Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    Nobody is worth stressing over. Move on. It’s okay to leave people behind. Go find yourself. The world is yours. Life goes on.

    ဒီနေ့အတွက်စကား

    တစ်ခါတစ်လေမှာ တစ်ချို့သောသူတွေက ပူးပေါင်းဆောင်ရွက် တဲ့ နေရာမှာ အားသန်လေ့ရှိကြပါတယ်။ ဘယ်အလုပ်ကိစ္စကို မဆို သူတပါးနဲ့အတူလုပ်တာ၊ သူတပါးကိုအားကိုးမဏ္ဍိုင်ပြုတတ်တာတွေရှိပါတယ်။ ခရီးတစ်ခုထွက်တော့မယ်ဆိုရင် ဟို့လူကို တိုင်ပင်ရတာနဲ့ ဒီလူ့ကိုခေါ်ချင်ရတာနဲ့ ဖြစ်တတ် ပါတယ်။ ဒီလိုနဲ့ ခရီးတစ်ခုသွားဖို့အရေးက ကိုယ့်အနေနဲ့တစ်ယောက်တည်း ဆိုရင် အထမြောက်သွားနိုင်ပေမယ့် ဟိုလူဒီလူတွေ ရဲ့ တွေဝေစဉ်းစားနေမှုတွေကြောင့် ခရီးစဉ်တွေပျက်တတ်ပါတယ်။ 

    ကိုယ်ဘာသာလုပ်စရာရှိတာကိုမလုပ်ဘဲ တပါးသူကို အဖော် ညှိနေတဲ့အခါမှာ လုပ်စရာရှိတဲ့အလုပ်က မလုပ်ဖြစ်ဘဲ ကြံ့ကြာ နေတတ်ပါတယ်။ ပေးထားတဲ့ဥပမာလိုပဲ တစ်ချို့သောအလုပ်တွေ က ခရီးတစ်ခုသွားသလိုဘဲ ကိုယ့်စိတ်ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်ဆောင်လိုက်ရင် ပြီးစီးသွားနိုင်ပေမယ့် တပါးသူကို စောင့်ဆိုင်း နေရတာ၊ ဘက်မညီတဲ့သူရဲ့ပယောဂကြောင့် ပြီးစီးရမယ့် အချိန်မပြီးတာ၊ မလိုအပ်ဘဲ အချိန်တွေဖင့်နေတာ၊ ပိုပြီးဆိုးတာက ကြံစည်ထားသမျှအကုန်လွဲချော်ပြီး မပြီးမြောက်တော့တာမျိုး တွေဖြစ်တတ်ပါတယ်။

    ဘယ်သူကမှ ကိုယ့်အတွက်စိတ်ဖိစီးစေရလောက်အောင်မထိုက်တန်ပါဘူး။ သွားစရာရှိတာ ရှေ့ဆက် သွားပါ။ မလိုတဲ့ လူတွေကို နောက်မှာချန်ထားခဲ့လိုက်ပါ။ ကိုယ့်ဘာသာသွားပါ။ ကမ္ဘာကြီးနဲ့ သင့်ဘဝက သင့်အတွက်ပါပဲ။ 


    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Happiness has nothing to do with your life’s circumstances, its based on your ability to accept the things you are experiencing.

    ဒီနေ့အတွက်စကား

    လောကမှာရှင်သန်နေထိုင်ကြတဲ့ သက်ရှိတိုင်း ပျော်ရွှင်တဲ့ဘဝကိုလိုချင်ကြပါတယ်။ ပျော်ရွှင်မှုကို လိုက်လံ ရှာဖွေနေတတ်သလို ပျော်ရွှင်မှုကို မြတ်နိုးတွယ်တာတတ်ကြပါတယ်။ ဒါကြောင့် လောကသားတွေအတွက် ပျော်ရွှင်ခြင်းဆိုတာ လိုအပ်တဲ့ စိတ် ကျန်းမာရေးဆိုင်ရာဆေးဝါးလို့ ပြောလို့လည်းရပါတယ်။ ပျော်ရွှင်ခြင်းကို လိုက်လံရှာဖွေနေကြတဲ့ လူသားတွေ ပျော်ရွှင်ခြင်း အစစ်အမှန်ဆိုတာကို ဝေးဝေးလံလံမှာလိုက်ရှာဖွေနေစရာ တော့မလိုပါဘူး။ 

    တစ်ချို့က ပစ္စည်းအသစ် အဆန်းတွေ ဝယ်ယူအသုံးပြုနိုင်ရင် ပျော်ရွှင်မယ်လို့ မှတ်ယူကြတယ်။ တစ်ချို့ကတော့ ငွေကိုရေလို ဖောဖောသီသီသုံးစွဲနိုင်ရင် ပျော်ရွှင်မယ်လို့ ယုံကြည်ကြတယ်။ တစ်ချို့ကတော့ ဖျော်ဖြေရေးတွေကို ကြည့်ရှုခံစားနိုင်ရင် ပျော်ရွှင်မယ်လို့ ထင်မှတ်ကြတယ်။ ဒီလိုနဲ့ ပျော်ရွှင်ခြင်းနောက်ကို လိုက်ရင်းလိုက်ရင်း ပျော်ရွှင်ခြင်းနဲ့ လွဲချော်နေတတ်ပါတယ်။ တကယ်တော့ သူတို့ခံယူထားတဲ့ ပျော်ရွှင်ခြင်းရဲ့ အဓိပ္ပာယ်ကိုက လွဲမှားနေတာကို။ 

