Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    Your hardest times often lead to the greatest moments of your life. Keep the faith. It will all be worth it in the end.

    ဘဝမှာ အခက်အခဲကြီးကြီးမားမားတွေကို ရင်ဆိုင်နေရလို့ စိတ်ပျက်အားငယ်နေ ကြတဲ့သူတွေအတွက် အားတက်စရာစကား တစ်ခွန်းပါ။ ဘဝဆိုတာ ဘယ်အရာမှ အလကားမရနိုင်ပါဘူး။ အားစိုက်ထုတ်မှု တစ်စုံတစ်ရာကိုတော့ ပေးဆပ်ရမှာပါ။ တစ်ချို့လူ တွေအတွက် တစ်ချို့အရာတွေက ကံတရားလို့ခေါ်တဲ့ လုပ်ရပ်တွေတိုက်ဆိုင်မှု ကြောင့် အလွယ်တကူရကောင်းရမှာပါ။ တစ်ချို့အတွက်တော့ ခက်ခက်ခဲခဲ ကြိုးပမ်းရတာမျိူးလည်းဖြစ်ချင်ဖြစ်မှာပါ။ အခက်အခဲ ကြီးကြီးမားမားနဲ့ ကြုံတွေ့ရပြီး ကျော် ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့်လည်း အောင်မြင်မှုမရဘဲ ခဏခဏရှုံးနိမ့်နေတဲ့ အခိုက်အတန့်တွေလည်း ရှိကောင်းရှိမှာပါ။ အဲဒီလိုအခြေအနေနဲ့ ကြုံရရင် များသောအားဖြင့် စိတ်ပျက်အားငယ်လေ့ရှိပါတယ်။ ဆက်လို့ကြိုးစားချင်စိတ် မရှိတော့လောက် အောင် စိတ်ဓါတ်ကျတတ်ပါတယ်။ ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်ပါ။ အရည်အသွေးကောင်းတဲ့ပစ္စည်းဆိုရင် တန်ဖိုးမြင့်မြင့်ပေးဝယ်ရတတ်ပါတယ်။ ဈေးချိုတဲ့ပစ္စည်းကတော့ အရည်အသွေးပိုင်းမှာ နည်းမှာသေချာပါတယ်။

    ဒါကြောင့် ကိုယ့်မှာ အခက်အခဲတွေများလာရင် ပေးဆပ်ရတာများလာရင် သေချာပါတယ်။ ပြန်လည်ရရှိ မယ့် အကျိုးအမြတ် ကလည်း မြင့်မားမှာပါ။ ပိုပြီးခက်ခဲလေ ပိုပြီး တန်ဖိုးမြင့်လေပါပဲ။ အဓိကကတော့ မရရတဲ့အထိ ကြိုးစားဖို့ အောင်မြင်ပြီးမြောက် တဲ့အထိလုပ်ဆောင်ဖို့ပါပဲ။

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min
  • ဒီနေ့အတွက်စကား

    Don’t be afraid to change. You may lose something good but you may gain something better.

    ပြောင်းလဲခြင်း။

    ပြောင်းလဲခြင်းဆိုတဲ့ ဒီစကားလုံးက ကျွန်တော့်တို့ လူသားတွေအတွက်တော့ တကယ့်ကိုမှ အရေးပါတဲ့စကားလုံးတစ်ခွန်းပါ။ ကျောက်ခေတ်မှာရှင်သန်ခဲ့ရတဲ့ ဂူတွင်းအောင်းတဲ့ကျောက်ခေတ်လူသားတွေဘဝကနေ အခုဆိုရင် နောက်ဆုံးပေါ် အကောင်းဆုံးဆိုတဲ့ ပစ္စည်းတွေကိုတီထွင်ကိုင်တွယ်အသုံးပြုနိုင်တဲ့ တိုးတက်တဲ့ခေတ်ကလူသားတွေဖြစ်လာခဲ့တာကလည်း ပြောင်းလဲခြင်းဆိုတဲ့အရာကိုလူသားတွေလုပ်ဆောင်ခဲ့လို့ပါပဲ။ ဒါကြောင့် တိုးတက်ဖွံ့ဖြိုးခြင်းဆိုတဲ့စကားလုံးနဲ့ ပြောင်းလဲခြင်းဆိုတဲ့ စကားလုံးဟာသိပ်ကိုမှ နီးစပ်ပြီးပတ်သက်နေတဲ့ အရာတွေဖြစ်ပါတယ်။

