
Sign up to save your podcasts
Or


Confidence doesn’t come when you have all the answers. But it comes when you are ready to face all the questions.
လောကမှာ ရုန်းကန်လှုပ် ရှားနေကြတဲ့ လူသားတိုင်း လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့နေရာမှာ မိမိကိုယ်ကိုယုံကြည်မှု ဆိုတာ သိပ်ကိုမှလိုအပ်ပါတယ်။ မိမိ ကိုယ်ကို ယုံကြည်မှုမရှိဘဲ လုပ်ဆောင်လိုက်တဲ့ အလုပ်ဆိုတာ ပြီးမြောက်သွားတယ် ဆိုရင် တောင်မှ ဆားမပါတဲ့ဟင်းလို ပေါ့ရွှတ် ရွှတ်ဖြစ်နေတတ်ပါတယ်။ တကယ်တော့ လုပ်ငန်းကိစ္စတစ်ခုအောင်မြင် အထမြောက် သွားစေဖို့က လုပ်ဆောင်ကြိုးပမ်းသူရဲ့ စိတ် ထဲမှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်စိတ်က ရာခိုင်နှုန်းတော်တော်များများအရေးပါ ပါတယ်။ မိမိကိုယ်တိုင်က ယုံကြည်မှုရှိရှိနဲ့ စတင်ကတည်းက အားမာန်အပြည့်နဲ့ လုပ်ဆောင်သွားမှသာလည်း ပင်ပန်းမှုတွေကို လည်း မေ့ထားနိုင်မှာဖြစ်သလို ကျရှုံးမှုတွေ နဲ့ မတော်တဆကြုံဆုံခဲ့ရရင်တောင်မှ အသစ်ပြန်လည်ကြိုးစားဖို့ တွန်းအားတစ်ခု လည်းဖြစ်နေပါလိမ့်မယ်။ တကယ်တမ်း မိမိ ကိုယ်ကို ယုံကြည်မှုဆိုတာ မိမိကိုယ်ကို အောင်နိုင်ခြင်းပါပဲ။ လောကမှာ ကိုယ်ကို ကိုယ်အောင်နိုင်ထားမှလည်း တခြားသောအရာ တွေကို လုပ်ဆောင်တဲ့နေရာမှာ အောင်မြင်ဖို့ အခြေအနေကောင်းနိုင်မှာပါ။
ဒီနေ့အတွက်စကား
One of my greatest accomplishments is keeping my mouth shut even when I’m pissed off.
ဒီနေ့အတွက်စကား
ငါ့ရဲ့ကြီးကျယ်သောမဟာအောင်မြင်မှုတွေထဲကတစ်ခုကတော့ ငါအမှန်တကယ်စိတ်ကုန်နေတဲ့အချိန် ငါ့ပါးစပ်ကို ပိတ်ထားလိုက် နိုင်ခြင်းပါပဲတဲ့။ဒီစကားကတော့ စကားနည်း ရန်စဲဆိုတဲ့ မြန်မာစကားပုံနဲ့လည်း ခပ်ဆင်ဆင်အဓိပ္ပာယ်ရှိတဲ့စကားလည်းဖြစ်ပါ တယ်။ အထူးသဖြင့် ကိုယ့်ဘဝရဲ့ နေ့ရက်တွေ ထဲမှာ တပါးသူရဲ့ပယောဂကြောင့် အကြီးအကျယ်ကြီးကို စိတ်ပျက်နေတာ၊ စိတ်ကုန်နေတာ၊ ဒေါသထွက်စရာတွေဖြစ်နေရင် တောင်မှ ပညာရှိအမျက်အပြင်မထွက်ဆိုသလို ကိုယ့်ရဲ့စိတ်ထဲက အပူမီးတွေ၊ ဒေါသတွေ၊ ရန်လိုခြင်းတွေကို ကိုယ့်အနေနဲ့ ကိုယ့်ပါးစပ်ကနေ အထွက်မခံဘဲ ထိန်းသိမ်းလိုက်နိုင်ခြင်းဆိုတာ သိပ်ကိုမှ ကြီးကျယ်တဲ့အောင်မြင်မှုတစ်ခု၊ မဟာအောင်မြင်မှုကြီးလို့ ပြောလို့ရပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်တကယ်စိတ်ဓါတ်တွေ ပျက်ပြားနေတဲ့အချိန်၊ စိတ်ကုန်ပြီး အားလုံးကို ရန်လိုနေတဲ့အချိန်မှာ ကိုယ်ဆီကနေ လွန်ကျူးသောစကားတွေက ထွက်သွား တတ်ပါတယ်။
ငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
When God gives you a new beginning, don’t repeat the old mistakes.
