
Sign up to save your podcasts
Or


Speak 5 lines to yourself every morning. I am the best. I can do it. God is always with me. I am a winner. Today is my day.
ဒီနေ့အတွက်စကား
နိုးထလာတဲ့ မနက်ခင်းတိုင်းမှာ မိမိကိုယ်ကို အားပေးတဲ့အနေနဲ့ ပြောကြားသင့်တဲ့ စကား၅ခွန်းကို ဒီနေ့ မှာ ဝေမျှပေးလိုက်တာပါ။ မနက်ခင်းတိုင်းကိုယ့်ကိုကိုယ်ပြောရမယ့်စကားငါးခွန်းကတော့ ၁. ငါသာလျှင်အတော်ဆုံးဖြစ်တယ်။ ၂. ငါလုပ်နိုင်တယ်။ ၃. ဘုရားကငါနဲ့အတူ အမြဲရှိနေတယ်။ ၄. ငါဟာအောင်နိုင်သူတစ်ယောက်ပါ။ ၅. ဒီနေ့ဟာငါ့ရဲ့နေ့ဖြစ်တယ်။
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
..
Just because you are struggling does not mean you are failing. Keep believing and good things will happen.
လောကမှာရှင်သန်နေကြတဲ့လူသားတိုင်း အခက်အခဲတွေ၊ အတားအဆီးတွေ၊ ပြဿနာပေါင်းစုံတွေကို ဖြတ်ကျော်နေရပါတယ်။ မိခင်ဝမ်းကြာတိုက်မှာရှိနေတဲ့အချိန်မှာကတည်းက အသက်ရှင်နိုင်ဖို့အတွက် ရုန်းကန်ရပါတယ်။ လူရယ်လို့ဖြစ်လာတဲ့အချိန်မှာ လည်း သူ့အရွယ်နဲ့အလိုက် ရင်ဆိုင်ဖြတ်ကျော်ရတဲ့ ဘဝကပေးတဲ့ ပြဿနာတွေက တန်းစီနေပါ တယ်။ ပညာသင်ကြားရမယ့် ငယ်ရွယ်တဲ့အချိန်မှာလည်း ကိုယ်မသိသေးတဲ့ပညာရပ်တွေကို ကြိုးစားသင်ကြားနေရမှုဆိုတာ လည်း တစ်နည်းပြောရရင် ရုန်းကန်မှုပါပဲ။ ဒီလိုနဲ့ ဒုတိယအရွယ်မှာလည်း သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ရှာဖွေစားသောက်ရင်း ဘဝရဲ့ အခက်အခဲတွေကို ရုန်းကန်လှုပ်ရှားနေရမှာပါပဲ။ ခေတ်စနစ်ရဲ့ နောက်ကိုလိုက်နေရင်းနဲ့လည်း ခေတ်ရဲ့လိုအပ်ချက်တွေ ကို လိုက်ရင်းလည်း ရုန်းကန်နေရတာပဲမဟုတ်ပါလားဗျာ။ ဒီလိုနဲ့ ကျန်းမာရေးပြဿနာတွေကိုရင်ဆိုင်နေရတဲ့ မကျန်းမာတဲ့လူ တစ်ယောက်အနေနဲ့ လည်း ပြန်လည်ကျန်းမာလာဖို့၊ ရောဂါအခြေအနေတွေ ပိုဆိုးမလာဖို့ ဆေးဝါးအကူအညီနဲ့ပဲဖြစ်ဖြစ် သေခြင်း နာခြင်းတရားတွေနဲ့ စစ်ခင်းလို့ ရုန်းကန်ရပြန်တာပါပဲ။ ဒါဆိုရင် လူ့ဘဝဆိုတာ ရုန်းကန်လှုပ်ရှားနေရမှုတွေနဲ့ အသားကျနေတာပါပဲ။
If you don’t like where you are, move. You are not a tree.
