Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    A very true fact: When we start giving too much importance to someone in our life, we tend to lose our value in their life.

    အမှန်ဆုံးသောအချက်တစ်ခု၊ တစ်စုံတစ်ယောက်အတွက် ကိုယ့်ဘက်ကအရေးကြီးမှုတွေကိုပေးအပ်လိုက်တဲ့အချိန်က သူတို့ဘ၀ အတွက် ကိုယ့်ရဲ့တန်ဖိုးတွေလျော့ကျဖို့အတွက်လမ်းစပါပဲတဲ့။ ဒီစကားကတော့ လောကမှာအရေးကြီးတဲ့ အပေးအယူသဘောကို ထင်သာမြင်သာရှိစေမယ့် စကား တစ်ခွန်းဖြစ်ပါတယ်။ လောကမှာနေထိုင်ကြတဲ့ လူတိုင်းတစ်ဦးနဲ့တစ်ဦးဆက်ဆံရေးမှာ Give And Take ဆိုတဲ့ အပေးအယူတွေ သမမျှတနေဖို့လိုပါတယ်။ မိဘနဲ့သားသမီးကြားကဆုန်ရေလိုတစ်ဖက်တည်း စီးဆင်းနေမှုကတော့ ချွင်းချက်တစ်ခုပါ။

    ဘယ်သူနဲ့ပဲဖြစ်ဖြစ် သူပေးတာတွေကိုပဲကိုယ်ကလက်သင့်ခံယူနေလို့လည်းမသင့်ပါဘူး။ ကိုယ်ကလည်းသူနဲ့ထပ်တူပေးဆပ်မှု တစ်စုံတစ်ရာကိုတော့ ပေးအပ်ဖို့ အသင့်ဖြစ်နေရင်အကောင်းဆုံးပါပဲ။ ဒါမှလည်း တစ်ဖက်သက်ဆန်တဲ့ ဆက်ဆံရေးမျိုး မဖြစ် မှာပါ။ ဘယ်လောက်ပဲ နှောင်ကြိုးတွေ အထပ်ထပ်ရစ်ပတ်နေစေဦးတော့ အပေးချည်းသက်သက် အယူချည်းသက်သက်ဖြစ် နေတဲ့ ဆက်ဆံရေးမျိုးဟာရေရှည်မှာ ကောင်းမွန်ခြင်းနဲ့ အဆုံးသတ်နိုင်ဖို့မလွယ်ကူ ပါဘူး။ အစောပိုင်းကာလတွေမှာပေးသူ ဘက်ကသတိမထားမိပေမယ့် ကြာလာတဲ့အခါမှာအခြေအနေအကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေ ပယောဂတစ်ခုခုကြောင့် ဖြစ်စေသတိထားမိသွားတဲ့အခါမှာအဲဒီလူနှစ်ယောက်ကြားကဆက်ဆံရေးမှာအဖုအထစ်လေးတွေ ဖြစ်သွားနိုင်ပါတယ်။ ဒီလို အဖုအထစ်လေးတွေကနေ ပြဿနာတစ်စုံတစ်ရာကို ဖြစ်ပွားလာချိန်မှာတော့ နှစ်ဦးကြားကဆက်ဆံရေးကပျက်ပြားသွားတဲ့ အထိဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေရှည်ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုမှာသူ့ဘက်ကပေးလာတဲ့ အပေးတွေကို ကိုယ့်ရဲ့ ဘက်ကအယူချည်းသက်သက်ယူနေတာမျိုးမဖြစ်ပါစေနဲ့။

    A very true fact: When we start giving too much importance to someone in our life, we tend to lose our value in their life.

    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

    11 min
  • ဒီနေ့အတွက်စကား

    Walking alone is not difficult. But when we walked a mile with someone, then coming back alone that is more difficult.

    လူတစ်ယောက်မှာ အရေးပါတဲ့ အကျင့်ဆိုတာနဲ့ပတ်သက်ပြီးတော့ ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လူတစ်ယောက်မှာအကျင့်ဆိုတာက သိပ်ကိုမှအရေးကြီးပါတယ်။ ဘဝတိုးတက်ရေးအတွက်ဆိုရင် ကိုယ်ပိုင်ထားတဲ့ ကိုယ့်ရဲ့အကျင့်ကပဲ ဆုံးဖြတ်မှုကိုလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် အကျင့်ဆိုတာမျိုးက ပြင်ဆင်ဖို့အတွက် သိပ်ကိုမှ ခက်ခဲ တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့အကျင့်ပါမှုကြောင့်ပဲ ပြင်မရတဲ့အမှားတွေကိုလည်း လုပ်ဆောင်မိတတ်ကြပါတယ်။ ဒီစကားထဲကအတိုင်းဆိုရင် တစ်ယောက်တည်းလမ်းလျှောက်နေရတာ မခက်ခဲလှပါဘူးတဲ့။ ဟုတ်ပါတယ်။ ဘဝခရီးလမ်းကို မဆိုထားနဲ့ ကိုယ်နေ့စဉ်သွားလာနေတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်က တစ်ယောက်တည်းသွားလာနေရတာက ကိုယ့်အတွက် မခက်ခဲလှပါဘူး။