    ပြောင်းလဲမှုမရှိရင် ဒုံရင်းကဒုံရင်းတိုးတက်မှုဆိုတာ လည်းဘယ်နည်းနဲ့မှ ရှိမှာမဟုတ်ပါဘူး။ နိုင်ငံရေးအရပဲကြည့်ကြည့် စီးပွား ရေးအရပဲကြည့်ကြည့်၊ လူမှုရေးအရပဲကြည့်ကြည့် တိုးတက်ဖွံ့ဖြိုးမှုကိုလူတိုင်းလိုချင်ကြပေမယ့် ပြောင်းလဲခြင်းဆိုတဲ့ဒဏ်ကိုတော့ လူသားတိုင်းစီးမျောခံစားလိုက်ပါနိုင်မှုမှာတော့ မတူကွဲပြားကြပါတယ်။ အဓိကကတော့ တိုင်းပြည်ကိုတိုးတက်စေနိုင်ဖို့ အသာ ထား၊ မိမိကိုယ်ကိုတိုးတက်စေနိုင်ဖို့ဆိုရင် မိမိမှာရှိတဲ့ပြောင်းလဲသင့်တဲ့ အကျင့်စရိုက်တွေကိုပြောင်းလဲနိုင်ရပါမယ်။

    3 min
  • ဒီနေ့အတွက်စကား

    Anyone can run away. It’s super easy. Facing problems and working through them, that’s what makes you strong.

    လောကရဲ့အခက်အခဲအတားအဆီးတွေကို ဖြတ်သန်း ကျော်လွှားနေရတဲ့ကျွန်တော်တို့လူသားတိုင်းအတွက် မှတ်သားထားစရာ စကားတစ်ခွန်းလည်းဖြစ်ပါတယ်။

    လူမှန်ရင် အသက်ရှင်သန်နေသေးသမျှကာလပတ်တစ်ခုလုံးမှာအခက်အခဲပေါင်းများစွာကို ကြုံတွေ့ရမယ်။ ပြဿနာပေါင်းများစွာ ကိုဖြေရှင်းဖို့ကြုံလာမယ်။ အတားအဆီးနဲ့ စိန်ခေါ်မှုပေါင်းမြောက်များစွာကိုရင်ဆိုင်ရမှာပါပဲ။ အဲဒီအခါမှာကိုယ့်ရဲ့ အတွင်း စိတ် ဓါတ်အပေါ်မူတည် ပြီး တော့ လူတော်နဲ့ လူညံ့ဆိုပြီးတော့ နှစ်မျိုးနှစ်စားကွဲပြားသွားပါတော့တယ်။

    ပြဿနာရပ်တွေကိုရှောင်လွှဲပြီးထွက်ပြေးတတ်တဲ့ လူညံ့တွေနဲ့ ပြဿနာဆိုတာဒါလားဟဲ့ဆိုပြီးရဲရဲရင့်ရင့်ရင်ဆိုင်တတ်တဲ့လူတော် တွေပါ။ တကယ့်ကို လူတော်ဆိုတာမျိုးဟာဒီအတိုင်းနေရင်းဖြစ်တည်လာတာမဟုတ်ပါဘူး။ ဖြစ်လာတဲ့အခြေအနေအရပ်ရပ် ပေါ်မှာကိုယ့်ရဲ့ဖြေရှင်းနိုင်စွမ်းနဲ့ စိတ်နေစိတ်ထားနဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ ကွဲပြားသွားတာပါ။

    3 min
  • Knowledge For All

    ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...

    လုပ်ငန်းခွင်တစ်ခုကနေ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးနေတဲ့ Knowledge for All . . . . .

    15 min
  • ဒီနေ့အတွက်စကား

    A positive mind finds opportunities in everything while the negative mind finds faults in everything.