အမှားနဲ့ လူသားမကင်းကြဘူးလို့ လူတွေကပြောလေ့ပြောထရှိပါတယ်။ အလုပ်တွေဆောင်ရွက် နေတဲ့လူသားတွေအနေနဲ့ဆိုရင် အမှားတွေကို မရည်ရွယ်ဘဲဖြစ်စေ လုပ်ဆောင်မိတတ်ကြတယ်လို့ အားလုံးကလည်း ယုံကြည် လက်ခံထားကြပါတယ်။ ဒါဟာလည်း မှန်သင့်သလောက် မှန်တဲ့စကားတစ်ခုပါပဲ။ ကျောက်ခေတ်ကနေစလို့ လူသားတွေ တီထွင် မှုတွေကိုလုပ်ဆောင်လာကြတယ်။ မှောင်မိုက်လွန်းတဲ့ ကျောက်ဂူအောင်းလူသားဘဝကနေ ကျောက်တုံးချင်းပွတ်တိုက်ခြင်းနဲ့ မီး ဆိုတဲ့အသုံးတည့်တဲ့အရာကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ထို့အတူပဲ အသုံးမတတ်လွန်ကျူးသုံးစွဲမိရာကနေ တောမီးတွေလောင်ပြီး မလိုအပ်ဘဲ တစ်ချို့သောအရာတွေ လောင်ကျွမ်းပြာကျခဲ့ရတယ်။
If you love someone, set them free. If they come back they’re yours. If they don’t they never were.
တစ်စုံတစ်ယောက်ကို တကယ်တမ်း ချစ်မြတ်နိုးတယ် ဆိုရင် ကိုယ့်အနားမှာရှိနေစေချင်တဲ့ အတ္တစိတ်တွေက လူတော်တော်များ များမှာဖြစ်ပေါ်တတ်ပါတယ်။ ချစ်တဲ့သူကို အနားမှာပဲ ခေါ်ထားချင်တယ်။ နေ့ရက်တွေကို အတူတူဖြတ်သန်းချင်တယ်။ အေး အတူပူအမျှနေထိုင်သွားချင်တယ်။ ဒါဟာ လူသားဆန်တဲ့ အတ္တစိတ်တစ်မျိုးပါပဲ။ အဲဒီလိုနဲ့ တကယ်တမ်းချစ်တဲ့သူကိုခွဲခွာရတော့ မယ်ဆိုရင် ပူဆွေးသောကတွေကိုခံစားရပါလိမ့်မယ်။ ဒါပေမယ့် သေသေချာချာစဉ်းစားကြည့်မယ်ဆိုရင် ကိုယ့်ချစ်တဲ့သူဆိုတာ လည်း လူသားတစ်ယောက်လို လွတ်လပ်တဲ့အရသာကို ခံစားပိုင်ခွင့် ကိုယ့်စိတ်နဲ့ကိုယ့်ကို နေထိုင်ချင်တဲ့စိတ်တွေရှိမှာပါပဲ။
ကိုယ်က ချစ်ခင်မြတ်နိုးလွန်းတဲ့စိတ်တစ်ခုတည်းနဲ့ ကိုယ့်အတ္တတစ်ခုကိုရှေ့တန်းတင်လို့ အနားမှာနေချင်သည်ဖြစ်စေ ထွက်သွား ချင်သည်ဖြစ်စေ ဂရုစိုက်တွေးမပေးတော့ဘဲ ကိုယ့် အနားမှာသာ ထာဝရခေါ်ထားမယ်ဆိုရင် သူတကယ်တမ်းမပျော်တဲ့အခါမှာ နှစ်ယောက်ကြားက ဆက်ဆံရေးကရော ကောင်းမွန် နိုင်ပါ့မလား။ သူ့ဘဝအတွက် သူကိုယ်တိုင်ဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိတဲ့ နေရာမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကြည်ကြည်ဖြူ ဖြူ ကျေကျေနပ်နပ် နေထိုင်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုနဲ့ ကိုယ်ခန္ဒာချင်း ကသာ အနီးဆုံးမှာ အတူတူရှိနေပေမယ့် စိတ်တွေကတော့ အဝေးဆုံးတစ်နေရာဆီကိုရောက်နေတဲ့အဖြစ်မျိုးဖြစ်သွားနိုင်ပါတယ်။ တကယ်တော့ အချစ်ဆိုတာ ကိုယ့်ဘက်က တစ်ဖက်သတ် ပေးဆပ်နေရုံနဲ့လည်း အဝေးတစ်နေရာကနေ ငေးကြည့်နေရုံနဲ့လည်း ပြည့်စုံနိုင်တဲ့ အရာတစ်ခုပါပဲ။
ပတ္တမြားFM ကို အားပေးနားဆင်နေကျသော ပရိသတ်များအားလုံး မင်္ဂလာပါ။သောတရှင်များ အတွက် အခုတခါ တင်ဆက်ပေးမယ့် အစီစဉ်လေး ကတော့ Songs In Yangon အစီအစဉ်ပဲ ဖြစ်ပါတယ်။
အပတ်စဉ် Monday နှင့် Thursday 8:00 PM တွင် စောင့်မျှော် နားဆင်နိုင်ပါတယ်........
