
Sign up to save your podcasts
Or


ဒီနေ့အတွက်စကား
You see a person’s true colors when you are no longer beneficial to their life.
ဒီစကားကတော့ ပေါင်းသင်းဆက်ဆံရေးနဲ့ ဆက်နွယ်နေတဲ့ သတိထားစရာအချက်တစ်ခုပါ။ ကျွန်တော် တု့ိနေ့စဉ်ဖြတ်သန်းနေရ တဲ့လူ့လောကကြီးထဲမှာ ကိုယ့်အတွက် မိတ်ဆွေကောင်းမိတ်ဆွေစစ်တွေ လည်းရှိနိုင်သလိုကိုယ့်အနားမှာ သူတို့လိုဘအတွက် သူတို့ကောင်းကျိုးအတွက်သာရှိနေမယ့်သူတွေ၊ ကိုယ့်အမှားကိုစောင့်နေမယ့် မိတ်ဆွေယောင်ဆောင် အတုအယောင်လူတွေ လည်းရှိကြမှာပါ။ အဲဒီလိုအမျိုးမျိုးသောစိတ်အထွေထွေရှိတဲ့လူတွေနဲ့ တွေ့ကြုံဆက်ဆံရတဲ့အခါမှာ ဘယ်လိုအချိန်မျိုးမှာသူတို့ရဲ့ စိတ်ရင်းအမှန်တွေကိုသိမြင်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာကိစ္စရပ်တစ်ခုလည်းဖြစ်ပါတယ်။
သင့်အနေနဲ့ လူတွေရဲ့စိတ်ရင်းအမှန်ကို မြင်တွေ့ရမယ့်အချိန်ကသူတို့အတွက် သင်အသုံးမဝင်တော့မယ် အချိန် ပါပဲ။ တစ်ခါတလေမှာ သူတို့ရဲ့အကျိုးကိုလိုလားနေလို့သာ ကိုယ့်ရဲ့အနားမှာရှိနေနိုင်ပေမယ့် ကိုယ်က သူတို့အတွက် အသုံးမဝင်တော့တဲ့ သူတို့အကျိုးတွေ သူတို့ရဲ့ရယူလိုစိတ်တွေကိုအပြည့်အ၀ မဖြည့်စည်းပေးနိုင် တော့တဲ့အခါမှာကိုယ့်ကိုသူတို့ရဲ့ ဆက်ဆံပုံတွေက ပြောင်းလဲသွားနိုင်ပါတယ်။ အရင်အချိန်တုန်းက ချိုသာ ပျုငှာတဲ့ ဆက်ဆံမှုမျိုးတွေကိုလည်း ရချင်မှရနိုင်တော့မှာပါ။ ပုံစံတွေ ပြောင်းလဲပြီး အချိုးအကွေ့တစ်ခုလိုမျိုး ခံစားမှုတွေကိုကိုယ့်အနေနဲ့ ခံစားလိုက်ရခြင်းဟာသူတို့ရဲ့ စိတ်ရင်းအမှန်ကိုကိုယ်တွေ့ သိမြင်လိုက်ရခြင်းပါပဲ။ ကိုယ်ကသူ့အကျိုးကို ပြုလုပ်ဆောင်ရွက်ပေးနိုင်တဲ့ အချိန်တုန်းက သကာလောင်းထားသလိုချိုသာတဲ့ အပြောအဆိုမျိုးတွေကလည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားမှာပါ။ အဲဒီလူမျိုးတွေကကိုယ့်အတွက် မိတ်ဆွေအတုတွေ ဆိုတာကိုသိထားဖို့လိုပါတယ်။
လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....
ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....
Sometimes you need to be alone and have a serious conversation with your heart.
ဒီစကားကတော့ မိမိရဲ့စိတ်ထဲဖြစ်ချင်တဲ့ အကြောင်းအရာတွေကိုကိုယ်တိုင်က သေသေချာချာနားလည်အောင် ကိုယ်တိုင်ပဲ ကြိုးစားသင့်တဲ့အကြောင်းကို ပြောပြထားတဲ့စကားတစ်ခွန်းပါ။ တစ်ခါတစ်လေမှာတော့ သင်တစ် ယောက်တည်းနေပြီး သင့်နှလုံးသားနဲ့ လေးလေးနက်နက် စကားတွေပြောဖို့လိုပါတယ်တဲ့။ တစ်ခါတစ်လေမှာပေါင်းသင်းဆက်ဆံရေးဆိုတဲ့ ကျယ်ပြောနက်နဲတဲ့ နယ်ပယ်ကြီးထဲမှာလူသားတွေ အနေနဲ့ အမျိုးမျိုးသောစိတ်ရောင်စုံရှိတဲ့ လူသားတွေကိုတွေ့ဆုံရမယ်။ အဲဒီလူတွေရဲ့ ဘေးကနေပြောတဲ့စကားတွေကြောင့် တစ်ခါတစ်လေမှာ ကျွန်တော်တို့ ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေကို မလုပ်ဖြစ်တာမျိုးတွေ၊ ကိုယ်ရည်ရွယ်ထားတဲ့ ဦးတည်ချက် တွေေ၀ဝါးသွားတာမျိုးတွေဖြစ်တတ်ပါတယ်။
Health does not always come from medicine. Most of the time it comes from peace of mind, peace in the heart, peace of soul. It comes from laughter and love.