    ရေနဲ့မီး၊ အေးမြခြင်းနဲ့ ပူလောင်ခြင်းလိုဆန့်ကျင်ဘက်ဖြစ်နေတဲ့ အပြုသဘောဆောင်တဲ့စိတ်နေစိတ်ထားနဲ့ မကောင်းမြင်တတ်တဲ့ အပျက်သဘောစိတ်နေစိတ်ထားတို့ရဲ့ လုပ်ဆောင်မှုတွေကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။

    တစ်ချို့သောသူတွေက ပြဿနာတစ်ခုကို ကြည့်ရှုသုံးသပ်တဲ့နေရာမှာအပြုသဘောနဲ့သုံးသပ်တတ်ကြပေမယ့် တစ်ချို့ကတော့ မကောင်းမြင်တဲ့စိတ်နဲ့ပဲ ပြဿနာရဲ့ အရင်းအမြစ်ကိုရှာတတ်ကြပါတယ်။ ဒီလိုနဲ့ မကောင်းမြင်တတ်တဲ့စိတ်အခြေခံကနေ စတင် လိုက်ရာကနေမဆုံးနိုင်တဲ့ ပြဿနာ တွေ အမုန်းမီးပွားမှုတွေကမီးခိုးကြွက်လျှောက်ဆိုသလိုဖြစ်သွားတတ်ပါတယ်။

    မကောင်းမြင်တတ်တဲ့စိတ်၊ ပြောရမယ်ဆိုရင် အပျက်သဘောအရင်းခံတဲ့စိတ်ကအရာတိုင်းကိစ္စတိုင်းမှာဘာကြောင့်မှားတယ် ဆိုတဲ့အရာထက် ဘယ်သူမှားတယ်၊ ဘယ်သူအပြစ်ရှိတယ်ဆိုတဲ့အရာတွေကိုပဲရှာဖွေပေးလေ့ရှိပါတယ်။ ဒါပေမယ့် တခါတလေ မှာတစ်ချို့သောကိစ္စရပ်တွေကတရားခံရှာဖို့ထက် အကောင်းဆုံးဖြေရှင်းပြေလျော့သွားဖို့လိုအပ်ပါတယ်။ အဲဒါကိုမကောင်းမြင် တတ်တဲ့ အပျက်သဘောစိတ်နေစိတ်ထားနဲ့ ပြဿနာကိုမကြီးကြီးအောင် မီးလောင်ရာကိုလေကပါပင့်လိုက်တဲ့အခါမှာတော့ ပြဿနာကမလိုလားအပ်ဘဲပွားသွားတာ၊ ကြီးမားပြီးဖြေရှင်းရပိုပြီးခက်ခဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ တစ်ချို့သောကိစ္စ တွေမှာ အပြုသဘောဝင်ရောက်ဖြေရှင်းပေးရာကနေ အဆင်ပြေချော့မွေ့သွားတာတွေလည်းအများကြီးရှိလို့နေပါတယ်။

    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . .

    12 min
  • ဒီနေ့အတွက်စကား

    Accept what is, let go of what was, have faith in what will be.

    လောကမှာအချိန်ကာလကြီးသုံးပါးရှိပါတယ်။အဲဒီအချိန်ကာလသုံးပါးအပေါ်မှာပဲမှီတည်လို့ ကျွန်တော်တို့လူသားတွေ အသက်ရှင်ရပ်တည်နေရပါတယ်။ ရုန်းကန်လှုပ်ရှားနေရပါတယ်။ အဲဒီအချိန်ကာလသုံးပါးရဲ့ခေါ်ဆောင်ရာနောက်ကိုပဲ မလိုက်ချင်လည်းလိုက်နေရပါတယ်။ ဘယ်သူကမှ ရပ်တန့်ထားလို့မရတဲ့ အချိန်ကာလသုံးပါးဖြစ်တဲ့ အတိတ်၊ ပစ္စုပန်နဲ့ အနာဂတ် ဆိုတဲ့ (၃)ခုမှာ ကျွန်တော်တို့ လက်ရှိပိုင်ဆိုင်ထားတဲ့ပစ္စုပန်တစ်ခုကလွဲရင် ကျန်တာတွေကို ကျွန်တော်တို့ မပိုင်ပါဘူး။ ဘာဖြစ် သွားတယ်။ အဲဒီအစားဘယ်လိုဖြစ်ရမယ်ဆိုပြီးစိတ်တိုင်းကျရေးချယ်ဖြစ်တည်ပိုင်ခွင့်မရှိပါဘူး။ အတင်းကာရောကြီးရယူလို့ မရတဲ့ အရာတွေကိုရယူပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ပုတုဇဉ်လူသားတွေအနေနဲ့ ခံစားမှုတွေ၊ စိတ်တိုင်းမကျမှုတွေပဲဖြစ်နေတော့မှာပါ။

