
Sign up to save your podcasts
Or


Watch your words when you are with people and your thoughts when you are alone.
ဒီစကားလေးကတော့ ဘယ်လိုမျိုးအချိန်တွေမှာကိုယ့်ရဲ့ အပြုအမူတွေကိုသတိထားဖို့လိုသလဲဆိုတာကိုသတိပေးထားတဲ့ စကား လေးပါ။ တပါးသူတွေနဲ့ရှိနေတဲ့အခါမှာကိုယ်ပြောလိုက်တဲ့စကားတွေကိုသတိထားပါတဲ့။ ဟုတ်ပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားဆိုတာကိုယ့်ရဲ့သွင်ပြင်ကိုယ့်ရဲ့ အရိပ်တစ်ခု၊ ကိုယ့်ရဲ့အဆင့်အတန်းအဖြစ်နဲ့ ရှိနေတတ်တဲ့အတွက် ကိုယ်ပြောလိုက်တဲ့ စကားကသူများအတွက်လည်းအကျိုးရှိတဲ့ ကိုယ့်အတွက်လည်းအကျိုးမယုတ်တဲ့ မှန်ကန်တဲ့စကားဖြစ်ဖို့လိုပါတယ်။ ထွက်ပြီးသား ဆင်စွယ်ဆိုတာ ပြန်ဝင်ရိုး ထုံးစံမရှိသလိုကိုယ်ပြောပြီးသားစကားကလည်း ပြန်သိမ်းလို့မရနိုင်တဲအတွက် အထူးဆင်ခြင်သင့် လှပါတယ်။
လောကမှာအရေးကြီးတဲ့ ပေါင်းသင်းဆက်ဆံရေးကိုပိုမိုချောမွေ့ပြေပြစ်သွားစေတာကလည်းကိုယ့်ရဲ့စကားပဲဖြစ်သလို ပြဿနာတွေ တက်လို့ တစ်ခါတည်းဆက်ဆံရုံနဲ့ နောက်ပိုင်းမှာဆက်ဆံရေးပျက်ပြားသွားတဲ့အထိကိုလည်းကိုယ့်ရဲ့စကား တစ်ခွန်းကလုပ်ဆောင်နိုင်တဲ့အတွက် အများနဲ့ဆက်ဆံတဲ့အခါမှာကိုယ့်ရဲ့စကားတစ်ခွန်းကိုပြောသင့်မပြောသင့်ကိုသေသေ ချာချာစဉ်းစားဆင်ခြင်ပြီးမှ ပြောသင့်ပါတယ်။ တစ်ချို့တော့ ကျုပ်တို့ကစကားဆိုရင်ဒဲ့ပဲပြောတတ်တယ်။ ဟန်ဆောင်ထိန်းချုပ်ပြီးမပြောတတ်ဘူးဆိုပြီး ကျွန်တော့်စကားကို ငြင်းဆန်မယ့်သူတွေလည်းရှိပါလိမ့်မယ်။ ဒါပေမယ့်ကိုယ်ပြောလိုက်တဲ့စကားကြောင့် ကိုယ့်ရဲ့တိုးတက်ရာတိုးတက်ကြောင်းကိုပျက်ပြားစေမယ်ဆိုရင်တော့ ကိုယ်စကားကြောင့် ကိုယ့်ကိုထိခိုက်သလို ဖြစ်မနေဘူးလားခင်ဗျာ။ရှေးလူကြီးတွေကပြောခဲ့ကြပါတယ်။ နှုတ်ချိုလျှိုတစ်ပါးဆိုတဲ့အတိုင်းချိုသာတဲ့စကားကအရာအားလုံးကိုစွမ်းဆောင်နိုင်တာကိုသတိပြုမိဖို့လိုပါတယ်။
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
Most of the problems in life are because of two reasons: we act without thinking or we keep thinking without acting.
