
Sign up to save your podcasts
Or


ဒီနေ့အတွက်စကား
Be happy with the little that you have. There are people with nothing that still manage to smile.
ဒီနေ့အတွက်စကား
သင့်မှာရှိနေတဲ့အနည်းငယ်နဲ့ပဲပျော်ရွှင်အောင်နေတတ်ပါစေ။လောကမှာဘာမှမရှိပေမယ့်ပြုံးနေနိုင်ဖို့ကြိုးစားနေတဲ့သူတွေအများကြီးရှိလို့နေပါတယ်။
ဘဝနဲ့ပတ်သက်ပြီးသိထားရမယ့်အချက်တစ်ခုရယ်၊ကိုယ့်ရဲ့စိတ်ထဲကလိုချင်တပ်မက်မှုတွေကိုလျော့ချပြီးကိုယ့်မှာရှိနေတဲ့အရာတွေကိုတန်ဖိုးထားတတ်ဖို့အရေးကြီးတဲ့အကြောင်းကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။လောကမှာကိုယ်လိုချင်တဲ့အရာတိုင်းကိုကိုယ့်အနေနဲ့လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ဆိုတာလူသားတိုင်းမှာမဖြစ်နိုင်ပါဘူး။ဒါကြောင့်လည်းရတာမလိုလိုတာမရဆိုတဲ့မြန်မာစကားပုံတစ်ခုကပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ကိုယ့်အနေနဲ့ကိုယ်လိုချင်တာကိုရဖို့အတွက်တရားသောနည်းနဲ့မျှတစွာရှင်ပြိုင်ပြီးကြိုးစားပိုင်ခွင့်သာရှိပါတယ်။ဒါပေမယ့်သတိထားရမှာကတော့ကိုယ်လိုချင်တာတစ်ခုတည်းအတွက်နဲ့တော့အများသူငါနဲ့သဘာဝတရားနဲ့ပတ်ဝန်းကျင်ကိုမထိခိုက်စေဖို့တော့လိုပါတယ်။
ကိုယ့်အတွက်မရှိမဖြစ်လိုချင်မက်မောတဲ့အရာကကိုယ့်အတွက်ကိုတကယ့်ကိုမှလိုအပ်တဲ့အရာလား။ကိုယ့်တစ်ယောက်အတွက်နဲ့တခြားသူတွေအတွက်ရောထိခိုက်မှုတွေဖြစ်သွားနိုင်မလားဆိုပြီးတွေးတောဆင်ခြင်တတ်ဖို့ကလည်းအရေးကြီးပါတယ်။လောကမှာကိုယ်တစ်ဦးတစ်ယောက်တည်းအသက်ရှင်နေထိုင်နေတာမဟုတ်တဲ့အတွက်ပါ။ဒါကြောင့်ကိုယ်လိုချင်တာတွေကိုတရားသောနည်းဖြင့်သာအရယူပါ။
here is no need to be perfect to inspire others. Let people get inspired by how you deal you’re your imperfections.
လူသားတိုင်းမှန်ရင်အမှားနဲ့ကင်းတဲ့သူဆိုတာလည်းမရှိသလိုအလုံးစုံအရာတိုင်းမှာထူးချွန်နေတာမျိုး၊ပြီးပြည့်စုံကောင်းမွန်နေတာမျိုးလည်းမဖြစ်နိုင်ပါဘူး။လူတွေကတော့ Perfectဆိုတဲ့ပြည့်စုံမှုကိုလိုချင်ကြတဲ့သူတွေချည်းပါပဲ။ဒါပေမယ့်မပြည့်စုံနိုင်လို့လည်းစိတ်ပျက်အားငယ်နေစရာ၊စိတ်ဓါတ်ကျနေစရာမလိုပါဘူး။ဒီအပိုင်းမှာကိုယ့်ကမထူးချွန်ဘူးဆိုရင်ကိုယ်ထူးချွန်တဲ့တခြားအပိုင်းတွေရှိနေနိုင်တာကိုသတိပြုမိဖို့လိုပါတယ်။ဒီလုပ်ငန်းခွင်မှာကိုယ်ဟာအမှားတွေလုပ်နေမိတာများနေပြီဆိုရင်ကိုယ်နဲ့အပ်စပ်တဲ့တခြားသောအလုပ်ကိုရှာဖွေကြည့်ပါ။ကိုယ့်အတွက်ဖြစ်တည်နေတဲ့နေရာဒေသနဲ့ပိုင်နိုင်ကျွမ်းကျင်မှုဆိုတာရှိကိုရှိပါတယ်။သတိထားရမှာတစ်ခုကတော့ကိုယ့်အနေနဲ့မပြည့်စုံနိုင်တာကိုရှက်ရွံ့ပြီးကိုယ့်ရဲ့လိုအပ်ချက်တွေကိုမပြင်ဘဲနေတာမျိုး၊ဒါမှမဟုတ်လူတွေကိုယ့်ကိုအထင်သေးသွားမှာစိုးတာနဲ့ပဲကိုယ်မကျွမ်းကျင်တာကိုယ့်အတွက်လိုအပ်နေတာတွေကိုဖုံးဖိပြီးဟန်ဆောင်နေတာမျိုးတွေတော့မလုပ်သင့်ပါဘူး။
တခြားသူတွေသိသွားမှာစိုးလို့ဟန်ဆောင်ဖုံးကွယ်နေရင်းကနေကိုယ့်ကိုကိုယ်ပါလိမ်လည်မိသလိုမျိုးဖြစ်သွားနိုင်ပါတယ်။အဓိကကတော့ကိုယ့်အနေနဲ့မပြည့်စုံတာကိုမပြည့်စုံကြောင်းဝန်ခံနိုင်ရပါမယ်။ကိုယ့်မှာရှိတဲ့အပြစ်အနာအ
Your parents, they don’t leave you when you are young, so don’t leave them when they are old.