If you don’t like where you are, move. You are not a tree.
တစ်ရွာမပြောင်းသူကောင်းမဖြစ်တဲ့။ ကိုယ်ရောက်ရှိနေတဲ့နေရာတစ်ခုတည်းမှာပဲ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုမရှိဘဲ နေထိုင်နေရ၊ ရပ်တန့်နေရတဲ့သူတွေရည်ရွယ်ပြီးပြောထားတဲ့ ရှေးမြန်မာစကားပုံတစ်ခုပါ။
ကျွန်တော်တို့လူသားတွေမှာ တစ်ခါတစ်ရံမှာ ကံတရားရဲ့ ကျီစားမှုကြောင့် ကိုယ်နဲ့ မအပ်စပ်တဲ့နေရာမျိုးတွေမှာ နေထိုင်နေရ တာမျိုး၊ အလုပ်လုပ်ကိုင်နေရတာမျိုးတွေဖြစ်တတ်ပါတယ်။ တစ်ချို့သော ကိုယ့်စိတ်နဲ့ ထပ်တူမကျတဲ့လုပ်ငန်းခွင်တွေမှာ လုပ် ကိုင်ရင်းနဲ့ နေ့တွေလတွေနှစ်တွေသာ ကုန်ဆုံးသွားတယ်။ ကိုယ့်အနေနဲ့ လုပ်ကိုင်နေရတာလည်း သာမာန် တာဝန်ကျေရုံသာ စိတ်ထည့်နိုင်တယ်။ တခါတလေမှာ လုံးဝကို မလုပ်ချင်မကိုင် ချင်တဲ့စိတ်တွေက ကြီးစိုးလွန်းတဲ့အခါမှာ ကိုယ့်စိတ်ကိုကိုယ်ပဲ ဖိစီးမှုတွေဖြစ်စေနိုင်ပါတယ်။
အဲဒီလို လုပ်ငန်းခွင်မှာ ကျွန်တော်တို့ ဘာလို့ လုပ်ကိုင်နေရပါသလဲ။ ကိုယ့်စိတ်မပါတဲ့အလုပ်တစ်ခုမှာ ကိုယ်ရရှိထားတဲ့ ပညာ အရည်အချင်းကြောင့်ဖြစ်စေ၊ ဘဝပေးအ ခြေအနေအရဖြစ်စေ၊ အလုပ်တစ်ခုမလုပ်မဖြစ်တဲ့ စားဝတ်နေရေး အကြပ်အတည်း ကြောင့်ဖြစ်စေ လုပ်ကိုင်နေရတတ်ပါတယ်။ ဒီလိုနဲ့ လူ့ဘဝကို ပျင်းရိငြီးငွေ့ခြင်းများစွာနဲ့ ဖြတ်သန်းရင်း ကိုယ်ရဲ့နေ့ရက်တိုင်းဟာ အဓိပ္ပာယ်ကင်းမဲ့နေတတ်ပါတယ်။
A stone is broken by the last stroke of hammer. This doesn’t mean that the 1st stroke is useless. Success is the result of continuous and persistent efforts.