ကျွန်တော်တို့အားလုံး ပြဿနာတွေဖြစ်ဖူးကြပါတယ်။ တစ်ဘက်နဲ့တစ်ဘက် မကျေလည်မှုတွေကတဆင့် စကားများရန်ဖြစ်တာပဲဖြစ်ဖြစ် ပြဿနာဆိုတာပေါင်းသင်းဆက်ဆံရေးမှာဒွန်တွဲပြီးပါနေတတ်တဲ့အရာတစ်ခုပါ။ လူတိုင်းကတော့ ပြောကြပါတယ်။ ပြဿနာရဲ့အရင်းအမြစ် ကိုရှာဖို့ထက် ပြဿနာရဲ့အလွန်မှာဘာတွေဖြစ်ပျက်ကျန်ခဲ့မလဲဆိုတာကိုတွေးပြီးမှ ပြဿနာဖြစ်ကြ ပါတဲ့။ ဒါကလည်းမှန်သင့် သလောက်မှန်ပါတယ်။ သေချာတာတစ်ခုကတော့ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖက်နဲ့ တစ်ဖက် ရန်တွေဖြစ်ကြ၊ ပြဿနာတွေတက်ကြတယ်ဆိုရင် နှစ်ဘက်စလုံးအတွက် ကောင်းမွန်တဲ့ ဆက်ဆံရေးကိုပျက်ပြားစေနိုင်တာတော့အမှန်ပါပဲ။ အပေါင်းလက္ခဏာတော့ ဘယ်တော့မှဆောင်နိုင်မှာမဟုတ်တာအသေအချာပါပဲ။
ဒါကြောင့် သူတင်းရင်းကိုယ်ကလျော့ ကိုယ်တင်းရင် တဖက်လူကလျော့ဖို့လိုပါတယ်။ ထို့အတူ ပြဿနာဘာကြောင့်ဖြစ်ရလဲဆိုတာကိုလည်းသိထားမယ်ဆိုရင် မဖြစ်ခင်ကတည်းကရှောင်စရာရှိတာရှောင်ကြဉ်နိုင်မှာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဘ၀ မှာဖြစ်သမျှ ပြဿနာတိုင်းရဲ့ အရင်းအမြစ်ကိုကြည့်မယ် ဆိုရင် အခြေခံအကြောင်းပြချက်က နှစ်ခုတည်းရှိပါတယ်။ ပြဿနာတွေ အမျိုးအစားမတူညီပေမယ့်လည်းအဓိကလူနှစ်ယောက် ကြား၊ အဖွဲ့အစည်းနှစ်ခုကြားက ပြဿနာတွေတိုင်းကတော့ အဓိကအကြောင်းရင်းနှစ်ခုကြောင့်သာ ပြဿနာတက်နေကြတာပါ။ ဒါကိုရှောင်ကြဉ်နိုင်မယ်ဆိုရင် ပြဿနာတွေလည်းဖြစ်ဖို့အလားအလာတွေကိုကိုယ်တိုင်ကသိမြင်နိုင်မှာဖြစ်ပြီးအမုန်းတရားလည်းနည်းမှာပါ။
Learn the art of growing without losing your inner child.
