Sign up to save your podcasts
Or

လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
Work for a cause, not applause. Live life to express, not to impress. Don’t strive to make your presence noticed, just make your absence felt.
ဒီနေ့အတွက်စကား
ဘဝမှာနေထိုင်ရှင် သန်ကြတဲ့ လူသားတိုင်းအတွက်သတိထားစရာအချက်အလက်တွေကို ဒီစကားက မီးမောင်းထိုးပြနေပါတယ်။ တခါတလေမှာ ကျွန်တော်တို့တွေ အလုပ်လုပ်တဲ့အခါ ကိုယ့်ရဲ့ကြိုးစားမှုကို တပါးသူတွေရဲ့အသိအမှတ်ပြုခြင်းခံရတာ၊ ချီးကျူးခံရတာမျိုး ဖြစ်ချင် ကြပါတယ်။ ဒါပေမယ့် အဲဒါက အကျင့်ပါသွားတဲ့အခါမှာ ကိုယ့်ရဲ့အလုပ်ကို အလုပ်တစ်ခုဆိုတာထက် ကို ပိုသွားတဲ့ခံစားချက်တွေ ၊ နောက်ပြီးတော့ ငါလုပ်တာဟုတ်တယ်ဟဲ့ဆိုတဲ့ မိမိကိုယ်မိမိအထင်ကြီး အောက်ခြေလွတ်မှု တွေကိုဖြစ်စေနိုင်ပါတယ်။
ဒါတင် မကသေးပါဘူး တကယ်လို့ ကိုယ်လုပ်တဲ့အလုပ်က တပါးသူတွေကမချီးကျူးဘူးဆိုရင်လည်း ကိုယ့်အလုပ်ကိုကိုယ်တိုင်ပဲ ယုံကြည်မှုကင်းမဲ့လာပြီး အနှောင့်အယှက်ဖြစ်စေနိုင်ပါသေးတယ်။
အကြောင်းအရင်းတစ်ခုအတွက်သာအလုပ်လုပ်ပါ။ ချီးကျူးခံချင်လို့အလုပ်လုပ်တာမဖြစ်ပါစေနဲ့။ ဖော်ပြဖို့သာဘဝကို ရှင်သန်ပါ။ စွဲမှတ်ထားဖို့ဘဝကိုရှင်သန်ခြင်းမလုပ်ပါနဲ့။ သင်ရှိနေတာကိုသတိပြုမိစေဖို့အတင်းကြီးအားမထုတ်ပါနဲ့။ သင်မရှိတဲ့အချိန်ကိုသာ ခံစားမိနေပါစေ။
ဒီနေ့အတွက်စကား
Be strong now because things will get better. It might be stormy now, but it can’t rain forever.
တကယ်လို့များ ဘဝရဲ့တွန်းတိုက်မှုတွေ၊ စိန်ခေါ်မှုတွေ အခက်အခဲတွေကို တွေ့ကြုံရင်ဆိုင်ဖြတ်သန်းနေရတဲ့သူတွေအနေနဲ့ လွယ်လင့်တကူအရှုံးမပေးပဲ နောက်ဆုံးအောင်မြင်တဲ့အချိန် အထိ ရင်ဆိုင်ကျော်ဖြတ်သွားဖို့အတွက် အကြံပြုလိုပါတယ်။ လောကကလည်း သူ့ရဲ့အာသီသနဲ့ ထုံးစံအတိုင်း အခက်အခဲတွေကို ပေးမယ်။ ကိုယ်ကလည်း အသိဉာဏ်ပညာနဲ့ပြည့်စုံတဲ့ စွမ်းအားရှိတဲ့လူသားတစ်ယောက်အနေနဲ့ ဖြတ်ကျော်ရမှာပါပဲ။
တကယ်တော့ ဘဝမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေသာမရှိတော့ဘူးဆိုရင် သိပ်ကိုမှ ပျင်းရိငြီးငွေ့ဖွယ်ကောင်းနေမှာပါ။ ဒါကြောင့် ခံစားချက်ပေါင်းများစွာကို ပေးစွမ်းနိုင်တဲ့ အခက်အခဲအတားအဆီးတွေကို ကိုယ့်မှာရှိတဲ့ အားမာန်အပြည့်ကိုသုံးပြီး အောင်မြင်ခြင်းဆိုတဲ့ နောက်ဆုံးအချိန်အထိ ရင်ဆိုင်ဖြတ်ကျော်ရပါမယ်။ သန်မာအောင်နေပါဆိုတဲ့ဒီစကားက ကိုယ်ခန္ဒာပိုင်း ကြံ့ခိုင်သန်မာဖို့လည်းလိုသလို စိတ်ဓါတ်ပိုင်းမှာလည်း သန်မာနေဖို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ဓါတ် သန်မာတဲ့သူတွေက ဘယ်လောက်ပဲအခက်အခဲတွေဖြစ်နေပါစေ။ နဂိုခိုင်မာတဲ့စိတ်အခြေခံနဲ့ပဲ ကြုံလာသမျှအခက်အခဲတွေကို ဖြတ်ကျော်သွားနိုင်လို့ပါ။ ဒါကြောင့် ကိုယ့်ရဲ့ အတွင်းစိတ်ကို ခိုင်မာအောင်တည်ဆောက်ထားရပါမယ်။
ပရိတ်သတ်များအားလုံး မင်္ဂလာပါ... ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် .. ဒါ့အပြင် ကိုယ်မသိသေးတဲ့ .ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ... ကဲ ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော် . . . . . . . . . . . . .
