Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    Almost every successful person begins with two beliefs: the future can be better than the present and I have the power to make it so.

    လောကမှာ အောင်မြင်တိုးတက်မှုကိုလိုချင်ကြတဲ့ လူသားတိုင်းအစကနဦးတည်းကရှိထားရှိရမယ့် စိတ်နေစိတ်ထား ခံယူချက် တွေကိုပြောပြ ထားတာပါ။ ပထမဆုံးအချက်ကတော့အနာဂတ်ဟာအခုလက်ရှိပစ္စုပန်ထက် သာလွန်ကောင်းမွန်တယ်ဆိုတဲ့ စိတ်မျိုးယုံကြည်မှု မျိူးကိုမွေးမြူထားဖို့ပါ။ အခုလက်ရှိကိုယ်ဟာလက်အောက်ငယ်သားတစ်ယောက်ဖြစ်နေတယ်။ သူများခိုင်း တာကိုလုပ်ကိုင်နေရ တယ်ဆိုရင်တောင်မှ နောင်နောက်ဖြစ်မယ့် အနာဂတ်မှာကိုယ်ဟာအခုလက်ရှိအခြေအနေထက် ပိုပြီး မြင့်မားတဲ့ နေရာကိုရောက် ရှိပိုင်ဆိုင်နိုင်မယ်ဆိုတာကိုယုံကြည်ထားဖို့လိုပါတယ်။ လူတိုင်းလူတိုင်းဟာမျှော်လင့်ချက်နဲ့ အသက် ရှင်နေကြတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့မျှော်လင့်ချက်ကလည်း မြင့်မြင့်မားမားထားဖို့လိုပါတယ်။ အခုလက်ရှိအခြေအနေထက်ပိုပြီး မြင့်မားတဲ့ အခြေအနေ တစ် ခုကိုမျှော်လင့်ပိုင်ခွင့်လူသားတိုင်းမှာရှိပါတယ်။ စိတ်ကူးယဉ်လို့လည်းရပါတယ်။ ဘယ်သူကမှ ကိုယ့်ရဲ့စိတ်ကူးယဉ်မှုတွေကိုလာ ရောက်နှောင့်ယှက်တားဆီးလို့မရနိုင်ပါဘူး။

    ကိုယ့်ဘဝအတွက် မျှော်လင့်ချက်မြင့်မြင့်မားမားထားရှိခြင်းဟာမိမိအတွက် ခြေလှမ်း အသစ်တွေကိုအားကြိုးမာန်တက် စတင် လှမ်း နိုင်ဖို့ ခွန်အားတစ်ခုလည်းဖြစ်ပါတယ်။ ထို့နည်းတူစွာပဲနောက်ထပ်အချက်တစ်ခုက လည်းပူးတွဲရှိနေရပါမယ်။ အဲဒါကတော့ ကိုယ့်မှာမျှော်လင့်ထားတဲ့ အနာဂတ်ကောင်းကို ဖြစ်တည်အောင်ဖန်တီးနိုင်တဲ့ စွမ်းအား ရှိနေတယ်ဆိုတာကိုယုံကြည်ဖို့ပါ။

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....


    15 min
  • ဒီနေ့အတွက်စကား

    When life gives you a hundred reasons to break down and cry, show life that you have a million reasons to smile and laugh.