သင့်ရဲ့အတွင်းထဲကကလေးစိတ်ကိုမဆုံးရှုံးစေဘဲ ကြီးပြင်းလာအောင် ကြိုးစားသင်ယူကြည့်ပါလို့ ဒီနေ့အတွက်စကားကဆိုပါတယ်။ ဒီစကားကိုရုတ်တရက်ကြီးကြားတဲ့အချိန်မှာတော့ အနည်းငယ် စိတ်ထဲမှာတွေးမိမယ်လို့ထင်ပါတယ်။ ကိုယ့်ရဲ့ အတွင်းကလေးစိတ်ကိုမဆုံးရှုံးစေဘဲ ကြီးပြင်းလာအောင် ကြိုးစားသင်ယူရမယ်ဆိုတာဘယ်လိုကြီးလဲလို့ မေးခွန်းတွေလည်းထုတ်မိမယ်လို့ထင်ပါတယ်။ တကယ်တမ်းသေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကိုယ့်အတွင်းကလေးစိတ်ဆိုတာ ဖြူစင်ရိုးသားတဲ့စိတ်အခြေခံကိုပြောတာပါ။ ကလေးစိတ်ဆိုတော့ အချိန်တန်စားမယ်။ သောက်မယ်။ ကိုယ့်ရဲ့မြင်မြင်သမျှကိုကိုယ်နဲ့ထပ်တူရိုးသားစွာဆက်ဆံတတ်တယ်။ လိမ်ညာကောက်ကျစ်တဲ့စိတ်ဆိုတာလည်းဘာဆိုဘာမှန်းမသိတဲ့အတွက် အဖြူထည်အရမ်းဆန်ပါတယ်။ ဒေါသတွေဆိုတာလည်းမဆိုစလောက်ကလွဲရင် ဘာမှမသိ၊ လောဘဆိုတာလည်းမရှိသလောက် နည်းပါးပြီး၊ မောဟလည်းကင်းတဲ့ကလေးစိတ်ကတကယ့်ကို ဖြူစင်ရိုးသားပါတယ်။
You cannot travel back in time to fix your mistakes,bit you can learn from them and forgive yourself for not knowing better.
သင့်အနေနဲ့အတိတ်ကအမှားတွေကိုပြင်ဆင်ဖို့အချိန်ကိုနောက်ပြန်လှည့်လို့မရပေမယ့် မှားခဲ့တာတွေကနေလေ့လာသင်ယူပြီးအဲဒီအချိန်တုန်းကသင်မသိခဲ့တာတွေအတွက် သင့်ကိုယ်သင်ပြန်ပြီးခွင့်လွတ်လို့ရပါတယ်တဲ့။ ဒီစကားကိုပြောခဲ့တဲ့သူကတော့နံမည်ကျော် Baseball ကစားသမားကြီးLeonBrownပါ။ အားကစားသမားတစ်ယောက်ဖြစ်တဲ့ အတွက် သူပြောတဲ့ဒီစကားကတကယ့်ကိုမှ လက်တွေ့ဆန်ပြီးအားလုံးအတွက် မှတ်သားစရာကောင်းတဲ့အတွက် ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။
လူတိုင်းလူတိုင်းဟာအမှားနဲ့မကင်းကြပါဘူး။ လူသားတိုင်းရှင်သန်ရာ ဘ၀ တကွေ့မှာအမှားအယွင်းတစ်ခုမဟုတ်တစ်ခုကိုလုပ်မိတတ်ကြပါတယ်။ ပြောမိတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်အမှားကိုကိုယ် သိတဲ့အချိန်မှာအချိန်မှီအမှန်ပြင်ဖို့သာလိုအပ် ပါတယ်။ တချို့ကတော့ မှားခဲ့ဖူးတဲ့အတိတ်ကအဖြစ်အပျက်တွေကို ပြန်လည် တွေးတောပြီးငါမပြောမိခဲ့ရင်အကောင်းသား၊ ငါလုပ်မိတာမှားလေခြင်းဆိုပြီးနောင်တတွေတွင်တွင်ရနေတတ်ပါတယ်။ ဒါပေမယ့် နောင်တဆိုတဲ့သဘောအတိုင်းနောင်မှတရတာဖြစ်တဲ့အတွက် မှားခဲ့တဲ့အမှားတွေကတော့ ကိုယ်ကလုပ်ဆောင်ကျူးလွန်ပြီးနေပါပြီ။ ဘယ်နည်းနဲ့မှ ပြန်လည်ပြီးတော့ ပြင်ဆင်ဖို့ အချိန်ကိုနောက်ပြန်လှည့်လို့မရတော့ပါဘူး။
From the publisher's feed
Wherever you go PadamyarFM will be there with you...