    ဘဝဆိုတဲ့ အက္ခရာ၂လုံးထဲနဲ့ ကျွန်တော်တို့အပေါ် ပေးနေတဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ၊ အခြေအနေ အဖြစ်အပျက် တွေအများကြီးထဲမှာ ပျော်ရွှင်ခြင်းကို တွေ့အောင်လိုက်ရှာရင်း ကျွန်တော်တို့တတွေ မောနေတတ်ပါတယ်။ 


    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

    12 min
  • ဒီနေ့အတွက်စကား

    The fear you build in your mind is worse than the situation that actually exists.

    ဒီနေ့အတွက်စကား

    ဒီစကားလေးကတော့ ကိုယ့်ရဲ့ကြောက်ရွံ့စိတ်ကြောင့် လုပ်ငန်းဆောင်တာတွေ နှောင့်နှေးနေတတ်တဲ့ သူတွေအတွက် သတိပေးထားတဲ့ စကားပါ။ ဒီစကားကိုတော့ အမေရိကန်လူမျိုး စိတ်ဓါတ်မြှင့်တင်ရေးစာရေးဆရာ Nick Matthews ကပြောကြားထားတာဖြစ်ပါတယ်။ သူပြောထားသလိုပါပဲ။ ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ဖြစ်တည်နေတဲ့ ကြောက်ရွံ့စိတ် တွေက အပြင်လက်တွေ့မှာ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ အခက်အခဲအတားအဆီးထက်ကို ပိုပြီးတော့ ဆိုးနေတတ်ပါတယ်။ တကယ်တမ်း အခက်အခဲအတားအဆီးတွေကို ဖြတ်ကျော်ပြီးလိုက်တဲ့အခါမှာတော့ တကယ်တမ်း ကိုယ်ရဲ့ ကြောက်ရွံ့မှုဖြစ်ခဲ့ ရသလောက်မဟုတ်ပါလားဆိုတာကို သိလာပါလိမ့်မယ်။ 

    တစ်ချို့တွေကရှိပါတယ်။ ဘာဆိုဘာမှ မစရသေးခင်မှာကို ဖြစ်ပါ့မလား။ ကိုယ်လုပ်လိုက်လို့ တစ်ခုခုအဆိုးများဖြစ်သွားမလားဆိုပြီး ကြောက်ရွံ့တတ်ကြပါတယ်။ တစ်ချို့တွေကျပြန်တော့လည်း တခြားပြင်ပက လူတွေရဲ့ အသားလွတ်ခြိမ်းခြောက်မှုပယောဂတွေကြောင့် လုပ်ကိုင်လုဆဲဆဲအချိန်အထိ ချီတုံချတုံဖြစ်ပြီး အကြောက်လွန်ခြင်းရဲ့ရလာဒ်အနေနဲ့ နောက်ဆုံးဘာမှမလုပ်ကိုင်ဖြစ်တော့တဲ့အထိဖြစ်တတ်ပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ စိတ်ထဲမှာ ရဲရင့်ပြတ်သားခြင်းဆိုတာကို အဲဒီကြောက်ရွံ့စိတ်ကဖုံးလွှမ်းသွားပြီး နောက်ဆုံးမှာ ကိုယ့်ကို အောင်မြင်ပြီးမြောက်မှု ရဲ့ဝေးရာကို ခေါ်ဆောင်သွားနိုင်ပါတယ်။

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....


    15 min
  • ဒီနေ့အတွက်စကား

    I have been broken. I have known hardship and I have lost myself. But here I stand, still moving forward and growing stronger each day. I will never forget the harsh lessons in my life. They made me stronger. 

    ကျွန်တော်တို့သက်ရှိလူသားတိုင်းမှာ အိပ်မက်တွေ ကိုယ်စီကိုယ်စီရှိတတ်ကြပါတယ်။ တစ်ချို့ကတော့ အဲဒီအိပ်မက်ကို မက်ခဲ့တဲ့ အိပ်ရာထဲမှာပဲထားခဲ့ပြီး တစ်ချို့တွေကတော့ အဲဒီအိပ်မက်ရဲ့နောက်ကို မရမကလိုက်တတ်ကြပါ တယ်။ အိပ်မက်ကို အပြင်မှာ တကယ်မဖြစ်ဖြစ်အောင်ကြိုးစားတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ လူတော်နဲ့ လူညံ့ဆိုပြီး လူအမျိုးအစား ရလာဒ်၂ခုဖြစ်သွားပါတယ်။ တကယ်တော့ လူတိုင်းအိပ်မက်မက်တာချင်း အတူတူမှာ ဘာလို့ရလာဒ်တွေမတူတာလဲဆိုရင်တော့ လုပ်ဆောင်မှုတွေ၊ လုပ်ဆောင်ချင်စိတ်တွေမတူလို့ပါ။ ဒါကြောင့် ကိုယ်ကအောင်မြင်တဲ့သူ သူများထက် ထူးချွန်ကျော်ကြားတဲ့သူ ဖြစ်ချင်ရင်တော့ အိပ်မက်ကို အိပ်မက်အတိုင်း ထားခဲ့လို့မရပါဘူး။ အိပ်မက်ကနေ လက်တွေ့ ဖြစ်အောင်ကြိုးစားရမှာပါ။ 