ဒီနေ့အတွက်စကား
အနှိုင်းမဲ့တဲ့ကျေးဇူးတရားတွေရဲ့ပိုင်ရှင်ကျွန်တော်တို့ကိုလူဖြစ်အောင်မွေးခဲ့ကျွေးခဲ့စောင့်ရှောက်ခဲ့တဲ့မိဘတွေရဲ့ဂုဏ်ကျေးဇူးကိုပြောပြရင်းသားသမီးတွေအနေနဲ့သတိထားရမယ့်အချက်ကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။လူသားအပါအဝင်သက်ရှိမှန်ရင်အဖေရယ်အမေရယ်ဆိုတဲ့နှစ်ဦးကနေမွေးဖွားသန့်စင်ပြီးကာမှလူသားဘဝကိုရောက်ရပါတယ်။အဖေရဲ့ချွေးဖိုးနဲ့အမေ့ရဲ့နို့ဖိုးတွေဆိုတာကျွန်တော်တို့သားသမီးတွေအနေနဲ့ဘယ်နည်းနဲ့မှပြန်လည်ပေးဆပ်လို့မကျေနိုင်တဲ့အနန္တကျေးဇူးတွေပါပဲ။
အမေကသူ့ရဲ့ဝမ်းကြာတိုက်ထဲမှာကိုးလကျော်ကြာတဲ့အချိန်အထိလွယ်ပြီးမွေးခဲ့ရသလိုကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာဆိုရင်လည်းစားချင်တာမစားရသလိုမစားချင်တာတွေကိုလည်းသားသမီးအတွက်ကျိတ်မှိတ်လို့မြိုချခဲ့ရပါတယ်။အနေအထိုင်အပြုအမူအစားအသောက်တွေကအစအရာရာတိုင်းကိုဖြစ်ချင်တဲ့စိတ်ဆန္ဒထက်ကိုသူ့ရဲ့ဗိုက်ထဲမှာခိုအောင်းနေတဲ့သားလေးသမီးလေးတွေအတွက်အရေးပေးခဲ့ရပါတယ်။ဒီလိုပါပဲ။အဖေဆိုတာကလည်းကိုယ့်သားသမီးအတွက်ဆိုရင်အရှေ့ကနေမားမားမတ်မတ်မီးရှုးတန်ဆောင်လိုမျိုးမှောင်မိုက်တဲ့ညတွေမှာအလင်းပြတဲ့သူဖြစ်သလို၊သားသမီးနဲ့မိသားစုရဲ့စားဝတ်နေရေးအတွက်ဖြေရှင်းတဲ့နေရာမှာအဓိကကျတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။နဖူးကချွေးခြေမကျနေတာတောင်ကိုယ့်သားသမီးတွေရဲ့အပြုံးပန်းလေးတွေကိုမြင်ယောင်ပြီးကြိုးစားရှင်သန်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ဒါကတော့အဖေနဲ့အမေဆိုတဲ့မိဘနှစ်ပါးရဲ့ပြောမကုန်တဲ့ဂုဏ်ကျေးဇူးတွေထဲကတစ်ချို့တစ်ဝက်မျှသာဖြစ်ပါတယ်။
Standing alone doesn’t mean I am alone, it means I’m strong enough to handle things all by myself.
