Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • Songs In Yangon

    ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။

    သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In  Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။ 

    ရန်ကုန်မြို့မှ ချစ်ပရိသတ်‌တွေ အခုလတ်တလော ဘယ်သီချင်းတွေကို နားဆင်ဖြစ်နေလဲဆိုတာ နားဆင်ရမှာ ဖြစ်ပါတယ်...........

    Songs In  Yangon အစီအစဉ်ကို အပတ်စဉ် Monday , Thursday ည 8:10 မှာနားဆင်နိုင်ပါတယ်......

    25 min
  • ဒီနေ့အတွက်စကား

    One great lesson I learned from my life; there is no market for your emotions, so never advertise your feelings, just show your attitude.

    ဒီနေ့အတွက်စကား

    ကျွန်တော်တို့ရဲ့ခံစားချက်တွေ၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်း ခြင်းတွေကို ဈေးတင်ရောင်းချလို့ရတဲ့နေရာဆိုတာ ဒီကမ္ဘာမှာမရှိပါဘူး။ ဆိုလိုချင်တာကတော့ ကိုယ့်ဘက်က ဘယ်လောက်ပဲ ခံစားနေခံစားနေ ကိုယ့်ထက်နားလည်ပေးမယ့် ကိုယ်နဲ့ထပ်တူ ခံစား ပေးမယ့် တန်ဖိုးထား အလေးထားပေးနိုင်မယ့်သူဆိုတာ မရှိဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်။ ကိုယ်က လောကကြီးထဲမှာ မနေချင် လောက်အောင် စိတ်ဆင်းရဲကြီးစွာဖြစ်နေပေမယ့်လည်း အဲဒီ ခံစားချက်တွေက ကိုယ့်အတွက် အပူမီးတွေကိုပဲဖြစ်စေတာပါ။ 

    ကိုယ့်ရင်ထဲက ဝမ်းနည်းမှုအပူမီးတွေကို တခြားသူကို မျှဝေပေးဖို့ ဆိုတာကလည်း ရာခိုင်နှုန်းအနည်းငယ်ပဲဖြစ်မှာပါ။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာ ဘာဖြစ်နေသလဲဆိုတာကို အူမချေးခါးမကျန် တပါးသူကို ပြောပြကြေညာနေစရာလည်းမလိုပါဘူး။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုတာ တကယ့်ကိုမှန်တဲ့စကားတစ်ခွန်းဖြစ်ပါ တယ်။ လူသားမှန်ရင်တော့ ခံစားချက်မျိုးစုံကို လောကလှိုင်းဂယက်ရဲ့ အနိမ့်အမြင့်အတက်အကျတိုင်း ခံစားစံစားနေရမှာပါပဲ။ ဒီတော့ ကိုယ်တစ်ယောက်တည်း ခံစားနေရတာမျိုးမဟုတ်ဘူးဆိုတာ ကိုလည်း သတိပြုမိစေလိုပါတယ်။

    3 min
  • ဒီနေ့အတွက်စကား

    You won’t ever see me seeking revenge for those who have done me wrong. I will simply live a happy life just to prove that no matter what happened in my past, I refused to let it beat me.

    ဒီနေ့အတွက်စကား

    ကျွန်တော်တို့တွေအနေနဲ့ ဘဝမှာရှင်သန်ရုန်းကန်နေရင်း ကိုယ့်အတွက် မကောင်းတဲ့သူတွေနဲ့လည်း ကြုံတွေ့ခဲ့ရဖူးမှာပါ။ ကိုယ့်အပေါ်ကို မတရားမကောင်းကြံစည်ခဲ့တာကြောင့် ကိုယ့်အနေနဲ့ ဒုက္ခရောက်ခဲ့ရတာတွေလည်း ဖြစ်ခဲ့ဖူးမှာပါ။ အဲဒီလိုမျိူး ကိုယ့်အပေါ် စိတ်ဒုက္ခဖြစ်စေ၊ ကိုယ်ဆင်းရဲဖြစ်စေပေးတဲ့သူကို ကျွန်တော်တို့တတွေ တွေးမိတိုင်းမှာ ဒေါသစိတ်နဲ့ ပူလောင် နေရတတ်ပါတယ်။ 

    ငါကိုလုပ်ခဲ့တဲ့သူ အလှည့်ကျမနွဲ့စတမ်းပေါ့ဆိုပြီး မချိတင်ကဲ ကျွေးကျော်ခဲ့တာမျိုးတွေလည်း ဖြစ်ကောင်းဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ ကိုယ့်စိတ်ထဲမှာ ဒေါသအပူမီးတွေ လောင်မြှိုက် ခြင်းကိုခံစားရတတ်ပါတယ်။ ဒီတော့ အဲဒီအပူမီးတွေကို လွတ်ငြိမ်း ရအောင် ဘယ်လိုမျိုး နေထိုင်သင့်ပါသလဲ။ 

    ကိုယ့်အပေါ်မ ကောင်းတဲ့သူကိုလည်း သူ့ထိုက်နဲ့သူကံအနေနဲ့သာထားလိုက်ပါ။ တတ်နိုင်သမျှ ရန်ကိုရန်ခြင်းမတုန့်နှင်းပဲ သူ့ အကုသိုလ်ကို ကိုယ့်အပူမီးအဖြစ်မခံလိုက်ပါနဲ့။ ပြန်ပြီး ကလဲ့စားချေလိုတဲ့စိတ်တွေမွေးမနေဘဲ ကိုယ့်ဘဝရဲ့ရှေ့ဆက် လျှောက် ရမယ့် အနာဂတ် နေ့ရက်တွေကို အကောင်းဆုံးသာနေထိုင်သွားလိုက်ပါ။


    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...