Be strong now because things will get better. It might be stormy now, but it can’t rain forever.
တကယ်လို့များ ဘဝရဲ့တွန်းတိုက်မှုတွေ၊ စိန်ခေါ်မှုတွေ အခက်အခဲတွေကို တွေ့ကြုံရင်ဆိုင်ဖြတ်သန်းနေရတဲ့သူတွေအနေနဲ့ လွယ်လင့်တကူအရှုံးမပေးပဲ နောက်ဆုံးအောင်မြင်တဲ့အချိန် အထိ ရင်ဆိုင်ကျော်ဖြတ်သွားဖို့အတွက် အကြံပြုလိုပါတယ်။ လောကကလည်း သူ့ရဲ့အာသီသနဲ့ ထုံးစံအတိုင်း အခက်အခဲတွေကို ပေးမယ်။ ကိုယ်ကလည်း အသိဉာဏ်ပညာနဲ့ပြည့်စုံတဲ့ စွမ်းအားရှိတဲ့လူသားတစ်ယောက်အနေနဲ့ ဖြတ်ကျော်ရမှာပါပဲ။
တကယ်တော့ ဘဝမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေသာမရှိတော့ဘူးဆိုရင် သိပ်ကိုမှ ပျင်းရိငြီးငွေ့ဖွယ်ကောင်းနေမှာပါ။ ဒါကြောင့် ခံစားချက်ပေါင်းများစွာကို ပေးစွမ်းနိုင်တဲ့ အခက်အခဲအတားအဆီးတွေကို ကိုယ့်မှာရှိတဲ့ အားမာန်အပြည့်ကိုသုံးပြီး အောင်မြင်ခြင်းဆိုတဲ့ နောက်ဆုံးအချိန်အထိ ရင်ဆိုင်ဖြတ်ကျော်ရပါမယ်။ သန်မာအောင်နေပါဆိုတဲ့ဒီစကားက ကိုယ်ခန္ဒာပိုင်း ကြံ့ခိုင်သန်မာဖို့လည်းလိုသလို စိတ်ဓါတ်ပိုင်းမှာလည်း သန်မာနေဖို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ဓါတ် သန်မာတဲ့သူတွေက ဘယ်လောက်ပဲအခက်အခဲတွေဖြစ်နေပါစေ။ နဂိုခိုင်မာတဲ့စိတ်အခြေခံနဲ့ပဲ ကြုံလာသမျှအခက်အခဲတွေကို ဖြတ်ကျော်သွားနိုင်လို့ပါ။ ဒါကြောင့် ကိုယ့်ရဲ့ အတွင်းစိတ်ကို ခိုင်မာအောင်တည်ဆောက်ထားရပါမယ်။
Put your heart, mind and soul into even your smallest acts. This is the secret of success.
