ဆိုရင်ဘယ်အရာမဆိုရမှာ အသေအချာပါပဲ။ ဒီတော့ အကျင့်လုပ်ဖို့ပဲလိုပါတယ်။

    အကျင့်ဖြစ်သွားပြီဆိုရင် လွယ်လင့်တကူပဲကျော်လွှားနိုင်မှာပါ။ဒီတော့ အလုပ်လုပ်တဲ့အခါ ဘယ်လိုမျိုးအကျင့်မျိုးကိုကျွန်တော်တို့ မွေးမြူရမလဲ။ ကိုယ့်အနေနဲ့ ပိုပြီးကောင်းမွန် ပြည့်စုံအောင် ဘယ်လိုလုပ်မလဲဆိုတာကိုသိတဲ့အချိန်အထိကိုကိုယ်တတ်နိုင်သလောက် အကောင်းဆုံးအားစိုက်ထုတ်မှုနဲ့ လုပ်ဆောင်ပါတဲ့။ တကယ်လို့သာကိုယ်ကကိုယ့်ရဲ့လုပ်ငန်းခွင်အတွက် ဘယ်လိုမျိုးပိုပြီးကောင်းမွန်အောင်လုပ်ဆောင်ရမလဲဆိုတာကိုသိပြီဆိုတာနဲ့ ပိုပြီးကောင်းမွန်ပြည့်စုံအောင်လုပ်ပါလို့ တိုက်တွန်းထားပါတယ်။

    3 min
  • Songs In Yangon

    ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။

    သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In  Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။ 

    ရန်ကုန်မြို့မှ ချစ်ပရိသတ်‌တွေ အခုလတ်တလော ဘယ်သီချင်းတွေကို နားဆင်ဖြစ်နေလဲဆိုတာ နားဆင်ရမှာ ဖြစ်ပါတယ်...........

    Songs In  Yangon အစီအစဉ်ကို အပတ်စဉ် Monday , Thursday ည 8:10 မှာနားဆင်နိုင်ပါတယ်......

     




    25 min
  • ဒီနေ့အတွက်စကား

    There is not enough room in your mind for both worry and faith. Only you can decide which one will live there.

    ဆန့်ကျင်ဘက်စကားလုံးနှစ်လုံးရဲ့ အဓိပာယ်နဲ့အတူအကျိုးသက်ရောက်မှုတွေကိုတွေးကြည့်လိုက်တိုင်းထင်ရှားပေါ်လွင်စေမယ့် စကားတစ်ခွန်းဖြစ်ပါတယ်။ အဲဒီစကားလုံးနှစ်လုံးကတော့ Worry ဆိုတဲ့ စိုးရိမ်ပူပန်သောကဆိုတဲ့ စကားလုံးရယ်။ Faith ဆိုတဲ့ အကြွင်းမဲ့ယုံကြည်မှုဆိုတဲ့ စကားလုံးတွေပဲဖြစ်ပါတယ်။ ဒီနှစ်လုံးကတော့ အဓိပာယ်အရဆိုရင် နှစ်ဦးနှစ်ဖက်ဆန့်ကျင်နေတဲ့ စကားလုံးတွေပါ။ အဲဒီ နှစ်ခုထဲကကိုယ့်အနေနဲ့ တစ်ခုမဟုတ်တစ်ခုကိုပဲ ကျွန်တော်တို့တွေရဲ့အတွေးထဲကို အဝင်ခံနိုင်ပါတယ်။

    Worry ဆိုတဲ့ စိုးရိမ်ပူပန်သောက။ စိုးရိမ်မှု၊ ပူပန်သောကဆိုတာ တွေးနေ တဲ့သူအတွက် အပူမီးတွေကိုသာ ဖြစ်စေနိုင်ပါတယ်။ ဘာများဖြစ်သွားမလဲ။ တစ်ခုခုများလွဲချော်သွားလေမလား။ တစ်ခုခုများ ဖြစ်သွားမလား။ အောင်မှအောင်မြင်ပါ့မလားစတဲ့စတဲ့ စိုးရိမ်ပူပန်မှုတွေကအတွေးထဲကိုရောက်ပြီဆိုတာနဲ့ ကိုယ်လုပ်ရမယ့် အလုပ်ထဲမှာအနှောင့်အယှက်တွေဖြစ်စေပြီးပူလောင်မှု ဝေဒနာကိုခံစားရစေနိုင်သလို လုပ်ဆောင်မှုတွေကိုနှောင့်နှေးစေနိုင်ပါ တယ်။ အစိုးရိမ်ကြီးတဲ့သူဆိုတာကိုယ်ရဲ့လုပ်ဆောင်မှု တွေကလည်းအောင်မြင်မှုတွေဆီကို နှောင့်နှေးကြန့်ကြာမှရောက်စေနိုင် သလိုမဖြစ်သေးတဲ့ကိစ္စအပေါ်ပူပန်လွန်းပြီးမိုးပြိုမှာစိုးလို့ ခြေထောင်အိပ်တဲ့ တစ်တီတူးငှက်လိုဖြစ်နေတတ်ပါတယ်။ ဒါကတော့ စိုးရိမ်ပူပန်ခြင်းဆိုတဲ့ Worry ရဲ့ အဓိပာယ်နဲ့ အကျိုး သက်ရောက်မှုတွေပဲဖြစ်ပါတယ်။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...