    လောကမှာလူရယ်လို့ဖြစ်လာရင် အခက်အခဲတွေကိုတွေ့ကြုံရမယ်။ အတားအဆီးတွေကိုဖြတ်ကျော်ရမယ်။ အနှောင့်အယှက် အဟန့်အတားတွေကိုရင်ဆိုင်ရမယ်။ ဒါတွေကိုတွေ့ကြုံရင်ဆိုင်ဖြတ်ကျော်နိုင်မှသာအနိုင်ရတဲ့လူတော်တစ်ယောက်ဖြစ်လာမှာပါ။ ဒါဟာအမှန်တရားပါပဲ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ လွယ်လင့်တကူအောင်မြင်တဲ့သူတစ်ယောက်ဖြစ်မနေပါဘူး။ အခုချိန် အများကအားကျအတုယူရတဲ့ ထိပ်ဆုံးကလူတွေကိုကြည့်မယ်ဆိုရင် သူတို့ရဲ့ဘဝအစသမိုင်းအစမှာ ပင်ပန်းဆင်းရဲခံမဆုတ်မနစ် ဇွဲနပဲကြီးမားစွာ ကြိုးစားခဲ့ကြတဲ့သူတွေချည်းပါပဲ။ အတိတ်မှာသူတို့တွေ ဘယ်နှစ်ကြိမ်လဲကျခဲ့သလဲ။ ဘယ်နှစ်ကြိမ်ငိုညည်းခဲ့ရ သလဲ ဆိုတာကိုအတိအကျဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အခုလက်ရှိအောင်မြင်နေတယ်။ အရင်အချိန် ကြိုးစားခဲ့ချိန်ကကဲ့ရဲ့မှုတွေဒဏ်၊ ကံကြမ္မာရဲ့ ထိုး နှက်ချက်တွေ၊ မဖြစ်နိုင်ပါဘူးလို့ ပြောကြတဲ့ လှောင်ရယ်သံတွေကို မသိချင် ယောင်ဆောင် ဥပေက္ခာပြုနိုင်ခဲ့လို့လည်းအခုအောင်မြင်နေတာပါ။ လောက က အတွေ့အကြုံတွေ သင်ခန်းစာတွေကိုလည်း မရိုးတမ်းပေးနေမှာအသေအချာပါပဲ။ ဘဝရဲ့လှိုင်းပုတ်ချက်တွေကို အလူးအလဲ အံတုရင်ဆိုင်ခဲ့ရမှာပါပဲ။ အဓိကကတော့ ကိုယ့် စိတ်ထဲကခံယူချက်ကိုမပြောင်းလဲဖို့ ကြိုးစားမှုကိုမလျော့လိုက်ဖို့ပါပဲ။

    ဒါကြောင့် ဘယ်လောက်ပဲ လောကရဲ့ထိုးစစ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးဘာပဲဖြစ်နေဖြစ်နေအပြုံးမပျက်နေနိုင်ဖို့ လိုအပ်တဲ့ အကြောင်း စိတ်ဓါတ်ကိုဘယ်လိုထားရမလဲဆိုတာကိုပြောပြထားတဲ့ဒီစကားကို နေ့စဉ်တိုင်းမှာ ရေရွတ်လိုက်ပါ။ 

    3 min
  • Songs In Yangon

    ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။

    သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In  Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။ 

    ရန်ကုန်မြို့မှ ချစ်ပရိသတ်‌တွေ အခုလတ်တလော ဘယ်သီချင်းတွေကို နားဆင်ဖြစ်နေလဲဆိုတာ နားဆင်ရမှာ ဖြစ်ပါတယ်...........

    Songs In  Yangon အစီအစဉ်ကို အပတ်စဉ် Monday , Thursday ည 8:10 မှာနားဆင်နိုင်ပါတယ်......

    25 min
  • ဒီနေ့အတွက်စကား

    You’ll end up really disappointed if you think people will do for you as you do for them. Not everyone has the same heart as you.

    လူဘဝရဲ့အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ ပေါင်း သင်းဆက်ဆံရေးဆိုတဲ့ကိစ္စကြီးမှာ ရုပ်ရည်သွင်ပြင်လက္ခဏာ မတူကွဲပြား တဲ့လူတွေနဲ့တွေ့ဆုံဆက်ဆံရမှာဖြစ်သလို စိတ်ဓါတ် အမျိုးမျိုးရှိသောလူတွေနဲ့လည်း တွေ့ဆုံရမှာပါပဲ။ ဒီလို လူအမျိုးမျိုးစိတ် အထွေထွေနဲ့ဆက်ဆံရေးမှာ ပျော်ရွှင်ကျေနပ်မှုကို ခံစား ရကောင်းရနိုင်သလို အလိုမကျဝမ်းနည်းရတာမျိုး ဒီလိုလူမျိုးတွေနဲ့မှ တွေ့မိလေခြင်းဆိုပြီး နောင်တရတာမျိုးလည်း ခံစားရ ကောင်း ခံစားရနိုင်ပါတယ်။ အထူးသဖြင့်လူတိုင်းကို ကိုယ့်စိတ်နဲ့နှိုင်းလို့ ကိုယ်နဲ့ထပ်တူဖြစ်နေလိမ့်မယ်လို့မတွေးပါနဲ့။ ကိုယ်နဲ့ စိတ်တူကိုယ်တူလူမျိုးဆိုတာ ရှိရင်တောင်မှ တော်တော်လေးရှားမှာ အသေအချာပါပဲ။ တစ်နည်းမဟုတ်တစ်နည်း တစ်မျိုးမဟုတ် တစ်မျိုးမှာတော့ ကိုယ်နဲ့စိတ်သဘောထားခြင်းကွဲလွဲမှာ အသေ အချာပါပဲ။ မတူညီတဲ့လူအချင်းချင်းမပြောပါနဲ့။ ကိုယ့်ရဲ့လက်တစ် ဖက်ထဲမှာရှိတဲ့ လက်ချောင်းတွေတောင်မှ တစ်ချောင်းနဲ့ တစ်ချောင်း အတိုအရှည် အပိန်အဝမတူတာကို သတိပြုမိဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်စေချင်တဲ့အတိုင်း လူတိုင်းက လိုက်လုပ်ဖို့ဆိုတာကတော့ မိုးကောင်းကင်က တိမ်တိုက်ကို လက်နဲ့ဖမ်းဆုပ်ဖို့ ကြိုးစားတာထက်ကို ပိုလို့ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် တပါးသူအပေါ်မှီခိုပြီး ထားရတဲ့မျှော်လင့်ချက်မျိုးကို မထားမိအောင်ကြိုးစားပါ။