ကိုယ်ရောက်ရှိနေတဲ့နေရာတစ်ခုတည်းမှာပဲ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုမရှိဘဲ နေထိုင်နေရ၊ ရပ်တန့်နေရတဲ့သူတွေ အတွက် ရည်ရွယ်ပြီး ဝေမျှပေးလိုက်တာပါ။ ကျွန်တော်တို့လူသားတွေမှာ တစ်ခါတစ်ရံမှာ ကံတရားရဲ့ ကျီစားမှုကြောင့် ကိုယ်နဲ့ မအပ်စပ်တဲ့နေရာမျိုးတွေမှာ နေထိုင်နေရတာမျိုး၊ အလုပ်လုပ်ကိုင်နေရတာမျိုးတွေဖြစ်တတ်ပါတယ်။ တစ်ချို့သော ကိုယ့်စိတ်နဲ့ ထပ်တူမကျတဲ့လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်ရင်းနဲ့ နေ့တွေလတွေနှစ်တွေသာ ကုန်ဆုံးသွားတယ်။ ကိုယ့်အနေနဲ့ လုပ်ကိုင်နေရတာလည်း သာမာန် တာဝန်ကျေရုံသာစိတ်ထည့်နိုင်တယ်။ တခါတလေမှာ လုံးဝကို မလုပ်ချင်မကိုင် ချင်တဲ့စိတ်တွေက ကြီးစိုးလွန်းတဲ့အခါမှာ ကိုယ့်စိတ်ကိုကိုယ်ပဲ ဖိစီးမှုတွေဖြစ်စေနိုင်ပါတယ်။
ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ခေတ်သစ် ဝေဟင်ထဲမှာ အားလုံး အားလုံး ပါဝင်မျောလွင့်နိုင်ဖို့အတွက် Knowledge တွေ အတောင်တပ်ဆင်ပေးမယ့် Knowledge For All ...
လုပ်ငန်းခွင်တစ်ခုကနေ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို ဝေမျှပေးနေတဲ့ Knowledge for All . . . . .
ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။
သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှ ချစ်ပရိသတ်တွေ အခုလတ်တလော ဘယ်သီချင်းတွေကို နားဆင်ဖြစ်နေလဲဆိုတာ နားဆင်ရမှာ ဖြစ်ပါတယ်...........
Songs In Yangon အစီအစဉ်ကို အပတ်စဉ် Monday , Thursday ည 8:10 မှာနားဆင်နိုင်ပါတယ်......
One of the hardest lessons in life is letting go. Whether it’s guilt, anger, love, loss or betrayal. Change is never easy. We fight to hold on and we fight to let go.
မိမိမှာရှိတဲ့အရာတွေကိုစွန့်လွတ်ဖို့ခက်ခဲနေတဲ့သူတွေ၊ ပြောင်းလဲလိုက်ဖို့ ဝန်လေးနေတဲ့သူတွေအတွက် ရည်ရွယ်ဝေမျှပေးလိုက်တာဖြစ်ပါတယ်။လူ့စိတ်ဆိုတာသိပ်ကိုမှ ဆန်းကြယ် လွန်းလှပါတယ်။ ကိုယ့်အတွက် ကနဦးအစရရှိထားတဲ့အရာတွေကိုမက်မောတွယ်တာတတ်ကြပါတယ်။ အဲဒီအရာကကိုယ့် အတွက်အသုံးဝင်သည်ဖြစ်စေ၊ အသုံးမဝင်တော့သည်ဖြစ်စေအစွဲအလန်းကြီးစွာနဲ့ ဖက်တွယ်နေတတ်ပါတယ်။ တပါးသူကိုပေး လိုက်ဖို့ကိုလည်း ဝန်လေးတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ဘဝတိုးတက်ရေးအတွက် ပြောင်းလဲသင့်တာတွေကိုပြောင်းလဲ ရမယ်ဆိုတာကိုသိသိကြီးနဲ့တောင် ပြောင်းလဲဖို့ ဝန်လေးနေတတ်ပါတယ်။ ထိုင်နေအကောင်းသားထမှကျိုးမှန်းသိ ဖြစ်သွားမှာကိုတွေးပူကြပါတယ်။ ပြောင်းလဲသင့်တာတွေကိုပြောင်းလဲလိုက်ဖို့အတွက် အရာရာကိုအတိုက်အခံလုပ်တတ်ကြ ပါတယ်။ ရှိရင်းစွဲရနေတဲ့ အခွင့်အရေးတွေပျောက်သွားမှာကိုလည်းသိပ်ကိုမှ စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီကိုယ် ဖက်တွယ်နေတဲ့ အရာတွေကကိုယ့်အတွက် ကောင်းမွန်စေတဲ့အရာတွေဖြစ်ချင်မှဖြစ်နေပါလိမ့်မယ်။
ဘဝမှာအခက်ခဲဆုံးသောသင်ခန်းစာကတော့ စွန့်လွတ်ခြင်းပါပဲ။ အပြစ်လုပ်မိတာပဲဖြစ်ဖြစ်၊ စိတ်ဆိုးတာပဲဖြစ်ဖြစ်၊ အချစ်ပဲဖြစ်ဖြစ်၊ ဆုံးရှုံးခြင်းပဲဖြစ်ဖြစ်၊ လှည့်စားခံရတာပဲဖြစ်ဖြစ် စွန့်လွတ်ပစ်ဖို့ ခက်ခဲတတ်ပါတယ်။ ပြောင်းလဲခြင်းဆိုတာခက်ခဲတတ်ပါတယ်။ ဆုပ်ကိုင်ထားပြီးပြောင်းလဲဖို့ ငြင်းဆန်နေတတ်ပါတယ်။
Life is short. Time is fast. No replay, no rewind. So enjoy every moment as it comes.
