Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....




    15 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

    3 min
  • ဒီနေ့အတွက်စကား

    Dear past, thank you for all the memories. I am grateful. Dear future, I’m ready.

    လောကမှာရှင်သန်နေတဲ့ သက်ရှိတိုင်းအချိန်သုံးပါးနဲ့ အသက်ရှင်နေရပါတယ်။ ကုန်ဆုံးပြီးသွားပြီဖြစ်တဲ့ အတိတ်ဆိုတဲ့အချိန်တွေ ရယ်၊ အခုလက်ရှိကြုံတွေ့ဖြတ်သန်းနေတဲ့ ပစ္စုပ္ပန် ဆိုတဲ့ အချိန်ရယ်၊ မကြာခင်မှာ ကြုံတွေ့ရတော့မယ့် အနာဂတ်ဆိုတဲ့ အချိန် ရယ် စတဲ့ အချိန်ကာလ၃ပါးနဲ့ အသက်ဆက်ရှင်နေ ရပါတယ်။ အတိတ်ဆိုတာကို ဖြတ်သန်းကျော်လွန်ပြီးမှလည်း ပစ္စုပ္ပန်ဆိုတဲ့ အချိန်ကိုရောက်မှာဖြစ်သလို၊ ပစ္စုပ္ပန်ကိုလွန်မြောက်ပြီးမှလည်းအနာဂတ်ကိုရောက်မှာဖြစ်ပါတယ်။

    တစ်ရက်ပြီး နောက်ထပ်တစ်ရက်တွေတိုင်းကို ဖြတ်ကျော်လို့ပြီးခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်တွေတိုင်းမှာ ပျော်ရွှင်ခဲ့တာတွေလည်းရှိမယ်။ ဝမ်းနည်းပူဆွေးခဲ့တာတွေလည်းရှိမယ်။ စိတ်ဓါတ်ကျစရာတွေ၊ ဖိစီးမှုတွေလည်း ရှိတတ်ကြမှာပါပဲ။ ထို့အတူလွတ်လပ်တဲ့ရင်ခုန်မှု တွေလည်းရှိကောင်းရှိခဲ့မှာပါပဲ။ ဒါပေမယ့် အဲဒီ့နေရက်တွေကကုန်ဆုံး လွန်မြောက်ခဲ့ပါပြီ။ ပြန်ပြီးအစကနေရစ်ပြီး တဝဲလည်လည် လုပ်လို့ရတော့မှာ မဟုတ်တာအသေချာဆုံးပါပဲ။ ဘာလို့လည်း ဆိုတော့ ဘဝဆိုတဲ့အရာက သာမာန်ဓါတ်ပြားတစ်ချပ်မဟုတ်လို့ ပါပဲ။ ဒီတော့ ပြီးခဲ့တဲ့အချိန်တွေမှာ ဖြစ်ပျက်ခဲ့သမျှအဖြစ်အပျက်တိုင်းဟာဒိုင်ယာရီစာအုပ် ထဲကစာမျက်နှာဟောင်းတွေပဲဖြစ်နေတာကို လက်ခံနိုင်ဖို့လိုပါတယ်။ ပျော်စရာတွေကိုတမြုံ့မြုံ့ပြန်တွေးပြီး ကြည်နူးနေရုံနဲ့ လည်းပျော်စရာတွေ ထပ်ကာထပ်ကာပေါ်ပေါက် လာချင်မှ ပေါ်ပေါက်လာမှာပါ။ ဝမ်းနည်းဒေါသထွက်စရာတွေကို တနှုံ့နှုံ့ ခံစားနေလို့လည်းအကုသိုလ်များရုံကလွဲလို့ ဘာမှထူး လာမှာမဟုတ်ပါဘူး။ 

    3 min
  • ဒီနေ့အတွက်စကား

    Perhaps the butterfly is the proof that you can go through a great deal of darkness and still become something beautiful.

    လူရယ်လို့ဖြစ်လာရင် ဘဝရဲ့ အချိုးအကွေ့တိုင်းမှာ အခက်အခဲတွေ အတားအဆီးတွေဆိုတာကို မလွဲမသွေတွေ့ကြုံရမှာပါ။ ကောင်းတာချည်းကိုပဲ ရယူ ချင်လို့လည်းမရသလို ဆိုးတာတွေကိုပဲ အချိန်ပြည့်တွေ့ကြုံရမှာလည်းမဟုတ်ပါဘူး။ ဘယ်သူမှ ပန်းမွေ့ယာရွှေကော်ဇော်ပေါ်မှာ အချိန်ပြည့် မစံစားနိုင်သလို၊ မုန်တိုင်းထန်ပြီးတဲ့နေ့ရက်တွေအလွန်မှာ လေပြေလေညှင်းလေး တွေကို ထိတွေ့ခံစားခွင့်လည်း ကြိုးစားတဲ့လူသားတိုင်းအတွက်အခွင့်အ ရေး ရှိကြပါတယ်။ အဓိကကတော့ ကိုယ်တွေ့ကြုံ ဖြတ်ကျော်နေရတဲ့ အခက်အခဲအတားအဆီးတွေ တစ်နည်းပြောရရင် စမ်းသပ်မှုတွေကို လွယ်လွယ်နဲ့ အရှုံးမပေးလိုက်ဖို့ပါပဲ။ ဟိုတစ်ကွေ့မှာ ဒီတက်နဲ့လှော်သင့်ရင်လှော်ရမယ်။ ဒီတစ်ကွေ့မှာတော့ ဟိုလှော်တက်နဲ့ လှော်သင့်ရင် လှော်ရမှာပါ။ အဓိကကတော့ ကိုယ်ရင်ဆိုင်နေရတဲ့အခက်အခဲကို သူနဲ့လျော်ညီတဲ့ဖြေရှင်းပုံဖြေရှင်းနည်းအတိုင်း ထိုက်တန်တဲ့အားစိုက် ထုတ်မှုနဲ့ ဉာဏ်ရှိရှိနဲ့ ဖြတ်ကျော်ဖြေရှင်းဖို့ပါပဲ။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...