    ဒါဆိုရင် အသက်ရှင်ရတဲ့ဘဝဆိုတာ ဘယ်လိုနည်းနဲ့မှ နှစ်သက်ကျေနပ်နိုင်စရာကိုရှိတော့မှာမဟုတ်ပါဘူး။ အဓိကကတော့ ကိုယ်ရှင်သန်နေတဲ့ကာလအတွင်းမှာကိုယ့်ကိုကိုယ်ကျေနပ်နှစ်သက်မှုအပြည့်ရှိဖို့ကသိပ်လိုပါတယ်။ ဒါမှသာစိတ်ချမ်းသာမှု အပြည့်နဲ့ ရှင်သန်ရာခဏတာကိုကုန်ဆုံးနိုင်မှာလေ။ ဒါကြောင့် ဘဝဆိုတဲ့ခဏတာအချိန်ကို အကောင်းမွန်ဆုံးနဲ့ စိတ်ချမ်းသာမှု ရှိရှိနဲ့ ဘယ်လိုဖြတ်သန်းသင့်သလဲဆိုတာကိုဒီနေ့အတွက်စကားကနေ ဝေမျှပေးချင်ပါတယ်။

    3 min
  • ဒီနေ့အတွက်စကား

    နေ့အတွက်စကား

    Sunsets are proof that no matter what happens, every day can end beautifully.

    တစ်နေ့တာလုံးမှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အကောင်းဆုံးသောရလာဒ်တွေ၊ အကောင်းဆုံးသောမျှော်လင့်ချက်တွေမရှိတော့ရင်တောင်မှ ဘယ်တော့မှ စိတ်ဓါတ်ကျအားမငယ်ဖို့အတွက် သွယ်ဝှိက်သောနည်းနဲ့ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။

    ကျွန်တော်တို့လူသားတွေအနေနဲ့ ဘဝရဲ့ရှင်သန်ရာနေ့ရက်တိုင်းမှာ အခက်အခဲတွေ၊ အတားအဆီးတွေ၊ စိန်ခေါ်မှုတွေ အများကြီးကို ကြုံတွေ့နိုင်ပါတယ်။ ထို့အတူပဲကိုယ်လုပ်ဆောင်ကြိုးပမ်းထားတဲ့အရာတွေကလည်းအောင်မြင်တဲ့အခါလည်း အောင်မြင်နိုင်သလိုအောင်မြင်ခြင်းမရှိဘဲမလိုချင်တဲ့ ရှုံးနိမ့်မှုတွေလည်းဖြစ်နိုင်ပါတယ်။

    သဘာဝတရားကြီးကပေးတဲ့ ဘဝရဲ့ သင်ခန်းစာတွေကိုလိုက်လံလေ့လာရင်းနဲ့လည်းကိုယ်လိုချင်တဲ့အရာတွေရော၊ ကိုယ်မလိုချင်တဲ့အရာတွေကိုပါ ရနိုင်ပါသေးတယ် ။ ဘာတွေပဲဖြစ်ဖြစ် ဘဝဆိုတာ ဘဝပါပဲ။ အဲဒီအက္ခရာ၂လုံးတည်းနဲ့ဖွဲ့တည်ထားတဲ့ ရှုပ်ထွေးပွေလီတဲ့ ကိစ္စရပ်ပေါင်းများစွာရော ပျွန်းပေါင်းစုံနေတဲ့ ဘဝမှာ ကိုယ့်အတွက် အကောင်းတွေချည်းကိုပဲမျှော်လင့်နေလို့မရသလို၊ အဆိုးတွေချည်းပဲလက်ခံနေရမှာ လည်းမဟုတ်ပါဘူး။အဆိုးတွေကြုံတာလည်း ဖြစ်ချင်ဖြစ်မယ်။ ကောင်းပေ့ဆိုတဲ့အရာတွေ အခွင့်အလမ်းတွေကို လက်ဝယ်ပိုင်ဆိုင်လိုက်ရတာလည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။

    Sunsets are proof that no matter what happens, every day can end beautifully.

    3 min
  • Songs In Yangon

    ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။

    သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In  Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။ 

    ရန်ကုန်မြို့မှ ချစ်ပရိသတ်‌တွေ အခုလတ်တလော ဘယ်သီချင်းတွေကို နားဆင်ဖြစ်နေလဲဆိုတာ နားဆင်ရမှာ ဖြစ်ပါတယ်...........

    Songs In  Yangon အစီအစဉ်ကို အပတ်စဉ် Monday , Thursday ည 8:10 မှာနားဆင်နိုင်ပါတယ်......


    25 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...