အာရောဂျံပရံမံလာဘံ။ ကျန်းမာခြင်းဟာ လာဘ်လာဘတစ်ပါးပါ။
ကျန်းမာခြင်းကို လူတိုင်း လိုချင်ကြပါတယ်။ သက်ရှည်ကျန်းမာနေမှလည်း ဘဝမှာ လုပ်စရာ ရှိတာတွေကို ရာနှုန်းပြည့် အောင်မြင်တဲ့အထိလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာခြင်းဆိုတဲ့နေရာမှာ ကိုယ်ခန္ဓာရဲ့ ကျန်းမာခြင်းကိုသာ လူတော်တော် များများ သတိထားမိတတ်ပါတယ်။ ကိုယ်တွေလက်တွေကိုက်ခဲနာကျင်တာ၊ ဖျားနာတာ၊ အနာ တွေပေါက်တာ၊ သွေးထွက် သံယိုဖြစ်တာ အဲဒါတွေကို ကောင်းမွန်စေအောင် ဆေးဝါးအကူအညီနဲ့ ကုသတတ်ကြပါတယ်။ ဒါပေမယ့် စိတ်ရဲ့ ကျန်းမာရေး ဆိုတာကိုလည်း ကျွန်တော်တို့တတွေမေ့ထားလို့မရပါဘူး။
စိတ်ရဲ့ဆောင်ရာကို ကိုယ်ကလိုက်နေရတာ ဖြစ်တဲ့အတွက် ကိုယ်ကျန်းမာရေးအတွက် ဆေးဝါးတွေလိုအပ်သလို ကိုယ်ကို တွန်းအားပေးလမ်းပြနေတဲ့ စိတ်ဝိဉာဉ်ကိုလည်း ကျန်းမာရေး ဓါတ်စာတွေ ကျွေးမွေးဖို့လိုပါတယ်။ ဒါဆိုရင် စိတ်အတွက် ကျန်းမာရေးကို ဘယ်လိုတွေ ဂရုစိုက်ရပါမလဲ။ ကျွန် တော်တို့ နောက်ဆုံးပေါ်ဆေးဝါးတွေ သောက်သုံးမှီဝဲနေစရာမလိုပါဘူး။ ကိုယ့်ရဲ့ စိတ်ထဲမှာ ငြိမ်းအေးချမ်းသာမှုကို ထိန်းသိမ်း ထားနိုင်မယ်ဆိုရင် ကိုယ့်ရဲ့စိတ်ကျန်းမာခြင်းကို ကောင်းမွန်အောင် စောင့်ရှောက်နေခြင်းပါပဲ။
နေ့အတွက်စကား
Two things define you. Your patience when you have nothing. Your attitude when you have everything.
ဘဝအဓိပ္ပာယ်ကိုဖော်ဆောင်နေတဲ့အရာနှစ်ခု။
ကိုယ့်ဆီမှာ ဘာမှမရှိတဲ့အချိန်မှာထားတဲ့ သည်းခံနိုင်စွမ်း။ ဘာမှမရှိဘူးဆိုတာမှာ အောင်မြင်မှုမရှိတာလည်းပါပါတယ်။ ငွေကြေး ဓနဥစ္စာပစ္စည်းမရှိတာလည်းပါပါတယ်။ ပညာမရှိတာလည်း ပါပါတယ်။ အင်အားမရှိတာလည်းပါပါတယ်။အဲဒီလိုဘာဆိုဘာမှ မရှိတဲ့အချိန်မျိုးမှာ တစ်ခုသောအရာတော့ ရှိရပါမယ်။ အဲဒါကတော့ သည်းခံတဲ့စိတ်ပါ။ ရှေးစကားပုံတစ်ခုလိုပဲ နေရိပ်ကိုလိုချင် ရင် နေပူထဲကနေစောင့်ရပါမယ်။ ဥပမာ တစ်ခု ပြောရမယ်ဆိုရင် ပညာလိုချင်တဲ့သူက ပညာတွေကို အချိန်ရရင်ရသလို အခွင့်အရေးရရင်ရသလို ကြိုးစားသင်ယူရပါမယ်။ အဲဒီမှာတွေ့ကြုံရမှာကတော့ အခက်အခဲပါ။ အဲဒီအခက်အခဲတွေကို စိတ်ရှည်ရှည် သည်းညည်းခံပြီး ကြိုးစားဖြေရှင်းရပါမယ်။ ဒါမှလည်း ကိုယ်လိုချင်တဲ့ပညာ ကိုယ်ဖြစ်ချင်တဲ့ပညာတတ်ဖြစ်မှာပါ။