    ဒါပေမယ့် ကိုယ့်နဲ့လားရာတူတဲ့ တခြားသော ခရီးဖော်တစ်ယောက်ကို တွေ့ပြီး သူနဲ့အတူ ရက်လကြာရှည်စွာနဲ့ အဲဒီခရီးကိုပဲ လျှောက်မိတယ်ဆိုပါစို့။ အကြောင်းအရင်းတစ်စုံတစ်ရာကြောင့် အဲဒီသူရောက်မလာတဲ့အခါမှာ လူတိုင်းကတော့ လာလိမ့်နိုးနိုးနဲ့ မျှော်လင့်မိမှာပါပဲ။ တစ်ယောက်တည်းလျှောက်နေကျလမ်းကို အရင်အဖော်နဲ့လျှောက်ရာကနေ တစ်ယောက် တည်းလည်း ပြန်လည်လျှောက်လှမ်းရတဲ့အခါမှာ ဘာကိုလိုလို့လိုမှန်းမသိကို ခံစားသွားရနိုင်ပါတယ်။ ဒါကတော့ ပြောင်းလဲ သွားတဲ့ ကိုယ့်ရဲ့အကျင့်ကြောင့်ပါပဲ။

    3 min
  • ဒီနေ့အတွက်စကား

    When you want to succeed as bad as you want to breathe, then you will be successful.

    သင့်အတွက် အသက်ရှူသလောက်ကို အောင်မြင်ချင်တယ်ဆိုရင်တော့ သေချာပါတယ်။ သင်အောင်မြင်လာမှာပါတဲ့။စိတ်ရဲ့ ကြီး မားတဲ့ တန်ခိုးအာနိသင်ကိုပြောပြထားတဲ့စကားတစ်ခွန်းပါ။ လူသားတိုင်း လူသားတိုင်းအောင်မြင်တိုးတက်တဲ့ဘဝကို ပိုင်ဆိုင် ချင်ကြပါတယ်။ လက်ရှိအခြေအနေထက်ပိုမိုမြင့်မားကောင်းမွန်တဲ့အခြေ အနေမျိုးကိုမက်မောလိုချင်ကြပါတယ်။ ဒါပေမယ့် စိတ် ရဲ့တန်ခိုးကြီးမားပုံကိုတော့ လူတိုင်းမလိုက်နိုင်ကြပါဘူး။ တစ်ချို့သောသူ တွေက ဖြစ်ချင်တာကတပုံတခေါင်း ရှိနေပေ မယ့် ဖြစ်အောင်လုပ်ဖို့ ကြိုးစားဖို့ကိုတော့ မလုပ်တတ်ကြပါဘူး။ 

    3 min
  • ဒီနေ့အတွက်စကား

    Never let the things you want make you forget the things you have.

    ဒီနေ့အတွက်စကား

    ဒီစကားကတော့ ငါးစိမ်းမြင်လို့ငါးကင်ကိုပစ်တတ်တဲ့သူတွေအတွက် သတိပေးထားတဲ့စကားတစ်ခွန်းပါ။ အခုဆိုရင် အားလုံးသိတဲ့အတိုင်း ခေတ်ကြီးက တအားကိုမှ အရှန်အဟုန် ပြင်းပြင်းနဲ့ကို တိုးတက်လို့နေပါတယ်။ လူသားအားလုံး လည်း ခေတ်ရဲ့နောက်ကိုလိုက်ရင်း အချိန်တွေကို ကုန်မှန်းမသိကုန်နေကြပါတယ်။ ခေတ်ကာလမှာပေါ်ပေါက်လာတဲ့ နောက်ဆုံး ပေါ်ဇိမ်ခံပစ္စည်းတွေ နောက်ဆုံးပေါ်နည်းပညာတွေကို လူတော်တော်များများ သုံးနေကြသလို သုံးနိုင်အောင်လည်းကြိုးစား နေကြပါတယ်။ စားဝတ်နေရေးဝဲဂယက်တင်မကဘဲ နောက်ဆုံးပေါ် ဘရန်း ဟန်းဆက်တွေကိုင်နိုင်ဖို့၊ နောက်ဆုံးပေါ်ကားကို တဝီဝီမောင်းနိုင်ဖို့၊ နောက်ဆုံးပေါ် အသားအရည်ထိန်းသိမ်းနည်းတွေကို သုံးနိုင်ဖို့ တော်တော်များများက ကြိုးပမ်းနေကြပါတယ်။ ကြိုးစားတယ်ဆိုတာတကယ်တော့ကောင်းတဲ့အရာပါ။ တိုးတက်မှုရဲ့ လမ်းစပါ။ ဒါပေမယ့် ကိုယ့်လိုချင်တဲ့အရာတွေနောက်ကို အမှီလိုက်ရင်းနဲ့ ကိုယ့်ဘဝရဲ့ တကယ့်အနှစ်သာရရှိရှိပျော်ရွှင်မှုတွေ၊ လက်ဆက်နုပျိုမှုတွေအကုန်လုံးကို ဥပေက္ခာပြုထားသလို ဖြစ်သွားမယ်ဆိုရင်တော့ ဘယ်မှာလဲ ဘဝရဲ့ ပျော်ရွှင်မှု၊ ဘယ်မှာလဲ မေတ္တာတရားရဲ့အေးချမ်းမှု ဘာဆိုဘာမှမရလိုက်တာမျိုး တွေဖြစ်နိုင်ပါတယ်။