အောင်မြင်ချင်ကြတဲ့သူတိုင်းအတွက် ဘယ်လိုနေထိုင်ပြုမူရမလဲ။
ကိုယ်ပြုလုပ်တဲ့ အသေးဆုံးသောလုပ်ရပ်တွေမှာပါ ကိုယ့်ရဲ့နှလုံးသား၊ စိတ်၊ ဝိဉာဉ်ကို မြှုပ်နှံထားပါတဲ့။ ဆိုလိုချင်တာကတော့ ကိုယ်ဘာပဲလုပ်လုပ် ကိုယ်လုပ်သမျှ လုပ်ရပ်တိုင်းမှာ သေးသည်ဖြစ်စေ ကြီးမားတဲ့ကိစ္စပဲဖြစ်စေ စိတ်ပါလက်ပါနဲ့လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဘဝတိုးတက်ရေး အတွက် ရုန်းကန်လှုပ်ရှားမှုတွေမှာပဲဖြစ်ဖြစ် တပါးသူကို ဝန်ဆောင်မှုပေးတဲ့အလုပ်တွေကိုလုပ်ကိုင်တဲ့နေရာမှာပဲဖြစ်ဖြစ် စိတ်ရောကိုယ်ပါ နှစ်ပြီးလုပ်ဆောင်ပေးဖို့လိုပါတယ်။
ဘယ်အလုပ်ကိုပဲလုပ်လုပ် နှလုံးသားထဲကပါတဲ့စေတနာကို အခြေ ပြုပြီး စိတ်ရောဝိဉာဉ်ရောပူးကပ်လို့ သေချာလုပ်ဆောင် သင့်ပါတယ်။ စိတ်မပါဘဲလုပ်တဲ့ဘယ်အလုပ်မဆို ပြီးပြည့်စုံကောင်းမွန်တဲ့ ရလာဒ်ကို ရရှိနိုင်မှာမဟုတ်ပါဘူး။ ရလာတဲ့အပြီး သတ်ရလာဒ်က ပြည့်စုံကောင်းမွန်ခြင်းမရှိဘူးဆိုရင် ဘယ်သူကမှလည်း စိတ် ကျေနပ်မှုရမှာမဟုတ်ပါဘူး။ တခြားသူတွေ စိတ်ကျေနပ်မှုရမှု၊ မရမှုထက်ကို ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုအပေါ်ကို ကိုယ်တိုင်ခံစားရမယ့် စိတ်ကျေနပ်မှုဆိုတာက ပိုပြီးတော့ အရေးကြီးပါတယ်။
Respect the old when you are young. Help the weak when you are strong. Confess the fault when you are wrong. Because one day in life you will be old, weak and wrong.
ဒီစကားရဲ့ ပထမဆုံးအပိုင်းမှာ ကိုယ့်အနေနဲ့ ငယ်ရွယ်တဲ့အချိန်မှာကိုယ့်ထက်အသက်အရွယ်အရပဲဖြစ်ဖြစ် ဝါသမ္ဘာနဲ့ သမာဓိအရပဲဖြစ်ဖြစ် ကြီးတဲ့သူတွေကိုလေးစားစွာရိုသေစွာဆက်ဆံဖို့ပြောထားပါတယ်။ တစ်ခါတစ်လေမှာကိုယ့်အနေနဲ့ မှန်နေတယ်ဆိုရင်တောင်မှ ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကိုကလန်ကဆန်ပြောတာမျိုးတွေမလုပ်သင့်ပါဘူး။
ခေတ်စနစ်ပြောင်းလဲမှုနောက်ကိုသူတို့ မလိုက်နိုင်လို့ ခေတ်မီအကြောင်းအရာတွေကို ကျွန်တော်တို့လောက်မသိရင်တောင်မှ သူတို့ကြုံတွေ့ဖြတ်သန်းလာခဲ့တဲ့ ဘဝရဲ့ အတွေ့အကြုံတွေ အဖြစ်အပျက်တွေကိုသူတို့ထက်အသက်အရွယ်ငယ်တဲ့ ကျွန်တော်တို့တတွေ ဘယ်နည်းနဲ့မှ လိုက်မီမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်အနီးပတ်ဝန်းကျင်က သက်ကြီးရွယ်အိုတွေကိုလေးစားသမှုနဲ့ ရိုသေစွာဆက်ဆံပါ။ တစ်ချိန် မှာလည်း ကျွန်တော်တို့ကိုယ်တိုင်လည်းအိုမင်းတဲ့အရွယ်ကိုအဟုတ်ရောက်လာရဦးမှာပါပဲ။
သင်ငယ်ရွယ်တဲ့အချိန်မှာသက်ကြီးရွယ်အိုတွေကိုရိုသေပါ။ သင့်မှာအားအင်ရှိနေတဲ့အချိန်မှာအားနည်းတဲ့သူတွေကိုကူညီပါ။ သင်မှားတဲ့အခါတိုင်းမှာလည်း အပြစ်ကိုဝန်ခံပါ။ တစ်နေ့နေ့ရောက်လာတဲ့အခါမှာသင်အနေနဲ့အိုမင်းလာမယ်။ အားနည်းလာမယ်။ အမှားတွေကိုလုပ်မိနိုင်ပါလိမ့်မယ်။
From the publisher's feed
Wherever you go PadamyarFM will be there with you...