ဒီနေ့အတွက်စကား
လောကမှာတစ်ယောက်တည်းရပ်တည်လုပ်ဆောင်နေတဲ့သူတွေတိုင်းဟာ တစ် ယောက်တည်းဖြစ်နေလို့ အထီးကျန်နေတယ်လို့ ထင်မြင်ယူဆလို့မရဘူးဆိုတဲ့အကြောင်းကို ပြောပြထားတဲ့စကားတစ်ခွန်းပါ။ တကယ်တော့ လောကမှာ ဘယ်သူပဲဖြစ်ဖြစ် အသင်းအဖွဲ့နဲ့လုပ်ဆောင်မှုတွေကလွဲလို့ ကိုယ့်ရဲ့လုပ်ဆောင်မှုတိုင်းအတွက် အဓိကတာဝန်ရှိတဲ့သူက ကိုယ်တိုင်ပါပဲ။
တစ်ချို့သောကိစ္စတွေမှာ အများစုပေါင်းပြီးပြုလုပ်ရတဲ့ အသင်းအဖွဲ့လုပ်ဆောင်မှုတွေက ကောင်းမွန်နိုင်ပေမယ့် တခါတလေမှာတော့ အသင်းအဖွဲ့ထဲမှာတင် ရည်ရွယ်ချက်ခြင်းကွဲလွဲ၊ ဦးတည်ချက်ခြင်းမတူညီတဲ့အခါမှာ ပဋိပက္ခတွေဖြစ်ပြီး လုပ်မယ့်အလုပ်တွေမှာ အနှောင့်အယှက်ဖြစ်ပြီး လုပ်မယ်ကြံစည်ထားတာတွေပါ ပျက်ပြားသွားနိုင်ပါတယ်။ ဒါကတော့ တစ်ယောက်တည်းလုပ်ဆောင်တတ်တဲ့သူရဲ့ ကောင်းကွက်ပါပဲ။
ကိုယ့်ရဲ့အတွေးထဲမှာ ကြံစည်ထားသမျှကို ဘယ်သူ ကမှ နှောင့်ယှက်မယ့်သူမရှိ ငြင်းခုံဝေဖန်မယ့်သူမရှိတဲ့အတွက်လုပ်စရာရှိတာတွေကို တည့်တည့်မတ်မတ်လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့လုပ်ဆောင်မှုတွေရဲ့ အကျိုးအကြောင်းအဆိုးအကောင်းတွေကိုလည်း ကိုယ်တိုင်တစ်ယောက်တည်းပဲ တာဝန် ခံနိုင်ဖို့လည်းလိုပါတယ်။ ကိုယ်တိုင်ကလည်း ကိုယ်တိုင်ကိုယ်ကျစွမ်းအားအပြည့်နဲ့လုပ်ဆောင်မှုတွေတိုင်းကို တာဝန်ယူမှုတာဝန် ခံမှုတွေကို ရာနှုန်းပြည့်ယူနိုင်ပြီဆိုရင်တော့ ကိုယ့်ရဲ့လုပ်ဆောင်မှုတိုင်းဟာ အားမာန်အပြည့်နဲ့ သတ္တိအပြည့်နဲ့ဖြစ်နေမှာပါပဲ။ ဒါဆိုရင် တခြားသောဘေးပယောဂကြောင့် ကိုယ်လုပ်မယ့်အလုပ်ပျက်တာ၊ ကိုယ်ကြံစည်ထားတာတွေ ယိုင်နဲ့သွားတာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။
ဒီနေ့အတွက်စကား
Knowing is not enough; we must apply. Willing is not enough; we must do.