    သင်လိုချင်မက်မောတဲ့အရာတွေကြောင့် သင့်မှာရှိနေတဲ့အရာတွေကို မမေ့ပါစေနဲ့။

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Don’t force someone to remember you all the time. Just stay silent and let them realize how will they be without you in their life.

    တစ်စုံတစ်ယောက်သင့်ကိုအမြဲသတိရနေစေဖို့ အားစိုက်ထုတ်မနေပါနဲ့။ တိတ်တိတ်လေးနေပြီး သူတို့ဘဝမှာ သင်မရှိရင် သူတို့ ဘယ်လိုဖြစ်သွားမလဲဆိုတာကိုသူတို့ကိုယ်တိုင်သတိထားမိအောင်သာနေပါလို့ ဒီစကားရဲ့ ဆိုလိုရင်းကရှိပါတယ်။ အများရဲ့ အလယ်မှာတစ်ဦးတည်းလိုခံစားနေရတဲ့သူမျိုး၊ ပစ်ပယ်ခံရသလိုခံစားနေရတဲ့လူ..................

    3 min
  • ဒီနေ့အတွက်စကား

    Use your voice for kindness, your ears for compassion, your hands for charity, your mind for truth, and your heart for love.

    သင့်ရဲ့အသံကို ကြင်နာမှုအတွက်သုံးပါ။ သင့်နားနှစ်ဖက်ကိုတော့ ကရုဏာအတွက်၊ သင့်လက်တွေကို ကူညီဖို့အတွက်၊ သင့်စိတ် ကိုတော့ အမှန်တရားအတွက်နဲ့ သင့်နှလုံးသားကိုတော့ မေတ္တာတရားအတွက် အသုံးပြုပါတဲ့။သောတရှင်တွေအတွက် တကယ့် ကိုမှအဖိုးထိုက်တန်မယ်လို့ယုံကြည်တဲ့အတွက် ဝေမျှပေးခဲ့တာပါ။ သင့်ရဲ့အသံကို ကြင်နာမှုအတွက်သုံးပါတဲ့။ ဒါကဘာကိုဆို လိုချင်သလဲဆိုတော့ စကားပြောတဲ့အခါ ကြင်နာသနားသောစိတ် ကိုမွေးပြီး ချိုသာပျူငှာတဲ့စကားကိုဆိုဖို့ပါ။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်တပါးသူထိခိုက်နာကျင်သွားတာမျိုးမဖြစ် ရအောင် အထူးသဖြင့် ဆင်ခြင်ပြောဆိုဖို့လိုပါတယ်။ ရည်ရွယ် ပြီးဖြစ်စေ မရည်ရွယ်ဘဲလွတ်ခနဲဖြစ်စေထွက်သွားတဲ့စကားတစ် ခွန်းကြောင့် မိတ်ဆွေတွေကြားမှာ အခင်အမင်ပျက်လို့ ပြဿနာ တွေတက်သွားနိုင်တဲ့အခြေအနေကိုရောက်သွားတာ၊ ကိုယ့်ဘ၀ တက်လမ်းကိုထိခိုက်စေမယ့်အခြေအနေတွေဖြစ်သွားနိုင်တဲ့ အတွက် စကားကိုပြောတော့မယ်ဆိုရင် နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့် စကားကို ယဉ်ကျေးချိုသာစွာပြောဆိုတတ်ဖို့လိုပါတယ်။

    နောက်ထပ်တစ်ခုကတော့ နားနှစ်ဖက်ကို ကရုဏာအတွက် ဒီစကားကတော့ ကိုယ့်ကိုလာပြောနေတဲ့စကားတွေကို ကရုဏာတရားနဲ့ကြားတတ်မြင်တတ်ဖို့ပါ။ ဖရုဿဝါသ ကြမ်းတမ်းတဲ့စကားတွေကို ပြောနေစေဦးတော့ သူများပြောတာကို လိုက်လို့ဒေါသထွက်မနေဘဲ ကရုဏာစိတ်လေးမွေးလို့ ဥပေက္ခာ ပြုတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါဆိုရင် အကုသိုလ်လည်းကင်းမယ်။ ရန်လည်းများမှာမဟုတ်တော့ပါဘူး။ နောက်ထပ် တစ်ချက်ကတော့ လက်အစုံကို ကူညီဖို့အတွက်သုံးရပါမယ်။ ဘယ်အရာရာကိုပဲလုပ်လုပ် အတ္တဟိတစိတ်နဲ့ ပရဟိတစိတ်ကိုမျှတအောင်မွေးရပါမယ်။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...