    သင်လုပ်ပေးခဲ့သလိုတခြားသူတွေကသင့်ကိုပြန်လုပ်ပေးမှာပဲလို့တွေးထားခဲ့ရင်တော့ အဆုံးသတ်မှာ စိတ်မကျေနပ်မှုကိုခံစားရ မှာပါ။ လူတိုင်းမှာ သင့်လိုနှလုံးသားမရှိနိုင်ပါဘူး။

    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    The past cannot changed, forgotten, edited or erased. It can only be accepted.

    အတိတ်ဆိုတာကိုပြောင်းလဲပစ်လို့ မေ့ဖျောက်ပစ်လို့ ပြင်ဆင်ပစ်လို့ ဒါမှမဟုတ် ဖျက်တောက်ပစ်လို့မရနိုင်ပါဘူး။ လက်ခံရုံသက် သက်သာရပါတယ်တဲ့။ကျွန်တော်တို့ အသက်ရှင်သန်နေထိုင်နေကြတဲ့ လူသားတိုင်းအတွက် အချိန်ကာလကြီး(၃)ပါးနဲ့ ရင်းနှီး ကျွမ်းဝင်လို့ ဖြတ်သန်းနေရပါတယ်။ နေ့ရက်တစ်ရက်ချင်းစီ၊ နာရီတစ်နာရီချင်းစီ၊ စက္ကန့်တစ်စက္ကန့်ချင်းစီ၊ တဒင်္ဂချင်းစီတိုင်းဟာ သူ့အလိုလိုဆိုသလိုကုန်ဆုံးနေပါ တယ်။ လူ့သားတိုင်း ကြုံတွေ့ဖြတ်သန်းရမယ့် အချိန်ကာလ(၃)ပါးမှာ ကျွန်တော်တို့တွေအနေနဲ့ ဘယ်နည်းနဲ့မှ ထိန်းချုပ်လို့မရနိုင် တာကတော့ကုန်ဆုံးလွန်မြောက်သွားပြီဖြစ်တဲ့ အတိတ်ဆိုတဲ့ ကာလပဲဖြစ်ပါတယ်။

     အတိတ်မှာကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တွေက ကောင်းတာတွေလည်းဖြစ်ချင်ဖြစ်မယ်။ မှားတာတွေလည်းဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကိုယ့်ဘဝအတွက် ပြန်ဖျက်လို့အမည်း စက်ကြီးတစ်ခုလိုအမြဲတန်းလိုက်နေမယ့် အဖြစ်အပျက်လည်းဖြစ်ချင်ဖြစ်မယ်။ အတိတ်မှာ မှားခဲ့တဲ့ အမှားတွေ၊ အတွေ့အကြုံတွေ ကို ပြန်တွေးပြီးအားမလိုအားမရဖြစ်ရမှုတွေလည်း ကျွန်တော်တို့ခံစားရနိုင်ပါသေးတယ်။ ဒါပေမယ့် အတိတ်ကာလဆိုတာဘယ် လိုနည်းလမ်းကိုပဲသုံးသုံး ပြန်ပြောင်းရယူပြင်ဆင်လို့ရတဲ့အရာမဟုတ်တာကို ကျွန်တော် တို့အနေနဲ့ လက်ခံထားဖို့လိုပါတယ်။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...