    ကြိုးစား ချင်စိတ်ကြောင့် ကြိုးစားနေရင်းကလည်း လူတန်းစား နှစ်မျိုးထပ်လို့ကွဲပြန်ပါတယ်။ အဲဒါကတော့ ရှုံးနိမ့်မှု လဲပြိုကျမှု တွေရဲ့ ဒဏ် ကို ခံနိုင်ရည်ပေါ်မူတည်သွားတာပါ။ တစ်ချို့ကတစ်ခါ ကြိုးစားပြီး အနည်းငယ် မှားယွင်းမှုကြောင့် ဆုံးရှုံးသွား ရတဲ့အခါ လွယ် လွယ်လေးနဲ့ပဲ လက်လျော့တတ်ကြပါတယ်။ တစ်ချို့ ကတော့ ကျားကုတ်ကျားခဲ မရရအောင် လဲရင်ပြန်ထ မှားရင်ပြန်ပြင်နဲ့ နောက်ဆုံးတော့ ကိုယ်လိုချင်တဲ့အောင်မြင်မှု ကို ရရှိကြ ပါတယ်။ 

    3 min
  • ဒီနေ့အတွက်စကား

    Love isn’t when there are no fights in a relationship. Love is when once the fight ends, love is still there.

    ဒီနေ့အတွက်စကား

    အချစ်ကို လူတိုင်းလူတိုင်း အဓိပာယ်အမျိုးမျိုးဖွင့်ကြပါတယ်။ ကမ္ဘာဦးအစကတည်းက ဖြစ်တည်လာတဲ့ မမြင်မတွေ့နိုင်ဘဲ ထိတွေ့ခံစားနေရတဲ့ အဲဒီစိတ္တဇနာမ်တစ်ခုရဲ့ စွမ်းပကားကလည်း ကမ္ဘာကြီးကို ပြောင်းလဲ စေတဲ့ အရာတွေထဲမှာ တစ်ခုအပါအ ဝင်ဖြစ်ပါတယ်။ အဲဒီတော့ အချစ်ဆိုတာ ဘာပါလဲ။ အထူးသဖြင့် အချစ်စစ်အချစ်မှန်ဆိုတာ ဘာလဲ။ မေးခွန်းတိုင်းမှာ အဖြေတွေ ကွဲလဲစွာနဲ့ ပေါ်ထွက်လာစမြဲပါ။ တစ်ချို့ကဖြေပါလိမ့်မယ်။ အချစ်စစ်ဆိုတာ ကိုယ်ချစ်ရတဲ့သူပျော်ရွှင်ဖို့ ပေးဆပ်ဖြစ်တည်နေတဲ့ အရာ၊ တစ်နည်းပြောရရင် စွန့်လွတ်ပေးဆပ်ခြင်းပေါ့။ တစ်ချို့ကတော့ ငြင်းပါလိမ့်မယ်။ ကိုယ်ချစ်တဲ့သူကို ကိုယ့်အနားမှာ အပြီး အပိုင်ထားပြီး အတူတူဘဝကိုရပ်တည်ခြင်း၊ တစ်နည်းပြောရရင်တော့ ပိုင်ဆိုင်ရယူခြင်းပေါ့ဗျာ။ အဲဒီလို ဆန့်ကျင်ဘက်အဖြေနှစ်ခု ကို ပေါ်ထွက်စေတဲ့ အချစ်စစ်အချစ်မှန်ဆိုတာ တကယ်တော့ ဘယ်ဟာက အမှန်လဲ။ အရင်ကတည်းကလည်း တိတိကျကျမသိ သလို အခုထက်ထိလည်း အငြင်းပွားနေဆဲ ပုစ္ဆာတစ်ပုဒ်ပါ။ တကယ်တော့ အချစ်ဆို တာ ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်တည်တဲ့အရာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့စိတ်ထဲကခံယူချက်ပေါ်ပဲမူတည်ပါတယ်။

    အချစ်စစ်ဆိုတာ ရန်ဖြစ်မှုတွေ ပြဿနာတွေမရှိတဲ့ပေါင်းသင်းဆက်ဆံရေးတစ်ခုကိုဆိုလိုတာမဟုတ်ပါဘူး။ ပြဿနာတွေ ပြီးဆုံး သွားတဲ့အချိန်အထိ အချစ်ဆက်လက်ရှိနေဆဲဆိုရင်သာ အဲဒါအချစ်စစ်ပါ။ 

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...