ဂျာမန်လူမျိုး တွေရဲ့ စာပေသမိုင်းကျောင်းမှာ မီးရှုးတန်ဆောင်လို အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာနဲ့ ပြဇာတ်ဆရာ Johann Wolfgang von Goetheပြောကြားခဲ့တဲ့ စကားတစ်ခွန်းပါ။
ဒီစကားကတော့ ကိုယ့်ရဲ့စိတ်အာရုံမှာရှိနေတဲ့စိတ်တွေထက် ကိုယ်တိုင်ကိုယ်ကျ အားစိုက်ထုတ်လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းကို မီးမောင်းထိုးပြောပြထားတာဖြစ်ပါတယ်။ ကျွန်တော်တို့သက်ရှိလူသားတိုင်းမှာ ဖြစ်ချင်တဲ့စိတ် တွေ၊ အတွေးအခေါ်တွေ၊ ဝါသနာတွေ၊ ဆန္ဒတွေဆိုတာရှိတတ်ပါတယ်။ တချို့ကတော့ အောင်မြင်ကျော်ကြားတဲ့သူတွေဖြစ်ချင် ကြတယ်။ တချို့ကတော့ တီထွင်ကြံဆတဲ့အလုပ်တွေလုပ်ဖို့ငယ်ငယ်လေးကတည်းက ဝါသနာပါကြတယ်။ တချို့ကတော့ စွန့်စား ရတာကိုခုံမင်ကြတယ်။ တချို့ကတော့ အသိဉာဏ်ပညာနဲ့ ငြိမ်ငြိမ်သက်သက်တွေးခေါ်လုပ်ကိုင်ရတာကို ကြိုက်တယ်။
ဒါတွေက တော့ ကိုယ့်ရဲ့စိတ်ထဲမှာရှိပြီး အပြင်မှာတော့ အဲဒီလိုမျိုးတကယ်လက်တွေ့ဖြစ်လာနိုင်ပါရဲ့လား။ ကိုယ့်ရဲ့စိတ်ကူးထဲကအတွေး ပုံရိပ်တွေဟာ တကယ်တော့ လက်တွေ့အမှန်ဖြစ်လာဖို့ အရင်းအနှီးကြီးကြီးမားမားဆိုလို့ ကိုယ့်ရဲ့ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင် ဆောင်ရွက်ခြင်းဆိုတဲ့အရာပဲလိုပါတယ်။ ကျောက်ခေတ်လူသားဘဝကနေ အခုဆိုရင် တကယ့်ကိုမှ ရှုပ်ထွေးပွေလီတဲ့နည်းပညာ တွေကို တီထွင်ကိုင်တွယ်အသုံးပြုနိုင်ခဲ့ပါပြီ။ စိတ်ကူးထဲက ကိုယ့်ရဲ့အိပ်မက်ပုံရိပ်တွေကို အမှန်တကယ်မျက်ဝါးထင်ထင်ဖြစ်တဲ့ အထိ တီထွင်နိုင်ခဲ့ခြင်းဆိုတာ လူသားတွေနဲ့ အလှမ်းမဝေးတဲ့ကိစ္စပါပဲ။
ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...
လုပ်ငန်းခွင်တစ်ခုကနေ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးနေတဲ့ Knowledge for All . . . . .
Cheating on a good person is like throwing away a diamond and picking up a rock.
ဒီနေ့အတွက်စကား
ပေါင်းသင်းဆက်ဆံရေးအတွက် သတိထားရမယ့်အချက်တစ်ခုကို ပြောပြထားတဲ့စကားတစ်ခွန်းပါ။ ကျွန်တော်တို့သက်ရှိလူသားတွေအတွက် အရေးပါအရာရောက်တဲ့ကိစ္စရပ်တွေထဲကတစ်ခုဖြစ် တဲ့ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်အတွက်ကောင်းမွန်တဲ့ မိတ်ဆွေစစ်မိတ်ဆွေမှန်တွေကို ကိုယ်ကလည်း တန်ဖိုးထားလို့ အရေး ပေးရပါမယ်။ ထို့အတူပဲ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ် စီးပွားရေးမှာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုဆိုတာ သိပ်ကိုမှ အရေးကြီးပါတယ်။ ဘာကိုပဲလုပ်လုပ် တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုကိုအရင်းခံမှသာ လုပ်ငန်းဆောင်တတွေက အစလည်းကောင်းနိုင်သလို အနှောင်းမှာလည်း ပြဿနာတွေမဖြစ်ဘဲ အောင်မြင်အထမြောက်ပါလိမ့်မယ်။ ဒါကြောင့် ယုံကြည်မှုဆိုတာကို ကျွန်တော်တို့တတွေ ထိန်းသိမ်းတန်ဖိုးထားရပါမယ်။
ကိုယ်နဲ့သိတဲ့သူရော၊ ကိုယ်နဲ့မရင်းနှီးတဲ့သူကိုပါ ကိုယ့် ဘက်ကနေ အကောင်းဆုံးသောတရားမျှတမှုရှိရှိဆက်ဆံခြင်းနဲ့ ယုံကြည်မှုတွေကို တည်ဆောက်ရပါမယ်။ ထို့အတူပဲ ယုံကြည်မှု ဆိုတဲ့အရာကလည်း တည်ဆောက်ဖို့သာ ခက်ခဲပေမယ့် ပျက်စီးဖို့ကတော့ သိပ်ကိုမှ လွယ်ကူလွန်းလှပါတယ်။ အခုဆိုရင် ခေတ် ကာလကလည်း အမြီးကျက်အမြီးစားလုပ်တတ်တဲ့သူတစ်ချို့ကြောင့် စာရိတ္တမဏ္ဍိုင်နိမ့်ကျနေတယ်ဆိုပြီး မှတ်ချက်ပြုခံနေရတဲ့ အချိန်လည်းဖြစ်နေပါတယ်။ ဒါကြောင့် ဒီလိုအချိန်အခါမျိုးမှာ ကိုယ်ကလည်းပုလင်းတူဘူးဆို့လို့အထင်မခံရလေအောင် ကိုယ့်ရဲ့ အကျင့်စာရိတ္တကို အကောင်းမွန်ဆုံး အဖြောင့်မှန်ဆုံးထိန်းသိမ်းနိုင်ရပါမယ်။
Actions prove who someone is, words just prove wo they want to be.