နာမည်ကျော် ဟာသသရုပ်ဆောင်မင်းသားကြီး Charlie Chaplin ပြောကြားခဲ့တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ ဘဝဆိုတာ တို တောင်းတယ်။ အချိန်ဆိုတာသိပ်မြန်တယ်။ ပြန်ပြလို့မရ၊ ပြန်ရစ်လို့မရနိုင်ဘူး။ ဒါကြောင့် ရတဲ့အခိုက်အတန့်တိုင်းကို ပြည့်ပြည့်၀၀ ပျော်ရွှင်စွာနေထိုင်ပါတဲ့။ သိပ်ကိုမှ မှန်တဲ့စကားတစ်ခွန်းပါ။
Charlie Chaplin ပြောသလိုပဲ။ ဘဝဆိုတာ ရခဲလှသလိုတကယ့်ကိုမှ တိုတောင်းလွန်းလှတဲ့ အချိန်အပိုင်းအခြားတစ်ခု ဖြစ်ပါ တယ်။ အဲဒီထဲကမှ ကျွန်တော်တို့ ပိုင်ဆိုင်ရရှိထားတဲ့ လူသားဘဝက ပိုလို့ တောင် ရခဲပြီးတန်ဖိုးရှိလှပါတယ်။ တန်ဖိုးရှိလှတဲ့ ဘဝအတွင်းမှာလည်း အချိန်တွေဟာတစ်ရွေ့ရွေ့ကုန်ဆုံးနေပါတယ်။ တားလို့ လည်းမရနိုင်သလို၊ ဖြစ်ပျက်ပြီးသားကိစ္စ အဖြစ် အပျက်ကအချိန်အတိုင်းအတာကို ပြန်လည်ရယူလို့လည်းမရနိုင်ပါဘူး။ အတိတ် ၊ ပစ္စုပန်၊ အနာဂတ်ဆိုတဲ့ ကာလသုံးခုဟာ သူ့သတ်မှတ်ချက်အတိုင်းသူကုန်လွန်နေပါတယ်။ ဘယ်တန်ဖိုးရှင်ကမှ ရပ်တန့်စေဖို့ ပြုလုပ်နိုင်မှာမဟုတ်တဲ့အတွက် ကိုယ်ရတဲ့အချိန်တွေမှာကိုယ့်ဘဝအတွက် စိတ်ကျေနပ်ပျော်ရွှင်နေဖို့ကအရေးကြီးပါတယ်။ ငွေရေးကြေးရေးဆိုတာ ဘဝအတွက် တစ်ထောင့်တစ်နေရာမှာအရေးပါကောင်းပါနိုင်ပေမယ့် ရာနှုန်းပြည့်အရေးကြီးတဲ့ အခြင်းအရာတော့ မဟုတ်ပါဘူး။ ကိုယ်ဖြတ်သန်းနေတဲ့ ကာလတစ်ခုအတွင်းမှာအဓိပာယ်ရှိတဲ့အလုပ်တွေကိုပဲလုပ်ကိုင်မယ်။ အကုသိုလ်တရားနည်းနိုင်သမျှ နည်းအောင်နေထိုင်မယ်။ ကိုယ်လုပ်ခဲ့တဲ့အရာတွေအတွက် နောက်ဆံတင်းနေစရာမလိုဘူး။ နောင်တရနေစရာမလိုဘူး။ ကိုယ်နေတဲ့အချိန်တိုင်းဟာကိုယ့်ဘဝအတွက် ပျော်ရွှင်ပြည့်စုံမှုကိုပဲခံစားနေရဖို့သာအရေးကြီးပါတယ်။
Faith is taking the first step even when you don’t see the whole staircase.
