
Sign up to save your podcasts
Or


Trust yourself. You’ve survived a lot. You’ll survive whatever is coming your way.
ဒီနေ့အတွက်စကား
သင့်ကိုသင်ယုံကြည်မှုရှိပါ။ သင်အများကြီးအောင်မြင်အောင်ကျော်ဖြတ်နိုင်ခဲ့တယ်။ သင့်ဆီထပ်လာဦးမယ် ဘယ်လိုအရာကိုပဲ ဖြစ်ဖြစ် သင်ဖြတ်ကျော်နိုင်ပါလိမ့်ဦးမယ်တဲ့။ ဒီစကား ကတော့ လောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ စိန်ခေါ်မှုတွေ၊ ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုထားဖို့ အတွက် သတိပေးထားတဲ့စကားတစ်ခွန်းပါ။ လောကအလယ်မှာ ရှင်သန် ရုန်းကန်နေကြရတဲ့ ကျွန်တော်တို့လူသားတွေ အမြဲတမ်းအောင်မြင်နိုင်ဖို့လည်းမလွယ်သလိုအမြဲတမ်းတော့လည်း ကျရှုံး နေမှာ မဟုတ်ပါဘူး။ အောင်မြင်နေတဲ့သူကလည်း ကိုယ့်ရဲ့အောင်မြင်မှုနဲ့ထိုက်တန်တဲ့ပေးဆပ်မှု၊ အရည်အသွေးကို ထိန်းသိမ်းနိုင်မှု မရှိဘူးဆိုရင် အချိန်မရွေးကျရှုံးသွားနိုင်ပါတယ်။ ဒီလိုပါပဲ။ အောင်မြင်ဖို့အတွက် ကျားကုတ်ကျားခဲကြိုးစေနေတဲ့သူ အခုချိန်မှာ မအောင်မြင်သေးဘူးဆိုရင်တောင်မှ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အောင်မြင်မှုကိုသိမ်းပိုက်နိုင်မှာပါ။
ငါ့ကျမှ ဘယ်လောက်ပဲကြိုးစားကြိုးစား အောင်မြင်မလာဘူးဆိုတဲ့ စိတ်ပျက် လက်ပျက်အတွေးတွေကိုစိတ်ထဲကနေ ထုတ်ထား လိုက်ပါ။ ကိုယ်ပေးဆပ်သလောက် ရလိုက်တဲ့ ရလာဒ်မထိုက်တန်ဘူး ဆိုရင် လည်း အရမ်းကြီး စိတ်ပျက်အားမငယ်ပါနဲ့။ ကိုယ့်ရဲ့ ကြိုးစားမှုဟာ တစ်ချိန်ချိန်မှာတော့ အရာထင်မှာပါ။ အဲဒီအချိန်မှာဆိုရင် ကိုယ်မမျှော်မှန်းထားလောက်အောင် ကြီးမားတဲ့ အောင်မြင်မှုရကိုရနိုင်ပါတယ်။ ဒါကြောင့် ကိစ္စရပ်တိုင်းကို လွယ်လင့်တကူ အရှုံး မပေးပါနဲ့။
I am in competition with no one. I run my own race. I have no desire to play the game of being better than anyone. I just aim to improve, to be better than I was before. That’s me, and I’m free.
ဒီနေ့အတွက်စကား
Care Free၊ Stress Free ဆိုတဲ့ ပူပန်မှုကင်းတဲ့၊ စိတ်ဖိစီးမှုတွေကနေကင်းဝေးတဲ့ဘဝကိုလိုချင်ကြတဲ့သူတွေအတွက် နည်းလမ်း ကောင်းတစ်ခုက ဒီနေ့အတွက်စကားမှာပါဝင်နေပါတယ်။ ကျွန် တော်တို့တတွေ လောကကြီးမှာရှင်သန်ရုန်းကန်နေရင်းနဲ့ လောဘ၊ ဒေါသ၊ မောဟမီးတွေ၊ မလိုခံခက်ခံစားချက်တွေ၊ မစ္ဆာရိယမနာလိုမှုတွေကိုခံစားရင်းနဲ့ အပူကြီးပူနေတတ်ပါတယ်။ တကယ်တော့ လူဖြစ်လာပြီဆိုတာကတကယ့်ကိုမှ ကုသိုလ်ကံတရားအကျိုးပေးကောင်းလွန်းလို့ဖြစ်လာတာပါ။ ဒီလိုမျိုးလူ့ဘဝမှာ ဘာရယ်မဟုတ်ဘဲအပူမီးတွေနဲ့ ဖြတ်သန်းရင်းအဓိပ္ပာယ်မရှိအချိန် တွေကုန်လို့ကုန်မှန်းမသိကုန်ဆုံးနေမယ်ဆိုရင်တော့ လူဖြစ်လာရတဲ့ဘဝက အလကားပဲဖြစ်နေတော့မှာပါ။