ဒီနေ့အတွက်စကား
အပြောနဲ့ အလုပ်မှာ ဘယ်ဟာက ပိုပြီး အရေးကြီးသလဲဆိုတာကို မီးမောင်းထိုးပြထားတဲ့စကားတစ်ခွန်းပါ။ လူတစ်ယောက်က အောင်မြင် ချင်တယ် အောင်မြင်ချင်တယ်ဆိုပြီး အော်ဟစ်နေရုံနဲ့ အောင်မြင်လာနိုင်မှာမဟုတ်ဘူးဆိုတာ အားလုံးလက်ခံထားကြ မှာပါ။ အောင်မြင်ဖို့အတွက် ဒီအတိုင်းထိုင်နေလို့မရဘူး။ ကိုယ်လုပ်စရာရှိတာတွေကိုလုပ်ရမယ်။ ကြိုးစားမှုကိုအရင်းတည်လို့ ဇွဲ၊ လုံ့လ၊ ဝီရိယကို လက်ဆွဲပြီး ဆောင်ရွက်ရမယ်။ လုပ်ဆောင်ကြိုးပမ်းတဲ့နေရာမှာလည်း မရမက ကျားကုတ်ကျားခဲ အောင်မြင်တဲ့ အချိန် ထိ အောင်မြင်ခြင်းဆိုတာကို ခံစားမိတဲ့အချိန်ထိ ကြိုးစားရမှာပါ။ တကယ်တော့ အပြောနဲ့ လေထဲမှာ တိုက်အိမ်ဆောက် နေတဲ့သူ တွေကတော့ လေထဲမှာဆောက်တဲ့ တိုက်အိမ်လိုပဲ အခြေအမြစ်မရှိလွင့်မျောပျောက်ကွယ်သွားနိုင်ပါတယ်။
လောကမှာ ကိုယ်တ ကယ်ဖြစ်ချင်တဲ့အရာတွေအတွက် ပြောနေရုံနဲ့မရနိုင်ပါဘူး။ ထိုင်နေရုံနဲ့လည်း ဟပ်ချလောင်းဆိုပြီး ပဉ္စလက် ဆန်ဆန်ဖြစ်မလာနိုင် ပါဘူး။ လက်တွေ့ကြိုးစားရပါမယ်။ တကယ်ဖြစ်ချင် တကယ်လုပ်ရပါမယ်။ အဟုတ်ကိုဖြစ်ပါတယ်။ အဓိက ကတော့ ကိုယ့်အနေနဲ့ လုပ်ဆောင်တဲ့နေရာမှာလည်း မိမိကိုယ်ကို ယုံကြည်မှုအပြည့်ထားဖို့လည်းလိုပါတယ်။ ဖြစ်ပါ့ မလား။ တစ်ခုခုများဖြစ်သွားလေမ လား ဆိုပြီး စစ်မရောက်ခင်မှာမြှားကုန်နေလို့မရပါဘူး။ ဘုရင့်နောင်လိုမျိုး စွန့်လွတ်သင့်တာကို စွန့်လွတ်၊ တိုက်ခိုက်သင့်တာကို တိုက်ခိုက်လို့ ဘဝတိုက်ပွဲကိုအနိုင်ယူရပါမယ်။
ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။
သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှ ချစ်ပရိသတ်တွေ အခုလတ်တလော ဘယ်သီချင်းတွေကို နားဆင်ဖြစ်နေလဲဆိုတာ နားဆင်ရမှာ ဖြစ်ပါတယ်...........
Songs In Yangon အစီအစဉ်ကို အပတ်စဉ် Monday , Thursday ည 8:10 မှာနားဆင်နိုင်ပါတယ်......
From the publisher's feed
Wherever you go PadamyarFM will be there with you...