အောင်မြင်ခြင်း။ အင်္ဂလိပ်ဘာသာနဲ့ဆိုရင် Success၊ စကားလုံးကရှုပ်ထွေးခြင်းမရှိ၊ မှတ်ရလွယ်ကူပေမယ့် တကယ်တမ်း လက်တွေ့မှာ ရယူနိုင်ဖို့အတွက်တော့ တကယ့်ကိုမှ ခက်ခဲပါတယ်။ လောကမှာရှိတဲ့ သက်ရှိလူသားတိုင်း အောင်မြင်ခြင်းကို လိုချင်ကြပါတယ်။ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ချင်ကြပါတယ်။ အောင်မြင်တဲ့သူတွေလည်းအများကြီးရှိသလို အောင်မြင်ခြင်းကနေ သွေဖီပြီး ကျရှုံးခြင်းမှာပဲ တဝဲလည်လည်ဖြစ်နေတဲ့သူတွေ လည်း အများကြီးရှိပါတယ်။
တကယ်တော့ အောင်မြင်ခြင်းဆိုတာ ဘာလဲ။ အောင်မြင်ဖို့အတွက် အဓိကလိုအပ်တဲ့ သော့ချက်ကဘာလဲ။
ရှင်းရှင်းလေးပဲပြောရမယ်ဆိုရင် တော့ အောင်မြင်ချင်ရင် အရင်ဆုံး အောင်မြင်အောင်လုပ်ဆောင်နိုင်တဲ့စွမ်းအားလိုအပ်ပါတယ်။ အောင်မြင်စေဖို့ စွမ်းအားဆိုတာ ဘယ်လိုမျိုးပါလဲ။ အောင်မြင်တဲ့အထိ မဆုတ်မနစ်လုပ်ဆောင်ကြိုးပမ်းရမယ်။ လိုအပ်တဲ့ ဖြည့်တင်းစရာတွေကို ဖြည့်တင်းသိုမှီး မယ်။ ဘယ်လိုအခက်အခဲအတားအဆီးတွေကို တွေ့ကြုံနေရပါစေ။ လွယ်လင့်တကူ လက်မလျော့ဘဲ ကိုယ်ရောက်ချင်တဲ့နေရာ၊ ကိုယ်ဖြစ်ချင်တဲ့ကိစ္စ၊ ကိုယ်လိုချင်တဲ့ အောင်မြင်မှုရတဲ့အထိ ကျားကုတ်ကျားခဲ လုပ်ဆောင်မှုတွေလိုအပ်ပါတယ်။
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
Take every chance you get in life, because some things only happen once.
အခွင့်အရေးကောင်းဆိုတာ ဘဝမှာအမြဲတမ်းမရနိုင်ပါဘူး။ အဲဒီလို အမြဲတမ်းမရနိုင်တဲ့ အခွင့်အရေးကောင်းကို ရပြီ ဆိုတာနဲ့ ကိုယ့်လက်ထဲကနေ လွတ်ထွက်မသွားရအောင်ကြိုးစားဖို့လိုပါတယ်။ အခွင့်အလမ်းကောင်း အခွင့်အရေးကောင်းဆိုတာ တစ်ခါ တစ်လေမှာ တစ်ကြိမ်တစ်ခါလောက်သာ လာတတ်သလို လာခဲတဲ့အရာဖြစ်လို့ပါ။ အခွင့်အရေးကောင်းဆိုတဲ့နေရာမှာ ဘယ်လို အရာတွေကို ပြောသလဲဆိုရင် ကိုယ်ဘဝရဲ့ ရှင်သန်နေထိုင်နေစဉ်အချိန်အတွင်းမှာ ဖြတ်သန်းလာသမျှ မိနစ်တိုင်း နာရီတိုင်းက ကိုယ့်အတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်နိုင်ပါတယ်။
တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေအတွက် စာမေးပွဲမဖြေဆိုခင်အချိန်တွေ တိုင်းဟာ သူတို့အတွက် အခွင့်အလမ်းကောင်းပါပဲ။ ကိုယ်စွမ်းရှိသလောက်ကြိုးစားဖို့ အခွင့်အရေးတွေအများကြီးရှိပါတယ်။ ရသလောက်အချိန်မှာ စာတွေ ကို ကျေညက်နားလည်တဲ့ အထိ ကြိုးစားကျက်မှတ်မယ်ဆိုရင် စာမေးပွဲမှာလည်း ဉာဏ်စွမ်း ရှိသလောက်အစွမ်းကုန်ဖြေဆိုနိုင်ပြီး ထူးထူးချွန်ချွန်အောင်မြင်နိုင်မှာပါ။
အလုပ်အကိုင်ရှာဖွေနေရတဲ့သူ့အဖို့ အခွင့်အလမ်းကောင်းကတော့ ကောင်းမွန်တဲ့ကုမ္ပဏီ၊ အလုပ်မှာလုပ်ခွင့် အောင်မြင် တိုး တက်ဖို့ တက်လမ်းတွေအများကြီးရှိတဲ့ အလုပ်ခွင်မှာလုပ်နေရခွင့်ပဲဖြစ်ပါတယ်။ ဒီလိုအခွင့်အလမ်းကောင်းကို ဘယ်လို ထိန်းသိမ်း ရမလဲဆိုတော့ လုပ်ငန်းခွင်ထဲမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သူ့အလုပ်ကိုယ့်အလုပ်မခွဲဘဲ စေတနာတရားထားပြီး ကြိုးစား လုပ် ကိုင်ရပါမယ်။ လုပ်ငန်းခွင်မှာလည်း လူချစ်လူခင်ပေါပေါများများနဲ့ နေပျော်ဖွယ်ပတ်ဝန်းကျင်ဖြစ်အောင် ကြိုးစား တည်ထောင်ရ ပါမယ်။
From the publisher's feed
Wherever you go PadamyarFM will be there with you...