ယုံကြည်ခြင်းဆိုတာ လှေကားထစ်အားလုံးကိုမမြင်ရရင်တောင်မှ ပထမဆုံးခြေလှမ်းကိုစတင်လှမ်းလိုက်ခြင်းပါပဲတဲ့။ဒီစကားကို ပြောခဲ့တဲ့ ကမ္ဘာကျော်လူသားကတော့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမေရိကန်လူမျိုး လူ့အခွင့်အရေးဦးဆောင်လှုပ်ရှားသူတစ်ဦး ဖြစ် ဘုန်းတော်ကြီးတစ်ပါးလည်းဖြစ်တဲ့ Martin Luther King Jr. ပဲဖြစ်ပါတယ်။ သူ ပြောပြခဲ့တဲ့ ဒီစကားကလည်း ယုံကြည်မှုနဲ့ ပတ်သက်ပြီး တကယ့်ကိုမှ မှတ်သားထားစရာ စကားတစ်ခွန်းဖြစ်ပါတယ်။ ဘယ်ကိစ္စ ကိုပဲ လုပ်ဆောင်လုပ်ဆောင် ကျွန်တော်တို့တတွေ ပထမဆုံးလုပ်ဆောင်မှုတစ်ခုနဲ့ပဲ စတင်ရပါတယ်။ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ အရာအားလုံးမူလပထမလုပ်ဆောင်မှုတစ်ခု၊ ခြေလှမ်းတစ်ခုကနေပဲ စတင်ခဲ့ကြတာချည်းပါပဲ။
အဲဒီပထမခြေလှမ်းကပဲ အောင်မြင်မှုတွေဆီကို ကျွန်တော်တို့ကိုခေါ်ဆောင်လို့သွားတာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အောင်မြင်မှုပန်းတိုင် က ဘယ်လောက်ဝေးနေပါစေ။ စတင်ခြင်းခြေလှမ်းတစ်ခုကသာ အရေးကြီးတဲ့အရာပါ။ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် စတောင်မစရသေး ခင်ကြောက်လန့်နေမယ်ဆိုရင် လူ့ဘဝမှာ အခါခါရှုံးနိမ့်နေမှာပါ။ လူညံ့တစ်ယောက်ပဲဖြစ်နေတော့မှာပါ။ ကိုယ်လိုချင်တဲ့ အောင်မြင်ခြင်းဆိုတာ ဘယ်ဆီမှာမှန်းမသိရင်တောင်မှ မိမိကိုယ်ကိုအောင်မြင်ရမယ်ဆိုတဲ့ ယုံကြည်ခြင်းစိတ်တစ်ခုတည်းနဲ့ ပထမ ဆုံးခြေလှမ်းတွေကို အောင်မြင်တဲ့သူတိုင်းလှမ်းခဲ့ကြပါတယ်။ ခက်ခဲရင်လည်း ခက်ခဲမယ်။ ကံကောင်းချင်လည်းကောင်းမယ်။ ရှေ့ မှာ ဘာတွေ ဘယ်လိုဆီးကြိုနေမယ်ဆိုတာ မသိမမြင်ဘဲနဲ့ ပထမဆုံးခြေလှမ်းတွေနဲ့ အောင်မြင်ခြင်းဆီကို ချီတက်ခဲ့ကြပါတယ်။ အဲဒီလို ပထမဆုံးသောယုံကြည်ခြင်းခြေလှမ်းတွေကပဲ နောက်ဆုံးမှာ ပန်းတိုင်ကို အရောက်ပို့ပေးနိုင်ခဲ့ပါတယ်။
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
From the publisher's feed
Wherever you go PadamyarFM will be there with you...