ဘာမှမရှိတဲ့အချိန်မှာ အဓိကလိုအပ်တာကတော့ သည်းခံစိတ်ပါပဲ။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်တွေမှာလည်း ကိုယ်က အောက်ခြေလူတန်းစား ဝန်ထမ်းဖြစ်နေမယ်ဆိုရင် ကိုယ်လိုချင်တဲ့အမြင့်တစ်နေရာ ရာထူး ဂုဏ်သိမ်တစ်ခုခုကိုမရသေးတဲ့ အချိန်မှာ အပေါ်က ကိုယ့်ထက်မြင့်တဲ့သူတွေရဲ့ အထက်စီးဆန်ဆန်ဆက်ဆံမှုတွေ ကြုံတွေ့ရ ကောင်း ကြုံတွေ့ရနိုင်ပါတယ်။ အဲဒီလိုအချိန်မှာဆိုရင်လည်း သည်းခံနိုင်စွမ်းဆိုတာက တော်တော်လေး စကားပြောပါတယ်။ ကိုယ့်အတွက် တက်လမ်းရှိတဲ့ အလုပ်မှာ သည်းခံပြီးကြိုးစားမယ်ဆိုရင်တော့ တစ်ချိန်မှာ ကိုယ်လိုချင်တဲ့ အမြင့်တစ်နေရာကို ရောက်ရမှာအသေအချာပါပဲ။
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
Don’t feel bad if someone rejects you or ignore you. People usually reject and ignore expensive things because they can’t afford them.
လူတွေရဲ့သရုပ်ကို အပြည့်အဝဖော်ဆောင်နိုင်တဲ့စကားတစ်ခွန်းရှိပါတယ်။ မမှီတဲ့စပျစ်သီး သိပ်ချဉ်တယ်တဲ့။
ကျွန်တော်တွေက လူသားတွေဆိုတော့ အပေါင်းအသင်းမင်တတ်ကြပါတယ်။ လူချစ်လူခင်ပေါများချင်ကြပါတယ်။ ကိုယ်နေထိုင် ရာ ပတ်ဝန်းကျင် ကိုယ့်လုပ်ငန်းခွင်မှာ ပေါင်းသင်း ဝင်ဆန့်ချင်ကြတယ်။ ဒါဟာလည်း လူသားဆန်တဲ့ စိတ်နေသဘာဝတစ်ခုပါပဲ။ ဒီလိုနဲ့ တစ်ခါတစ်လေမှာ ကိုယ့်ကိုလိုလားတဲ့ခင်မင်တဲ့သူတွေရှိတတ်သလို ကိုယ့်အပေါ် ဖော်ရွေမှု မရှိတဲ့သူတွေလည်း တွေ့ကြုံ ရမှာပါပဲ။ ဒီလိုအခြေအနေတွေကြုံရရင် ဝမ်းနည်းစိတ်တွေက အလိုလိုဝင်လာတတ်တယ်။ အထီး ကျန်ဆန်ဆန် အတွေးတွေ ခံစားမှုတွေဖြစ်လာတတ်တယ်။ အဲဒီခံစားချက်တွေက ခံရခက်တဲ့ ခံစားမှုတွေပါပဲ။
People think being alone makes you lonely, but I don’t think that’s true. Being surrounded by the wrong people is the loneliest thing in the world.
ဒီနေ့အတွက်စကား
Lonely။ အထီးကျန်ခြင်းဆိုတဲ့ ဝေါဟာရကို လူတွေက တစ်ဦး တည်းနေရာတစ်ခုဒါမှမဟုတ်အချိန်အကြာကြီးရှိနေခြင်းလို့ အဓိပ္ပာယ်ဖွင့်တတ်ကြပါတယ်။ ဒါပေမယ့် လောကမှာ တစ်ဦးတည်း ရပ်တည်ရှင်သန်နေတဲ့သူတွေ အောင်မြင်နေကြတာအများကြီးပါပဲ။ အဓိကက လူမှန်နေရာမှန်ဖြစ်ဖို့က အရေးကြီးတယ်လို့ယူဆပါတယ်။ ဆိုလိုချင်တာက ကိုယ့်အနေနဲ့ တစ်ယောက်တည်းရှိနေပေမယ့် ကိုယ့်ရှိနေတဲ့နေရာမှာ ကိုယ့်ဘာသာ ပျော်ရွှင်အောင် နေထိုင်နိုင်ခြင်းက လူများပြီး ပွဲမစည်တဲ့အဖြစ်မျိုးတွေထက်စာရင်ပိုပြီး ကောင်းမွန်ပါလိမ့်မယ်။
From the publisher's feed
Wherever you go PadamyarFM will be there with you...