ဒီတော့ ဘဝနေထိုင် မှုတွေထဲကမှ အပူအပင်ကင်းကင်းနဲ့ စိတ်ဖိစီးမှုမရှိအောင်နေထိုင်ဖို့အတွက် နည်းလမ်းကောင်း တစ်ခုက တော့ လောကမှာတခြားသောသူတွေနဲ့ ကိုယ့်ကိုကိုယ်ဘယ်တော့မှ မနှိုင်းယှဉ်မိပါစေနဲ့။ အထူးသဖြင့် သူကသာတယ်။ ငါက နာတယ်။ ငါကသူ့ လောက်မတော်သေးဘူး။ သူဘာတွေတော်နေတယ်။ အဲဒီလိုငါလည်းတော်နေရမယ်။ ငါဟာသူ့ထက်သာကို သာရမယ်ဆိုတဲ့ စိတ်တွေ၊ အတွေးတွေကိုခေါင်းထဲကနေထုတ်ထားပါ။ ဘယ်တော့မှ တခြားသူတွေနဲ့ လိုက်ပြီးယှဉ်ပြိုင်မနေပါနဲ့။ ဒါဆိုရင် ကိုယ် လုပ်သမျှကိုကိုယ်တိုင်ကျေနပ်ပြီးမတိုးတက်နိုင်ဘူးလို့ပြောတဲ့သူတွေလည်းရှိမှာပါ။ ဒါဆိုရင်တော့ လွယ်လွယ် လေးပါ။ ကိုယ့်အ နေနဲ့ တစ်လောကလုံးမှာယှဉ်ပြိုင်စရာလူတစ်ဦးပဲရှိပါတယ်။ အဲဒီလူကတော့ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့် ဘာသာကိုယ်ပဲယှဉ် ပြိုင်ပါ။
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
ဒီနေ့အတွက်စကား
If it’s challenging you, testing you, and pushing you.It’s helping you become more of who you’re meant to be.
သင့်ကိုစိန်ခေါ်နေတာ၊ စမ်းသပ်နေတာ၊ တွန်းပို့နေတာတွေက သင့်ကိုသင်ဖြစ်လာမယ့်အတိုင်းအတာအထိ ပိုပြီးဖြစ်လာဖို့ ကူညီပေးနေခြင်းသာ ဖြစ်ပါတယ်တဲ့။ ဒီစကားကတော့ ဘဝမှာ ကိုယ့်အနေနဲ့ ဖြတ်သန်းတွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကြောက်ရွံ့ပြီး ကျော်ဖြတ်ဖို့ မဝံ့မရဲဖြစ်နေတဲ့ လူသားတွေအတွက် အသိပေးထား တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ လောကမှာ လူရယ်လို့ဖြစ်လာရင် သူ့အရွယ်အလိုက် သူ့ရဲ့ရောက်ရှိနေတဲ့အခြေအနေအလိုက် စိန်ခေါ်မှုတွေ၊ စမ်းသပ်မှုတွေကို တွေ့ကြုံရလေ့ရှိပါတယ်။
ဒီနေ့အတွက်စကား
2020. I just wanna go on more adventures. Connect with good people. Learn new positive things. And grow strong.
ဒီနေ့အတွက်စကား
ကဲ။ ကျွန်တော်တို့ ၂၀၁၉ခုနှစ်တစ်ခုလုံးကို ဒီနေ့ကို နောက်ဆုံးထားလို့ ဖြတ်ကျော်ခဲ့ကြပါပြီ။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့။ ၂၀၁၉ ဟာ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်မရနိုင်တော့တဲ့ အတိတ်ကာလတစ်ခုဖြစ်တော့မှာပါ။ ရွက်စုတ်ပြက္ခဒိန်တစ်ခုသာဆိုရင် နောက်ဆုံး ဖြဲစုတ်စရာ စက္ကူတစ်ရွက်သာဖြစ်ပါတော့တယ်။ ၂၀၁၉မှာ ဘာတွေကိုလုပ်ဆောင်ခဲ့ပြီး ဘာတွေအောင်မြင်ခဲ့လဲ။ ဘာတွေ ခံစားခဲ့ရလဲ။ ဘယ်နှစ်ခါ ကြွေးကျော်နိုင်ခဲ့ပြီး ဘယ်နှစ်ခါ ကြိတ်ငိုခဲ့ရလဲဆိုတာတော့ ဘဝရဲ့ ဒိုင်ယာရီစာမျက်နှာမှာ ပြန်ကြည့်မှပဲ သိနိုင်တော့မှာပါ။ ဒီညပြီးရင် ရောက်မယ့်၂၀၂၀လောက် ၂၀၁၉ဟာ ထင်သလောက်အရေးမပါတော့ပါဘူး။ ဒါကြောင့် နှစ်မကူးခင် နှစ်သစ်ကူးအတွက် ချမှတ်ထားရမယ့် 2020 Goals လေးတွေကို ဒီနေ့အတွက်စကားကနေ နမူနာ သဘောမျိုး ဝေမျှပေးချင်ပါတယ်။
From the publisher's feed
Wherever you go PadamyarFM will be there with you...